ကိုယ္မသံုးရဘဲ အင္တာနက္ေဒတာေတြ ကုန္ကုန္သြားတာကို ရပ္တန္႔ႏိုင္မယ့္နည္းလမ္း - ညီလတ္ထြန္း(နည္းပညာ)

728x90 AdSpace

Trending

ကိုယ္မသံုးရဘဲ အင္တာနက္ေဒတာေတြ ကုန္ကုန္သြားတာကို ရပ္တန္႔ႏိုင္မယ့္နည္းလမ္း

[Zawgyi] ၿဖင့္ဖတ္ရန္ ကိုယ္လည္း ဘာမွမည္မည္ရရ မသုံးလိုက္ရပါဘဲ ဖုန္းထဲက အင္တာနက္ေဒတာေတြ တစ္ခဏခ်င္း ေပ်ာက္သြားတဲ့အျဖစ္မ်ိဳး ႀကံဳဖူးပါသလား။ ဒါဟာ အင္တာနက္သုံးစြဲသူေတြၾကားမွာေတာ့ မဆန္းေပမယ့္ မရိုးတဲ့ အျဖစ္အပ်က္တစ္ခုပါ။ ဘာျဖစ္လို႔ ျဖစ္သြားမွန္းမသိဘဲနဲ႔ ဖုန္းထဲကေဒတာေတြ ကုန္ဆုံးသြားလို႔ စိတ္အေႏွာင့္အယွက္ျဖစ္ဖူးတယ္ဆိုရင္ ဒီအခ်က္ေလးေတြကိုေတာ့ သိထားဖို႔ လိုအပ္ပါတယ္ေနာ္။

ဘယ္အက္ပလီေကးရွင္းက ေဒတာေတြအမ်ားဆုံး စားသုံးေနတယ္ဆိုတာ ရွာေဖြပါ။

ကိုယ္လည္းမသုံးဘဲနဲ႔ ေဒတာေတြ ကုန္သြားရတဲ့ေနာက္ကြယ္က အျဖစ္အပ်က္တစ္ခုကေတာ့ ကိုယ့္ဖုန္းထဲက အက္ပလီေကးရွင္းတစ္ခုခုက ကိုယ္မသိဘဲနဲ႔ ေဒတာေတြကို တိတ္တဆိတ္ စားသုံးေနလို႔ပါ။ ဒါဆိုရင္ အရင္ဆုံး ဘယ္အက္ပလီေကးရွင္းက ေဒတာ ဘယ္ေလာက္စားေနတယ္ဆိုတာ ေဖာ္ျပေပးမယ့္ Data Manager အက္ပလီေကးရွင္းတစ္ခုခုကို အင္စေတာလ္ လုပ္လိုက္ပါ။ ရွာေတြ႕ၿပီဆိုရင္ေတာ့ background run မေနေအာင္ ပိတ္လိုက္ပါ။ တကယ္လို႔ အသုံးမလိုတဲ့ အက္ပလီေကးရွင္းဆိုရင္ တစ္ခါတည္း ဖ်က္ပစ္လိုက္သင့္ပါတယ္။

Auto-update ပိတ္ထားပါ။

အက္ပလီေကးရွင္းေတြဟာ အသစ္အသစ္ေသာ version ေတြ update ထြက္ေလ့ရိွပါတယ္။ ဒါကုိ အမႈမဲ့အမွတ္မဲ့နဲ႔ setting ထဲက application update ေနရာမွာ auto လုုပ္ထားမိရင္ အသစ္ထြက္ၿပီဆိုတာနဲ႔ သူကေအာ္တို ေဒါင္းပလိုက္မွာပါ။ ဒီအခါမွာ သူေဒါင္းတဲ့ဖိုင္လ္ဆိုဒ္က သင္၀ယ္ထားတဲ့ အင္တာနက္ေဒတာထက္ မ်ားေနၿပီဆိုရင္ အကုန္လုံး ကုန္ၿပီး ရိုးရိုးလက္က်န္ေငြထဲကပါ ျဖတ္သြားတာမ်ိဳး ျဖစ္တတ္ပါတယ္။ ဒါေၾကာင့္ အက္ပလီေကးရွင္းေတြကို auto-update ပိတ္ထားၿပီး ကိုယ္လိုတဲ့အခ်ိန္မွ ႀကိဳက္ရာအက္ပလီေကးရွင္းကို ေရြးၿပီး update လုပ္သင့္ပါတယ္။

တည္ေနရာျပ အက္ပလီေကးရွင္းေတြ၊ Music အက္ပလီေကးရွင္းေတြကို ဖြင့္မထားပါနဲ႔။

ေျမပုံေတြနဲ႔ တည္ေနရာေတြကို ရွာေဖြေပးတဲ့ အက္ပလီေကးရွင္းေတြနဲ႔ သီခ်င္းကို live stream နားေထာင္လို႔ရတဲ့ Music အက္ပလီေကးရွင္းေတြကို အသုံးမျပဳေတာ့ရင္ ခ်က္ခ်င္းပိတ္ေပးသင့္ပါတယ္။ တည္ေနရာျပအက္ပလီေကးရွင္းေတြဟာ သုံးလက္စတန္းလန္းႀကီး ဖြင့္ထားမယ္ဆိုရင္ GPS ကိုသုံးၿပီး ေျမပုံေတြ၊ ရုပ္ပုံေတြ၊ အျခားအခ်က္အလက္ေတြကို ေဒါင္းလုဒ္ဆြဲယူေနတာေၾကာင့္ ေသခ်ာေပါက္ ေဒတာေတြ ကုန္ေနမွာပါ။ ဒါ့အျပင္ အင္တာနက္နဲ႔မွ နားေထာင္လို႔ရတဲ့ Music အက္ပလီေကးရွင္းေတြဟာလည္း သီခ်င္းကို မပိတ္မိဘဲ ထားလိုက္မိတာနဲ႔ ရာေပါင္း၊ေထာင္ေပါင္းမ်ားစြာေသာ သီခ်င္းေတြကို အဆုံးအစမဲ့ ဆက္ဖြင့္ေနမွာျဖစ္တာေၾကာင့္ ေဒတာေတြဟာ ဘယ္လိုကုန္သြားမွန္းေတာင္ သိလိုက္မွာ မဟုတ္ပါဘူး။


ေဒတာပက္ေက့ခ်္ေတြ သုံးတဲ့အခါ ဒါေတြသိထားပါ။

ခုေခတ္လူအမ်ားစုဟာ ေဒတာပက္ေက့ခ်္ေလးေတြနဲ႔ အင္တာနက္သုံးေနၾကတာ မ်ားပါတယ္။ ဒီအခါမွာ အင္တာနက္တစ္ခုတည္းကိုပဲ အာရုံစိုက္သုံးမေနဘဲ မၾကာခဏဆိုသလို ကိုယ့္ရဲ႕လက္က်န္ေငြ၊ လက္က်န္ေဒတာေတြကို စစ္ေဆးေပးသင့္ပါတယ္။ ေအာ္ပေရတာေတြကလည္း သင့္ရဲ႕လက္က်န္ေဒတာက ကုန္ကာနီးၿပီဆိုရင္ သတိေပးတဲ့မက္ေဆ့ခ်္ေတြ ပို႔တတ္ပါတယ္။ ေနာက္တစ္ခါ ေဒတာအားလုံး ကုန္သြားၿပီဆိုရင္လည္း ကုန္သြားတဲ့အေၾကာင္း ခ်က္ခ်င္းဆိုသလို မက္ေဆ့ခ်္ ပို႔ေပးပါလိမ့္မယ္။ ဒါေၾကာင့္ ဒီသတိေပးမက္ေဆ့ခ်္ေလးေတြကိုလည္း သတိျပဳသင့္ပါတယ္။ တကယ္လို႔ သတိေပးခ်က္ေတြအားလုံးကို သတိမမူမိလိုက္ဘူးဆိုရင္ေတာ့ လက္က်န္ေငြထဲကပါ အလိုေလ်ာက္ ျဖတ္သြားမွာျဖစ္တဲ့အတြက္ စိတ္အေႏွာင့္အယွက္ ေတာ္ေတာ္ျဖစ္ရပါလိမ့္မယ္။

ေဒတာကုန္မွာ ပူစရာမလိုတဲ့ Broadband အင္တာနက္

Broadband လို႔ေခၚတဲ့ ႀကိဳးမဲ့အိမ္သုံးအင္တာနက္ဟာ ေနအိမ္အတြင္း ႀကိဳက္တဲ့ေနရာမွာ ႀကိဳက္သေလာက္ ေဒတာပမာဏကို သုံးစြဲႏိုင္တဲ့အတြက္ အင္တာနက္အသုံးမ်ားသူေတြအတြက္ေတာ့ တြက္ေခ်ကိုက္ပါတယ္။ ဒါ့အျပင္ သူက ပိုမိုျမန္ဆန္တဲ့ အင္တာနက္အျမန္ႏႈန္းနဲ႔ အကန္႔အသတ္မဲ့ သုံးစြဲႏိုင္တာေၾကာင့္ ကိုယ့္ဖုန္းထဲက ေဘလ္ေတြ မသိလိုက္ဘဲ ကုန္သြားမွာကိုလည္း စိုးရိမ္ေနစရာ မလိုေတာ့ပါဘူး။ လက္ရိွျပည္တြင္းမွာလည္း အရမ္းတန္တဲ့ေစ်းႏႈန္းနဲ႔ ႀကိဳးမဲ့အိမ္သုံးအင္တာနက္ေတြ ရရိွေနပါၿပီ။ အျမန္ဆန္ဆုံး 4G ကြန္ယက္ကို ေပးစြမ္းေနတဲ့ အူရီဒူးကေန မိတ္ဆက္လိုက္တဲ့ Supernet ႀကိဳးမဲ့အိမ္သုံးအင္တာနက္ဟာ 5 Mbps အျမန္ႏႈန္းရိွၿပီး ရက္(၉၀)လုံး အကန္႔အသတ္မရိွ သုံးစြဲႏိုင္မယ့္အစီအစဥ္ကို (၉၀၀၀၀)က်ပ္နဲ႔ ေရာင္းခ်ေပးေနပါတယ္။ Wifi-Router နဲ႔ လိုင္းဆြဲအားေကာင္းေစတဲ့ အင္တာနာေတြပါ ပါ၀င္တာေၾကာင့္ လိုင္းမေကာင္းမွာေတာ့ ပူစရာမလိုေတာ့ပါဘူး။
ကဲ … ဖုန္းေဘလ္ေတြ ခဏခဏကုန္လို႔၊ ေဒတာေတြ အရမ္းစားေနလို႔ စိတ္ညစ္ေနရတဲ့ သင့္အတြက္ ႀကိဳးမဲ့အိမ္သုံးအင္တာနက္စနစ္က အမ်ားႀကီး တြက္ေခ်ကိုက္ေစမွာပါလို႔ အႀကံျပဳရင္း …။via_shwemom

 [Unicode] ဖြင့်ဖတ်ရန် ကိုယ်လည်း ဘာမှမည်မည်ရရ မသုံးလိုက်ရပါဘဲ ဖုန်းထဲက အင်တာနက်ဒေတာတွေ တစ်ခဏချင်း ပျောက်သွားတဲ့အဖြစ်မျိုး ကြုံဖူးပါသလား။ ဒါဟာ အင်တာနက်သုံးစွဲသူတွေကြားမှာတော့ မဆန်းပေမယ့် မရိုးတဲ့ အဖြစ်အပျက်တစ်ခုပါ။ ဘာဖြစ်လို့ ဖြစ်သွားမှန်းမသိဘဲနဲ့ ဖုန်းထဲကဒေတာတွေ ကုန်ဆုံးသွားလို့ စိတ်အနှောင့်အယှက်ဖြစ်ဖူးတယ်ဆိုရင် ဒီအချက်လေးတွေကိုတော့ သိထားဖို့ လိုအပ်ပါတယ်နော်။
ဘယ်အက်ပလီကေးရှင်းက ဒေတာတွေအများဆုံး စားသုံးနေတယ်ဆိုတာ ရှာဖွေပါ။

ကိုယ်လည်းမသုံးဘဲနဲ့ ဒေတာတွေ ကုန်သွားရတဲ့နောက်ကွယ်က အဖြစ်အပျက်တစ်ခုကတော့ ကိုယ့်ဖုန်းထဲက အက်ပလီကေးရှင်းတစ်ခုခုက ကိုယ်မသိဘဲနဲ့ ဒေတာတွေကို တိတ်တဆိတ် စားသုံးနေလို့ပါ။ ဒါဆိုရင် အရင်ဆုံး ဘယ်အက်ပလီကေးရှင်းက ဒေတာ ဘယ်လောက်စားနေတယ်ဆိုတာ ဖော်ပြပေးမယ့် Data Manager အက်ပလီကေးရှင်းတစ်ခုခုကို အင်စတောလ် လုပ်လိုက်ပါ။ ရှာတွေ့ပြီဆိုရင်တော့ background run မနေအောင် ပိတ်လိုက်ပါ။ တကယ်လို့ အသုံးမလိုတဲ့ အက်ပလီကေးရှင်းဆိုရင် တစ်ခါတည်း ဖျက်ပစ်လိုက်သင့်ပါတယ်။

 Auto-update ပိတ်ထားပါ။

အက်ပလီကေးရှင်းတွေဟာ အသစ်အသစ်သော version တွေ update ထွက်လေ့ရှိပါတယ်။ ဒါကို အမှုမဲ့အမှတ်မဲ့နဲ့ setting ထဲက application update နေရာမှာ auto လုုပ်ထားမိရင် အသစ်ထွက်ပြီဆိုတာနဲ့ သူကအော်တို ဒေါင်းပလိုက်မှာပါ။ ဒီအခါမှာ သူဒေါင်းတဲ့ဖိုင်လ်ဆိုဒ်က သင်ဝယ်ထားတဲ့ အင်တာနက်ဒေတာထက် များနေပြီဆိုရင် အကုန်လုံး ကုန်ပြီး ရိုးရိုးလက်ကျန်ငွေထဲကပါ ဖြတ်သွားတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် အက်ပလီကေးရှင်းတွေကို auto-update ပိတ်ထားပြီး ကိုယ်လိုတဲ့အချိန်မှ ကြိုက်ရာအက်ပလီကေးရှင်းကို ရွေးပြီး update လုပ်သင့်ပါတယ်။
တည်နေရာပြ အက်ပလီကေးရှင်းတွေ၊ Music အက်ပလီကေးရှင်းတွေကို ဖွင့်မထားပါနဲ့။

မြေပုံတွေနဲ့ တည်နေရာတွေကို ရှာဖွေပေးတဲ့ အက်ပလီကေးရှင်းတွေနဲ့ သီချင်းကို live stream နားထောင်လို့ရတဲ့ Music အက်ပလီကေးရှင်းတွေကို အသုံးမပြုတော့ရင် ချက်ချင်းပိတ်ပေးသင့်ပါတယ်။ တည်နေရာပြအက်ပလီကေးရှင်းတွေဟာ သုံးလက်စတန်းလန်းကြီး ဖွင့်ထားမယ်ဆိုရင် GPS ကိုသုံးပြီး မြေပုံတွေ၊ ရုပ်ပုံတွေ၊ အခြားအချက်အလက်တွေကို ဒေါင်းလုဒ်ဆွဲယူနေတာကြောင့် သေချာပေါက် ဒေတာတွေ ကုန်နေမှာပါ။ ဒါ့အပြင် အင်တာနက်နဲ့မှ နားထောင်လို့ရတဲ့ Music အက်ပလီကေးရှင်းတွေဟာလည်း သီချင်းကို မပိတ်မိဘဲ ထားလိုက်မိတာနဲ့ ရာပေါင်း၊ထောင်ပေါင်းများစွာသော သီချင်းတွေကို အဆုံးအစမဲ့ ဆက်ဖွင့်နေမှာဖြစ်တာကြောင့် ဒေတာတွေဟာ ဘယ်လိုကုန်သွားမှန်းတောင် သိလိုက်မှာ မဟုတ်ပါဘူး။

ဒေတာပက်ကေ့ချ်တွေ သုံးတဲ့အခါ ဒါတွေသိထားပါ။

ခုခေတ်လူအများစုဟာ ဒေတာပက်ကေ့ချ်လေးတွေနဲ့ အင်တာနက်သုံးနေကြတာ များပါတယ်။ ဒီအခါမှာ အင်တာနက်တစ်ခုတည်းကိုပဲ အာရုံစိုက်သုံးမနေဘဲ မကြာခဏဆိုသလို ကိုယ့်ရဲ့လက်ကျန်ငွေ၊ လက်ကျန်ဒေတာတွေကို စစ်ဆေးပေးသင့်ပါတယ်။ အော်ပရေတာတွေကလည်း သင့်ရဲ့လက်ကျန်ဒေတာက ကုန်ကာနီးပြီဆိုရင် သတိပေးတဲ့မက်ဆေ့ချ်တွေ ပို့တတ်ပါတယ်။ နောက်တစ်ခါ ဒေတာအားလုံး ကုန်သွားပြီဆိုရင်လည်း ကုန်သွားတဲ့အကြောင်း ချက်ချင်းဆိုသလို မက်ဆေ့ချ် ပို့ပေးပါလိမ့်မယ်။ ဒါကြောင့် ဒီသတိပေးမက်ဆေ့ချ်လေးတွေကိုလည်း သတိပြုသင့်ပါတယ်။ တကယ်လို့ သတိပေးချက်တွေအားလုံးကို သတိမမူမိလိုက်ဘူးဆိုရင်တော့ လက်ကျန်ငွေထဲကပါ အလိုလျောက် ဖြတ်သွားမှာဖြစ်တဲ့အတွက် စိတ်အနှောင့်အယှက် တော်တော်ဖြစ်ရပါလိမ့်မယ်။


ဒေတာကုန်မှာ ပူစရာမလိုတဲ့ Broadband အင်တာနက်

Broadband လို့ခေါ်တဲ့ ကြိုးမဲ့အိမ်သုံးအင်တာနက်ဟာ နေအိမ်အတွင်း ကြိုက်တဲ့နေရာမှာ ကြိုက်သလောက် ဒေတာပမာဏကို သုံးစွဲနိုင်တဲ့အတွက် အင်တာနက်အသုံးများသူတွေအတွက်တော့ တွက်ချေကိုက်ပါတယ်။ ဒါ့အပြင် သူက ပိုမိုမြန်ဆန်တဲ့ အင်တာနက်အမြန်နှုန်းနဲ့ အကန့်အသတ်မဲ့ သုံးစွဲနိုင်တာကြောင့် ကိုယ့်ဖုန်းထဲက ဘေလ်တွေ မသိလိုက်ဘဲ ကုန်သွားမှာကိုလည်း စိုးရိမ်နေစရာ မလိုတော့ပါဘူး။ လက်ရှိပြည်တွင်းမှာလည်း အရမ်းတန်တဲ့စျေးနှုန်းနဲ့ ကြိုးမဲ့အိမ်သုံးအင်တာနက်တွေ ရရှိနေပါပြီ။ အမြန်ဆန်ဆုံး 4G ကွန်ယက်ကို ပေးစွမ်းနေတဲ့ အူရီဒူးကနေ မိတ်ဆက်လိုက်တဲ့ Supernet ကြိုးမဲ့အိမ်သုံးအင်တာနက်ဟာ 5 Mbps အမြန်နှုန်းရှိပြီး ရက်(၉၀)လုံး အကန့်အသတ်မရှိ သုံးစွဲနိုင်မယ့်အစီအစဉ်ကို (၉၀၀၀၀)ကျပ်နဲ့ ရောင်းချပေးနေပါတယ်။ Wifi-Router နဲ့ လိုင်းဆွဲအားကောင်းစေတဲ့ အင်တာနာတွေပါ ပါ၀င်တာကြောင့် လိုင်းမကောင်းမှာတော့ ပူစရာမလိုတော့ပါဘူး။

ကဲ … ဖုန်းဘေလ်တွေ ခဏခဏကုန်လို့၊ ဒေတာတွေ အရမ်းစားနေလို့ စိတ်ညစ်နေရတဲ့ သင့်အတွက် ကြိုးမဲ့အိမ်သုံးအင်တာနက်စနစ်က အများကြီး တွက်ချေကိုက်စေမှာပါလို့ အကြံပြုရင်း …။via_shwemom



အားလံုးကိုခင္မင္လွ်က္
ညီလတ္ထြန္း(နည္းပညာ)
www.nyilattun.com

ကိုယ္မသံုးရဘဲ အင္တာနက္ေဒတာေတြ ကုန္ကုန္သြားတာကို ရပ္တန္႔ႏိုင္မယ့္နည္းလမ္း Reviewed by ညီလတ္ထြန္း(နည္းပညာ) on 1:53 AM Rating: 5 [Zawgyi] ၿဖင့္ဖတ္ရန္ ကိုယ္လည္း ဘာမွမည္မည္ရရ မသုံးလိုက္ရပါဘဲ ဖုန္းထဲက အင္တာနက္ေဒတာေတြ တစ္ခဏခ်င္း ေပ်ာက္သြားတဲ့အျဖစ္မ်ိဳး ႀကံဳဖူးပါသလား။ ဒ...

No comments: