ကမာၻေပၚက နည္းပညာအတိုးတက္ဆုံးနဲ႔ အလုပ္ကိုင္အေပါဆုံး ျမိဳ႕ၾကီး ၁၀ ျမိဳ႕ - ညီလတ္ထြန္း(နည္းပညာ)

728x90 AdSpace

Trending

ကမာၻေပၚက နည္းပညာအတိုးတက္ဆုံးနဲ႔ အလုပ္ကိုင္အေပါဆုံး ျမိဳ႕ၾကီး ၁၀ ျမိဳ႕

Zawgyi ျဖင့္ဖတ္ရန္
နည္းပညာဆိုတာကလည္း တစ္ေန႔ျပီးတစ္ေန႔ မရိုးရေအာင္ အသစ္ဆန္းေပၚေနတာဆိုေတာ့ ဘယ္လိုမွလိုက္လို႔ မမီေတာ့ဘူးထင္ပါတယ္။ တကယ္လည္း ဟုတ္ပါတယ္၊ သူသူငါငါ လက္ေမာင္းခ်င္းယွဥ္ရင္း ဆန္းသစ္လာခဲ့ၾကတာ ဇိမ္ရွိျပီး ေပ်ာ္ရႊင္စရာေကာင္းတဲ့ နည္းပညာေခတ္ထဲ ရုန္းထြက္ခ်င္မယ္ မထင္ပါဘူး။ အဲ့သလို ဒိတ္ဒိတ္ၾကဲနည္းပညာ ထြန္းကားေနတာကိုမွ ထိပ္ဆုံးကိုေရာက္ေနတဲ့ ျမိဳ႕ၾကီး ၁၀ ျမိဳ႕ကို ဗဟုသုတအေနနဲ႔ တင္ဆက္လိုက္ရပါတယ္။
10. Chicago, Illinois
Illinois ျပည္နယ္၊ Michigan ကန္နေဘးမွာ တည္ရွိတဲ့ Chicago ျမိဳ႕နဲ႔ ရင္းႏွီးျပီးသားျဖစ္ၾကမွာပါ။ မိုးေမ်ာ္တိုက္ေတြ တည္ရွိတဲ့ ကမာၻ႔အၾကီးဆုံးျမိဳ႕ထဲ အပါဝင္ျဖစ္သလို အေမရိကန္ ျပည္ေထာင္စုရဲ႕ ပဥၥမအၾကီးဆုံးျမိဳ႕ေတာ္လည္း ျဖစ္ပါတယ္။ လက္ရွိ IT အလုပ္ကိုင္ အမ်ားဆုံး ျမိဳ႔ေတာ္လည္းျဖစ္သလို လမ္းပန္းဆက္သြယ္ေရးနဲ႔ စြမ္းအင္သယ္ယူပို႔ေဆာင္ေရး နည္းပညာနယ္ပယ္မွာ လွ်င္လွ်င္ျမန္ျမန္ကို တိုးတက္ေနသလို ရင္းႏွီးျမဳပ္ႏွံဖို႔ အေကာင္းဆုံးေနရာထဲမွာလည္း ပါဝင္ပါတယ္။

Chicago
9. Toronto, Canada
Canadian ျမိဳ႔ေတာ္တစ္ျဖစ္လည္း Toronto ျမိဳ႕ၾကီးဟာလည္း လူခ်မ္းသာေတြေနထိုင္ရာ၊ မိုးေမ်ာ္တိုက္ေတြ တည္ရွိတဲ့ ျမိဳ႕တစ္ျမိဳ႕ပါ။ ေနာက္ျပီး အလုပ္ကိုင္၊ အခြင့္ေပါင္း ၃၀ ရာခိုင္ႏႈန္းေလာက္ကို IT အလုပ္တမ်ိဳးထဲ ပိုင္ဆိုင္ထားလို႔ ၂၀၁၈ ခုႏွစ္စစ္တမ္းမွာ နည္းပညာပိုင္း တဟုန္ထိုး တိုးတက္ေနတဲ့ ျမိဳ႕ေတာ္အျဖစ္ပါဝင္ပါေသးတယ္။

Toronto
8. Singapore
အေရွ႕ေတာင္အာရွတစ္ခြင္ နည္းပညာပိုင္း အထူးတလည္ဖြံံ႔ျဖိဳးေနတဲ့ ျမိဳ႕ေတာ္ဟာ စကၤာပူျဖစ္တယ္ဆိုရင္ လက္ခံရမွာပါ။ လြန္ခဲ့တဲ့ႏွစ္ ၅၀ ေက်ာ္ေလာက္တုန္းက ျမိဳ႕ငယ္ေလးအျဖစ္ တည္ရွိခဲ့ျပီး ဆင္းရဲတဲ့ဘဝကေန အခုဆိုရင္ နည္းပညာျမင့္ မိုးေမ်ာ္တိုက္ၾကီးေတြ၊ ေခတ္မီတဲ့ ျမိဳ႕ပတ္ရထား၊ Light Rail စတဲ့ နည္းပညာေတြနဲ႔ တိုးတက္ေနပါျပီ။ ေနာက္ျပီး Programmer ေတြနဲ႔ ရင္းႏွီးျမဳပ္ႏွံမယ္သူေတြ အထူးတလည္ စိတ္ဝင္တစားျဖစ္လာတဲ့ ျမိဳ႕လို႔ေျပာရင္လည္း မမွားပါဘူး။

Singapore
7. Boston
အေမရိကန္ ျပည္ေထာင္စုမွာ တည္ရွိတဲ့ Boston ျမိဳ႕ကေတာ့ သိပၸံနဲ႔ နည္းပညာနယ္ပယ္မွာ ထူးခြ်န္၊ ကြ်မ္းက်င္တဲ့ လူငယ္အေလာင္းလ်ာေတြ ေမြးထုတ္ေပးတဲ့ ျမိဳ႕အျဖစ္ ကမာၻေပၚမွာ ထင္ရွားပါတယ္။ ဒီအတြက္ေၾကာင့္လည္း Facebook နဲ႔ Amazon တို႔လို နည္းပညာကုမၸဏီၾကီးေတြ လူငယ္ေတြကို စိတ္ဝင္စား၊ ရင္းႏွီးျမဳပ္ႏွံလိုၾကျပီး အသက္ေမြးဝမ္းေက်ာင္း ေကာင္းေကာငး္စတင္ဖို႔ အခြင့္ေရးမ်ားတဲ့ ျမိဳ႔လည္းျဖစ္ပါတယ္။

Boston
6. Taipei ၊ Taiwan
တရုတ္ႏိုင္ငံမွာအတြင္းမွာ တည္ရွိတဲ့ Taipei နဲ႔ Taiwan ျမိဳ႕ ၂ ျမိဳ႕ကေတာ့ စီးပြားေရးလုပ္ဖို႔ အေကာင္းဆုံး၊ လက္ရွိအာရွတစ္ခြင္ နည္းပညာအတိုးတက္ဆုံးလို႔ ေျပာရင္ေတာင္ မွားမယ္မထင္ပါဘူး။ ျပည္တြင္းျဖစ္ Acer ၊ Asus ၊ MSI နဲ႔ Gigabyte တို႔လို ကြန္ပ်ဴတာဆက္စပ္ပစၥည္းထုတ္လုပ္တဲ့ ကုမၸဏီေတြေၾကာင့္ပဲ အလုပ္ကိုင္ေပါသလို တျခား ရင္းႏွီးျမဳပ္ႏွံသူေတြ စိတ္ဝင္စားေနတဲ့ နည္းပညာအတိုးတက္ဆုံး ျမိဳ႕အျဖစ္လည္း ပါဝင္ေနပါတယ္။

Taipei
5. Seoul
အခုခ်ိန္မွာ အနာဂတ္ျမိဳ႕ေတာ္အျဖစ္ တင္စားခံထားရတဲ့ျမိဳ႕ကေတာ့ ေတာင္ကိုးရီးယားႏိုင္ငံထဲမွာ တည္ရွိေနပါတယ္။ ကမာၻ႔အျမန္ဆုံး မိုဘိုင္းဆက္သြယ္ေရး စနစ္ပိုင္ဆိုင္ထားတဲ့ ျမိဳ႕ေတာ္လည္း ျဖစ္သလို ေခတ္မီတဲ့ ျမိဳပတ္၊ ေျမေအာက္ရထားစနစ္ေတြအျပင္ ေခတ္မီဆန္းျပားတဲ့ အေဆာက္ဦးေတြေၾကာင့္ ကမာၻ႔နံပတ္ ၅ ေနရာမွာ ရပ္တည္ေနတဲ့ နည္းပညာျမင့္ ျမိဳ႕ေတာ္လည္းျဖစ္ပါတယ္။

Seoul
4. London
အေနာက္ဥေရာပႏိုင္ငံေတြထဲက အဂၤလန္ႏိုင္ငံမွာ တည္ရွိတဲ့ လန္ဒန္ျမိဳ႕ၾကီးဟာ လက္ရွိ နည္းပညာအဖြ႔ံျဖိဳးဆုံး ျမိဳ႕ေတာ္အျဖစ္ ရပ္တည္ေနပါတယ္။ ေနာက္ကြယ္က အေမရိကန္ အကူညီနဲ႔ တိုးတက္ေနတာ သိသာေပမယ့္ လာမယ့္ ၁၀ ႏွစ္အတြင္း IT အလုပ္ကိုင္၊ အခြင့္လမ္းအသစ္ေပါင္း ၁ ေသာင္းေက်ာ္ ခ်ေပးသြားဖို႔ စီစဥ္ေနျပီး Programmer အမ်ားစု ေရ၊ ေျမသစ္ရွာေဖြဖို႔၊ စီးပြားေရးလုပ္ငန္းရွင္တခ်ိဳ႕ ရင္းႏွီးျမဳပ္ႏွံဖို႔ စိတ္ဝင္စားေနတဲ့ျမိဳ႕အျဖစ္ရပ္တည္ေနပါတယ္။

London
3. New York
အေမရိကန္ျပည္ေထာင္စုရဲ႕ အထင္ကရျမိဳ႕ေတာ္၊ နယူးေယာက္ျမိဳ႕က စီးပြားေရးလုပ္ခ်င္တာပဲျဖစ္ျဖစ္၊ အသက္ေမြးဝမ္းေက်ာင္းျပဳခ်င္တာပဲျဖစ္ျဖစ္ အေကာင္းဆုံးျမိဳ႕ေတာ္အျဖစ္ ကမာၻေပၚမွာရပ္တည္ေနပါတယ္။ ျပီးခဲ့တဲ့ ၂၀၁၃ ခုႏွစ္အေစာပိုင္းကာလမွာ နည္းပညာကုမၸဏီေပါင္း ၇၀၀၀ ေက်ာ္ေမြးဖြားႏိုင္ခဲ့ျပီး အလုပ္ကိုင္၊ အခြင့္လမ္းေပါင္း ၁ သိန္းေက်ာ္ ဖန္တီးႏိုင္ခဲ့ပါတယ္။ ဒါေၾကာင့္မလို႔ နည္းပညာအသစ္၊ အေဟာင္း ရွင္သန္ရာ ျမိဳ႕ၾကီးအျဖစ္ကိုယ္စားျပဳေနျပီး လက္ရွိအဖြံ႕ျဖိဳးဆုံးေနရာကေန ေခတၱဆင္းေပးထားရတဲ့ ျမိဳ႕လည္းျဖစ္ပါတယ္။

New York City
2. San Francisco
အဂၤလန္ႏိုင္ငံကေတာင္ မနာလိုျဖစ္ေနရတဲ့ San Francisco ျမိဳ႕ေလးကေတာ့ California ျပည္ေထာင္စုထဲမွာ တည္ရွိပါတယ္။ ဒီျမိဳ႕ေလးကို ကမာၻေပၚမွာ နည္းပညာအတိုးတက္ဆုံး ျမိဳ႕ေတာ္အျဖစ္ ထင္ရွားေနေစတာက Apple ကုမၸဏီေမြးဖြားရာ Silicon Valley ဆိုတဲ့ နည္းပညာကုမၸဏီေတြ အစဥ္လိုက္၊ အစဥ္လိုက္ ေပါက္ဖြားေနတဲ့ ေနရာျဖစ္ေနလို႔ပါပဲ။ ေနာက္ျပီး California ျပည္ေထာင္စုၾကီးဟာ Apple သာမက Facebook ၊ Alphabet Inc. ၊ Oracle နဲ႔ တျခားဘီလီယံေဒၚလာတန္ ကုမၸဏီၾကီးေတြ ကိန္းေအာင္းရာ ျမိဳ႕လည္းျဖစ္တာမလို႔ အျမဲလိုလို နံပတ္ ၁ ဒါမွမဟုတ္ ၂ ေနရာမွာ အျမဲတည္ရွိေနတဲ့ ျမိဳ႕လည္းျဖစ္ပါတယ္။

San Francisco
1. Tokyo
အာရွတစ္လႊား စံျပျမိဳ႕၊ စံျပႏုိင္ငံအျဖစ္ ရပ္တည္ေနတာကေတာ့ ဂ်ပန္ႏိုင္ငံမွာ တည္ရွိေနတဲ့ တိုက်ိဳျမိဳ႕ေလးပဲ ျဖစ္ပါတယ္။ အေနထိုင္ကအစ အဆင့္တန္းျမင့္ျပီး ျမိဳ႕နယ္တခြင္ ေခတ္မီတဲ့ ျမိဳ႕ပတ္က်ည္ဆန္ရထားစနစ္ေတြ၊ စာသင္ေက်ာင္းေတြမွာ စက္ရုပ္ေတြကို သင္ေထာက္ကူအျဖစ္ အသုံးျပဳေနတဲ့အထိနည္းပညာပိုင္း တိုးတက္ထြန္းကားေနတာပါ။

Tokyo
ဒါေၾကာင့္လည္း၂၀၁၈ ရဲ႕ အတိုးတက္၊ အေကာင္းဆုံး ျမိဳ႕ ၁၀ ျမိဳ႕ထဲမွာ ထိပ္ဆုံးက ရပ္တည္ေနတာလည္းျဖစ္ပါတယ္။
2B (Akhayar)
www.akhayar.com


Unicode ဖြင့်ဖတ်ရန်
ကမ္ဘာပေါ်က နည်းပညာအတိုးတက်ဆုံးနဲ့ အလုပ်ကိုင်အပေါဆုံး မြို့ကြီး ၁၀ မြို့
နည်းပညာဆိုတာကလည်း တစ်နေ့ပြီးတစ်နေ့ မရိုးရအောင် အသစ်ဆန်းပေါ်နေတာဆိုတော့ ဘယ်လိုမှလိုက်လို့ မမီတော့ဘူးထင်ပါတယ်။ တကယ်လည်း ဟုတ်ပါတယ်၊ သူသူငါငါ လက်မောင်းချင်းယှဉ်ရင်း ဆန်းသစ်လာခဲ့ကြတာ ဇိမ်ရှိပြီး ပျော်ရွှင်စရာကောင်းတဲ့ နည်းပညာခေတ်ထဲ ရုန်းထွက်ချင်မယ် မထင်ပါဘူး။ အဲ့သလို ဒိတ်ဒိတ်ကြဲနည်းပညာ ထွန်းကားနေတာကိုမှ ထိပ်ဆုံးကိုရောက်နေတဲ့ မြို့ကြီး ၁၀ မြို့ကို ဗဟုသုတအနေနဲ့ တင်ဆက်လိုက်ရပါတယ်။
10. Chicago, Illinois
Illinois ပြည်နယ်၊ Michigan ကန်နဘေးမှာ တည်ရှိတဲ့ Chicago မြို့နဲ့ ရင်းနှီးပြီးသားဖြစ်ကြမှာပါ။ မိုးမျော်တိုက်တွေ တည်ရှိတဲ့ ကမ္ဘာ့အကြီးဆုံးမြို့ထဲ အပါဝင်ဖြစ်သလို အမေရိကန် ပြည်ထောင်စုရဲ့ ပဉ္စမအကြီးဆုံးမြို့တော်လည်း ဖြစ်ပါတယ်။ လက်ရှိ IT အလုပ်ကိုင် အများဆုံး မြို့တော်လည်းဖြစ်သလို လမ်းပန်းဆက်သွယ်ရေးနဲ့ စွမ်းအင်သယ်ယူပို့ဆောင်ရေး နည်းပညာနယ်ပယ်မှာ လျှင်လျှင်မြန်မြန်ကို တိုးတက်နေသလို ရင်းနှီးမြုပ်နှံဖို့ အကောင်းဆုံးနေရာထဲမှာလည်း ပါဝင်ပါတယ်။

Chicago
9. Toronto, Canada
Canadian မြို့တော်တစ်ဖြစ်လည်း Toronto မြို့ကြီးဟာလည်း လူချမ်းသာတွေနေထိုင်ရာ၊ မိုးမျော်တိုက်တွေ တည်ရှိတဲ့ မြို့တစ်မြို့ပါ။ နောက်ပြီး အလုပ်ကိုင်၊ အခွင့်ပေါင်း ၃၀ ရာခိုင်နှုန်းလောက်ကို IT အလုပ်တမျိုးထဲ ပိုင်ဆိုင်ထားလို့ ၂၀၁၈ ခုနှစ်စစ်တမ်းမှာ နည်းပညာပိုင်း တဟုန်ထိုး တိုးတက်နေတဲ့ မြို့တော်အဖြစ်ပါဝင်ပါသေးတယ်။

Toronto
8. Singapore
အရှေ့တောင်အာရှတစ်ခွင် နည်းပညာပိုင်း အထူးတလည်ဖွံံ့ဖြိုးနေတဲ့ မြို့တော်ဟာ စင်္ကာပူဖြစ်တယ်ဆိုရင် လက်ခံရမှာပါ။ လွန်ခဲ့တဲ့နှစ် ၅၀ ကျော်လောက်တုန်းက မြို့ငယ်လေးအဖြစ် တည်ရှိခဲ့ပြီး ဆင်းရဲတဲ့ဘဝကနေ အခုဆိုရင် နည်းပညာမြင့် မိုးမျော်တိုက်ကြီးတွေ၊ ခေတ်မီတဲ့ မြို့ပတ်ရထား၊ Light Rail စတဲ့ နည်းပညာတွေနဲ့ တိုးတက်နေပါပြီ။ နောက်ပြီး Programmer တွေနဲ့ ရင်းနှီးမြုပ်နှံမယ်သူတွေ အထူးတလည် စိတ်ဝင်တစားဖြစ်လာတဲ့ မြို့လို့ပြောရင်လည်း မမှားပါဘူး။

Singapore
7. Boston
အမေရိကန် ပြည်ထောင်စုမှာ တည်ရှိတဲ့ Boston မြို့ကတော့ သိပ္ပံနဲ့ နည်းပညာနယ်ပယ်မှာ ထူးချွန်၊ ကျွမ်းကျင်တဲ့ လူငယ်အလောင်းလျာတွေ မွေးထုတ်ပေးတဲ့ မြို့အဖြစ် ကမ္ဘာပေါ်မှာ ထင်ရှားပါတယ်။ ဒီအတွက်ကြောင့်လည်း Facebook နဲ့ Amazon တို့လို နည်းပညာကုမ္ပဏီကြီးတွေ လူငယ်တွေကို စိတ်ဝင်စား၊ ရင်းနှီးမြုပ်နှံလိုကြပြီး အသက်မွေးဝမ်းကျောင်း ကောင်းကောင်းစတင်ဖို့ အခွင့်ရေးများတဲ့ မြို့လည်းဖြစ်ပါတယ်။

Boston
6. Taipei ၊ Taiwan
တရုတ်နိုင်ငံမှာအတွင်းမှာ တည်ရှိတဲ့ Taipei နဲ့ Taiwan မြို့ ၂ မြို့ကတော့ စီးပွားရေးလုပ်ဖို့ အကောင်းဆုံး၊ လက်ရှိအာရှတစ်ခွင် နည်းပညာအတိုးတက်ဆုံးလို့ ပြောရင်တောင် မှားမယ်မထင်ပါဘူး။ ပြည်တွင်းဖြစ် Acer ၊ Asus ၊ MSI နဲ့ Gigabyte တို့လို ကွန်ပျူတာဆက်စပ်ပစ္စည်းထုတ်လုပ်တဲ့ ကုမ္ပဏီတွေကြောင့်ပဲ အလုပ်ကိုင်ပေါသလို တခြား ရင်းနှီးမြုပ်နှံသူတွေ စိတ်ဝင်စားနေတဲ့ နည်းပညာအတိုးတက်ဆုံး မြို့အဖြစ်လည်း ပါဝင်နေပါတယ်။

Taipei
5. Seoul
အခုချိန်မှာ အနာဂတ်မြို့တော်အဖြစ် တင်စားခံထားရတဲ့မြို့ကတော့ တောင်ကိုးရီးယားနိုင်ငံထဲမှာ တည်ရှိနေပါတယ်။ ကမ္ဘာ့အမြန်ဆုံး မိုဘိုင်းဆက်သွယ်ရေး စနစ်ပိုင်ဆိုင်ထားတဲ့ မြို့တော်လည်း ဖြစ်သလို ခေတ်မီတဲ့ မြိုပတ်၊ မြေအောက်ရထားစနစ်တွေအပြင် ခေတ်မီဆန်းပြားတဲ့ အဆောက်ဦးတွေကြောင့် ကမ္ဘာ့နံပတ် ၅ နေရာမှာ ရပ်တည်နေတဲ့ နည်းပညာမြင့် မြို့တော်လည်းဖြစ်ပါတယ်။

Seoul
4. London
အနောက်ဥရောပနိုင်ငံတွေထဲက အင်္ဂလန်နိုင်ငံမှာ တည်ရှိတဲ့ လန်ဒန်မြို့ကြီးဟာ လက်ရှိ နည်းပညာအဖွံ့ဖြိုးဆုံး မြို့တော်အဖြစ် ရပ်တည်နေပါတယ်။ နောက်ကွယ်က အမေရိကန် အကူညီနဲ့ တိုးတက်နေတာ သိသာပေမယ့် လာမယ့် ၁၀ နှစ်အတွင်း IT အလုပ်ကိုင်၊ အခွင့်လမ်းအသစ်ပေါင်း ၁ သောင်းကျော် ချပေးသွားဖို့ စီစဉ်နေပြီး Programmer အများစု ရေ၊ မြေသစ်ရှာဖွေဖို့၊ စီးပွားရေးလုပ်ငန်းရှင်တချို့ ရင်းနှီးမြုပ်နှံဖို့ စိတ်ဝင်စားနေတဲ့မြို့အဖြစ်ရပ်တည်နေပါတယ်။

London
3. New York
အမေရိကန်ပြည်ထောင်စုရဲ့ အထင်ကရမြို့တော်၊ နယူးယောက်မြို့က စီးပွားရေးလုပ်ချင်တာပဲဖြစ်ဖြစ်၊ အသက်မွေးဝမ်းကျောင်းပြုချင်တာပဲဖြစ်ဖြစ် အကောင်းဆုံးမြို့တော်အဖြစ် ကမ္ဘာပေါ်မှာရပ်တည်နေပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်အစောပိုင်းကာလမှာ နည်းပညာကုမ္ပဏီပေါင်း ၇၀၀၀ ကျော်မွေးဖွားနိုင်ခဲ့ပြီး အလုပ်ကိုင်၊ အခွင့်လမ်းပေါင်း ၁ သိန်းကျော် ဖန်တီးနိုင်ခဲ့ပါတယ်။ ဒါကြောင့်မလို့ နည်းပညာအသစ်၊ အဟောင်း ရှင်သန်ရာ မြို့ကြီးအဖြစ်ကိုယ်စားပြုနေပြီး လက်ရှိအဖွံ့ဖြိုးဆုံးနေရာကနေ ခေတ္တဆင်းပေးထားရတဲ့ မြို့လည်းဖြစ်ပါတယ်။

New York City
2. San Francisco
အင်္ဂလန်နိုင်ငံကတောင် မနာလိုဖြစ်နေရတဲ့ San Francisco မြို့လေးကတော့ California ပြည်ထောင်စုထဲမှာ တည်ရှိပါတယ်။ ဒီမြို့လေးကို ကမ္ဘာပေါ်မှာ နည်းပညာအတိုးတက်ဆုံး မြို့တော်အဖြစ် ထင်ရှားနေစေတာက Apple ကုမ္ပဏီမွေးဖွားရာ Silicon Valley ဆိုတဲ့ နည်းပညာကုမ္ပဏီတွေ အစဉ်လိုက်၊ အစဉ်လိုက် ပေါက်ဖွားနေတဲ့ နေရာဖြစ်နေလို့ပါပဲ။ နောက်ပြီး California ပြည်ထောင်စုကြီးဟာ Apple သာမက Facebook ၊ Alphabet Inc. ၊ Oracle နဲ့ တခြားဘီလီယံဒေါ်လာတန် ကုမ္ပဏီကြီးတွေ ကိန်းအောင်းရာ မြို့လည်းဖြစ်တာမလို့ အမြဲလိုလို နံပတ် ၁ ဒါမှမဟုတ် ၂ နေရာမှာ အမြဲတည်ရှိနေတဲ့ မြို့လည်းဖြစ်ပါတယ်။

San Francisco
1. Tokyo
အာရှတစ်လွှား စံပြမြို့၊ စံပြနိုင်ငံအဖြစ် ရပ်တည်နေတာကတော့ ဂျပန်နိုင်ငံမှာ တည်ရှိနေတဲ့ တိုကျိုမြို့လေးပဲ ဖြစ်ပါတယ်။ အနေထိုင်ကအစ အဆင့်တန်းမြင့်ပြီး မြို့နယ်တခွင် ခေတ်မီတဲ့ မြို့ပတ်ကျည်ဆန်ရထားစနစ်တွေ၊ စာသင်ကျောင်းတွေမှာ စက်ရုပ်တွေကို သင်ထောက်ကူအဖြစ် အသုံးပြုနေတဲ့အထိနည်းပညာပိုင်း တိုးတက်ထွန်းကားနေတာပါ။

Tokyo
ဒါကြောင့်လည်း၂၀၁၈ ရဲ့ အတိုးတက်၊ အကောင်းဆုံး မြို့ ၁၀ မြို့ထဲမှာ ထိပ်ဆုံးက ရပ်တည်နေတာလည်းဖြစ်ပါတယ်။
2B (Akhayar)
www.akhayar.com





အားလံုးကိုခင္မင္လွ်က္
ညီလတ္ထြန္း(နည္းပညာ)
www.nyilattun.com

ကမာၻေပၚက နည္းပညာအတိုးတက္ဆုံးနဲ႔ အလုပ္ကိုင္အေပါဆုံး ျမိဳ႕ၾကီး ၁၀ ျမိဳ႕ Reviewed by ညီလတ္ထြန္း(နည္းပညာ) on 12:38 AM Rating: 5 Zawgyi ျဖင့္ဖတ္ရန္ နည္းပညာဆိုတာကလည္း တစ္ေန႔ျပီးတစ္ေန႔ မရိုးရေအာင္ အသစ္ဆန္းေပၚေနတာဆိုေတာ့ ဘယ္လိုမွလိုက္လို႔ မမီေတာ့ဘူးထင္ပါတယ္။ တကယ္လည္း...

No comments: