သင္ကုိယ္တုိင္လုပ္မိေနတဲ့ သင့္ဖုန္းကိုပ်က္ဆီးသြားနိုင္တဲ့ အခ်က္မ်ား - ညီလတ္ထြန္း(နည္းပညာ)

728x90 AdSpace

Trending

သင္ကုိယ္တုိင္လုပ္မိေနတဲ့ သင့္ဖုန္းကိုပ်က္ဆီးသြားနိုင္တဲ့ အခ်က္မ်ား

ေန႕စဥ္သံုးစြဲေနတဲ့ စမတ္ဖုန္းေတြဟာ နည္းအမ်ိဳးမ်ိဳးနဲ႕ေတာ့ တေရြ႕ေရြ႕ပ်က္ဆီးေနတာပါပဲ။
ဒါေပမယ့္ ကုိယ္ဂရုမစိုက္ပဲလုပ္ေဆာင္မိေနတဲ့အမွားေတြေၾကာင့္ ခနေလးနဲ႕ပ်က္သြားရင္ေတာ့ ႏွေျမာဖုိ႕ေကာင္းလြန္းပါတယ္။
ဒီေတာ့ စမတ္ဖုန္းေတြကိုဘယ္လုိဂရုစုိက္ရမလဲဆိုတာေလးေတြကုိ ၾကည့္လုိက္ပါဦး ။
၁- စခရင္ေပၚမွာ ေလ်ာက္ကပ္ျခင္း
Youtube ေပၚမွာ ျပထားတဲ့ စခရင္ဒီဇုိင္းဆင္တာေတြၾကည့္ျပီးေတာ့ ကုိယ့္ဖုန္း စခရင္ကုိ လုပ္ခ်င္တုိင္းလုပ္ေနမယ္ဆိုရင္ေတာ့
မၾကာခင္မွာပဲ စခရင္ေတြပ်က္ဆီးျပီး သံုးမရျဖစ္သြားပါလိမ့္မယ္ ။
တကယ္လုိ႕ စခရင္မပ်က္ဆီးခဲ့ရင္ေတာင္မွ ေကာ္ေတြကပ္က်န္ခဲ့ျပီး စုတ္ျပတ္သတ္က်န္ခဲ့ပါလိမ့္မယ္။
၂- ေနပူေနတဲ့ ျပတင္းေပါက္ သုိ႕မဟုတ္ ခံုေပၚမွာပစ္ထားျခင္း
အပူလြန္ကဲျခင္းဟာ လ်ပ္စစ္ပစၥည္းေတြအတြက္ေတာ့ ဒုကၡအေပးဆံုးအရာတစ္ခုပါပဲ။
ဖုန္းအပူလြန္ကဲတဲ့အခါ ဆားကစ္ေတြထိခိုက္လာျပီး ဘတၳရီစြမ္းအင္လည္း ေလ်ာ့က်လာပါလိမ့္မယ္။

၃- အိပ္ခ်င္မူးတူးနဲ႕အားသြင္းၾကိဳးထုိးျခင္း
အိပ္ခ်င္မူးတူးျဖစ္ေနတဲ့အခါမ်ိဳးမွာ ၾကိဳးေပါက္တည့္တည့္ ထိုးႏုိင္ဖုိ႕ ေတာ္ေတာ္ခဲယဥ္းပါတယ္။
အေပါက္မတည့္တဲ့အတြက္ ေဒါသထြက္လာျပီး အားနဲ႕ထိုးလိုက္တဲ့အခါမ်ိဳးမွာ ဆားကစ္ေတြယိုင္သြားျပီး ေလ်ာ့ျဖစ္သြားႏုိင္ပါတယ္။
လ်ပ္စစ္ပစၥည္းဆိုတာ လံုးဝကုိအထိမခံတဲ့အရာေတြပါပဲ။
၄- ဖုန္းအတြင္းဘက္ကုိ သန္႕ရွင္းေရးမလုပ္ျခင္း
ဖုန္းအတြင္းဘက္မွာ တန္ခ်ီတဲ့ ဖုန္မႈေတြနဲ႕ အိတ္ထဲက အမႈန္အမႊားေတြရွိေနပါတယ္။
ဒါေတြကုိ သန္႕ရွင္းေရးမလုပ္ဘူးဆုိရင္ေတာ့ သင့္ဖုန္းဟာ သာမန္ထက္ပုိပူလာျပီး စြမ္းေဆာင္ရည္ေလ်ာ့က်လာပါလိမ့္မယ္။

၅- အေပါစား ဘတၳရီ နဲ႕ လဲလွယ္ျခင္း
ဖုန္းဘတၳရီ မေကာင္းေတာ့တဲ့အခါ မူရင္းဘတၳရီအမ်ိဳးအစားကိုပဲ ျပန္လည္ဝယ္ယူျပီးလဲလွယ္သင့္ပါတယ္။
ဒီလိုမဟုတ္ပဲ လမ္းေဘးက အေပါစားဘတၳရီမ်ိဳးကိုဝယ္ယူျပီး ထည့္သြင္းမယ္ဆိုရင္ေတာ့ ဖုန္းရဲ႕အတြင္းအစိတ္အပိုင္းေတြပ်က္ဆီးရံုမကပဲ ထေပါက္ႏုိင္တဲ့အႏၱရာယ္ပါရွိလာႏုိင္ပါတယ္။
၆ – အားသြင္းၾကိဳး နဲ႕ နားၾကပ္မ်ား
အားသြင္းၾကိဳးအေပါစားေတြဝယ္ယူျပီး သင့္ဖုန္းကုိအားသြင္းမယ္ဆိုရင္ မီးေလာင္ႏုိင္တဲ့ျပႆနာပါရွိလာႏုိင္ပါတယ္။
ထို႕အျပင္ နားၾကပ္ေတြဟာလည္း နားၾကပ္ေခါင္းအရြယ္အစားမတူညီတဲ့အတြက္ အရြယ္အနည္းငယ္ၾကီးမားေနတဲ့နားၾကပ္ေခါင္းတစ္ခုကိုအတင္းထိုးထည့္မယ္ဆိုရင္
နားၾကပ္ေပါက္လံုးဝပ်က္ဆီးသြားႏုိင္ပါတယ္။

၇- ေဘာင္းဘီေနာက္အိတ္ကပ္ထဲထည့္ထားျခင္း
ေဘာင္းဘီေနာက္အိတ္ကပ္ထဲထည့္ထားျခင္းဟာ ဖုန္းေပ်ာက္ႏုိင္စြမ္းအျမင့္ဆံုးအေနအထားမွာျဖစ္ပါတယ္။
ထုိ႕အျပင္ အလြန္ပါးလႊာတဲ့ဖုန္းဆိုရင္ သတိမထားပဲ ထုိင္ခ်မိလိုက္တဲ့အခါ ထက္ပိုင္းက်ိဳးသြားႏုိင္ေခ်ရွိပါေသးတယ္။
Writer – Min Thu (Daily Hot News )
Unicode
သင့်ဖုန်းကိုပျက်ဆီးသွားစေနိုင်တဲ့ လုပ်ဆောင်မိနေတဲ့ အမှားအယွင်းများ
နေ့စဉ်သုံးစွဲနေတဲ့ စမတ်ဖုန်းတွေဟာ နည်းအမျိုးမျိုးနဲ့တော့ တရွေ့ရွေ့ပျက်ဆီးနေတာပါပဲ။
ဒါပေမယ့် ကိုယ်ဂရုမစိုက်ပဲလုပ်ဆောင်မိနေတဲ့အမှားတွေကြောင့် ခနလေးနဲ့ပျက်သွားရင်တော့ နှမြောဖို့ကောင်းလွန်းပါတယ်။
ဒီတော့ စမတ်ဖုန်းတွေကိုဘယ်လိုဂရုစိုက်ရမလဲဆိုတာလေးတွေကို ကြည့်လိုက်ပါဦး ။
၁- စခရင်ပေါ်မှာ လျောက်ကပ်ခြင်း
Youtube ပေါ်မှာ ပြထားတဲ့ စခရင်ဒီဇိုင်းဆင်တာတွေကြည့်ပြီးတော့ ကိုယ့်ဖုန်း စခရင်ကို လုပ်ချင်တိုင်းလုပ်နေမယ်ဆိုရင်တော့
မကြာခင်မှာပဲ စခရင်တွေပျက်ဆီးပြီး သုံးမရဖြစ်သွားပါလိမ့်မယ် ။
တကယ်လို့ စခရင်မပျက်ဆီးခဲ့ရင်တောင်မှ ကော်တွေကပ်ကျန်ခဲ့ပြီး စုတ်ပြတ်သတ်ကျန်ခဲ့ပါလိမ့်မယ်။
၂- နေပူနေတဲ့ ပြတင်းပေါက် သို့မဟုတ် ခုံပေါ်မှာပစ်ထားခြင်း
အပူလွန်ကဲခြင်းဟာ လျပ်စစ်ပစ္စည်းတွေအတွက်တော့ ဒုက္ခအပေးဆုံးအရာတစ်ခုပါပဲ။
ဖုန်းအပူလွန်ကဲတဲ့အခါ ဆားကစ်တွေထိခိုက်လာပြီး ဘတ္ထရီစွမ်းအင်လည်း လျော့ကျလာပါလိမ့်မယ်။
၃- အိပ်ချင်မူးတူးနဲ့အားသွင်းကြိုးထိုးခြင်း
အိပ်ချင်မူးတူးဖြစ်နေတဲ့အခါမျိုးမှာ ကြိုးပေါက်တည့်တည့် ထိုးနိုင်ဖို့ တော်တော်ခဲယဉ်းပါတယ်။
အပေါက်မတည့်တဲ့အတွက် ဒေါသထွက်လာပြီး အားနဲ့ထိုးလိုက်တဲ့အခါမျိုးမှာ ဆားကစ်တွေယိုင်သွားပြီး လျော့ဖြစ်သွားနိုင်ပါတယ်။
လျပ်စစ်ပစ္စည်းဆိုတာ လုံးဝကိုအထိမခံတဲ့အရာတွေပါပဲ။
၄- ဖုန်းအတွင်းဘက်ကို သန့်ရှင်းရေးမလုပ်ခြင်း
ဖုန်းအတွင်းဘက်မှာ တန်ချီတဲ့ ဖုန်မှုတွေနဲ့ အိတ်ထဲက အမှုန်အမွှားတွေရှိနေပါတယ်။
ဒါတွေကို သန့်ရှင်းရေးမလုပ်ဘူးဆိုရင်တော့ သင့်ဖုန်းဟာ သာမန်ထက်ပိုပူလာပြီး စွမ်းဆောင်ရည်လျော့ကျလာပါလိမ့်မယ်။
၅- အပေါစား ဘတ္ထရီ နဲ့ လဲလှယ်ခြင်း
ဖုန်းဘတ္ထရီ မကောင်းတော့တဲ့အခါ မူရင်းဘတ္ထရီအမျိုးအစားကိုပဲ ပြန်လည်ဝယ်ယူပြီးလဲလှယ်သင့်ပါတယ်။
ဒီလိုမဟုတ်ပဲ လမ်းဘေးက အပေါစားဘတ္ထရီမျိုးကိုဝယ်ယူပြီး ထည့်သွင်းမယ်ဆိုရင်တော့ ဖုန်းရဲ့အတွင်းအစိတ်အပိုင်းတွေပျက်ဆီးရုံမကပဲ ထပေါက်နိုင်တဲ့အန္တရာယ်ပါရှိလာနိုင်ပါတယ်။
၆ – အားသွင်းကြိုး နဲ့ နားကြပ်များ
အားသွင်းကြိုးအပေါစားတွေဝယ်ယူပြီး သင့်ဖုန်းကိုအားသွင်းမယ်ဆိုရင် မီးလောင်နိုင်တဲ့ပြဿနာပါရှိလာနိုင်ပါတယ်။
ထို့အပြင် နားကြပ်တွေဟာလည်း နားကြပ်ခေါင်းအရွယ်အစားမတူညီတဲ့အတွက် အရွယ်အနည်းငယ်ကြီးမားနေတဲ့နားကြပ်ခေါင်းတစ်ခုကိုအတင်းထိုးထည့်မယ်ဆိုရင်
နားကြပ်ပေါက်လုံးဝပျက်ဆီးသွားနိုင်ပါတယ်။
၇- ဘောင်းဘီနောက်အိတ်ကပ်ထဲထည့်ထားခြင်း
ဘောင်းဘီနောက်အိတ်ကပ်ထဲထည့်ထားခြင်းဟာ ဖုန်းပျောက်နိုင်စွမ်းအမြင့်ဆုံးအနေအထားမှာဖြစ်ပါတယ်။
ထို့အပြင် အလွန်ပါးလွှာတဲ့ဖုန်းဆိုရင် သတိမထားပဲ ထိုင်ချမိလိုက်တဲ့အခါ ထက်ပိုင်းကျိုးသွားနိုင်ချေရှိပါသေးတယ်။
Writer – Min Thu (Daily Hot News )





အားလံုးကိုခင္မင္လ်က္
ညီလတ္ထြန္း(နည္းပညာ)
www.nyilattun.com

သင္ကုိယ္တုိင္လုပ္မိေနတဲ့ သင့္ဖုန္းကိုပ်က္ဆီးသြားနိုင္တဲ့ အခ်က္မ်ား Reviewed by ညီလတ္ထြန္း(နည္းပညာ) on 7:51 AM Rating: 5 ေန႕စဥ္သံုးစြဲေနတဲ့ စမတ္ဖုန္းေတြဟာ နည္းအမ်ိဳးမ်ိဳးနဲ႕ေတာ့ တေရြ႕ေရြ႕ပ်က္ဆီးေနတာပါပဲ။ ဒါေပမယ့္ ကုိယ္ဂရုမစိုက္ပဲလုပ္ေဆာင္မိေနတဲ့အမွားေတြေၾကာ...

No comments: