ကိုယ့်ရဲ့ ဖုန်းထဲကို အန္တရာယ်ရှိတဲ့ ဗိုင်းရပ်စ်တွေ မဝင်စေဖို့လုပ်ဆောင်ရမည့် အချက်များ - ညီလတ်ထွန်း(နည်းပညာ)

728x90 AdSpace

Trending

ကိုယ့်ရဲ့ ဖုန်းထဲကို အန္တရာယ်ရှိတဲ့ ဗိုင်းရပ်စ်တွေ မဝင်စေဖို့လုပ်ဆောင်ရမည့် အချက်များ

လတ်တလော စမတ်ဖုန်းသုံးစွဲသူအများစုမှာဖြစ် နေတဲ့ပြဿနာက ထောင်ခြောက် ဆင် ဗိုင်းရပ်စ်တွေ အဝင်ခံနေ ရ တာ ကို ကြုံတွေ့နေရတာ ဖြစ်ပါ တယ်။အဲ့ဒါကတော့ ဥပမာ- zapya လိုအပ်တွေမှာ တစ်ခါတလေ ၁၈+ နဲ့ပတ်သက်တဲ့ ဗီဒီယိုဖိုင် တွေ အော်တိုတွေ့နေရသလို ၁၈+ နဲ့ ပတ်သက်တဲ့ အက်ပ်တွေ ဝင်ဝင် လာ တာ မျိုး ဖြစ်တက်ပါတယ်။
နောက်တစ်ခုက အဲသည်မှာ ကိုယ်ကိုယ်တိုင်က ဒေါင်းလုပ်ဒ် မဆွဲပဲ အက်ပ် တ ချို့ က အလို အလျောက် ဆွဲနေကြတဲ့ ပြဿနာ ပါ ပဲ။ အဓိကကတော့ developer အတုအယောင်တွေ တိုက်ခိုက်သူ တွေဘက်က ထောင်ခြောက်ဆင် ပြီးသုံးစွဲသူတချို့ကို ဗိုင်းရပ်စ်တွေ ဖြန့်နေတာပဲ ဖြစ်ပါတယ်။
အန်းဒ ရွိုက်က အက်ပဲလ်လောက် လုံခြုံမှု မရှိပါဘူး။ ဒါ့ ကြောင့်မားလ်ဝဲ လို့ ခေါ်တဲ့ဗိုင်း ရပ်စ်တွေ က အန်း ဒရွိုက် အမျိုးအစား တွေမှာ ပျံ့ လွယ် တာ ဖြစ်ပါတယ်။
မားလ်ဝဲဆိုဗိုင်းရပ်စ်ပျံ့သွားရင်ဖုန်းတွင်းကဒေတာတွေအကုန်လုံးလိုလိုပျက်စီးပါတယ်။Back up မလုပ်ထားတဲ့သုံးစွဲသူတွေ အတွက်ဆိုရင် ဒုက္ခရောက်ပါတယ်။

မားလ်ဝဲ ဗိုင်းရပ်စ် ဆော့ဖ်ဝဲ ရန် ကနေ ကာကွယ်ဖို့အတွက် ပထ မ အ ချက်အနေနဲ့ အမည်မသိတဲ့ အက်ပ်တွေကိုလက်မခံပါနဲ့။ ဥပမာ-ဖေ့စ် ဘုတ်ခ်မှာဖြစ် စေ၊ လူမှုကွန်ရက် တစ်ခုခုကနေဆော့ဖ် ဝဲအက်ပ် တစ်ခုခု ကိုnstall လုပ်မလားဆိုပြီး ဆွဲဆောင်တတ်ပါ တယ်။
အဲသည်လို ကိုယ်မသိတဲ့ အက်ပ် တွေပေါ်လာရင် install လုံး ဝ မလုပ်ပါနဲ့။ တကယ်လို့ အ ရမ်း ဒေါင်း ချင်ရင်တော့အဲသည် အက်ပ် နာ မည်ကိုပလေးစတိုးမှာ ရိုက်ရှာပါ။ ဒါမှမဟုတ် ဂူးဂဲလ် ကနေ ရှာ ပါ။ တရားဝင် ဟုတ် မ ဟုတ် စစ် ဆေးပါ။
တရားဝင်ဟုတ်မဟုတ်သိစေ ဖို့ အက်ပ်ကို rate လုပ်ထားတဲ့ ကြယ် တွေ ၊follower , ဒေါင်းလုပ်ဒ် ဆွဲသူဦးရေ များလားဆိုတာစစ်ပါ။ တကယ်လို့အဲသည်အချက်တွေနဲ့ မညီရင်တော့ ဗိုင်းရပ်စ် ဆော့ဖ်ဝဲ ဖြစ်ဖို့ ၉၀ ရာခိုင်နှုန်းပါပဲ။
နောက်ထပ် ကာကွယ်ရမယ့် နည်းလမ်းတွေကတော့ဖုန်းထဲ က setting ထဲဝင်ပြီးကာကွယ်ပါ။ Setting ထဲဝင်ပြီး Security ကို ရွေး ပြီး Unknown Source ကို နှိပ် ပါ။  ပြီးတာနဲ့ ငလောရ လုပ်ပစ် ပါ။
နောက်တစ်ခုကတော့ပေ့ခ်ျ တွေမှာ ထူးဆန်းထွေလာတွေ ဆန်းကြယ်တဲ့ဖြစ်ရပ် တွေနဲ့ဆိုင်တဲ့ ဗီဒီ ယို တွေ ထဲ ဝင်မကြည့် ပါနဲ့။ ဗိုင်းရပ်စ် လင့်ခ်ဖြစ်နေရင် အော်တို ဒေါင်း လုပ်ဒ်ဆွဲတာတွေ၊ နောက် တစ်ခုက ဒေါင်းလုပ်ဒ်မန် နေ ဂျာ ပုံစံနဲ့ ကိုယ်မသိအောင် ဒေါင်း လုပ်ဒ် ဆက်တိုက်ဆွဲနေပြီး install auto လုပ်နေတာတွေ ရှိတတ်ပါ တယ်။
တချို့သုံးစွဲသူတွေ အင်တာ နက်မှာဘာအက်ပ်မှာ မဒေါင်း ပဲ ဘီလ်ကုန်တယ်လို့ ညည်းနေ ကြ တာတွေက အဲသည်လို ဗိုင်း ရပ်စ် လင့်ခ်ထဲတွေ ဝင်တာကြောင့် ဖြစ်နိုင်ပါတယ်။

တရားဝင် အန်းဒရွိုက်အက်ပ် တွေ ရဲ့ဆိုက်မှာ APK ဆိုတဲ့ အက်ပ်တွေ ဆိုရင် စိတ်ချရပါတယ်။ အန်း ဒရွိုက်ရဲ့ တရားဝင်အက်ပ်မှာ ပါ ဝင်တဲ့ apk ဖိုင်တွေက စိတ်ချ ရပါ တယ်။ နောက်တစ်ခုသတိထား ရ မှာက အမေဇုန်အွန်လိုင်းရှော့ ပင်း လင့်ခ်အတုတွေ ရှိတတ်ပါ တယ်။ အမေဇုန်က လင့်ခ်အစစ် တွေ ရှိပေမဲ့ တချို့က မသမာသူတွေက လင့်ခ်အတုတွေနဲ့ မသိ တဲ့သူတွေကို ဝင်ခိုင်းတာမျိုးရှိတတ် ပါ တယ်။ တရား ဝင် မဟုတ် ပဲ လင့်ခ်အတု တွေ နဲ့ ဗီဒီယိုဖိုင် တွေ ၊install လုပ်ခိုင်းထား တဲ့ အက်ပ် တွေက မိမိ ကို ဗိုင်းရပ်စ် ဆော့ဖ် ဝဲ ထဲ ဝင်စေဖို့ လက် ယပ် ခေါ်နေ သ လိုပါပဲ။
ဒါ့ကြောင့်မိမိအနေနဲ့အပလီ ကေးရှင်းတွေ install လုပ်ဖို့တရား ဝင်ဆိုက်တွေ ဖြစ်တဲ့ Google’s Play store ဒါမှမဟုတ် ဆမ် ဆောင်း ဂလက်ဇီသုံးစွဲသူတွေ အတွက် Galaxy App Store တွေမှာသာ ဒေါင်းလုပ်ခ်လင့်ရယူပါ။
Author:
မေဘယ်လ်





အားလုံးကိုခင်မင်လျက်
ညီလတ်ထွန်း(နည်းပညာ)
www.nyilattun.com

ကိုယ့်ရဲ့ ဖုန်းထဲကို အန္တရာယ်ရှိတဲ့ ဗိုင်းရပ်စ်တွေ မဝင်စေဖို့လုပ်ဆောင်ရမည့် အချက်များ Reviewed by ညီလတ်ထွန်း(နည်းပညာ) on 7:46 AM Rating: 5 လတ်တလော စမတ်ဖုန်းသုံးစွဲသူအများစုမှာဖြစ် နေတဲ့ပြဿနာက ထောင်ခြောက် ဆင် ဗိုင်းရပ်စ်တွေ အဝင်ခံနေ ရ တာ ကို ကြုံတွေ့နေရတာ ဖြစ်ပါ တယ်။အဲ့ဒါကတော...

No comments: