ကိုယ့်နာမည် Password ထားမိလို့ အဆိုးရွားဆုံး Password 10 လုံးထဲပါသွားတဲ့ Trump - ညီလတ်ထွန်း(နည်းပညာ)
728x90 AdSpace
Trending
Zawgyi ဖြင့်ဖတ်ရန်
1. 123456
2. password
3. 123456789
4. 12345678
5. 12345
6. 11111
7. 1234567
8. sunshine
9. qwerty
10. iloveyou
2B (Akhayar)
www.akhayar.com
Unicode ဖြင့်ဖတ်ရန်
ကိုယ့်နာမည် Password ထားမိလို့ အဆိုးရွားဆုံး Password 10 လုံးထဲပါသွားတဲ့ Trump
အကောင့် ခိုးမခံရအောင် Password ထားပေးတယ်၊ လိုအပ်ရင်တောင် Two-factor Authentication စနစ်တွေ ထည့်သွင်းထားတာတောင် တချို့လူတွေ ခပ်ပေါ့ပေါ့ပါအသုံးပြုေနေဆဲပါပဲ။ ဒီထဲမှလည်း အမေရိကန် သမ္မတကိုယ်တိုင်လည်း ပါဝင်နေပါတယ်။ စစ်တမ်းအရ 123456 နဲ့ Password လို ခန့်မှန်းရ အရမ်းလွယ်တဲ့ ဂဏန်း၊ စာလုံးတွေ အသုံးပြုနေကြသေးပြီး 2018 နဲ့ဆိုရင် ၅ နှစ်ဆက်တိုက် ရှိသွားပြီဆိုပါတယ်။
Strong Password is better
အခုလိုမျိုး လွယ်ကူပြီး ဆိုးရွားလွန်းတဲ့ Password အသုံးပြုတာကို SplashData က ဖော်ပြခဲ့ပြီး အင်တာနက်က ပေါက်ကြားလာတဲ့ Password အလုံး ၅ သန်းကတဆင့် သိရတယ်ဆိုပါတယ်။ ကုမ္ပဏီအဆိုရ SplashID ဆိုတဲ့ Password Manager Software သုံးပြီး ဆန်းစစ်ကြည့်တဲ့အခါ Password က ခန့်မှန်းဖို့လွယ်ကူလွန်းနေသလို အင်တာနက်ပေါ်ပြန့်သွားတာ မဆန်းပါဘူးတဲ့။
Looks Trump is unhappy now!
ဒါကြောင့် SplashData CEO “Morgan Slain” က “လူတွေဗျာ ကိုယ့်ဒုက္ခကိုယ်ရှာလွန်းပါတယ်၊ Password ခံတာ ဘာခက်တာမှတ်လို့လည်း၊ ဟိုး Marriott ဟိုတယ် Group Hack ခံရလို့ အကောင့် သန်း ၅၀၀ ကျော်ရဲ့ Database ပေါက်ကြားသွားတယ်၊ ရွေးကောက်ပွဲကျင်းပနေတဲ့ချိန် နေ့ခင်းကြောင်တောင်ဝင် Hack သွားတာမျိုးနဲ့ မနှိုင်းချင်ပေမယ့် လွယ်ကူလွန်းတဲ့ Password မသုံးကြပါနဲ့၊ အထူးသဖြင့် ကိုယ့်နာမည်၊ Celebrity Name တည့်ပြောရရင် အမေရိကန်သမ္မတလို “Donald” ဆိုတဲ့ Password မျိုးမထားပါနဲ့” လို့ ပြောကြားခဲ့ပါတယ်။
SplashData က 2018 ရဲ့ အဆိုးရွားဆုံး Password 10 လုံးထုတ်ပြန်ထားပြီး “Donald” ကတော့ Password “aa123456” နဲ့ “password1” ကြား ရပ်တည်နေပါတယ်။ ကုမ္ပဏီအနေနဲ့ Password ပြောင်းလဲအသုံးပြုကြမယ်လို့လည်း မျှော်လင့်နေပါတယ်။
1. 123456
2. password
3. 123456789
4. 12345678
5. 12345
6. 11111
7. 1234567
8. sunshine
9. qwerty
10. iloveyou
အဆိုးရွားဆုံး Password အလုံး 100 ကို ဒီ Link မှာ ဖတ်ရှုနိုင်ပြီး Password Manager မသုံးဖူးသေးဘူးဆိုရင် ဒီ Guide Link မှာ သွားလေ့လာနိုင်ပါတယ်။
2B (Akhayar)
www.akhayar.com
အားလုံးကိုခင်မင်လျှက်
ညီလတ်ထွန်း(နည်းပညာ)
www.nyilattun.com
ကိုယ့်နာမည် Password ထားမိလို့ အဆိုးရွားဆုံး Password 10 လုံးထဲပါသွားတဲ့ Trump Reviewed by ညီလတ်ထွန်း(နည်းပညာ) on 12:37 AM Rating: 5 Zawgyi ဖြင့်ဖတ်ရန် အကောင့် ခိုးမခံရအောင် Password ထားပေးတယ်၊ လိုအပ်ရင်တောင် Two-factor Authentication စနစ်တွေ ထည့်သွင်းထားတာတောင် တချို...
No comments: