Power Bank တွေမှာပြောထားတဲ့ Battery ပမာဏအတိုင်း အပြည့်မပါတာဘာကြောင့်လဲ ? - ညီလတ်ထွန်း(နည်းပညာ)

728x90 AdSpace

Trending


Zawgyi ဖြင့်ဖတ်ရန်






3080×2=6160
Phone Hay Ko (Akhayar)


Unicode ဖြင့်ဖတ်ရန်
Power Bank တွေမှာပြောထားတဲ့ Battery ပမာဏအတိုင်း အပြည့်မပါတာဘာကြောင့်လဲ ?
10000 mAh ရှိတဲ့ Power Bank တစ်လုံးက 3000 mAh ရှိတဲ့ဖုန်းတစ်လုံးကို အားအပြည့်ပြည်သွင်းပေးနိုင်တဲ့အကြိမ်ရေ ၃ကြိမ်ရှိမယ်ဆိုတာကတော့ အကြမ်းအားဖြင့် အလွယ်တွက်ကြမှာပါ။ ဒါပေမယ့် လက်တွေ့ကျတဲ့ တွက်ချက်မှုမှာတော့ အဲ့ဒီအချက်ကမှားနေပါတယ်။ အကြောင်းရင်းကတော့ Power Bank ထဲမှာပါတဲ့ ဓါတ်ခဲခြောက်က ထုတ်ပေးတဲ့ Current နဲ့ USB Port ကထုတ်ပေးတဲ့ Output Current မညီမျှတဲ့အတွက်ဖြစ်ပါတယ်။

Output Current ဘာလို့မညီတာလ ဲ?

ဒီကိစ္စကိုသိဖို့အတွက် အရင်ဆုံး Power Bank တစ်လုံးရဲ့တည်ဆောက်ပုံကိုသိထားမှရပါမယ်။ လက်ရှိဈေးကွက်မှာအများဆုံးတွေ့ရတဲ့ Power Bank တွေဟာ Lithium Type ဓါတ်ခဲခြောက်တွေကိုသုံးထားတာပါ။
10000mAh ရှိတဲ့ Power Bank တစ်လုံးဆိုရင် 2500mAh ရှိတဲ့ Lithium ဓါတ်ခဲခြောက် ၄လုံးနဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်။ (ဓါတ်ခဲ ၄လုံးကို Parallel ဆက်ထားတာဖြစ်တဲ့အတွက် Output Current တူညီပြီး Battery Capacity တိုးအောင်စီစဉ်ထားတာဖြစ်ပါတယ်) ဒါကြောင့်ဓါတ်ခဲခြောက် ၄ လုံးပေါင်းခြင်းရဲ့ Output Current က 3.7 V ပဲရှိမှာပါ။

ဓါတ်ခဲခြောက် ၄ လုံးပေါင်းရင် 10000mAh မှာဖြစ်ပြီး Output Current က 3.7 V နဲ့မြှောက်ကြည့်မယ်ဆိုရင် 37,000mAh ကိုထုတ်ပေးနိုင်ပါတယ်။ ဒီတော့ 10,000mAh ရှိတဲ့ Power Bank တစ်လုံးဟာ Output ကို Current 3.7 V နဲ့ ထုတ်ပေးမယ်ဆိုရင် 3.7×10,000=37000mAh နဲ့ညီမျှပါတယ်။ ဒါဆို Output Current ကို 5V နဲ့ထုတ်ပေးလိုက်မယ်ဆိုရင်ရေ ာ?
စမတ်ဖုန်းတစ်လုံးရဲ့ အနိမ့်ဆုံးလိုအပ်တဲ့ Current (သို့) USB Port ရဲ့ Default Current ဟာ ယေဘုယျအနေနဲ့ 5V ဖြစ်ပါတယ်။ ဒါကြောင့် 37,000mAh ကို 5V နဲ့ Output Current ပေးမယ်ဆိုရင် 37,000 mAh ကို 5V နဲ့ စား (37,000mAh / 5 = 7,400 mAh ပဲကျန်ပါတော့တယ်)
ဒါကြောင့် 10,000mAh ဆိုတာ Output 5V နဲ့ထုတ်ပေးမယ်ဆိုရင် အမှတ်တကယ် အသုံးပြုနိုင်တဲ့ Battery ပမာဏက 74,00 mAh ပဲဖြစ်ပါတယ်။ Power Bank ထုတ်တဲ့ကုမ္ပဏီတွေကရေးထားတဲ့ 10,000mAh ဟာ Output Current 3.7V နဲ့သာတွက်ပြီးရေးထားတာဖြစ်ပါတယ်။

ကိုယ်အသုံးပြုတဲ့ဖုန်းနဲ့ ကိုယ့်မှာရှိတဲ့ Power Bank အားဘယ်နှကြိမ်အပြည့်သွင်းလို့ရမလဲဆိုတာကို အလွယ်တွက်နိုင်ပါတယ်။ Aukey ရဲ့ Battery Charge Calculator နဲ့ ဖုန်း Brand ၊ Model ကိုရွေးပြီး ကိုယ့် Power Bank ရဲ့ mAh ပမာဏကိုထည့်ပေးလိုက်တာနဲ့ အားသွင်းနိုင်မယ့်ကြိမ်နှုန်းကို အနီးစပ်ဆုံးတွက်ချက်ပေးသွားမှာဖြစ်ပါတယ်။

Battery Charge ကို Calculate လုပ်တဲ့အခါမှာလည်း အပေါ်မှာပြောထားတဲ့ သဘောတရားကိုထည့်တွက်ပြီးမှ အနီးဆက်ဆုံးအကြိမ်ရေကို ဖော်ပြပေးတာကြောင့် Power Bank ရွေးချယ်ဝယ်ယူတဲ့အခါမှာ အမှားအယွင်းမရှိပဲ တစ်ကယ်လိုအပ်တဲ့ပမာဏကိုရွေးချယ်နိုင်မှာဖြစ်ပါတယ်။

2.1 ဆိုတာကတော့ အားအပြည့် ၂ ကြိမ်သွင်းပြီး အပို နည်းနည်း ထပ်သွင်းဖို့ ကျန်ဦးမယ်ဆိုတဲ့သဘောမျိုးပါ
3080×2=6160
7400-6160=1240mAh (အပိုထပ်သွင်းနိုင်မယ့်ပမာဏ)
အခု ဖော်ပြပေးခဲ့တာကတော့ Power Bank Capacity တွေနဲ့ Battery သွင်းနိုင်မယ့်အကြိမ်ကိုတွက်ချက်နိုင်မယ့်နည်းလမ်းဖြစ်ပါတယ်။ နောက်တစ်ခေါက်မှာတော့ Battery Capacity ချင်းတူတဲ့ Power Bank အချင်းချင်း ဘာကြောင့်ဈေးနှုန်းတွေ ကွာခြားနေတယ်ဆိုတာကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
Phone Hay Ko (Akhayar)






အားလုံးကိုခင်မင်လျှက်
ညီလတ်ထွန်း(နည်းပညာ)
www.nyilattun.com

Power Bank တွေမှာပြောထားတဲ့ Battery ပမာဏအတိုင်း အပြည့်မပါတာဘာကြောင့်လဲ ? Reviewed by ညီလတ်ထွန်း(နည်းပညာ) on 12:38 AM Rating: 5 Zawgyi ဖြင့်ဖတ်ရန် 10000 mAh ရှိတဲ့ Power Bank တစ်လုံးက 3000 mAh ရှိတဲ့ဖုန်းတစ်လုံးကို အားအပြည့်ပြည်သွင်းပေးနိုင်တဲ့အကြိမ်ရေ ၃ကြိမ်ရှိမ...

No comments: