ကမ္ဘာပေါ်က ဝင်ငွေအကောင်းဆုံး IT အလုပ်ကိုင် 10 မျိုး - ညီလတ်ထွန်း(နည်းပညာ)
728x90 AdSpace
Trending
ကမ္ဘာပေါ်က ဝင်ငွေအကောင်းဆုံး IT အလုပ်ကိုင် 10 မျိုး
Data Warehouse Architect ကတော့ ကုမ္ပဏီအတွင်း ရင်းနှီးမြုပ်နှံထားတဲ့ တန်ဖိုးကြီး Data အချက်လက်တွေနဲ့ ဘယ်လိုလည်ပတ်မလဲ၊ နောက်ြပီး Data Analysis လုပ်ဖို့အတွက် ပါဝင်ကူညီရသေးပြီး တာဝန်ကြီးကြီးယူထားရတယ် ဆိုရပါမယ်။
Via:Akhayar
[Unicode]ဘယ်အလုပ်ကိုင်မှာမဆို ကျွမ်းကျင်ရာလိမ္မာဆိုတဲ့စကားတိုင်း ကိုယ်စွမ်းဆောင်နိုင်တဲ့ အပိုင်းကို အကောင်းဆုံးဖြစ်အောင် ကြိုးစားနိုင်ရင်တော့ အလုပ်ရှင်တွေက Welcome ဖြစ်မှာ အမှန်ပါပဲ။ ကိုယ်ကျွမ်းကျင်တဲ့ Skill အလိုက် လစာများများရနိုင်သလို ကမ္ဘာတစ်ဝှမ်းက ဝင်ငွေအကောင်းဆုံး IT အလုပ်ကိုင် 10 မျိုးကို ဖော်ပြပေးလိုက်ပါတယ်။
10. Information Security Engineer ($131,300)
Information Security Engineer တစ်ယောက်ရဲ့ တာဝန်ကမသေးလှပါဘူး၊ ကုမ္ပဏီတခုလုံး လည်ပတ်နေတဲ့ Data နဲ့ Assets အားလုံးကို Hacker နဲ့ ပြိုင်ဖက်တွေ လွယ်လွယ်ခိုးမရအောင် ကာကွယ်ပေးရပါတယ်။ ဒါကြောင့်မလို့ အရမ်းပဲ တာဝန်ကြီးသလို တစ်ခုခုချို့ယွင်းသွားတာနဲ့ ချက်ချင်းခေါင်းပေါ်ကျပြီး မတွေးရက်စရာ အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရတတ်တဲ့အထိ တာဝန်ကြီးလှပါတယ်။
9. DevOps Engineer ($137,400)
Development and Operation Engineer ကတော့ Code ရေးသားတဲ့နေရာမှာ အရေးပါပြီး အချိန်နဲ့တပြေးညီ Code ဖော်၊ မြန်မြန်ဆန်ဆန် ရေးသားပေးရတဲ့ တာဝန်ယူထားရတာပါ။
8. Enterprise Architect ($144,400)
Enterprise Architect ကတော့ Servers ၊ Software နဲ့ တခြား IT Assets တွေအတွက် ဘယ်လို Plan မျိုးနဲ့ ဆောင်ရွက်ရမယ်၊ ဘယ် Workflow နဲ့သွားပြီး အစီစဉ်အကောင်ထည်ဖော်နိုင်ဖို့ ညွန်ကြားပေးရသူပါ။ ဒါကြောင့်မလို့ Enterprise Architect တယောက်ရဲ့ Strategy Plan ဟာ အရေးပါလှပြီး ယူထားတဲ့တာဝန်ကလည်း မသေးလှပါဘူး။
7.Technical Program Manager ($145,000)
Technical Programming Manager ကတော့ ကုမ္ပဏီအတွင်း Run နေတဲ့ Projects တွေ၊ အသုံးပြုနေတဲ့ Text Codes တွေကို အစဉ်မြဲလေ့လာစောင့်ကြည့်ရမှာဖြစ်ပြီး လိုအပ်ရင်လိုအပ်သလို Development Process အတွက် ရှေးရှုတာမျိုး၊ ထုတ်ကုန်ပစ္စည်းစာရင်းဇယားဆွဲပြီး စီမံခန့်ခွဲတာမျိုး လုပ်ဆောင်ရပါတယ်။
6. Software Architect ($145,400)
Software Architect ကတော့ Software ရေးဆွဲတဲ့ အစီစဉ်တခုလုံး တာဝန်ယူပေးရပြီး ဘယ်လို Plan ၊ Strategy နဲ့ လှုပ်ရှားမယ်ဆိုတာကအစ Setting ချပေးရတာပါ။
5. Application Architect ($149,000)
Application Architect ကျပြန်တော့ ကုမ္ပဏီမှာ ဘယ်လို Strategy Application သုံးပြီးလည်ပတ်မယ်၊ ရှိပြီးသား နည်းပညာတွေနဲ့ ဘယ်လို Develop ဖြစ်လာအောင် စွမ်းဆောင်ပြီး အသစ်တခုတည်ဆောက်ရင်ဆောက် ဒါမှမဟုတ် Prototype နမူနာတစ်ခုအနေနဲ့ အနာဂတ်မှာ ဘယ်လို Application မျိုးဖန်တီးမယ်ဆိုပြီး အမြဲတမ်း ဆန်းစစ်၊ ဦးနှောက်သုံးပြီး အလုပ်လုပ်နေရတာပါ။
4. Infrastructure Architect ($153,000)
သူကတော့ ကုမ္ပဏီတခုလုံးအသုံးပြုနေတဲ့ IT System ရဲ့ အကြီးဆုံးပုဂ္ဂိုလ်အဖြစ် တာဝန်ယူထားရပြီး Servers ၊ Data Centers နဲ့ Cloud Computing Platforms စတဲ့အပိုင်းကိုလည်း ဦးဆောင်ရပါသေးတယ်။
3. Software Development Manager ($153,300)
Manager ဆိုတဲ့အတိုင်း IT Team တစ်ခုလုံးကို ဦးဆောင်ရမှာဖြစ်ပြီး လည်ပတ်နေတဲ့ Development Process ၊ စမ်းသပ်နေတဲ့ System နဲ့ Application စတာအားလုံးရဲ့ အခြေနေအရပ်ရပ်ကို စောင့်ကြည့်လေ့လာပြီး တိုးတက်လာအောင် ညွန်ကြားပေးရတာပါ။
2. Data Warehouse Architect ($154,800)
Data Warehouse Architect ကတော့ ကုမ္ပဏီအတွင်း ရင်းနှီးမြုပ်နှံထားတဲ့ တန်ဖိုးကြီး Data အချက်လက်တွေနဲ့ ဘယ်လိုလည်ပတ်မလဲ၊ နောြက်ပီး Data Analysis လုပ်ဖို့အတွက် ပါဝင်ကူညီရသေးပြီး တာဝန်ကြီးကြီးယူထားရတယ် ဆိုရပါမယ်။
1. Software Engineering Manager ($163,500)
Software Engineering Manager က လစာအကောင်းဆုံးဖြစ်သလို စွယ်စုံရ၊ ကျွမ်းကျင်ပညာရှင်ထဲမှာလည်း ပါဝင်ပါတယ်။ အဓိက Development နဲ့ Research အပိုင်းတာဝန်ယူထားရတာဆိုတော့ Software ပိုင်း လုံလုံခြုံခြုံဖြစ်ဖို့၊ Maintain လုပ်ဖို့၊ ကောင်းကောင်းလည်ပတ်ဖို့စတဲ့အချက်တွေအားလုံး အချိန်နဲ့တပြေးညီ စီမံခန့်ခွဲပြီး တာဝန်ပေးရတဲ့အလုပ်ကို လုပ်ကိုင်ရသူပါ။
Via:Akhayar
အားလုံးကိုခင်မင်လျှက်
ညီလတ်ထွန်း(နည်းပညာ)
www.nyilattun.com
ကမ္ဘာပေါ်က ဝင်ငွေအကောင်းဆုံး IT အလုပ်ကိုင် 10 မျိုး Reviewed by ညီလတ်ထွန်း(နည်းပညာ) on 1:50 AM Rating: 5 [Zawgyi] ဘယ်အလုပ်ကိုင်မှာမဆို ကျွမ်းကျင်ရာလိမ္မာဆိုတဲ့စကားတိုင်း ကိုယ်စွမ်းဆောင်နိုင်တဲ့ အပိုင်းကို အကောင်းဆုံးဖြစ်အောင် ကြိုးစားနိုင်ရင...
No comments: