iOS နဲ့ Android မှာ အခမဲ့ဆော့ကစားနိုင်မယ့် မိုဘိုင်းဂိမ်း 20 အပိုင်း (၁) - ညီလတ်ထွန်း(နည်းပညာ)
728x90 AdSpace
Trending
[Zawgyi]မိုဘိုင်းဂိမ်းမင်းဆိုတာက တော်တော်လေး အသက်ဝင်နေပြီဆိုတော့ ဘယ်သူပဲဖြစ်ဖြစ် ဖုန်းထဲရှိတဲ့ ဂိမ်းလေးတွေ အပျင်းပြေကစားချင်ကျတယ်၊ Premium User မဟုတ်ဘူးဆိုရင်တောင် Playstore မှာဖြစ်ဖြစ် Apple Store ဆီသွားပြီး ကစားချင်တဲ့ ဂိမ်းလေးတွေ Download ဆွဲ ဆော့ကစားကြတာပါ။ ဒီလို ဂိမ်းပေါင်းထောင်ကျော်ရှိတဲ့အထဲကမှ Top 5 စာရင်းဝင်ပြီး Free Download ရယူနိုင်မယ့် Action ၊ Adventure ၊ Arcade စတဲ့ ဂိမ်း 10 မျိုးကို ပထမသုတ်အနေနဲ့ စုစည်းတင်ပြထားပါတယ်။
Alto’s Odyssey
Altos Odyssey
PUBG Mobile
PUBG Mobile
Asphalt 9 Legends
Asphalt 9 Legends
HQ Trivia
HQ Trivia
Shadowgun Legends
Shadowgun Legends
NBA Live Mobile
NBA Live Mobile
NOVA Legacy
NOVA Legacy
Words with Friends 2
Words with Friends
Via:Akhayar
iOS နဲ့ Android မှာ အခမဲ့ဆော့ကစားနိုင်မယ့် မိုဘိုင်းဂိမ်း 20 အပိုင်း (၁)
[Unicode]မိုဘိုင်းဂိမ်းမင်းဆိုတာက တော်တော်လေး အသက်ဝင်နေပြီဆိုတော့ ဘယ်သူပဲဖြစ်ဖြစ် ဖုန်းထဲရှိတဲ့ ဂိမ်းလေးတွေ အပျင်းပြေကစားချင်ကျတယ်၊ Premium User မဟုတ်ဘူးဆိုရင်တောင် Playstore မှာဖြစ်ဖြစ် Apple Store ဆီသွားပြီး ကစားချင်တဲ့ ဂိမ်းလေးတွေ Download ဆွဲ ဆော့ကစားကြတာပါ။ ဒီလို ဂိမ်းပေါင်းထောင်ကျော်ရှိတဲ့အထဲကမှ Top 5 စာရင်းဝင်ပြီး Free Download ရယူနိုင်မယ့် Action ၊ Adventure ၊ Arcade စတဲ့ ဂိမ်းအမျိုး ၂၀ ကို စုစည်းတင်ပြထားပါတယ်။
Alto’s Odyssey
Alto Odyssey ဂိမ်းကတော့ထွက်ပြီးသား Alto’s Adventure အဆက်ဖြစ်ပြီး Landscape ပုံစံဘေးတိုက်သွား ဆော့ကစားရမယ့်ဂိမ်းပါ။ Odyssey မှာဆိုရင် နှင်းတော ၊ Dunes & Desserts အခန်းတွေ ပါဝင်လာမှာဖြစ်ပြီး Mission အလိုက်ကစားရင်း Coins တွေလိုက်စုရပါမယ်၊ Adventure ဆိုတော့ တစ်ခါတစ်ခါ မုန်တိုင်းကျတတ်ပြီး မခက်တခက် ကစားရမယ်၊ နောက်ပြီး Challenge Mission တွေပါဝင်သေးလို့ Infinite Runner ၊ Zen Gameplay စတာတွေ Unlock လုပ်နိုင်ပါဦးမယ်။ Alto Odyssey ကစားချင်တယ်ဆိုရင်တော့ Apple Store နဲ့ Play Store မှာ အခမဲ့ Download ရယူနိုင်ပါတယ်၊ Free ဆိုတော့ တစ်ခုတော့သည်းခံရမှာပေ့ါနော်၊ Ads တွေ မကြာခဏတက်တတ်လို့ပါ။
Altos Odyssey
PUBG Mobile
Tencent games ကျေးဇူးကြောင့် စမတ်ဖုန်းတွေပေါ်ရောက်လာတဲ့ Battle Royale ဂိမ်း (PUBG) ကိုတော့ ထွေထွေထူးထူး ပြောစရမလိုဘူးထင်ပါတယ်။ 8×8 ကီလိုမီတာကျယ်ဝန်းတဲ့ စစ်မြေပြင်ထဲမှာ ရန်သူ ၉၉ ယောက်နဲ့ ရင်ဆိုင်ရမယ်၊ မိုဘိုင်းဆိုတော့ Ammo နဲ့ လက်နက် Gear တွေ Auto-pick Up လုပ်ပေးထားပြီး Touch စနစ်နဲ့ အဆင်ပြေမယ့် Game-control နဲ့ ဖန်တီးထားတာမလို့ ပစ်ရ၊ ခတ်ရ အရသာရှိတယ်။ နောက်ပြီး မကြာခဏ Update လုပ်ပေးနေတာဆိုတော့ Game Mode အသစ်တွေ၊ Clan နဲ့ Quick Team Mode တွေပါဝင်လာပြီး Player တွေများသထက် ပိုပိုများနေပါပြီ။ PUBG Mobile ကစားချင်တယ်ဆိုရင်တော့ Play Store နဲ့ Apple Store မှာ အခမဲ့ Download ရယူနိုင်ပါတယ်။
PUBG Mobile
Asphalt 9 Legends
Gameloft ကနေ ဖန်တီးရေးဆွဲနေတဲ့ Asphalt Racing Game ကိုတော့ မိုဘိုင်းရော PC ဂိမ်မာတွေပါ နှစ်ခြိုက်ကျမယ် ထင်ပါတယ်။ နောက်ဆုံးထွက် Asphalt 9 Legends မှာဆိုရင် Ferrari ၊ Porsche ၊ Lamborghini တို့ရဲ့ Hypercar အသစ်တွေပါဝင်တယ်၊ ကားတွေကိုလည်း စိတ်ကြိုက် Customization လုပ်နိုင်ပြီး ကြိုက်တဲ့ Paint Jobs ၊ Materials တွေနဲ့ Upgrade လုပ်ပြီး Player ချင်းဖြစ်စေ Career Mode နဲ့ ဖြစ်စေကစားနိုင်မယ်၊ အဲ့အတွက် Season အခု 60 ၊ Event ပေါင်း 800 ကျော်ပေါင်းထည့်ပေးထားပြီး ပျေ်ာစရာ Nitro Pulse Speed Boost နဲ့ ကစားနိုင်ပါဦးမယ်။ Asphalt 9 ကိုကစားချင်တယ်ဆိုရင်တော့ Apple Store နဲ့ Play Store မှာ အခမဲ့ Download ရယူနိုင်ပါတယ်။
Asphalt 9 Legends
Harry Potter: Hogwarts Mystery
ဒီ Hogwarts Mystery ဆိုတဲ့ Harry Potter Fantasy ဂိမ်းလေးကိုလည်း နှစ်သက်ကြမယ်ထင်ပါတယ်။ မူရင်းဇာတ်လမ်းနဲ့ ကွဲထွက်နေတယ်ဆိုပေမယ့် Hogwarts ကျောင်းတော်ထဲမှာ အချိန်အတော်ကြာ ပျောက်ဆုံးနေတဲ့ လူတစ်ယောက်ကို လိုက်ရှာရမယ်၊ RPG ဆန်ဆန် နှစ်သက်ရာ Avatar ရွေးပြီး Spells တွေသင်ယူရမယ်၊ ပြိုင်ပွဲတွေလည်း ယှဉ်ပြိုင်ရဦးမယ်။ ဒါကြောင့်တစ်ချိန်က နာမည်ကျော်လူကြိုက်များခဲ့တဲ့ Harry Potter ဇာတ်လမ်းကို Adventure နဲ့ မှော်၂ မျိုးပေါင်းစပ်ထားတဲ့ ဂိမ်းအဖြစ် မြင်တွေ့ရပါမယ်။ တစ်ခုရှိမှာက In-game Purchase ပါဝင်မှာဖြစ်ပြီး ဂိမ်းအတွင်းအသုံးပြုနိုင်မယ့် Item တွေဝယ်ယူနိုင်မှာပါ။ Harry Potter ဂိမ်းလေးကို ဆော့ကစားချင်တယ်ဆိုရင်တော့ Apple Store နဲ့ Play Store မှာ Download ဆွဲယူနိုင်ပါတယ်။
Harry Potter: Hogwarts Mystery
HQ Trivia
HQ Trivia ဆိုတဲ့ ဂိမ်းလေးကတော့ အခုချိန်မှာ အတော်လေးလူကြိုက်များ ရေပန်းစားနေတဲ့ Quest ပုံစံ အမေး၊ အဖြေ လုပ်ရမယ့်ဂိမ်းလေးပါ။ ၁၀ စက္ကန့်အတွင်း သတ်မှတ်ထားတဲ့ မေးခွန်း ၁ ခုချင်းစီဖြေဆိုနိုင်ပြီး Question 10 ခုလုံး မှန်ကန်ခဲ့မယ်ဆိုရင်တော့ ချီးမြှင့်ငွေအမှန်တကယ် ရရှိမှာပါ။ ဒါကြောင့် လူတိုင်းမပါဝင်နိုင်သလို ဂိမ်းကိုလည်း သူ့အချိန်နဲ့သူ သတ်မှတ်ထားပါတယ်၊ နေ့စဉ် 9PM ET (မနက် ၈ နာရီခွဲအချိန်)နဲ့ ရုံးပိတ်ရက်မှာဆိုရင် 3PM ET (မနက် ၂ နာရီခွဲ) ကစားချိန်အဖြစ်သတ်မှတ်ထားပြီး အကယ်၍ မေးခွန်းအားလုံးမှန်အောင်ဖြေဆိုနိုင်ခဲ့ရင် PayPal ကတဆင့် ငွေပို့ပေးပါတယ်။ စိတ်ဝင်စားလို့ ကစားကြည့်ချင်တယ်ဆိုရင်တော့ Play Store နဲ့ Apple Store မှာ အခမဲ့ Download ရယူနိုင်ပါတယ်၊ နောက်ပြီး ဂိမ်းကစားမယ့်အချိန်သိရဖို့ Notification ဖွင့်ထားဖို့ မမေ့ပါနဲ့ဦးတဲ့။
HQ Trivia
Shadowgun Legends
Mobile Shooter Game ကြိုက်နှစ်သက်သူတွေ ဒီ Shadowgun Legends ကို ကစားချင်မှာ အမှန်ပါ။ နာမည်ကျော် Destiny နဲ့ The Division ဂိမ်းပုံစံ ဆေ့ာ့ကစားရမယ့်ဒီဂိမ်းထဲမှာ Mission မျိုးစုံပါဝင်မယ်၊ အဖွဲ့လိုက် Boss နဲ့ သွား Fight ရတာမျိုး၊ လက်နက်နဲ့ Armor တွေ စိတ်ကြိုက် Customization လုပ်ပြီး Player Vs Player ကစားနိုင်ဦးမယ်။ အခုလို Sci-fi အမျိုးစား Shooting ဂိမ်းကို ဆော့ကစားချင်တယ်ဆိုရင်တော့ Apple Store နဲ့ Play Store မှာ အခမဲ့ Download ဆွဲ မြည်းစမ်းနိုင်ပါတယ်။
Shadowgun Legends
NBA Live Mobile
EA ကနေ ထုတ်လုပ်ဖြန့်ချီနေတဲ့ NBA Sports ဂိမ်းတွေနဲ့ ရင်းနှီးကြမယ်ထင်ပါတယ်။ ဒီ Mobile Version Basketball Game မှာဆိုရင် Player Vs Player ဆော့ကစားနိုင်မယ် အဲ့လိုမှမဟုတ်ဘဲ ဖလားလုမလား၊ Season လိုက်ကစားဦးမလား မကျေနပ်သေးရင်း ၂ ယောက်သား စိန်ခေါ်ပြီး Head-to-head ဆွဲနိုင်မယ့် Gameplay Mode တွေထည့်သွင်းပေးထားပါတယ်။ ဒီဂီမ်းလေးက Free to Play ဆိုပေမယ့်လို့ In-game Purchase တွေပါဝင်ပြီး Boost ၊ Pack စတာတွေကို ဝယ်ယူနိုင်ပါတယ်။ NBA Mobile Version ကို မြည်းချင်တယ်ဆိုရင်တော့ Apple Store နဲ့ Play Store မှာ အခမဲ့ Download ရယူနိုင်ပါတယ်။
NBA Live Mobile
NOVA Legacy
Gameloft ကနေပဲ တဖန်ပြန်ရေးဆွဲထားတဲ့ NOVA Legacy ဂိမ်းသစ်ကို Rework ၊ Free-to-play ဂိမ်းအဖြစ် ဆော့ကစားရမှာဖြစ်ပြီး NOVA Corp. တပ်သား Kal Wardin နေရာကနေ Single Player Storyline အဖြစ် ဝင်ဆွဲရမှာပါ။ Armor Suit ကြီးဝတ်ပြီး AI Assistant Yelena နဲ့အတူ Alien တွေ ကျူးကျော်ဝင်ရောက်လာတာကို နှိမ်နှင်းဆော့ကစားရမယ့် ဂိမ်းကောင်းလေးပါ။ Multiplayer အနေနဲ့ 6 Player Deathmatch ပါဝင်လာမှာဖြစ်ပြီး ကစားချင်တယ်ဆိုရင်တော့ Apple Store နဲ့ Play Store မှာ အခမဲ့ Download ရယူနိုင်ပါတယ်။
NOVA Legacy
Words with Friends 2
တစ်ယောက်နဲ့ တစ်ယောက် စကားလုံးတွေဆက်ပြီး ဉာဏ်စမ်းဂိမ်းမျိုးနဲ့ အနိုင်ကျင့်ချင်ပါသလား၊ ဒီ Words with Friends 2 မှာ Add-on တွေ ပါဝင်လာခဲ့ပြီး Solo Challenge ဒါမှမဟုတ် Team-based Lighting Round နဲ့ အဖွဲ့လိုက်ဆွဲချင်ပါသေးလား၊ ရပါတယ် စကားလုံးအသစ်ပေါင်း 50,000 ကျော် ထပ်ထည့်ပေးထားပြီး ပထမဂိမ်းမှာ နိုင်ထားတာအားလုံး နောက်တစ်ဂိမ်းအထိ သယ်သွားနိုင်ပြီး Win Streak များလေ အမှတ်ပိုများလေဖြစ်မှာပါ။ ဂိမ်းလေးက Multiplayer ပိုင်းဘာမှထပ်မတိုးပေးထားဘူးဆိုပေမယ့်လို့ စိတ်ဝင်စားစရာဖြစ်လာတဲ့ Add-on တွေကြောင့် ပိုပျော်စရာကောင်းလာခဲ့ပါပြီ။ ဂိမ်းလေးကို မြည်းစမ်းချင်တယ်ဆိုရင်တော့ Apple Store နဲ့ Play Store မှာ အခမဲ့ Download ရယူနိုင်ပါတယ်။
Words with Friends
Stranger Things: The Game
Stranger Things ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲကို ကြည့်ဖူးကြပြီလား၊ အဲ့ထဲက နာမည်ကျော် Hawkins ဆိုတဲ့ မြို့ငယ်လေးထဲမှာ Retro Classic ပုံစံ သူငယ်ချင်းနဲ့ အတူတူကစားရမှာဖြစ်ပြီး Hawkins အပြင် Mirkwood Forest ၊ Upside Down စတဲ့နေရာတွေမှာ စူးစမ်းရမယ်၊ အထူးဆန်းတွေနဲ့ ရင်ဆိုင်ရမယ်၊ တစ်ခါတရံ Speedrun ပုံစံမျိုးကစားရတတ်ပြီး Eggos ၊ Gnomes စတာတွေ စုဆောင်းရမယ်၊
Stranger Things The Game
Sci-fi Horror ဂိမ်းဆိုတော့ ချောက်ချားစရာတွေနဲ့ ကြုံတွေ့ရဦးမယ်ထင်ပါတယ်။ ဒီဂိမ်းလေးကို ကစားကြည့်ချင်တယ်ဆိုရင်တော့ Apple Store နဲ့ Play Store မှာ Download ဆွဲရယူနိုင်ပါတယ်။
Via:Akhayar
အားလုံးကိုခင်မင်လျှက်
ညီလတ်ထွန်း(နည်းပညာ)
www.nyilattun.com
iOS နဲ့ Android မှာ အခမဲ့ဆော့ကစားနိုင်မယ့် မိုဘိုင်းဂိမ်း 20 အပိုင်း (၁) Reviewed by ညီလတ်ထွန်း(နည်းပညာ) on 2:01 AM Rating: 5 [Zawgyi] မိုဘိုင်းဂိမ်းမင်းဆိုတာက တော်တော်လေး အသက်ဝင်နေပြီဆိုတော့ ဘယ်သူပဲဖြစ်ဖြစ် ဖုန်းထဲရှိတဲ့ ဂိမ်းလေးတွေ အပျင်းပြေကစားချင်ကျတယ်၊ Pre...
No comments: