Windows 10 မှာ Share Settings ကို ဘယ်လို Enable ပြုလုပ်မလဲ - ညီလတ်ထွန်း(နည်းပညာ)

728x90 AdSpace

Trending

Windows 10 မှာ Share Settings ကို ဘယ်လို Enable ပြုလုပ်မလဲ



Windows 10 မှာ ထည့်သွင်းပေးထားတဲ့  Share settings ဟာ document, email, images နဲ့ အခြားသော ဖိုင်တွေကိုတိုက်ရိုက်  ဝေမျှနိုင်အောင် စီစဉ်ပေးထားတဲ့ feature တစ်ခုပဲဖြစ်ပါတယ်။ ဒီ feature ဟာ Windows 8 ထဲက စတင်မိတ်ဆက် ပေးထားတာဖြစ်ပြီး Windows 10 မှာတော့ သုံးစွဲသူတွေဟာ ပိုမိုပြီး သုံးစွဲမှု များပြားခဲ့ပါတယ်။
Windows 10 Share Settings ဟာ သုံးစွဲသူတွေ အတွက် အလွန်အသုံးတည့်ပြီး windows app တွေကိုဝေမျှဖို့နဲ့ ဖိုင်တွေကို အလွယ်တကူနဲ့ တိုက်ရိုက်ဝေမျှ နိုင်ဖို့အတွက် စီစဉ်ပေးထားပါတယ်။ ဒါ့ကြောင့် အသုံးတည့်တဲ့ Share Settings ကို Windows 10 မှာ Enable ပြုလုပ်နိုင်ဖို့အတွက် ဖော်ပြပါ နည်းလမ်းအတိုင်း အလွယ်တကူ နဲ့လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ Share Settings ကို enable ပြုလုပ်ဖို့အတွက် ပထမဆုံး windows version ကို စစ်ဆေးရပါမယ်။
Windows version ကို စစ်ဆေးဖို့အတွက် Win + R key ကို နှိပ်ပြီး Run box ကို ခေါ်ယူလိုက်ပါ။ Run box ပွင့်လာရင် winver ဆိုတဲ့ command ကိုရိုက်ထည့်ရပါမယ်။
အဆိုပါ command ကိုရိုက်ထည့်ပြီးရင် Windows နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ဖော်ပြပေးထားတဲ့ box ကျလာပါလိမ့်မယ်။ Windows 10 version 1607
ဖြစ်မဖြစ်ကြည့်ပါ။

Windows 10 version 1607 ဖြစ်တယ်ဆိုရင် start menu ကို နှိပ်ပြီး regedit ဆိုတဲ့ command ကို ရိုက်ထည့်ပြီး ကလစ်နှိပ်လိုက်ပါ။ Registry editor ကို အသုံးပြုမယ်ဆိုရင် အရင်ဆုံး registry file ကို backup ပြုလုပ်ထား သင့်ပါတယ်။

ပြီးသွားရင် HKEY_CURRENT_USER\Control Panel ဆိုတဲ့လမ်းကြောင်းအတိုင်း သွားရပါမယ်။ Control Panel key ဟာ ဘယ်ဘက်အခြမ်းက panel ထဲမှာရှိပြီး Select မှတ်လိုက်ပါ။

Control Panel ကို select မှတ်ပြီးရင် ညာဘက်အခြမ်းက panel ထဲမှာ right-click နှိပ်ပြီး New > DWORD 32bit Value ဆိုတာကို ရွေးချယ်ပေးရပါမယ်။

အဆိုပါ DWORD ဖိုင်ကို ရွေးပြီးရင် EnableShareSettings ဆိုတဲ့ နာမည်ပေးရပါမယ်။

ပြီးသွားရင် အဆိုပါ DWORD ဖိုင် အလုပ်လုပ်ဆောင် နိုင်ရန်အတွက် Double Click နှိပ်ပြီး တန်ဖိုးသတ်မှတ် ပေးရပါမယ်။ Value data ဆိုတဲ့နေရာမှာ 1 လို့ ထည့်သွင်းပေးလိုက်ပါ။

ထည့်သွင်းပြီးသွားရင် ok ဆိုတဲ့ ခလုတ်ကို နှိပ်လိုက်ပါ။ ဒါဆိုရင် EnableShareSettings ဆိုတဲ့ ဖိုင်ဟာ value not set  ဆိုတဲ့နေရာမှာ 1 ဆိုတာပေါ်နေပြီး စတင်အလုပ်လုပ် ဆောင်နိုင်ရန်အတွက် အဆင်သင့်ဖြစ်နေပါပြီ။

ဖော်ပြထားတဲ့ အဆင့်တွေ ပြီးပြီဆိုရင် Start Menu ကို နှိပ်ပြီး Settings ဆိုတာကို ရွေးချယ်ပေးရပါမယ်။ အကယ်၍ Notification center ကနေ ဖွင့်မယ်ဆိုလည်း All settings ဆိုတာကို ရွေးချယ်ပေးလိုက်ပါ။

Settings ထဲကို ရောက်ပြီဆိုရင် System ဆိုတာကို နှိပ်လိုက်ပါ။ အောက်ဆုံ နားမှာ Share ဆိုတာကို တွေ့မြင်ရပါလိမ့်မယ်။ အဆိုပါ Share ဆိုတာကို ရွေးချယ်ပေးလိုက်ပါ။ ဒါဆိုရင် ကိုယ် Share ပြုလုပ်ချင်တဲ့ အရာတွေမှာ toggle လေးကို enable ပြုလုပ်ပေးထားရုံနဲ့ Share ပြုလုပ်ခြင်းကို စတင်ပြုလုပ်နိုင်ပြီ ဖြစ်ပါတယ်။

အကယ်၍ အဆိုပါ feature ကို အသုံးမပြုချင်တော့ဘူးဆိုရင် Registry editor မှာ ဖန်တီးပေးထားတဲ့ EnableShareSettings ဆိုတဲ့ DWORD ဖိုင်ကို double click နှိပ်ပြီး တန်ဖိုးနေရာမှာ 0 လို့ သတ်မှတ်ပေး လိုက်ရင် အဆိုပါ feature ဟာ disable ပြန်ဖြစ်သွားပါလိမ့်မယ်။




အားလုံးကိုခင်မင်လျက်
www.nyilattun.com
Ref: maketecheasier
Credit-သီဟ(http://internetjournal.media/)

Windows 10 မှာ Share Settings ကို ဘယ်လို Enable ပြုလုပ်မလဲ Reviewed by ညီလတ်ထွန်း(နည်းပညာ) on 6:00 AM Rating: 5 Windows 10 မှာ ထည့်သွင်းပေးထားတဲ့  Share settings ဟာ document, email, images နဲ့ အခြားသော ဖိုင်တွေကိုတိုက်ရိုက်  ဝေမျှနိုင်အော...

No comments: