ေႏွးေကြးလာတဲ့ Smartphone ကို ေပါ့ေပါ့ပါးပါးျဖစ္သြားေအာင္ ဘယ္လိုအသုံးျပဳမလဲ? - ညီလတ္ထြန္း(နည္းပညာ)

728x90 AdSpace

Trending

ေႏွးေကြးလာတဲ့ Smartphone ကို ေပါ့ေပါ့ပါးပါးျဖစ္သြားေအာင္ ဘယ္လိုအသုံးျပဳမလဲ?

[Zawgyi] ၿဖင္႔ဖတ္ရန္ စမတ္ဖုန္းဝယ္ျပီးသြားတဲ့ အခ်ိန္ကစလို႔ သုံးတာၾကာလာရင္ ပိုပိုေႏွးလာတာကို သတိျပဳမိၾကမွာပါ။ ဟုတ္ပါတယ္ ဖုန္းဆိုတာလည္း အျမဲတမ္းကလိခံေနရတာဆိုေတာ့ Application ေတြသြင္းမယ္၊ သီခ်င္း၊ ရုပ္ရွင္ေတြ Download ဆြဲမယ္၊ Facebook နဲ႔ YouTube ၾကည့္ၾကမယ္၊ ျပီးရင္ ဂိမ္းကစားဦးမယ္စသျဖင့္ ခိုင္းေနတာဆိုေတာ့ သူလည္းၾကာလာရင္ ျငီးေငြ႔ျပီး အလုပ္မလုပ္ခ်င္ေတာ့ဘူးထင္ပါတယ္။ တကယ္က မလိုအပ္တဲ့ ဖိုင္မ်ားလာတာ၊ ဖုန္းကို ပုံမွန္ Maintenance မလုပ္တာ စသျဖင့္ ပိုေလးလာတတ္လို႔ ျပင္ဆင္ႏိုင္မယ့္ အခ်က္ေတြ ေဖာ္ျပလိုက္ပါတယ္။
ဖုန္းထဲက မလိုအပ္တဲ့ဖိုင္ေတြဖ်က္ေပးပါ။
မလိုအပ္တဲ့ဖိုင္ဆိုတာ သတိမထားမိတတ္တဲ့ Offline File (Cache File) လိုမ်ိဳးေျပာခ်င္တာပါ။ ဒီေကာင္ေတြက ဘယ္မွာေပၚလာတတ္သလဲဆိုရင္ Facebook ၊ Gallery အစရွိတဲ့ Apps ေတြတစ္ခါဝင္တိုင္း Cache အနည္း၊ အမ်ားတက္ပါတယ္။ ဒီဖိုင္ေတြကို Setting ထဲမွာ Manually သြားရွင္းလို႔ရတယ္ဆိုေပမယ့္ Third-party Apps ေတြနဲ႔လည္း ေျဖရွင္းႏိုင္ပါတယ္။ အေကာင္းဆုံးကေတာ့ Google Files Go App ကို Download ဆြဲလိုက္ျပီး မလိုအပ္တဲ့ Cache File အျပင္ အသုံးနည္းတဲ့ ဖိုင္ေတြကိုပါ ဖ်က္ထားပစ္လိုက္ပါ။

Cache File Example
Bloatware လို အသုံးနည္း၊ ေၾကာ္ျငာ App ကို Disable (သို႔) Uninstall လုပ္ပစ္ပါ
Pure Android အသုံးျပဳထားတဲ့ စမတ္ဖုန္း (Google Pixel, Asus Zenfone) တို႔ကလြဲလို႔ တျခားဖုန္းေတြမွာ Bloatware ေတြပါလာတတ္ပါတယ္။ ဒီေကာင္ေတြက အသုံးမျပဳေနဘူးဆိုရင္ေတာင္ Background မွာသြား Run ေနတတ္လို႔ Disable (သို႔) Uninstall လုပ္ပစ္လိုက္တာ အေကာင္းဆုံးပါ။

Bloatware Apps
တတ္ႏိုင္သမွ် Lite Version Apps နဲ႔ Mini Browser ေတြကိုပဲ အသုံးျပဳေပးပါ
Lite Version Apps (Facebook ၊ YouTube နဲ႔ Twitter) ဆိုတာက စြမ္းေဆာင္ရည္နိမ့္ စမတ္ဖုန္းေတြအတြက္ ရည္ရြယ္ထားတာပါ။ ကိုယ့္အေနနဲ႔ Flagship ဖုန္းတလုံးကိုင္ထားလို႔ Performance to Battery ေျခြတာသုံးခ်င္တယ္ဆိုရင္ေတာင္ ဒီ Lite Version ေလးေတြနဲ႔ ေပါ့ေပါ့ပါးပါး သုံးႏိုင္ပါေသးတယ္။ ဘာလို႔ဆို အမ်ားဆုံး RAM 1GB နဲ႔ 2G Network မွာ အေကာင္းဆုံးအလုပ္လုပ္ႏိုင္တာမလို႔ လြန္ခဲ့တဲ့ ၅ ႏွစ္တုန္းက ထြက္ထားတဲ့ စမတ္ဖုန္းေတြ သုံးလို႔ ့ပိုအဆင္ေျပပါတယ္။

Social Apps
Software နဲ႔ OS Update အျမဲစစ္ေဆးပါ
ဒါကေတာ့ ဖုန္းတလုံးရဲ႕ အေရးၾကီးဆုံးအခ်က္ပဲျဖစ္ျပီး ဘာအမ်ိဳးစားပဲ ကိုင္ထား၊ ကိုင္ထား အျမဲလိုလို Update ျဖစ္ေနဖို႔ စစ္ေဆးေပးပါ။ ဘာလို႔လဲဆိုရင္ လစဥ္ထြက္ရွိေနတဲ့ Security Patch ေတြက OS ပိုင္းပိုျပီး Stable ျဖစ္ေစတယ္၊ လုံျခံုမႈရွိေစတဲ့ အားသာခ်က္ေတြေၾကာင့္ Update လုပ္ေပးပါ။ ဒီလိုပဲ Software ေတြကိုလည္း မၾကာခဏ Update လုပ္ေပးတာ သုံးရပိုအစဥ္ေျပသလို Security ပိုင္းနဲ႔ပတ္သက္လို႔ အားနည္းတာမ်ိဳး မရွိပါဘူး။ ေနာက္ျပီး ကိုယ့္စမတ္ဖုန္းေလး Date Out သြားလို႔လည္း စိတ္မညစ္ပါနဲ႔ဦး၊ OS Security Patch မရတာက အားနည္းခ်က္လို႔ ေျပာႏိုင္ေပမယ့္ Software ကို ပုံမွန္ Update လုပ္ေပးျခင္းျဖင့္ အသုံးျပဳႏိုင္ပါတယ္။

Software Update
Live Wallpaper သုံးတာ တတ္ႏိုင္သမွ် ေရွာင္က်ဥ္ပါ
စမတ္ဖုန္းတလုံးမွာ ကိုယ္ၾကိဳက္ႏွစ္သက္ရာ Wallpaper တင္တာ မကန္႔သတ္ခ်င္ေပမယ့္ အနိမ့္ပိုင္းဖုန္းေလးကိုင္ထားရင္ေတာ့ Animation ပါဝင္တဲ့ Live Wallpaper မသုံးပါနဲ႔။ Developer Option ထဲမွာ Animation Speed ျပန္ခ်ိန္လို႔ရေပမယ့္ Home Screen ထဲမွာ Scroll လုပ္ရင္ေတာင္ တစ္ခါတစ္ခါ ထစ္သြားတာမ်ိဳး၊ ေႏွးသြားတာမ်ိဳး ျဖစ္တတ္လို႔ပါ။

Home Screen
Launcher ေျပာင္းသုံးတာကလည္း စမတ္ဖုန္းကို ပိုျမန္ေစပါတယ္
စမတ္ဖုန္း UI မွာ တစ္ပါတည္းပါဝင္ျပီးသား Launcher ေတြက သူ႔ဟာနဲ႔သူ ေကာင္းမြန္တယ္ဆိုေပမယ့္လို႔ တခ်ိဳ႕စမတ္ဖုန္းေတြ (Huawei ၊ Xiaomi ၊ OPPO နဲ႔ Vivo) သုံးထားတဲ့ Launcher ေတြပိုေလးပါတယ္။ မေကာင္းဘူးမေျပာထားေပမယ့္ Launcher Skin ကုိလည္း လွလွပပနဲ႔ ေပါ့ေပါ့ပါးပါး သုံးခ်င္တယ္ဆိုရင္ေတာ့ Nova Launcher ဒါမွမဟုတ္ Action Launcher စသျဖင့္ ေျပာင္းသုံးထားလိုက္ပါ။ ဒီေကာင္ေတြက ၾကိဳက္သလို Customization လုပ္ႏိုင္သလို လြယ္ကူရိုးရွင္းတဲ့ User Interface လည္းပါဝင္ပါေသးတယ္။

Nova Launcher will get night mode
ဘက္ထရီက်န္းမာေရးကိုလည္း အထူးဂရုစိုက္ေပးပါ
ဖုန္းသုံးတာၾကာလာရင္ ၾကဳံရတတ္တဲ့ ေနာက္ျပႆနာတမိ်ဳးက ဘက္ထရီအက်ျမန္တယ္၊ အရင္လို ၾကာၾကာမခံေတာ့ဘူး။ ဒီလိုျဖစ္တာ Efficiency နည္းလာတဲ့ ဘက္ထရီေၾကာင့္လည္း ျဖစ္သလို Background မွာ Run ေနတဲ့ Apps ေတြ CPU Power သုံးစြဲတဲ့ဒဏ္ မခံႏိုင္ေတာ့လို႔လည္း ျဖစ္ပါတယ္။ ဒီလိုၾကံဳေနရျပီဆိုရင္ေတာ့ ဘက္ထရီအသစ္လဲသင့္ရင္လဲ၊ လဲရင္လည္း Official ကိုပဲ ေရြးခ်ယ္ပါ။ ေနာက္ Battery Setting ထဲမွာ Power အမ်ားဆုံးၾကိတ္ေနတဲ့ Background Apps ကို Force Stop လုပ္ ဖယ္ရွားပစ္ျပီး ေျဖရွင္းႏိုင္ပါတယ္။

Check your battery
Battery Optimizer Software ေတြ မသြင္းမိပါေစနဲ႔
ဖုန္း ဘက္ထရီၾကာၾကာမခံတဲ့ ျပႆနာဟာ အေပၚကေျပာသလို Life Cycle က်လာတဲ့အခ်က္ရယ္၊ Efficiency နည္းသြားတဲ့အခ်က္ေတြေၾကာင့္ အားၾကာၾကာမခံေတာ့ပါဘူး။ ပုံမွန္အတိုင္း သုံးေနတယ္ဆိုေပမယ့္ Apps ေတြ Power စားတဲ့ဒဏ္ကိုလည္း မခံႏိုင္ေတာ့ပါဘူး။ ဒါကိုနားလည္ထားရင္ Battery Fixer တို႔ Optimizer တို႔မလိုဘူးဆိုတာ သိႏိုင္ပါတယ္။ ဘာလို႔လဲဆို ဒီ Apps ေတြက Background Process ဖယ္ရွားေပးမယ္၊ Cache File ေတြ ရွင္းေပးမယ္ေလာက္ပဲ လုပ္ေဆာင္တာမလို႔ သြင္းထားဖို႔ မလိုအပ္ဘူးထင္ပါတယ္။

Battery Indicator
ဖုန္း Storage ျပည့္သြားတဲ့အထိ ဘယ္ေတာ့မွ မသိမ္းဆည္းပါနဲ႔
ဖုန္း ဟမ္းသြားတာမ်ိဳး၊ Response မျဖစ္ေတာ့တဲ့ ျပႆနာမ်ိဳး Storage ျပည့္ေနတဲ့အခ်က္ေၾကာင့္ ျဖစ္ပြားႏိုင္ျပီး Data Writing Process လုပ္ေဆာင္ဖို႔၊ Cache File အတြက္ ေနရာခ်န္ထားဖို႔လိုအပ္တဲ့ SSD နဲ႔ OS လုပ္ေဆာင္ခ်က္ေတြေၾကာင့္ တတ္ႏိုင္သမွ် System အတြက္ ေနရာလြတ္ေလး နည္းနည္းေလာက္ေတာ့ ခ်န္ထားေပးပါ။ Data အရမ္းသုံးစြဲရရင္လည္း SD Card သပ္သပ္စိုက္သုံးျပီး အသုံးလိုတဲ့ဖိုင္ေလာက္ပဲ သိမ္းဆည္းေပးပါ။

Beware of Full Storage
Wi-Fi ၊ Bluetooth ၊ NFC နဲ႔ Sync ကို အျမဲတေစ ဖြင့္မထားပါနဲ႔
ဒါကေတာ့ ဖုန္းသုံးတာၾကာလာလို႔ Battery အကုန္ျမန္ေနျပီဆိုရင္ သတိထားရမယ့္အခ်က္ပါ။ Wi-Fi နဲ႔ Bluetooth ကိုလိုအပ္မွပဲ ဖြင့္သုံးျပီး NFC နဲ႔ Sync ကိုက် Manual ပဲ အသုံးျပဳေစခ်င္ပါတယ္။ Mail စစ္ဖို႔လိုတယ္၊ Message ဖတ္ခ်င္တယ္ဆိုရင္ သက္ဆိုင္ရာ Apps ထဲသြားဖတ္ျပီး Battery အားေျခြတာေပးလိုက္ပါ။
Via:Akhayar



[Unicode]ဖတ်ရန် စမတ်ဖုန်းဝယ်ပြီးသွားတဲ့ အချိန်ကစလို့ သုံးတာကြာလာရင် ပိုပိုနှေးလာတာကို သတိပြုမိကြမှာပါ။ ဟုတ်ပါတယ် ဖုန်းဆိုတာလည်း အမြဲတမ်းကလိခံနေရတာဆိုတော့ Application တွေသွင်းမယ်၊ သီချင်း၊ ရုပ်ရှင်တွေ Download ဆွဲမယ်၊ Facebook နဲ့ YouTube ကြည့်ကြမယ်၊ ပြီးရင် ဂိမ်းကစားဦးမယ်စသဖြင့် ခိုင်းနေတာဆိုတော့ သူလည်းကြာလာရင် ငြီးငွေ့ပြီး အလုပ်မလုပ်ချင်တော့ဘူးထင်ပါတယ်။ တကယ်က မလိုအပ်တဲ့ ဖိုင်များလာတာ၊ ဖုန်းကို ပုံမှန် Maintenance မလုပ်တာ စသဖြင့် ပိုလေးလာတတ်လို့ ပြင်ဆင်နိုင်မယ့် အချက်တွေ ဖော်ပြလိုက်ပါတယ်။
ဖုန်းထဲက မလိုအပ်တဲ့ဖိုင်တွေဖျက်ပေးပါ။
မလိုအပ်တဲ့ဖိုင်ဆိုတာ သတိမထားမိတတ်တဲ့ Offline File (Cache File) လိုမျိုးပြောချင်တာပါ။ ဒီကောင်တွေက ဘယ်မှာပေါ်လာတတ်သလဲဆိုရင် Facebook ၊ Gallery အစရှိတဲ့ Apps တွေတစ်ခါဝင်တိုင်း Cache အနည်း၊ အများတက်ပါတယ်။ ဒီဖိုင်တွေကို Setting ထဲမှာ Manually သွားရှင်းလို့ရတယ်ဆိုပေမယ့် Third-party Apps တွေနဲ့လည်း ဖြေရှင်းနိုင်ပါတယ်။ အကောင်းဆုံးကတော့ Google Files Go App ကို Download ဆွဲလိုက်ပြီး မလိုအပ်တဲ့ Cache File အပြင် အသုံးနည်းတဲ့ ဖိုင်တွေကိုပါ ဖျက်ထားပစ်လိုက်ပါ။

Cache File Example
Bloatware လို အသုံးနည်း၊ ကြော်ငြာ App ကို Disable (သို့) Uninstall လုပ်ပစ်ပါ
Pure Android အသုံးပြုထားတဲ့ စမတ်ဖုန်း (Google Pixel, Asus Zenfone) တို့ကလွဲလို့ တခြားဖုန်းတွေမှာ Bloatware တွေပါလာတတ်ပါတယ်။ ဒီကောင်တွေက အသုံးမပြုနေဘူးဆိုရင်တောင် Background မှာသွား Run နေတတ်လို့ Disable (သို့) Uninstall လုပ်ပစ်လိုက်တာ အကောင်းဆုံးပါ။

Bloatware Apps
တတ်နိုင်သမျှ Lite Version Apps နဲ့ Mini Browser တွေကိုပဲ အသုံးပြုပေးပါ
Lite Version Apps (Facebook ၊ YouTube နဲ့ Twitter) ဆိုတာက စွမ်းဆောင်ရည်နိမ့် စမတ်ဖုန်းတွေအတွက် ရည်ရွယ်ထားတာပါ။ ကိုယ့်အနေနဲ့ Flagship ဖုန်းတလုံးကိုင်ထားလို့ Performance to Battery ခြွေတာသုံးချင်တယ်ဆိုရင်တောင် ဒီ Lite Version လေးတွေနဲ့ ပေါ့ပေါ့ပါးပါး သုံးနိုင်ပါသေးတယ်။ ဘာလို့ဆို အများဆုံး RAM 1GB နဲ့ 2G Network မှာ အကောင်းဆုံးအလုပ်လုပ်နိုင်တာမလို့ လွန်ခဲ့တဲ့ ၅ နှစ်တုန်းက ထွက်ထားတဲ့ စမတ်ဖုန်းတွေ သုံးလို့ပိုအဆင်ပြေပါတယ်။

Social Apps
Software နဲ့ OS Update အမြဲစစ်ဆေးပါ
ဒါကတော့ ဖုန်းတလုံးရဲ့ အရေးကြီးဆုံးအချက်ပဲဖြစ်ပြီး ဘာအမျိုးစားပဲ ကိုင်ထား၊ ကိုင်ထား အမြဲလိုလို Update ဖြစ်နေဖို့ စစ်ဆေးပေးပါ။ ဘာလို့လဲဆိုရင် လစဉ်ထွက်ရှိနေတဲ့ Security Patch တွေက OS ပိုင်းပိုပြီး Stable ဖြစ်စေတယ်၊ လုံခြုံမှုရှိစေတဲ့ အားသာချက်တွေကြောင့် Update လုပ်ပေးပါ။ ဒီလိုပဲ Software တွေကိုလည်း မကြာခဏ Update လုပ်ပေးတာ သုံးရပိုအစဉ်ပြေသလို Security ပိုင်းနဲ့ပတ်သက်လို့ အားနည်းတာမျိုး မရှိပါဘူး။ နောက်ပြီး ကိုယ့်စမတ်ဖုန်းလေး Date Out သွားလို့လည်း စိတ်မညစ်ပါနဲ့ဦး၊ OS Security Patch မရတာက အားနည်းချက်လို့ ပြောနိုင်ပေမယ့် Software ကို ပုံမှန် Update လုပ်ပေးခြင်းဖြင့် အသုံးပြုနိုင်ပါတယ်။

Software Update
Live Wallpaper သုံးတာ တတ်နိုင်သမျှ ရှောင်ကျဉ်ပါ
စမတ်ဖုန်းတလုံးမှာ ကိုယ်ကြိုက်နှစ်သက်ရာ Wallpaper တင်တာ မကန့်သတ်ချင်ပေမယ့် အနိမ့်ပိုင်းဖုန်းလေးကိုင်ထားရင်တော့ Animation ပါဝင်တဲ့ Live Wallpaper မသုံးပါနဲ့။ Developer Option ထဲမှာ Animation Speed ပြန်ချိန်လို့ရပေမယ့် Home Screen ထဲမှာ Scroll လုပ်ရင်တောင် တစ်ခါတစ်ခါ ထစ်သွားတာမျိုး၊ နှေးသွားတာမျိုး ဖြစ်တတ်လို့ပါ။

Home Screen
Launcher ပြောင်းသုံးတာကလည်း စမတ်ဖုန်းကို ပိုမြန်စေပါတယ်
စမတ်ဖုန်း UI မှာ တစ်ပါတည်းပါဝင်ပြီးသား Launcher တွေက သူ့ဟာနဲ့သူ ကောင်းမွန်တယ်ဆိုပေမယ့်လို့ တချို့စမတ်ဖုန်းတွေ (Huawei ၊ Xiaomi ၊ OPPO နဲ့ Vivo) သုံးထားတဲ့ Launcher တွေပိုလေးပါတယ်။ မကောင်းဘူးမပြောထားပေမယ့် Launcher Skin ကိုလည်း လှလှပပနဲ့ ပေါ့ပေါ့ပါးပါး သုံးချင်တယ်ဆိုရင်တော့ Nova Launcher ဒါမှမဟုတ် Action Launcher စသဖြင့် ပြောင်းသုံးထားလိုက်ပါ။ ဒီကောင်တွေက ကြိုက်သလို Customization လုပ်နိုင်သလို လွယ်ကူရိုးရှင်းတဲ့ User Interface လည်းပါဝင်ပါသေးတယ်။

Nova Launcher will get night mode
ဘက်ထရီကျန်းမာရေးကိုလည်း အထူးဂရုစိုက်ပေးပါ
ဖုန်းသုံးတာကြာလာရင် ကြုံရတတ်တဲ့ နောက်ပြဿနာတမျိုးက ဘက်ထရီအကျမြန်တယ်၊ အရင်လို ကြာကြာမခံတော့ဘူး။ ဒီလိုဖြစ်တာ Efficiency နည်းလာတဲ့ ဘက်ထရီကြောင့်လည်း ဖြစ်သလို Background မှာ Run နေတဲ့ Apps တွေ CPU Power သုံးစွဲတဲ့ဒဏ် မခံနိုင်တော့လို့လည်း ဖြစ်ပါတယ်။ ဒီလိုကြုံနေရပြီဆိုရင်တော့ ဘက်ထရီအသစ်လဲသင့်ရင်လဲ၊ လဲရင်လည်း Official ကိုပဲ ရွေးချယ်ပါ။ နောက် Battery Setting ထဲမှာ Power အများဆုံးကြိတ်နေတဲ့ Background Apps ကို Force Stop လုပ် ဖယ်ရှားပစ်ပြီး ဖြေရှင်းနိုင်ပါတယ်။

Check your battery
Battery Optimizer Software တွေ မသွင်းမိပါစေနဲ့
ဖုန်း ဘက်ထရီကြာကြာမခံတဲ့ ပြဿနာဟာ အပေါ်ကပြောသလို Life Cycle ကျလာတဲ့အချက်ရယ်၊ Efficiency နည်းသွားတဲ့အချက်တွေကြောင့် အားကြာကြာမခံတော့ပါဘူး။ ပုံမှန်အတိုင်း သုံးနေတယ်ဆိုပေမယ့် Apps တွေ Power စားတဲ့ဒဏ်ကိုလည်း မခံနိုင်တော့ပါဘူး။ ဒါကိုနားလည်ထားရင် Battery Fixer တို့ Optimizer တို့မလိုဘူးဆိုတာ သိနိုင်ပါတယ်။ ဘာလို့လဲဆို ဒီ Apps တွေက Background Process ဖယ်ရှားပေးမယ်၊ Cache File တွေ ရှင်းပေးမယ်လောက်ပဲ လုပ်ဆောင်တာမလို့ သွင်းထားဖို့ မလိုအပ်ဘူးထင်ပါတယ်။

Battery Indicator
ဖုန်း Storage ပြည့်သွားတဲ့အထိ ဘယ်တော့မှ မသိမ်းဆည်းပါနဲ့
ဖုန်း ဟမ်းသွားတာမျိုး၊ Response မဖြစ်တော့တဲ့ ပြဿနာမျိုး Storage ပြည့်နေတဲ့အချက်ကြောင့် ဖြစ်ပွားနိုင်ပြီး Data Writing Process လုပ်ဆောင်ဖို့၊ Cache File အတွက် နေရာချန်ထားဖို့လိုအပ်တဲ့ SSD နဲ့ OS လုပ်ဆောင်ချက်တွေကြောင့် တတ်နိုင်သမျှ System အတွက် နေရာလွတ်လေး နည်းနည်းလောက်တော့ ချန်ထားပေးပါ။ Data အရမ်းသုံးစွဲရရင်လည်း SD Card သပ်သပ်စိုက်သုံးပြီး အသုံးလိုတဲ့ဖိုင်လောက်ပဲ သိမ်းဆည်းပေးပါ။

Beware of Full Storage
Wi-Fi ၊ Bluetooth ၊ NFC နဲ့ Sync ကို အမြဲတစေ ဖွင့်မထားပါနဲ့
ဒါကတော့ ဖုန်းသုံးတာကြာလာလို့ Battery အကုန်မြန်နေပြီဆိုရင် သတိထားရမယ့်အချက်ပါ။ Wi-Fi နဲ့ Bluetooth ကိုလိုအပ်မှပဲ ဖွင့်သုံးပြီး NFC နဲ့ Sync ကိုကျ Manual ပဲ အသုံးပြုစေချင်ပါတယ်။ Mail စစ်ဖို့လိုတယ်၊ Message ဖတ်ချင်တယ်ဆိုရင် သက်ဆိုင်ရာ Apps ထဲသွားဖတ်ပြီး Battery အားခြွေတာပေးလိုက်ပါ။
Via:Akhayar




အားလံုးကိုခင္မင္လွ်က္
ညီလတ္ထြန္း(နည္းပညာ)
www.nyilattun.com

ေႏွးေကြးလာတဲ့ Smartphone ကို ေပါ့ေပါ့ပါးပါးျဖစ္သြားေအာင္ ဘယ္လိုအသုံးျပဳမလဲ? Reviewed by ညီလတ္ထြန္း(နည္းပညာ) on 1:37 AM Rating: 5 [Zawgyi] ၿဖင္႔ဖတ္ရန္ စမတ္ဖုန္းဝယ္ျပီးသြားတဲ့ အခ်ိန္ကစလို႔ သုံးတာၾကာလာရင္ ပိုပိုေႏွးလာတာကို သတိျပဳမိၾကမွာပါ။ ဟုတ္ပါတယ္ ဖုန္းဆိုတာလည္း အျမ...

No comments: