ကမ္ဘာပေါ်က အမြန်ဆန်ဆုံး Supercomputer 10 လုံး - ညီလတ်ထွန်း(နည်းပညာ)
728x90 AdSpace
Trending
ကမ္ဘာပေါ်က အမြန်ဆန်ဆုံး Supercomputer 10 လုံး
10. Cori
Cori Supercomputer
9. Trinity
8. Sequoia
7. Titan
Titan Supercomputer
6. Piz Daint
ABCI Supercomputer
4. Tianhe-2 (MilkyWay-2)
Tianhe-2 (MilkyWay-2)
3. Sierra
Sierra Supercomputer
2. Sunway Taihulight
1. Summit
Summit Supercomputer
Via:Akhayar-Tech
[Unicode]ကမ္ဘာပေါ်မှာ မိုးလေဝသနဲ့ ရာသီဥတုဆိုင်ရာ တွက်ချက်မှုတွေ၊ အာကသသိပ္ပံနဲ့ နည်းပညာနယ်ပယ် တချို့မှာ များပြားလှတဲ့ Data တွေကို အချိန်တိုတွင်း မြန်မြန်ဆောင်ရွက်နိုင်ဖို့ Supercomputer တွေအသုံးပြုနေကြပါတယ်။ အဲ့သလို အလုံး 500 ကျော် သုံးနေတဲ့အထဲကမှ Top Ten စာရင်းဝင် Supercomputer 10 လုံးကို ဗဟုသုတ အနေနဲ့ တင်ဆက်ပေးလိုက်ပါတယ်။
10. Cori
Cori ဆိုတဲ့ Supercomputer ကတော့ အမေရိကန်နိုင်ငံမှာ တည်ရှိပါတယ်။ သူ့ကို Department of Energy နဲ့ Lawrence Berkeley National Laboratory တို့ပိုင်ဆိုင်ထားပြီး 2016 ကတည်းက နံပတ် 5 နေရာမှာ ရပ်တည်နေတဲ့ Supercomputer ပါ။ Intel ရဲ့ Xeon Phi Processor ပေါင်း 9,152 နဲ့ ဖွဲ့စည်းထားပြီး Core အရေတွက် 622,336 လုံးရှိပါတယ်။ ဒါကြောင့်မလို့ 14.01 Petaflops နဲ့ ညီမျှတဲ့တွက်ချက်မှု စွမ်းဆောင်နိုင်ပြီး Peak Performance အနေနဲ့ 27.88 Petaflops ရှိပါမယ်။ ဒီ Cori အားနည်းချက်တစ်ခုက အကောင်ကြီးသလို ပါဝါစားအတော်များပါတယ်၊ ပျမ်းမျှ 3.558 Gigaflops အတွက် 1 Watt သုံးစွဲမှာဖြစ်ပြီး 14.01 Petaflops အတွက်ဆိုရင်တော့ 3.96 Mega Watt နဲ့ညီမျှတဲ့ စွမ်းအင်ကို သုံးစွဲမှာပါ။
Cori Supercomputer
9. Trinity
Trinity Supercomputer ကို U.S Department of Engergy’s Los Alamos National Laboratory ပိုင်ဆိုင်ထားပြီး ပြီးခဲ့တဲ့ 2017 နွေရာသီကတည်းက အဆင့်မြင့်ခဲ့တယ်လို့ သိရပါတယ်။ ဒီလို Upgrade မလုပ်ခင် 2015 နိုဝင်ဘာတုန်းက အဆင့် 6 နဲ့ ရပ်တည်နေခဲ့ပြီး 16 Core ပါဝင်တဲ့ Intel Xeon E5 Processor ပေါင်း 18,816 နဲ့ တည်ဆောက်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် 2016 မှာ နံပတ် 10 နေရာအထိ ဆင်းပေးခဲ့ရလို့ 2017 ရောက်လာတော့ 68 Cores ပါဝင်တဲ့ Intel Xeon Phi Processor ပေါင်း 9,984 လုံးနဲ့ ထပ်အားဖြည့်ခဲ့ပါတယ်။ ဒါကြောင့် အဆင့် 7 နေရာအထိ ခုန်တက်သွားခဲ့ပြီး အခုချိန် နံပတ် 9 နေရာနဲ့ ရပ်တည်နေတဲ့ Trinity မှာ Core အရေတွက်ပေါင်း 979,968 လုံးအထိ ပိုင်ဆိုင်နေပါပြီ။ သူ့မှာ 14.14 Pflops နဲ့ ညီမျှတဲ့တွက်ချက်မှုစွမ်းဆောင်ပေးနိုင်ပြီး 3.678 Gigaflops ကို 1 Watt သုံးစွဲမှာ ဖြစ်ပါတယ်။
Trinity Supercomputer
8. Sequoia
ဒီ Supercomputer ကတော့ 2012 ဘုရင်ပါ၊ အခုချိန် နံပတ် 8 နေရာနဲ့ ရပ်တညေ်နပြီဖြစ်တဲ့ Sequoia ဟာ အမေရိကန်မှာ တည်ရှိပြီး Department of Energy အတွက် IBM တည်ဆောက်ပေးထားတာပါ။ သူ့ထဲမှာ 16 Cores ပါဝင်တဲ့ Power BQC Chip တွေပါဝင်ပြီး Processor အလုံးပေါင်း 98,304 အသုံးပြုထားတယ် သိရပါတယ်။ ဒါကြောင့် Cores အရေတွက် 1,572,864 ပါဝင်မှာဖြစ်ပြီး Core တစ်လုံးချင်းစီကို 1GB RAM နဲ့တွဲဖက်ပေးထားတယ် ဆိုပါတယ်။ အဲ့အတွက် Sequoia ဟာ 17.17 Pflops နဲ့ ညီမျှတဲ့ တွက်ချက်မှုစွမ်းဆောင်နိုင်မှာဖြစ်ပြီး 2.177 Gflops ကို 1 Watt သုံးစွဲမှာပါ။
Sequoia Supercomputer
7. Titan
Titan Supercomputer ကတော့ အမေရိကန် Department of Energy’s Oak Ridge National Laboratory မှာတည်ရှိပြီး Sequoia ရဲ့ 2012 သရဖူလုယူထားသူပါ။ သူ့မှာ 16 Cores ပါဝင်တဲ့ AMD Opteron Chip ပေါင်း 6,274 သုံးထားပြီး Nvidia Tesla Accelerators နဲ့အားဖြည့်ထားတယ်လို့ သိရပါတယ်။ Titan မှာ Cores ပေါင်း 560,640 ရှိပြီး 17.59 Pflops နဲ့ ညီမျှတဲ့ တွက်ချက်မှုကို စွမ်းဆောင်နိုင်ပါတယ်။ ဒီ Titan ဟာ IBM ရဲ့ Power BQC ထက် ပါဝါအစားနည်းပြီး 2.143 Gflops ကို 1 Watt ပဲ သုံးစွဲပါတယ်။
Titan Supercomputer
6. Piz Daint
ဆွစ်ဇာလန်နိုင်ငံအပိုင် Piz Daint Supercomputer ဟာ Intel Xeon E5-2670 Processor ပေါင်း 1,504 လုံးနဲ့ တည်ဆောက်ထားတာပါ။ သူ့ကို Swiss National Supercomputing Center မှာ အသုံးပြုနေပြီး 2012 နိုဝင်ဘာတုန်းက အဆင့် 114 နဲ့ရပ်တည်နေခဲ့တာပါ။ အခုချိန် 12 Cores ပါဝင်တဲ့ Intel Xeon E5-2690v3 Processor အပြင် Tesla P100 Accelerators တွေနဲ့ အဆင့်မြင့်လိုက်တဲ့အခါမှာတော့ 2018 မှာ နံပတ် 6 နေရာကို ရောက်ရှိလာခဲ့ပါပြီ။ Piz Daint ဟာ 19.59 Pflops နဲ့ ညီမျှတဲ့တွက်ချက်မှုစွမ်းဆောင်ပေးနိုင်ပြီး 1 Watt ကို 8.662 Gflops နှုန်းတွက်ချက်ပေးနိုင်တာမလို့ ကမ္ဘာ့ တတိယ Power Efficient Supercomputer ထဲမှာလည်း ပါဝင်ပါသေးတယ်။
Piz Daint Supercomputer
5. AI Bridge Cloud Infrastructure (ABCI)
ဂျပန်နိုင်ငံမှာ အသုံးပြုနေတဲ့ ABCI Supercomputer ကတော့ Japan’s National Institute of Advanced Industrial Science and Technology (AIST) ရဲ့ တာဝန်တွေထမ်းဆောင်ပေးနေပါတယ်။ ဒီ Supercomputer ကို Fujitsu က တည်ဆောက်ပေးထားတာဖြစ်ပြီး ကုမ္ပဏီအပိုင် Primergy CX2550 Servers တွေထဲမှာ Intel Xeon Gold Processor အပြင် Nvidia Tesla V100 Accelerators တွေနဲ့ ဖွဲ့စည်းထားတာပါ။ ABCI ဟာ 2018 ပေါ် Supercomputer ဖြစ်တာနဲ့အညီ စွမ်းဆောင်ရည်ကောင်းသလို စွမ်းအင်ခြွေတာတဲ့နေရာမှာလည်း ထိပ်ဆုံးကဦးဆောင်နေပါတယ်။ 19.88 Pflops နဲ့ညီမျျတဲ့ တွက်ချက်မှု စွမ်းဆောင်ပေးနိုင်မှာဖြစ်ပြီး 1 Watt ကို 12.05 Gflops နှုန်းဆောင်ရွက်ပေးနိုင်မှာပါ။
ABCI Supercomputer
4. Tianhe-2 (MilkyWay-2)
တရုတ်အခေါ် Tianhe-2 ဟာ Guangzhou မြေမှာတည်ရှိပြီး National Super Computer Center မှာ အသုံးပြုနေပါတယ်။ သူဟာ 2013 ၊ 2016မှာ ကမ္ဘာ့အမြန်ဆုံး Supercomputer အဖြစ်ရပ်တည်နေခဲ့ပြီး 2017 နှစ်ကုန်ပိုင်းမှာမှ အကြီးစားအဆင့်မြင့်တင်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း နံပတ် 4 နေရာနဲ့ပဲ ကျေနပ်လိုက်ရသလို Intel Xeon E5-2692v2 Processor ကို Matrix-2000 Processor တွေနဲ့ ပေါင်းစပ်ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။ ဒါကြောင့် Cores ပေါင်း ၅ သန်းနီးပါးပါဝင်မှာဖြစ်ပြီး 61.44 Pflops နဲညီမျှတဲ့ တွက်ချက်မှုကို ဆောင်ရွက်ပေးနိုင်မှာပါ။ Upgrade မလုပ်ခင်အချိန်တုန်းက 1 Watt ကို 1.902 Gflops နှုန်းပဲ စွမ်းဆောင်နိုင်ခဲ့ရာကနေ အခုဆိုရင် 3.325 Gflops နှုန်းနဲ့ တွက်ချက်ပေးနိုင်နေပါပြီ။
Tianhe-2 (MilkyWay-2)
3. Sierra
IBM ဖန်တီးထားတဲ့ Sierra Supercomputer ကတော့ အမေရိကန်နိုင်ငံမှာ တည်ရှိပါတယ်။ U.S. Department of Engery ရဲ့ Oak Lawrence Livermore National Laboratory မှာ အသုံးပြုနေပြီး IBM ရဲ့ Power9 Processors တွေအသုံးပြုထားပြီး Cores ပေါင်း 1,572,480 တောင်ပါဝင်ပါတယ်။ အဲ့ဒါကိုမှ Nvidia ရဲ့ Volta Class GV100 Accelerators တွေ အသုံးပြုထားသေးလို Cores ပေါင်း 1,382,400 ကျော်ပါဝင်ဦးမှာပါ။ ဒါကြောင့်လည်း 71.61 Pflops နဲ့ညီမျှတဲ့တွက်ချက်မှု ဆောင်ရွက်ပေးနိုင်မှာဖြစ်ပြီး Peak Performance အနေနဲ့ 119.19 Pflops အထိရှိပါမယ်။
Sierra Supercomputer
2. Sunway Taihulight
ဒုတိယ အမြန်ဆုံးနေရာမှာတည်ရှိနေတာကတော့ တရုတ်အပိုင် Sunway Taihuligh ဆိုတဲ့ Supercomputer ပါ။ သူ့ရဲ့ စွမ်းဆောင်ရည်က အဆင့် 10 နေရာမှာတည်ရှိနေတဲ့ Cori ထက် 5 ဆ ပိုမြန်ပြီး တရုတ်နိုင်ငံရဲ့ Wuxi မြို့ National Supercomputer Center မှာအသုံးပြုနေပါတယ်။ Sunway မှာ Accelerators Chip တစ်ခုမှမပါဝင်ဘဲ Core ပေါင်း 260 ပါဝင်တဲ့ Sunway 26010 Processor ပေါင်း 40,960 နဲ့ ဖွဲ့စည်းထားပါတယ်။ ဒါကြောင့် 93.01 Pflops နဲ့ညီမျှတဲ့ တွက်ချက်မှုပေးစွမ်းနိုင်ပြီး Peak Performance အနေနဲ့ 125.44 Pflops အထိရှိမှာပါ။ နောက်ပြီး 1 Watt ကို 6.051 Gflops နှုန်းသုံးစွဲမှာမလို့ ပါဝါအစားနည်းတယ်လို့ ဆိုရပါမယ်။
Sunway Taihulight Supercomputer
1. Summit
လာပါပြီ၊ နံပတ် 1 နေရာနဲ့ ဦးဆောင်နေသူကတော့ IBM တည်ဆောက်ပေးထားတဲ့ Summit Supercomputer ပါ။ 4 နှစ်ဆက်တိုက် Top Ten နေရာမှာ ပါဝင်ခဲ့ပြီး အမေရိကန် အခြေစိုက် Department of Energy’s Oak Ridge National Laboratory မှာ အသုံးပြုနေပါတယ်။ သူ့မှာ Power9 အမျိုးစား Processor အသုံးပြုထားပြီး Cores ပေါင်း 2,282,544 ပါဝင်ပါတယ်၊ အဲ့ဒါအပြင် Nvidia Volta GV100 Accerators နဲ့အားဖြည့်ထားသေးပြီး Cores ပေါင်း 2,090,880 ထပ်ပါဝင်ဦးမှာပါ။
Summit Supercomputer
ဒါကြောင့် 122.3 Pflops နဲ့ညီမျှတဲ့ တွက်ချက်မှုစွမ်းဆောင်ပေးနိုင်မှာဖြစ်ပြီး သီအိုရီအရပြောရရင်တော့ 187.66 Pflops အထိ ရှိနိုင်ပါတယ်။ နောက်ပြီး 1 Watt ကို 11.324 Gflops နှုန်းသုံးစွဲမှာမလို့ ဒုတိယ ပါဝါစားအနည်းဆုံး Supercomputer လည်းဖြစ်ပါတယ်။
Via:Akhayar-Tech
အားလုံးကိုခင်မင်လျှက်
ညီလတ်ထွန်း(နည်းပညာ)
www.nyilattun.com
ကမ္ဘာပေါ်က အမြန်ဆန်ဆုံး Supercomputer 10 လုံး Reviewed by ညီလတ်ထွန်း(နည်းပညာ) on 1:56 AM Rating: 5 [Zawgyi] ကမ္ဘာပေါ်မှာ မိုးလေဝသနဲ့ ရာသီဥတုဆိုင်ရာ တွက်ချက်မှုတွေ၊ အာကသသိပ္ပံနဲ့ နည်းပညာနယ်ပယ် တချို့မှာ များပြားလှတဲ့ Data တွေကို အချိန်တိုတွ...
No comments: