အဲကြန္းကုိ ပုံမွန္သန႔္ရွင္းေရးမလုပ္ရင္ ျဖစ္ေပၚလာနုိ္င္တဲ့ က်န္းမာေရးဆုိးက်ဳိးမ်ား - ညီလတ္ထြန္း(နည္းပညာ)

728x90 AdSpace

Trending

အဲကြန္းကုိ ပုံမွန္သန႔္ရွင္းေရးမလုပ္ရင္ ျဖစ္ေပၚလာနုိ္င္တဲ့ က်န္းမာေရးဆုိးက်ဳိးမ်ား

[Zawgyi] ၿဖင့္ဖတ္ရန္
ရာသီဥတုရဲ့ အပူဒဏ္ကို သက္သာေစနိုင္ဖို႔အတြက္ အဲကြန္းေတြကို ေနရာေတာ္ေတာ္မ်ားမ်ားမွာ အမ်ားဆုံး အသုံးျပဳလာၾကၿပီး အဲကြန္းေတြကို ပုံမွန္သန႔္ရွင္းေရးမလုပ္တာဟာ ေလထုထဲမွာ ကူးစက္လြယ္တဲ့ Legionella ဆိုတဲ့ ဘက္တီးရီးယားေတြကို ျဖစ္ေပၚေစနိုင္တာေၾကာင့္ အသက္ရွုလမ္းေၾကာင္းဆိုင္ရာ က်န္းမာေရးျပႆနာေတြကို ျဖစ္ေပၚေစနိုင္ပါတယ္။
အဲကြန္းကထြက္တဲ့ စိုစြတ္တဲ့ေလထုထဲမွာ ဒီဘက္တီးရီးယားေတြဟာ အလြယ္တကူေပါက္ဖြားျဖစ္ေပၚေစနိုင္ၿပီး ပတ္ဝန္းက်င္ကို ပ်ံ႕ႏွံ့သြားတာေၾကာင့္ ဒီေလကို ရွူရွိုက္မိတဲ့အခါ အသက္ရွူလမ္းေၾကာင္းဆိုင္ရာ က်န္းမာေရးျပႆနာေတြကို ခံစားရေစနို္င္တာပဲျဖစ္ပါတယ္။
ခႏၶာကိုယ္ထဲကို ေရာဂါပိုးကူးစက္ဝင္ေရာက္သြားတဲ့အခါ သာမန္ဖ်ားနာျခင္းမ်ိဳးေတြရဲ့ လကၡဏာေတြျဖစ္တဲ့ ခ်မ္းတုန္တာ ၊ ေခါင္းကိုက္တာနဲ႔ ကိုယ္လက္နာက်င္ကိုက္ခဲျခင္းေဝဒနာေတြကို ခံစားရမွာပဲျဖစ္ပါတယ္။

ေဆးပညာရွင္ေတြရဲ့ အဆိုအရ ကိုယ္ခံအားနည္းသူေတြမွာ ဒီေရာဂါပိုး ကူးစက္ဝင္ေရာက္သြားၿပီးဆိုရင္ေတာ့ ေခ်ာင္းဆိုးတာ ၊ ခႏၶာကိုယ္ႏုံးခ်ိတာနဲ႔ အစားအေသာက္ပ်က္တာမ်ိဳးေတြကို ၂ရက္ကေန ၅ရက္ေလာက္အထိ ခံစားရေလ့ရွိတယ္လို႔ဆိုပါတယ္။
ကေလးငယ္ေတြနဲ႔ နာတာရွည္က်န္းမာေရး မေကာင္းသူေတြမွာဆိုရင္ေတာ့ ဆိုးဆိုးရြားရြား ေဝဒနာေတြ ခံစားရနိုင္ၿပီး အသက္ရွူရပ္တဲ့အထိ ျဖစ္ေစနိုင္တယ္လို႔လည္း ဆိုပါတယ္။
အခန္းအပူခ်ိန္ ၆၈ဒီဂရီ ဖာရင္ဟိုက္ကေန ၊ ၂၂ဒီဂရီ ဖာရင္ဟိုက္ၾကားမွာ အသက္ရွင္ေပါက္ပြားနိုင္တဲ့ Legionella Pneumonia ေရာဂါကို ကာကြယ္ဖို႔အတြက္ ကာကြယ္ေဆးအေနနဲ႔ေတာ့ လက္ရွိအခ်ိန္မွာ မရွိေသးပါဘူး။

ဒါေပမယ့္ ဒီ Legionella Pneumonia ဟာ သာမန္ Pneumonia (အဆုတ္ေရာင္ေရာဂါ) နဲ႔မတူဘဲ ျမန္ျမန္ေပ်ာက္ကင္းနိုင္တဲ့ ေရာဂါတမ်ိဳးပဲျဖစ္ပါတယ္။
ေနရာအႏွံ့အျပား အလြယ္တကူ ကူးစက္နိုင္တဲ့ ဒီေရာဂါဟာ ကိုယ္ခံအားေကာင္းသူေတြမွာ ဆိုးဆိုးရြားရြား မျဖစ္ေစနိုင္ေပမယ့္ မိမိရဲ့ အိမ္မွာ ကေလးငယ္ေတြနဲ႔ နာတာရွည္က်န္းမာေရး ေဝဒနာခံစားရသူေတြရွိရင္ေတာ့ အိမ္မွာရွိတဲ့ အဲကြန္းကို ပုံမွန္သန႔္ရွင္းေရး လုပ္ေပးတာမ်ိဳးကို ျပဳလုပ္ေပးသင့္ပါတယ္။
Ref: beachsideairconditioning.com

[Unicode] ဖြင့်ဖတ်ရန်
ရာသီဥတုရဲ့ အပူဒဏ်ကို သက်သာစေနိုင်ဖို့အတွက် အဲကွန်းတွေကို နေရာတော်တော်များများမှာ အများဆုံး အသုံးပြုလာကြပြီး အဲကွန်းတွေကို ပုံမှန်သန့်ရှင်းရေးမလုပ်တာဟာ လေထုထဲမှာ ကူးစက်လွယ်တဲ့ Legionella ဆိုတဲ့ ဘက်တီးရီးယားတွေကို ဖြစ်ပေါ်စေနိုင်တာကြောင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။
အဲကွန်းကထွက်တဲ့ စိုစွတ်တဲ့လေထုထဲမှာ ဒီဘက်တီးရီးယားတွေဟာ အလွယ်တကူပေါက်ဖွားဖြစ်ပေါ်စေနိုင်ပြီး ပတ်ဝန်းကျင်ကို ပျံ့နှံ့သွားတာကြောင့် ဒီလေကို ရှူရှိုက်မိတဲ့အခါ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေကို ခံစားရစေနို်င်တာပဲဖြစ်ပါတယ်။
ခန္ဓာကိုယ်ထဲကို ရောဂါပိုးကူးစက်ဝင်ရောက်သွားတဲ့အခါ သာမန်ဖျားနာခြင်းမျိုးတွေရဲ့ လက္ခဏာတွေဖြစ်တဲ့ ချမ်းတုန်တာ ၊ ခေါင်းကိုက်တာနဲ့ ကိုယ်လက်နာကျင်ကိုက်ခဲခြင်းဝေဒနာတွေကို ခံစားရမှာပဲဖြစ်ပါတယ်။
ဆေးပညာရှင်တွေရဲ့ အဆိုအရ ကိုယ်ခံအားနည်းသူတွေမှာ ဒီရောဂါပိုး ကူးစက်ဝင်ရောက်သွားပြီးဆိုရင်တော့ ချောင်းဆိုးတာ ၊ ခန္ဓာကိုယ်နုံးချိတာနဲ့ အစားအသောက်ပျက်တာမျိုးတွေကို ၂ရက်ကနေ ၅ရက်လောက်အထိ ခံစားရလေ့ရှိတယ်လို့ဆိုပါတယ်။
ကလေးငယ်တွေနဲ့ နာတာရှည်ကျန်းမာရေး မကောင်းသူတွေမှာဆိုရင်တော့ ဆိုးဆိုးရွားရွား ဝေဒနာတွေ ခံစားရနိုင်ပြီး အသက်ရှူရပ်တဲ့အထိ ဖြစ်စေနိုင်တယ်လို့လည်း ဆိုပါတယ်။
အခန်းအပူချိန် ၆၈ဒီဂရီ ဖာရင်ဟိုက်ကနေ ၊ ၂၂ဒီဂရီ ဖာရင်ဟိုက်ကြားမှာ အသက်ရှင်ပေါက်ပွားနိုင်တဲ့ Legionella Pneumonia ရောဂါကို ကာကွယ်ဖို့အတွက် ကာကွယ်ဆေးအနေနဲ့တော့ လက်ရှိအချိန်မှာ မရှိသေးပါဘူး။
ဒါပေမယ့် ဒီ Legionella Pneumonia ဟာ သာမန် Pneumonia (အဆုတ်ရောင်ရောဂါ) နဲ့မတူဘဲ မြန်မြန်ပျောက်ကင်းနိုင်တဲ့ ရောဂါတမျိုးပဲဖြစ်ပါတယ်။
နေရာအနှံ့အပြား အလွယ်တကူ ကူးစက်နိုင်တဲ့ ဒီရောဂါဟာ ကိုယ်ခံအားကောင်းသူတွေမှာ ဆိုးဆိုးရွားရွား မဖြစ်စေနိုင်ပေမယ့် မိမိရဲ့ အိမ်မှာ ကလေးငယ်တွေနဲ့ နာတာရှည်ကျန်းမာရေး ဝေဒနာခံစားရသူတွေရှိရင်တော့ အိမ်မှာရှိတဲ့ အဲကွန်းကို ပုံမှန်သန့်ရှင်းရေး လုပ်ပေးတာမျိုးကို ပြုလုပ်ပေးသင့်ပါတယ်။
Ref: beachsideairconditioning.com






အားလံုးကိုခင္မင္လွ်က္
ညီလတ္ထြန္း(နည္းပညာ)
www.nyilattun.com

အဲကြန္းကုိ ပုံမွန္သန႔္ရွင္းေရးမလုပ္ရင္ ျဖစ္ေပၚလာနုိ္င္တဲ့ က်န္းမာေရးဆုိးက်ဳိးမ်ား Reviewed by ညီလတ္ထြန္း(နည္းပညာ) on 8:45 PM Rating: 5 [Zawgyi] ၿဖင့္ဖတ္ရန္ ရာသီဥတုရဲ့ အပူဒဏ္ကို သက္သာေစနိုင္ဖို႔အတြက္ အဲကြန္းေတြကို ေနရာေတာ္ေတာ္မ်ားမ်ားမွာ အမ်ားဆုံး အသုံးျပဳလာၾကၿပီး အဲကြ...

No comments: