ႏုိင္ငံကူးလက္မွတ္ (Passport) ကုိ ၿပဳလုပ္ပံုအဆင္႔ဆင္႔ (အစ-အဆံုး) - ညီလတ္ထြန္း(နည္းပညာ)

728x90 AdSpace

Trending

ႏုိင္ငံကူးလက္မွတ္ (Passport) ကုိ ၿပဳလုပ္ပံုအဆင္႔ဆင္႔ (အစ-အဆံုး)

[Zawgyi] ၿဖင့္ဖတ္ရန္  ႏုိင္ငံကူးလက္မွတ္ (Passport) ကုိ စနစ္တက် ဘယ္လုိလုပ္မလဲ
ဒီေန႔ေခတ္မွာ လူငယ္တစ္ေယာက္အေနနဲ႔ ႏုိင္ငံကူးလက္မွတ္တစ္ခုေတာ့ လုပ္ထားသင့္ပါတယ္။ ကဲ . . . ႏုိင္ငံကူးလက္မွတ္လုပ္မယ္ဆုိရင္ ဘာေတြလုိအပ္မလဲ။ ေဆာင္ရန္ေရွာင္ရန္ေတြက ဘာျဖစ္မလဲ။ ၾကည့္ရေအာင္။ တကယ္ေတာ့ ႏုိင္ငံကူးလက္မွတ္လုပ္တာက သိပ္မခက္ပါဘူး။ တန္းစီရတာဆုိေတာ့ နည္းနည္းပင္ပန္းပါတယ္။ ပြဲစားနဲ႔လုပ္မယ္ဆုိရင္ တစ္သိန္းရွစ္ေသာင္းေလာက္ ကုန္တယ္လုိ႔ သိရပါတယ္။ ကုိယ့္အေနနဲ႔ အခုခ်က္ခ်င္းလုိခ်င္တယ္ဆုိရင္ေတာ့ ပြဲစားနဲ႔လုပ္တာက ပုိေကာင္းပါတယ္။ (ပုံမွန္ကေတာ့ ဆယ္ရက္ေစာင့္ရပါတယ္။) ကဲ . . . ဘာေတြလုိအပ္မလဲ။
မွတ္ပုံတင္မူရင္း – အိမ္ေထာင္စုဇယားမူရင္း လုိပါတယ္။ (တစ္ခုသတိထားရမွာက မွတ္ပုံတင္ထဲက ကုိယ့္ေမြးသကၠရာဇ္နဲ႔ အိမ္ေထာင္စုဇယားထဲက ကုိယ့္ေမြးသကၠရာဇ္က တူညီေနဖုိ႔ လုိပါတယ္။ မတူဘူးဆုိရင္ အိမ္ေထာင္စုဇယားထဲက ေမြးသကၠရာဇ္ကုိ ျပန္ျပင္ဖုိ႔ ကုိယ့္ၿမိဳ႕ နယ္ လဝကရုံးကုိ ျပန္ျပင္ပါ။) ၿပီးေတာ့ မွတ္ပုံတင္နဲ႔အိမ္ေထာင္စုဇယား မိတၱဴႏွစ္ေစာင္စီ လုိပါတယ္။ ေဘာပင္တစ္ေခ်ာင္းရယ္။ ပုိက္ဆံသုံးေသာင္းခြဲရယ္ လုိပါတယ္။ (ဓာတ္ပုံရုိက္ရမွာဆုိေတာ့ လွလွပပေလးျဖစ္ခ်င္ရင္ ဘီးေလးမွန္ေလး ယူသြားေပါ့)။

ႏုိင္ငံကူးလက္မွတ္ (Passport) ကုိ ဘယ္ရက္မွာ သြားလုပ္မလဲလုိ႔ ေရြးခ်ယ္တတ္ဖုိ႔ လုိပါတယ္။ တနလၤာေန႔နဲ႔ ေသာၾကာေန႔မ်ိဳးေတြဟာ ရုံးစဖြင့္ရက္နဲ႔ ရုံးပိတ္ေတာ့မယ့္ရက္ေတြျဖစ္တာေၾကာင့္ လူစည္တတ္ပါတယ္။ ျဖစ္ႏုိင္ရင္ အဲဒီလုိရက္ေတြ မသြားေစခ်င္ဘူး။ ကြ်န္ေတာ္ကေတာ့ ဗုဒၶဟူးေန႔ပဲသြားတယ္။ မနက္ (၈) နာရီမထုိးခင္ ႏုိင္ငံကူးလက္မွတ္ရုံး (Passport Office) ကုိ ေရာက္ေအာင္ သြားပါ။ (ေနာက္က်မွ သြားမယ္ဆုိရင္ တစ္ေန႔တည္း မၿပီးမွာစုိးလုိ႔ပါ။)
ရုံးအဝင္ဝမွာ တန္းစီေနတဲ့ လူအုပ္ႀကီးကုိ ေတြ႕ ပါလိမ့္မယ္။ ေယာက္်ား၊ မိန္းမ ခြဲၿပီး တန္းစီရပါတယ္။ အဆင္သင့္သာ တန္းစီလုိက္ပါ။ (ဆယ္ႏွစ္ေအာက္ ကေလးငယ္နဲ႔ ေျခာက္ဆယ္အထက္ သက္ႀကီးရြယ္အုိေတြအျပင္ နာမက်န္းျဖစ္ေနသူေတြအေနနဲ႔ တန္းစီစရာ မလုိဘဲ တုိက္ရုိက္ဝင္သြားႏုိင္ပါတယ္။)

ရုံးအဝင္ေပါက္မွာ မွတ္ပုံတင္မူရင္းနဲ႔ အိမ္ေထာင္စုဇယားမူရင္းကုိ ျပၿပီး အထဲကုိ ဝင္လုိက္ပါ။ အထဲမွာ ဓာတ္ပုံရုိက္ခြင့္မရွိပါဘူး။ လက္ကုိင္အိတ္ကုိ စစ္ေဆးေရးစက္ေပၚမွာ တင္ၿပီး ေနာက္ေပါက္က ျပန္ယူပါ။ Eye Scan လုပ္ပါလိမ့္မယ္။ ရဲအရွာရွိေတြက အမ်ားျပည္သူလုံျခံဳေရးအတြက္ တာဝန္အရ စစ္ေဆးေနတာျဖစ္တဲ့အတြက္ ၾကည္ၾကည္ျဖဴျဖဴ အစစ္ေဆးခံလုိက္ပါ။ ကုိယ္ေရးမွတ္တမ္းျဖည့္ဖုိ႔ ရဲအရာရွိေတြဆီက စာရြက္ကုိ ယူလုိက္ပါ။ အခမဲ့ပါ။
‘အမည္’ ေနရာကမွာ ကုိယ့္နာမည္ကုိ ‘ဦး ၊ ကုိ ၊  ေမာင္ ၊ ေဒၚ ၊ မ’ မတပ္ဘဲ ျဖည့္ေပးပါ။ ‘မိဘအမည္၊ ေမြးသကၠရာဇ္၊ ေနရပ္လိပ္စာ၊ လူမ်ိဳး၊ ဘာသာ’ အခ်က္အလက္ေတြကုိ ေသခ်ာျဖည့္ပါ။ စနစ္တက်မျဖည့္တတ္ရင္ အနီးနားမွာရွိတဲ့ ရဲအရာရွိေတြကုိ ေမးလုိ႔ရပါတယ္။ ကြ်န္ေတာ္လုပ္တဲ့ ႏုိင္ငံကူးလက္မွတ္အမ်ိဳးအစားက အလည္အပတ္ (Passport for Visit) ျဖစ္တဲ့အတြက္ ‘ခရီးသြားမည့္ကိစၥ’ ေနရာမွာ ‘အလည္အပတ္’ လုိ႔ပဲ ျဖည့္ရပါတယ္။ အလုပ္ကိစၥသမား (Passport for Job) ေတြကေတာ့ ‘အလုပ္’ လုိ႔ ျဖည့္ရပါမယ္။ ‘ေလ်ွာက္ထားသည့္ႏုိင္ငံ’ ေနရာမွာေတာ့ ‘စကၤာပူႏုိင္ငံ’ လုိ႔ပဲ ျဖည့္လုိက္ပါတယ္။ ‘လက္ရွိအလုပ္အကုိင္၊ ေမာင္ႏွမ၊ မိဘေဆြမ်ိဳး’ ေနရာမွာ ျပည့္ျပည့္စုံစုံ ျဖည့္ေပးလုိက္ပါ။ ေနာက္ဆုံးမွာေတာ့ ‘အမည္၊ ရက္စြဲ၊ ဖုန္းအမွတ္’ ေတြကုိ ျဖည့္ေပးၿပီး လက္မွတ္ထုိးလုိက္ရုံပါပဲ။ အခ်က္အလက္မမွားယြင္းရေအာင္ အနည္းဆုံးႏွစ္ႀကိမ္ေလာက္ စစ္ေဆးလုိက္ပါ။

ကုိယ္ေရးမွတ္တမ္း၊ မွတ္ပုံတင္မူရင္းနဲ႔ အိမ္ေထာင္စုဇယားေတြကုိ ကုိင္ၿပီး ရုံးအတြင္းပုိင္းထဲကုိ တန္းစီရပါမယ္။ အမွတ္စဥ္ (၃) ကေန (၁၁) အတြင္း လူနည္းတဲ့အတန္းမွာ တန္းစီလုိက္ပါ။ သက္ဆုိင္ရာအရာရွိက အခ်က္အလက္ေတြကုိ ေသေသခ်ာခ်ာစစ္ေဆးပါလိမ့္မယ္။ ဒီအဆင့္မွာ တစ္ခုခုမွားယြင္းေနရင္ေတာ့ ေနာက္ေၾကာင္းျပန္လွည့္ရမွာျဖစ္ပါတယ္။ (မွတ္ပုံတင္ထဲက ကုိယ့္ေမြးသကၠရာဇ္နဲ႔ အိမ္ေထာင္စုဇယားထဲမွာပါတဲ့ ကုိယ့္ေမြးသကၠရာဇ္က မတူဘူးျဖစ္ေနလုိ႔ အရာရွိက ျပန္လႊတ္ပါတယ္။ ခဲေလသမ်ွ သဲေရက် ျဖစ္သြားၿပီး လဝကရုံးကုိ ျပန္သြားျပင္ရပါတယ္။) အဲဒီေနရာမွာ မွတ္ပုံတင္မိတၱဴႏွစ္ေစာင္၊ အိမ္ေထာင္စုဇယားမိတၱဴႏွစ္ေစာင္နဲ႔ ေငြငါးေထာင္ ေပးခဲ့ရပါတယ္။ (သူမ်ားေတြေတာ့ ႏွစ္ေထာင္ပဲ ေပးခဲ့ရပါတယ္။ ကြ်န္ေတာ့္အိမ္ေထာင္စုဇယားမွာက ေမြးသကၠရာဇ္ျပင္ရာ ပါေနလုိ႔ ပုိေတာင္းတဲ့သေဘာပါ။) လက္ေဗြႏွိပ္ရပါတယ္။ အရာရွိက စစ္ေဆးၿပီးေၾကာင္း လက္မွတ္ထုိးေပးလုိက္ပါတယ္။

စစ္ေဆးၿပီးေၾကာင္း လက္မွတ္ကုိ ကုိင္ၿပီး ေငြစာရင္းဌာနမွာ ႏွစ္ေသာင္းခြဲသြားသြင္းရပါတယ္။ စစ္ေဆးေရးအရာရွိရဲ႕ လက္မွတ္ကုိ ေငြစာရင္းဌာနကုိ ျပန္ျပရပါတယ္။ ဒီေနရာမွာ လုပ္ေဆာင္ပုံအဆင့္ဆင့္ကုိ နားမလည္ရင္ အနီးနားမွာရွိတဲ့ ရဲအရာရွိေတြကုိ ေမးျမန္းလုိ႔ရပါတယ္။ သူတုိ႔ကလည္း စိတ္ရွည္လက္ရွည္ ရွင္းျပၾကပါတယ္။ ေငြစာရင္းမွာ ပုိက္ဆံသြင္းၿပီးရင္ေတာ့ ဓာတ္ပုံရု္ိက္ဖုိ႔ တန္းစီရုံပါပဲ။ ေနာက္ဆုံးအဆင့္ ေရာက္ပါၿပီ။ ကုိယ့္ႏုိင္ငံကူးလက္မွတ္မွာ ပုံလွလွေလးထြက္ခ်င္ရင္ေတာ့ အသင့္ယူလာတဲ့ မွန္ေလးကုိ ထုတ္ရင္း အလွျပင္လုိ႔ ရပါေသးတယ္။ စိတ္တုိင္းက်သာ အလွျပင္ေပေတာ့ဗ်ာ။ ဓာတ္ပုံရုိက္တဲ့အခန္းထဲမွာ ရဲအရာရွိႏွစ္ဦးက အဆင္သင့္ေစာင့္ေနပါတယ္။ ပထမရဲအရာရွိကုိ စစ္ေဆးၿပီးတဲ့ စာရြက္နဲ႔ ေငြသြင္းၿပီးေၾကာင္း စာရြက္ေတြကုိ ျပလုိက္ပါ။ ေနာက္ရဲအရာရွိက ဓာတ္ပုံရုိက္ေပးပါလိမ့္မယ္။ ေနာက္ဆုံးအဆင့္မွာ လက္ေဗြရာ ထပ္ႏွိပ္ေပးဖုိ႔ လုိအပ္ပါတယ္။ လက္ႏွစ္ဖက္လုံးနဲ႔ လက္တစ္ေခ်ာင္းခ်င္းစီ ႏွိပ္ေပးရၿပီး Eye Scan ကုိ ေနာက္တစ္ႀကိမ္ ျပန္ဖတ္ေပးရပါတယ္။ ဒါေတြ ၿပီးရင္ေတာ့ ပုိက္ဆံငါးေထာင္ သြင္းခဲ့ရပါတယ္။ ႏုိင္ငံကူးလက္မွတ္လာထုတ္ဖုိ႔ စလစ္တစ္ေစာင္ေပးရၿပီး ေနာက္ဆယ္ရက္ၾကာရင္ လာထုတ္ဖုိ႔ မွာလုိက္ပါတယ္။ ဥပမာ – ကုိယ့္စလစ္မွာ ႏုိင္ငံကူးလက္မွတ္ထုတ္ရမယ့္ ရက္စြဲက ရုံးပိတ္ရက္ဆုိရင္ (ဥပမာ – စေနေန႔) တနလၤာေန႔မွ သြားထုတ္လုိက္ပါ။ (ဆယ္ရက္ဆုိေပမယ့္ ရက္အတိအက် မသြားလည္း ရပါတယ္။ သတ္မွတ္ထားတဲ့ ရက္စြဲကေန ရက္ကုိးဆယ္အတြင္း ထုတ္ေပးဖုိ႔ လုိအပ္ပါတယ္။ ကဲ . . ဒီအခ်က္ေတြၿပီးရင္ေတာ့ လုပ္ငန္းစဥ္က ၿပီးဆုံးပါၿပီ။ Exit လုိ႔ ျပထားတဲ့ အေပါက္က ထြက္ခဲ့ရုံပါပဲ။ ႏုိင္ငံကူးလက္မွတ္ထုတ္မယ္ဆုိရင္ေတာ့ မွတ္ပုံတင္နဲ႔ စလစ္ကုိ ယူၿပီး ရုံးရဲ႕ ဒုတိယအထပ္မွာ သြားထုတ္လုိက္ရုံပါပဲ။ ဒီအဆင့္မွာ သုံးေထာင္ေတာ့ ကုန္ပါတယ္။

ႏုိင္ငံကူးလက္မွတ္လုပ္တဲ့အဆင့္မွာေတာ့ သုံးေသာင္းခြဲကုန္သလုိ ထုတ္တဲ့အဆင့္မွာေတာ့ သုံးေထာင္ကုန္ပါတယ္။ ႏုိင္ငံကူးလက္မွတ္ရုံးဟာ အျမဲတမ္းလူျပည့္ေနတတ္ၿပီး ဝန္ထမ္းအင္အားနဲ႔ ျပည္သူလူထု မမ်ွတတာေၾကာင့္ ရဲအရာရွိေတြအေနနဲ႔ ပင္ပန္းတတ္ပါတယ္။ အမွားအယြင္းပါရင္ စိတ္မရွည္ျဖစ္တတ္ၿပီး စကားေျပာမာေက်ာတတ္ပါတယ္။ ဒီေနရာမွာ ကုိယ့္အေနနဲ႔ သူ႕ဘက္က အေျခအေနကုိ နားလည္ေပးဖုိ႔ လုိအပ္ပါတယ္။ ႏုိင္ငံကူးလက္မွတ္ရုံးကုိ တစ္ေနရာတည္းမွာ မထားဘဲ ရုံးခြဲထားရင္ အဆင္ေျပသြားမယ္လုိ႔ထင္ပါတယ္။ အားလုံး အဆင္ေျပၾကပါေစလုိ႔ ဆုေတာင္းလုိက္ပါတယ္။
ေက်ာ္စုိးေအာင္ (အခရာ)
www.akhayar.com

 
[Unicode] ဖြင့်ဖတ်ရန် နိုင်ငံကူးလက်မှတ် (Passport) ကို စနစ်တကျ ဘယ်လိုလုပ်မလဲ
ဒီနေ့ခေတ်မှာ လူငယ်တစ်ယောက်အနေနဲ့ နိုင်ငံကူးလက်မှတ်တစ်ခုတော့ လုပ်ထားသင့်ပါတယ်။ ကဲ . . . နိုင်ငံကူးလက်မှတ်လုပ်မယ်ဆိုရင် ဘာတွေလိုအပ်မလဲ။ ဆောင်ရန်ရှောင်ရန်တွေက ဘာဖြစ်မလဲ။ ကြည့်ရအောင်။ တကယ်တော့ နိုင်ငံကူးလက်မှတ်လုပ်တာက သိပ်မခက်ပါဘူး။ တန်းစီရတာဆိုတော့ နည်းနည်းပင်ပန်းပါတယ်။ ပွဲစားနဲ့လုပ်မယ်ဆိုရင် တစ်သိန်းရှစ်သောင်းလောက် ကုန်တယ်လို့ သိရပါတယ်။ ကိုယ့်အနေနဲ့ အခုချက်ချင်းလိုချင်တယ်ဆိုရင်တော့ ပွဲစားနဲ့လုပ်တာက ပိုကောင်းပါတယ်။ (ပုံမှန်ကတော့ ဆယ်ရက်စောင့်ရပါတယ်။) ကဲ . . . ဘာတွေလိုအပ်မလဲ။
မှတ်ပုံတင်မူရင်း – အိမ်ထောင်စုဇယားမူရင်း လိုပါတယ်။ (တစ်ခုသတိထားရမှာက မှတ်ပုံတင်ထဲက ကိုယ့်မွေးသက္ကရာဇ်နဲ့ အိမ်ထောင်စုဇယားထဲက ကိုယ့်မွေးသက္ကရာဇ်က တူညီနေဖို့ လိုပါတယ်။ မတူဘူးဆိုရင် အိမ်ထောင်စုဇယားထဲက မွေးသက္ကရာဇ်ကို ပြန်ပြင်ဖို့ ကိုယ့်မြို့ နယ် လဝကရုံးကို ပြန်ပြင်ပါ။) ပြီးတော့ မှတ်ပုံတင်နဲ့အိမ်ထောင်စုဇယား မိတ္တူနှစ်စောင်စီ လိုပါတယ်။ ဘောပင်တစ်ချောင်းရယ်။ ပိုက်ဆံသုံးသောင်းခွဲရယ် လိုပါတယ်။ (ဓာတ်ပုံရိုက်ရမှာဆိုတော့ လှလှပပလေးဖြစ်ချင်ရင် ဘီးလေးမှန်လေး ယူသွားပေါ့)။

နိုင်ငံကူးလက်မှတ် (Passport) ကို ဘယ်ရက်မှာ သွားလုပ်မလဲလို့ ရွေးချယ်တတ်ဖို့ လိုပါတယ်။ တနင်္လာနေ့နဲ့ သောကြာနေ့မျိုးတွေဟာ ရုံးစဖွင့်ရက်နဲ့ ရုံးပိတ်တော့မယ့်ရက်တွေဖြစ်တာကြောင့် လူစည်တတ်ပါတယ်။ ဖြစ်နိုင်ရင် အဲဒီလိုရက်တွေ မသွားစေချင်ဘူး။ ကျွန်တော်ကတော့ ဗုဒ္ဓဟူးနေ့ပဲသွားတယ်။ မနက် (၈) နာရီမထိုးခင် နိုင်ငံကူးလက်မှတ်ရုံး (Passport Office) ကို ရောက်အောင် သွားပါ။ (နောက်ကျမှ သွားမယ်ဆိုရင် တစ်နေ့တည်း မပြီးမှာစိုးလို့ပါ။)
ရုံးအဝင်ဝမှာ တန်းစီနေတဲ့ လူအုပ်ကြီးကို တွေ့ ပါလိမ့်မယ်။ ယောက်ျား၊ မိန်းမ ခွဲပြီး တန်းစီရပါတယ်။ အဆင်သင့်သာ တန်းစီလိုက်ပါ။ (ဆယ်နှစ်အောက် ကလေးငယ်နဲ့ ခြောက်ဆယ်အထက် သက်ကြီးရွယ်အိုတွေအပြင် နာမကျန်းဖြစ်နေသူတွေအနေနဲ့ တန်းစီစရာ မလိုဘဲ တိုက်ရိုက်ဝင်သွားနိုင်ပါတယ်။)

ရုံးအဝင်ပေါက်မှာ မှတ်ပုံတင်မူရင်းနဲ့ အိမ်ထောင်စုဇယားမူရင်းကို ပြပြီး အထဲကို ဝင်လိုက်ပါ။ အထဲမှာ ဓာတ်ပုံရိုက်ခွင့်မရှိပါဘူး။ လက်ကိုင်အိတ်ကို စစ်ဆေးရေးစက်ပေါ်မှာ တင်ပြီး နောက်ပေါက်က ပြန်ယူပါ။ Eye Scan လုပ်ပါလိမ့်မယ်။ ရဲအရှာရှိတွေက အများပြည်သူလုံခြုံရေးအတွက် တာဝန်အရ စစ်ဆေးနေတာဖြစ်တဲ့အတွက် ကြည်ကြည်ဖြူဖြူ အစစ်ဆေးခံလိုက်ပါ။ ကိုယ်ရေးမှတ်တမ်းဖြည့်ဖို့ ရဲအရာရှိတွေဆီက စာရွက်ကို ယူလိုက်ပါ။ အခမဲ့ပါ။
‘အမည်’ နေရာကမှာ ကိုယ့်နာမည်ကို ‘ဦး ၊ ကို ၊  မောင် ၊ ဒေါ် ၊ မ’ မတပ်ဘဲ ဖြည့်ပေးပါ။ ‘မိဘအမည်၊ မွေးသက္ကရာဇ်၊ နေရပ်လိပ်စာ၊ လူမျိုး၊ ဘာသာ’ အချက်အလက်တွေကို သေချာဖြည့်ပါ။ စနစ်တကျမဖြည့်တတ်ရင် အနီးနားမှာရှိတဲ့ ရဲအရာရှိတွေကို မေးလို့ရပါတယ်။ ကျွန်တော်လုပ်တဲ့ နိုင်ငံကူးလက်မှတ်အမျိုးအစားက အလည်အပတ် (Passport for Visit) ဖြစ်တဲ့အတွက် ‘ခရီးသွားမည့်ကိစ္စ’ နေရာမှာ ‘အလည်အပတ်’ လို့ပဲ ဖြည့်ရပါတယ်။ အလုပ်ကိစ္စသမား (Passport for Job) တွေကတော့ ‘အလုပ်’ လို့ ဖြည့်ရပါမယ်။ ‘လျှောက်ထားသည့်နိုင်ငံ’ နေရာမှာတော့ ‘စင်္ကာပူနိုင်ငံ’ လို့ပဲ ဖြည့်လိုက်ပါတယ်။ ‘လက်ရှိအလုပ်အကိုင်၊ မောင်နှမ၊ မိဘဆွေမျိုး’ နေရာမှာ ပြည့်ပြည့်စုံစုံ ဖြည့်ပေးလိုက်ပါ။ နောက်ဆုံးမှာတော့ ‘အမည်၊ ရက်စွဲ၊ ဖုန်းအမှတ်’ တွေကို ဖြည့်ပေးပြီး လက်မှတ်ထိုးလိုက်ရုံပါပဲ။ အချက်အလက်မမှားယွင်းရအောင် အနည်းဆုံးနှစ်ကြိမ်လောက် စစ်ဆေးလိုက်ပါ။

ကိုယ်ရေးမှတ်တမ်း၊ မှတ်ပုံတင်မူရင်းနဲ့ အိမ်ထောင်စုဇယားတွေကို ကိုင်ပြီး ရုံးအတွင်းပိုင်းထဲကို တန်းစီရပါမယ်။ အမှတ်စဉ် (၃) ကနေ (၁၁) အတွင်း လူနည်းတဲ့အတန်းမှာ တန်းစီလိုက်ပါ။ သက်ဆိုင်ရာအရာရှိက အချက်အလက်တွေကို သေသေချာချာစစ်ဆေးပါလိမ့်မယ်။ ဒီအဆင့်မှာ တစ်ခုခုမှားယွင်းနေရင်တော့ နောက်ကြောင်းပြန်လှည့်ရမှာဖြစ်ပါတယ်။ (မှတ်ပုံတင်ထဲက ကိုယ့်မွေးသက္ကရာဇ်နဲ့ အိမ်ထောင်စုဇယားထဲမှာပါတဲ့ ကိုယ့်မွေးသက္ကရာဇ်က မတူဘူးဖြစ်နေလို့ အရာရှိက ပြန်လွှတ်ပါတယ်။ ခဲလေသမျှ သဲရေကျ ဖြစ်သွားပြီး လဝကရုံးကို ပြန်သွားပြင်ရပါတယ်။) အဲဒီနေရာမှာ မှတ်ပုံတင်မိတ္တူနှစ်စောင်၊ အိမ်ထောင်စုဇယားမိတ္တူနှစ်စောင်နဲ့ ငွေငါးထောင် ပေးခဲ့ရပါတယ်။ (သူများတွေတော့ နှစ်ထောင်ပဲ ပေးခဲ့ရပါတယ်။ ကျွန်တော့်အိမ်ထောင်စုဇယားမှာက မွေးသက္ကရာဇ်ပြင်ရာ ပါနေလို့ ပိုတောင်းတဲ့သဘောပါ။) လက်ဗွေနှိပ်ရပါတယ်။ အရာရှိက စစ်ဆေးပြီးကြောင်း လက်မှတ်ထိုးပေးလိုက်ပါတယ်။

စစ်ဆေးပြီးကြောင်း လက်မှတ်ကို ကိုင်ပြီး ငွေစာရင်းဌာနမှာ နှစ်သောင်းခွဲသွားသွင်းရပါတယ်။ စစ်ဆေးရေးအရာရှိရဲ့ လက်မှတ်ကို ငွေစာရင်းဌာနကို ပြန်ပြရပါတယ်။ ဒီနေရာမှာ လုပ်ဆောင်ပုံအဆင့်ဆင့်ကို နားမလည်ရင် အနီးနားမှာရှိတဲ့ ရဲအရာရှိတွေကို မေးမြန်းလို့ရပါတယ်။ သူတို့ကလည်း စိတ်ရှည်လက်ရှည် ရှင်းပြကြပါတယ်။ ငွေစာရင်းမှာ ပိုက်ဆံသွင်းပြီးရင်တော့ ဓာတ်ပုံရိုက်ဖို့ တန်းစီရုံပါပဲ။ နောက်ဆုံးအဆင့် ရောက်ပါပြီ။ ကိုယ့်နိုင်ငံကူးလက်မှတ်မှာ ပုံလှလှလေးထွက်ချင်ရင်တော့ အသင့်ယူလာတဲ့ မှန်လေးကို ထုတ်ရင်း အလှပြင်လို့ ရပါသေးတယ်။ စိတ်တိုင်းကျသာ အလှပြင်ပေတော့ဗျာ။ ဓာတ်ပုံရိုက်တဲ့အခန်းထဲမှာ ရဲအရာရှိနှစ်ဦးက အဆင်သင့်စောင့်နေပါတယ်။ ပထမရဲအရာရှိကို စစ်ဆေးပြီးတဲ့ စာရွက်နဲ့ ငွေသွင်းပြီးကြောင်း စာရွက်တွေကို ပြလိုက်ပါ။ နောက်ရဲအရာရှိက ဓာတ်ပုံရိုက်ပေးပါလိမ့်မယ်။ နောက်ဆုံးအဆင့်မှာ လက်ဗွေရာ ထပ်နှိပ်ပေးဖို့ လိုအပ်ပါတယ်။ လက်နှစ်ဖက်လုံးနဲ့ လက်တစ်ချောင်းချင်းစီ နှိပ်ပေးရပြီး Eye Scan ကို နောက်တစ်ကြိမ် ပြန်ဖတ်ပေးရပါတယ်။ ဒါတွေ ပြီးရင်တော့ ပိုက်ဆံငါးထောင် သွင်းခဲ့ရပါတယ်။ နိုင်ငံကူးလက်မှတ်လာထုတ်ဖို့ စလစ်တစ်စောင်ပေးရပြီး နောက်ဆယ်ရက်ကြာရင် လာထုတ်ဖို့ မှာလိုက်ပါတယ်။ ဥပမာ – ကိုယ့်စလစ်မှာ နိုင်ငံကူးလက်မှတ်ထုတ်ရမယ့် ရက်စွဲက ရုံးပိတ်ရက်ဆိုရင် (ဥပမာ – စနေနေ့) တနင်္လာနေ့မှ သွားထုတ်လိုက်ပါ။ (ဆယ်ရက်ဆိုပေမယ့် ရက်အတိအကျ မသွားလည်း ရပါတယ်။ သတ်မှတ်ထားတဲ့ ရက်စွဲကနေ ရက်ကိုးဆယ်အတွင်း ထုတ်ပေးဖို့ လိုအပ်ပါတယ်။ ကဲ . . ဒီအချက်တွေပြီးရင်တော့ လုပ်ငန်းစဉ်က ပြီးဆုံးပါပြီ။ Exit လို့ ပြထားတဲ့ အပေါက်က ထွက်ခဲ့ရုံပါပဲ။ နိုင်ငံကူးလက်မှတ်ထုတ်မယ်ဆိုရင်တော့ မှတ်ပုံတင်နဲ့ စလစ်ကို ယူပြီး ရုံးရဲ့ ဒုတိယအထပ်မှာ သွားထုတ်လိုက်ရုံပါပဲ။ ဒီအဆင့်မှာ သုံးထောင်တော့ ကုန်ပါတယ်။

နိုင်ငံကူးလက်မှတ်လုပ်တဲ့အဆင့်မှာတော့ သုံးသောင်းခွဲကုန်သလို ထုတ်တဲ့အဆင့်မှာတော့ သုံးထောင်ကုန်ပါတယ်။ နိုင်ငံကူးလက်မှတ်ရုံးဟာ အမြဲတမ်းလူပြည့်နေတတ်ပြီး ဝန်ထမ်းအင်အားနဲ့ ပြည်သူလူထု မမျှတတာကြောင့် ရဲအရာရှိတွေအနေနဲ့ ပင်ပန်းတတ်ပါတယ်။ အမှားအယွင်းပါရင် စိတ်မရှည်ဖြစ်တတ်ပြီး စကားပြောမာကျောတတ်ပါတယ်။ ဒီနေရာမှာ ကိုယ့်အနေနဲ့ သူ့ဘက်က အခြေအနေကို နားလည်ပေးဖို့ လိုအပ်ပါတယ်။ နိုင်ငံကူးလက်မှတ်ရုံးကို တစ်နေရာတည်းမှာ မထားဘဲ ရုံးခွဲထားရင် အဆင်ပြေသွားမယ်လို့ထင်ပါတယ်။ အားလုံး အဆင်ပြေကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။
ကျော်စိုးအောင် (အခရာ)
www.akhayar.com






အားလံုးကိုခင္မင္လွ်က္
ညီလတ္ထြန္း(နည္းပညာ)
www.nyilattun.com

ႏုိင္ငံကူးလက္မွတ္ (Passport) ကုိ ၿပဳလုပ္ပံုအဆင္႔ဆင္႔ (အစ-အဆံုး) Reviewed by ညီလတ္ထြန္း(နည္းပညာ) on 1:50 AM Rating: 5 [Zawgyi] ၿဖင့္ဖတ္ရန္  ႏုိင္ငံကူးလက္မွတ္ (Passport) ကုိ စနစ္တက် ဘယ္လုိလုပ္မလဲ ဒီေန႔ေခတ္မွာ လူငယ္တစ္ေယာက္အေနနဲ႔ ႏုိင္ငံကူးလက္မွတ္တစ္ခုေတာ့...

No comments: