အင္တာနက္နဲ႔မကင္းႏိုင္သူတိုင္း သိထားသင့္တဲ့ အံ့ၾသစရာအခ်က္မ်ား - ညီလတ္ထြန္း(နည္းပညာ)

728x90 AdSpace

Trending

အင္တာနက္နဲ႔မကင္းႏိုင္သူတိုင္း သိထားသင့္တဲ့ အံ့ၾသစရာအခ်က္မ်ား

[Zawgyi] ၿဖင့္ဖတ္ရန္လက္ရိွေခတ္မွာ လူအမ်ားစုအတြက္ မရိွမျဖစ္ အေရးပါတဲ့အရာတစ္ခုကို ေျပာပါဆိုရင္ အင္တာနက္လို႔ပဲ ေျပာရမွာပါ။ ဆိုရွယ္မီဒီယာေတြကေန ပေရာဂ်က္ေတြလုပ္တာ၊ သတင္းအခ်က္အလက္ေတြ စုေဆာင္းတာအထိ အင္တာနက္မရိွဘဲ ေရွ႕မဆက္ႏိုင္လို႔ပါပဲ။ တကယ္လို႔ ရက္ပိုင္းေလာက္သာ အင္တာနက္မရိွဘဲ ေနထိုင္ရမယ္ဆိုရင္ လုပ္ငန္းေတာ္ေတာ္မ်ားမ်ားမွာ ထိခိုက္ဆုံးရႈံးမႈေတြ မ်ားျပားႏိုင္သလို ဆိုရွယ္မီဒီယာနဲ႔ အသက္ဆက္ေနသူေတြကလည္း ေျခမကိုင္မိ၊ လက္မကိုင္မိ ျဖစ္ကုန္ၾကမွာပါ။ ဒီလို အေရးပါတဲ့ အင္တာနက္နဲ႔ ပတ္သက္ေနတဲ့ စိတ္၀င္စားစရာ အခ်က္ေတြကိုေတာ့ စာေရးသူတို႔ ေတာ္ေတာ္မ်ားမ်ား သတိမမူမိၾကပါဘူး။ အင္တာနက္သုံးသူတိုင္း သိထားသင့္တဲ့ စိတ္၀င္စားစရာအခ်က္ကေလးေတြကေတာ့ …
၁။ အင္တာနက္သုံးသူဦးေရ
ေအာက္တိုဘာလ ၂၀၁၈ခုႏွစ္အထိ တြက္ခ်က္မႈမ်ားအရ လက္ရိွအင္တာနက္သုံးစြဲသူ လူဦးေရမွာ (၄.၂)ဘီလ်ံပတ္၀န္းက်င္ရိွၿပီး လက္ရိွကမာၻ႕လူဦးေရ(၇.၇)ဘီလ်ံနဲ႔ယွဥ္ရင္ ထက္၀က္ေက်ာ္ဟာ အင္တာနက္သုံးစြဲေနၾကတာကို ေတြ႕ရပါတယ္။ အင္တာနက္သုံးစြဲေနတဲ့ လူဦးေရထဲကမွ ထက္၀က္ေလာက္ကေတာ့ အာရွတိုက္က ျဖစ္ပါတယ္။

၂။ Facebook သံုးသူဦးေရ
လက္ရိွ Facebook သုံးစြဲသူအေရအတြက္ဟာ (၂)ဘီလ်ံေက်ာ္ရိွတဲ့အတြက္ ကမာၻ႕လူဦးေရနဲ႔ယွဥ္ရင္ ထက္၀က္ပါ။ တကယ္လို႔ Facebook ႀကီးကသာ တိုင္းျပည္တစ္ျပည္ျဖစ္မယ္ဆိုရင္ ကမာၻေပၚမွာ လူဦးေရအသိပ္သည္းဆုံးႏိုင္ငံ ျဖစ္ေနမွာပါ။
၃။ ေန႔စဥ္ဟက္ခံေနရတဲ့ ၀က္ဘ္ဆိုဒ္မ်ား
၀က္ဘ္ဆိုဒ္ေပါင္းသုံးေသာင္းခန္႔ဟာ ေန႔စဥ္နဲ႔အမွ် အဟက္ခံေနရပါတယ္။ ဆိုင္ဘာအၾကမ္းဖက္သမားေတြဟာ အားနည္းခ်က္ရိွတဲ့ ၀က္ဘ္ဆိုဒ္ေတြကို အလိုေလ်ာက္ရွာေဖြေပးႏိုင္တဲ့ စြမ္းေဆာင္ရည္ျမင့္ ကြန္ပ်ဴတာေဆာ့ဖ္၀ဲေတြ အသုံးျပဳၿပီး အလြယ္တကူ ထိန္းခ်ဳပ္ႏိုင္ၾကပါတယ္။
၄။ တစ္မိနစ္စီတိုင္းပို႔လႊတ္ေနတဲ့ အီးေမးလ္အေရအတြက္
အင္တာနက္ဟာ တစ္မိနစ္ကို အီးေမးလ္အေစာင္ေပါင္း (၂၀၄)သန္းခန္႔ ပို႔လႊတ္ေပးေနပါတယ္။ အဲ့ဒီ့ပို႔လႊတ္လိုက္တဲ့ အီးေမးလ္ေတြရဲ႕ (၇၀)ရာခိုင္ႏႈန္းကေတာ့ spam ေတြ ျဖစ္သြားၾကပါတယ္။ အီးေမးလ္တစ္ေစာင္ ပို႔လႊတ္ဖို႔အတြက္ လိုအပ္တဲ့ အီလက္ထရြန္အေရအတြက္ကေတာ့ (၂)ဘီလ်ံပါ။

၅။ အင္တာနက္အတြက္ လိုအပ္တဲ့စြမ္းအင္
အင္တာနက္ဟာ လက္ရိွအေျခအေနအတိုင္း လည္ပတ္ေနဖို႔အတြက္ ျမင္းေကာင္ေရအား သန္း(၅၀)ခန္႔ စြမ္းအင္လိုအပ္ပါတယ္။ ၂၀၀၅ခုႏွစ္တုန္းက အျမန္ဆုံးအင္တာနက္ ႏႈန္းထားဟာ တစ္စကၠန္႔ကို 2 MB သာရိွခဲ့ပါတယ္။ ဒီေန႔ေခတ္မွာေတာ့ တစ္စကၠန္႔ကို 100 MB ေဒါင္းလုဒ္အျမန္ႏႈန္း ရရိွတဲ့ ႏိုင္ငံအမ်ားအျပား ရိွေနပါၿပီ။
၆။ အင္တာနက္နဲ႔ World Wide Web ဟာမတူပါဘူး။
အင္တာနက္သုံးေနတဲ့ လူအမ်ားစုဟာ အင္တာနက္ဆိုတာနဲ႔ WWW dot ဆိုတာနဲ႔စတဲ့ World Wide Web ကို အတူတူပဲလို႔ ထင္ထားၾကပါတယ္။ ဒါေပမယ့္ အဲ့ဒီ့ႏွစ္ခုဟာ ေတာ္ေတာ္ေလး ကြဲျပားပါတယ္။ အင္တာနက္ဟာ ကြန္ပ်ဴတာေတြၾကားမွာ အခ်င္းခ်င္းဆက္သြယ္လို႔ရေအာင္ စြမ္းေဆာင္ေပးတဲ့ ကြန္ယက္ျဖစ္ၿပီး World Wide Web ဆိုတာကေတာ့ သတင္းအခ်က္အလက္ ရယူဖို႔နဲ႔ မွ်ေ၀ဖို႔အတြက္ ၾကားခံစြမ္းေဆာင္ေပးတဲ့ ေပါင္းကူးတံတားမွ်သာ ျဖစ္ပါတယ္။
၇။ Online Dating Apps ေတြရဲ႕ အ့ံၾသစရာအျမတ္အစြန္း
အြန္လိုင္းမွာ ခ်စ္သူရွာေပးတဲ့ ၀န္ေဆာင္မႈကိုေပးစြမ္းတဲ့ Online Dating Apps ေတြကို လူေတာ္ေတာ္မ်ားမ်ား သိၾကမွာပါ။ ဒါေတြကို ေတြ႕လိုက္ရင္ လူအမ်ားစုက ေၾကာင္ေတာင္ေတာင္ႏိုင္တယ္လို႔ ထင္ႏိုင္ေပမယ့္ သူ႔ဆီကရလာတဲ့ အျမတ္အစြန္းကေတာ့ ေၾကာက္ခမန္းလိလိပါပဲ။ မၾကာေသးခင္က ရရိွတဲ့ စစ္တမ္းမ်ားအရ ႏွစ္စဥ္ႏွစ္တိုင္းမွာ Online Dating Apps ေတြက ရရိွတဲ့ အျမတ္အစြန္းဟာ ေဒၚလာဘီလ်ံေက်ာ္ရိွေနပါတယ္။

အင္တာနက္နဲ႔ ပတ္သက္တဲ့ ဗဟုသုတေတြ၊ အ့ံၾသစရာအခ်က္ေတြကေတာ့ စိတ္၀င္စားစရာပါပဲ။ ဘယ္လိုပဲျဖစ္ေနပါေစ။ ယေန႔ေခတ္ရဲ႕လိုအပ္ခ်က္နဲ႔ ရွင္သန္ေနထိုင္မႈပုံစံအရ လူတိုင္းကေတာ့ အင္တာနက္ကို လိုအပ္ေနဦးမွာပါပဲ။ အင္တာနက္နဲ႔ ကိုယ့္ရဲ႕ေန႔စဥ္ဘ၀ေတြကို ပိုၿပီးလြယ္ကူျမန္ဆန္ေအာင္ ေဆာင္ရြက္လို႔ရတာေတြ အမ်ားအျပားပါ။ တကယ္လို႔ သင့္အေနနဲ႔လည္း အိမ္မွာ အင္တာနက္ေလးေတာ့ ရိွထားမွ အဆင္ေျပမယ္လို႔ ေတြးမိတယ္ဆိုရင္ေတာ့ တစ္ခုေလာက္ သတင္းေပးခ်င္ပါတယ္။ ျမန္မာႏိုင္ငံရဲ႕အျမန္ဆန္ဆုံး 4G ကြန္ယက္ကို ေပးစြမ္းႏိုင္တဲ့ အူရီဒူးကေန အိမ္သုံးႀကိဳးမဲ့ အင္တာနက္ျဖစ္တဲ့ Supernet ကို စတင္၀န္ေဆာင္မႈေပးေနပါၿပီ။ 5 Mbps အျမန္ႏႈန္းရိွတဲ့ အင္တာနက္ကို ရက္(၉၀) အကန္႔အသတ္မဲ့ သုံးစြဲႏိုင္ၿပီး Wifi router နဲ႔ လိုင္းဆြဲအားေကာင္းေစတဲ့ အင္တာနာေတြပါ ပါ၀င္တဲ့ပက္ေက့ခ်္ကိုမွ (၉၀၀၀၀)က်ပ္သာ က်သင့္မွာျဖစ္ပါတယ္။ ကမာၻနဲ႔ရင္ေပါင္တန္းၿပီး မ်က္စိေတြ၊နားေတြ ပြင့္ဖို႔အတြက္ သင္လည္း အိမ္သုံးႀကိဳးမဲ့ အင္တာနက္ေလးေတာ့ အျမန္ဆုံးတပ္ဆင္လိုက္ပါလို႔ အႀကံျပဳပါတယ္ေနာ္။crd:shwemom
[Unicode] ဖြင့်ဖတ်ရန်လက်ရှိခေတ်မှာ လူအများစုအတွက် မရှိမဖြစ် အရေးပါတဲ့အရာတစ်ခုကို ပြောပါဆိုရင် အင်တာနက်လို့ပဲ ပြောရမှာပါ။ ဆိုရှယ်မီဒီယာတွေကနေ ပရောဂျက်တွေလုပ်တာ၊ သတင်းအချက်အလက်တွေ စုဆောင်းတာအထိ အင်တာနက်မရှိဘဲ ရှေ့မဆက်နိုင်လို့ပါပဲ။ တကယ်လို့ ရက်ပိုင်းလောက်သာ အင်တာနက်မရှိဘဲ နေထိုင်ရမယ်ဆိုရင် လုပ်ငန်းတော်တော်များများမှာ ထိခိုက်ဆုံးရှုံးမှုတွေ များပြားနိုင်သလို ဆိုရှယ်မီဒီယာနဲ့ အသက်ဆက်နေသူတွေကလည်း ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်ကုန်ကြမှာပါ။ ဒီလို အရေးပါတဲ့ အင်တာနက်နဲ့ ပတ်သက်နေတဲ့ စိတ်ဝင်စားစရာ အချက်တွေကိုတော့ စာရေးသူတို့ တော်တော်များများ သတိမမူမိကြပါဘူး။ အင်တာနက်သုံးသူတိုင်း သိထားသင့်တဲ့ စိတ်ဝင်စားစရာအချက်ကလေးတွေကတော့ …

၁။ အင်တာနက်သုံးသူဦးရေ

အောက်တိုဘာလ ၂၀၁၈ခုနှစ်အထိ တွက်ချက်မှုများအရ လက်ရှိအင်တာနက်သုံးစွဲသူ လူဦးရေမှာ (၄.၂)ဘီလျံပတ်ဝန်းကျင်ရှိပြီး လက်ရှိကမ္ဘာ့လူဦးရေ(၇.၇)ဘီလျံနဲ့ယှဉ်ရင် ထက်ဝက်ကျော်ဟာ အင်တာနက်သုံးစွဲနေကြတာကို တွေ့ရပါတယ်။ အင်တာနက်သုံးစွဲနေတဲ့ လူဦးရေထဲကမှ ထက်ဝက်လောက်ကတော့ အာရှတိုက်က ဖြစ်ပါတယ်။

၂။ Facebook သုံးသူဦးရေ

လက်ရှိ Facebook သုံးစွဲသူအရေအတွက်ဟာ (၂)ဘီလျံကျော်ရှိတဲ့အတွက် ကမ္ဘာ့လူဦးရေနဲ့ယှဉ်ရင် ထက်ဝက်ပါ။ တကယ်လို့ Facebook ကြီးကသာ တိုင်းပြည်တစ်ပြည်ဖြစ်မယ်ဆိုရင် ကမ္ဘာပေါ်မှာ လူဦးရေအသိပ်သည်းဆုံးနိုင်ငံ ဖြစ်နေမှာပါ။

၃။ နေ့စဉ်ဟက်ခံနေရတဲ့ ၀က်ဘ်ဆိုဒ်များ

၀က်ဘ်ဆိုဒ်ပေါင်းသုံးသောင်းခန့်ဟာ နေ့စဉ်နဲ့အမျှ အဟက်ခံနေရပါတယ်။ ဆိုင်ဘာအကြမ်းဖက်သမားတွေဟာ အားနည်းချက်ရှိတဲ့ ၀က်ဘ်ဆိုဒ်တွေကို အလိုလျောက်ရှာဖွေပေးနိုင်တဲ့ စွမ်းဆောင်ရည်မြင့် ကွန်ပျူတာဆော့ဖ်ဝဲတွေ အသုံးပြုပြီး အလွယ်တကူ ထိန်းချုပ်နိုင်ကြပါတယ်။

၄။ တစ်မိနစ်စီတိုင်းပို့လွှတ်နေတဲ့ အီးမေးလ်အရေအတွက်

အင်တာနက်ဟာ တစ်မိနစ်ကို အီးမေးလ်အစောင်ပေါင်း (၂၀၄)သန်းခန့် ပို့လွှတ်ပေးနေပါတယ်။ အဲ့ဒီ့ပို့လွှတ်လိုက်တဲ့ အီးမေးလ်တွေရဲ့ (၇၀)ရာခိုင်နှုန်းကတော့ spam တွေ ဖြစ်သွားကြပါတယ်။ အီးမေးလ်တစ်စောင် ပို့လွှတ်ဖို့အတွက် လိုအပ်တဲ့ အီလက်ထရွန်အရေအတွက်ကတော့ (၂)ဘီလျံပါ။

၅။ အင်တာနက်အတွက် လိုအပ်တဲ့စွမ်းအင်

အင်တာနက်ဟာ လက်ရှိအခြေအနေအတိုင်း လည်ပတ်နေဖို့အတွက် မြင်းကောင်ရေအား သန်း(၅၀)ခန့် စွမ်းအင်လိုအပ်ပါတယ်။ ၂၀၀၅ခုနှစ်တုန်းက အမြန်ဆုံးအင်တာနက် နှုန်းထားဟာ တစ်စက္ကန့်ကို 2 MB သာရှိခဲ့ပါတယ်။ ဒီနေ့ခေတ်မှာတော့ တစ်စက္ကန့်ကို 100 MB ဒေါင်းလုဒ်အမြန်နှုန်း ရရှိတဲ့ နိုင်ငံအများအပြား ရှိနေပါပြီ။

၆။ အင်တာနက်နဲ့ World Wide Web ဟာမတူပါဘူး။

အင်တာနက်သုံးနေတဲ့ လူအများစုဟာ အင်တာနက်ဆိုတာနဲ့ WWW dot ဆိုတာနဲ့စတဲ့ World Wide Web ကို အတူတူပဲလို့ ထင်ထားကြပါတယ်။ ဒါပေမယ့် အဲ့ဒီ့နှစ်ခုဟာ တော်တော်လေး ကွဲပြားပါတယ်။ အင်တာနက်ဟာ ကွန်ပျူတာတွေကြားမှာ အချင်းချင်းဆက်သွယ်လို့ရအောင် စွမ်းဆောင်ပေးတဲ့ ကွန်ယက်ဖြစ်ပြီး World Wide Web ဆိုတာကတော့ သတင်းအချက်အလက် ရယူဖို့နဲ့ မျှဝေဖို့အတွက် ကြားခံစွမ်းဆောင်ပေးတဲ့ ပေါင်းကူးတံတားမျှသာ ဖြစ်ပါတယ်။

၇။ Online Dating Apps တွေရဲ့ အ့ံသြစရာအမြတ်အစွန်း

အွန်လိုင်းမှာ ချစ်သူရှာပေးတဲ့ ၀န်ဆောင်မှုကိုပေးစွမ်းတဲ့ Online Dating Apps တွေကို လူတော်တော်များများ သိကြမှာပါ။ ဒါတွေကို တွေ့လိုက်ရင် လူအများစုက ကြောင်တောင်တောင်နိုင်တယ်လို့ ထင်နိုင်ပေမယ့် သူ့ဆီကရလာတဲ့ အမြတ်အစွန်းကတော့ ကြောက်ခမန်းလိလိပါပဲ။ မကြာသေးခင်က ရရှိတဲ့ စစ်တမ်းများအရ နှစ်စဉ်နှစ်တိုင်းမှာ Online Dating Apps တွေက ရရှိတဲ့ အမြတ်အစွန်းဟာ ဒေါ်လာဘီလျံကျော်ရှိနေပါတယ်။

အင်တာနက်နဲ့ ပတ်သက်တဲ့ ဗဟုသုတတွေ၊ အ့ံသြစရာအချက်တွေကတော့ စိတ်ဝင်စားစရာပါပဲ။ ဘယ်လိုပဲဖြစ်နေပါစေ။ ယနေ့ခေတ်ရဲ့လိုအပ်ချက်နဲ့ ရှင်သန်နေထိုင်မှုပုံစံအရ လူတိုင်းကတော့ အင်တာနက်ကို လိုအပ်နေဦးမှာပါပဲ။ အင်တာနက်နဲ့ ကိုယ့်ရဲ့နေ့စဉ်ဘဝတွေကို ပိုပြီးလွယ်ကူမြန်ဆန်အောင် ဆောင်ရွက်လို့ရတာတွေ အများအပြားပါ။ တကယ်လို့ သင့်အနေနဲ့လည်း အိမ်မှာ အင်တာနက်လေးတော့ ရှိထားမှ အဆင်ပြေမယ်လို့ တွေးမိတယ်ဆိုရင်တော့ တစ်ခုလောက် သတင်းပေးချင်ပါတယ်။
မြန်မာနိုင်ငံရဲ့အမြန်ဆန်ဆုံး 4G ကွန်ယက်ကို ပေးစွမ်းနိုင်တဲ့ အူရီဒူးကနေ အိမ်သုံးကြိုးမဲ့ အင်တာနက်ဖြစ်တဲ့ Supernet ကို စတင်ဝန်ဆောင်မှုပေးနေပါပြီ။ 5 Mbps အမြန်နှုန်းရှိတဲ့ အင်တာနက်ကို ရက်(၉၀) အကန့်အသတ်မဲ့ သုံးစွဲနိုင်ပြီး Wifi router နဲ့ လိုင်းဆွဲအားကောင်းစေတဲ့ အင်တာနာတွေပါ ပါ၀င်တဲ့ပက်ကေ့ချ်ကိုမှ (၉၀၀၀၀)ကျပ်သာ ကျသင့်မှာဖြစ်ပါတယ်။ ကမ္ဘာနဲ့ရင်ပေါင်တန်းပြီး မျက်စိတွေ၊နားတွေ ပွင့်ဖို့အတွက် သင်လည်း အိမ်သုံးကြိုးမဲ့ အင်တာနက်လေးတော့ အမြန်ဆုံးတပ်ဆင်လိုက်ပါလို့ အကြံပြုပါတယ်နော်။crd:shwemom


အားလံုးကိုခင္မင္လွ်က္
ညီလတ္ထြန္း(နည္းပညာ)
www.nyilattun.com

အင္တာနက္နဲ႔မကင္းႏိုင္သူတိုင္း သိထားသင့္တဲ့ အံ့ၾသစရာအခ်က္မ်ား Reviewed by ညီလတ္ထြန္း(နည္းပညာ) on 7:49 AM Rating: 5 [Zawgyi] ၿဖင့္ဖတ္ရန္ လက္ရိွေခတ္မွာ လူအမ်ားစုအတြက္ မရိွမျဖစ္ အေရးပါတဲ့အရာတစ္ခုကို ေျပာပါဆိုရင္ အင္တာနက္လို႔ပဲ ေျပာရမွာပါ။ ဆိုရွယ္မီဒီယာေတ...

No comments: