Google Play App ရဲ႕ Download Pending Error ကိုဘယ္လိုေျဖရွင္းမလဲ - ညီလတ္ထြန္း(နည္းပညာ)

728x90 AdSpace

Trending

Google Play App ရဲ႕ Download Pending Error ကိုဘယ္လိုေျဖရွင္းမလဲ

[ Zawgyi ]
Play Store ကေန app တစ္ခုုခုကို install ျပဳလုပ္ထည့္သြင္းေနတဲ့အခါမ်ဳိး “download pending error” ဆိုတဲ့ စာသားေပၚတဲ့ အခါမ်ဳိးမွာမိမိအေနနဲ႔ တစ္ခါတစ္ရံ အင္တာနက္ေကာ္နက္ရွင္ မေကာင္းလို႔ျဖစ္တယ္ဆိုၿပီး ထင္တတ္ၾကပါတယ္။ ဒီလို error မ်ဳိးက အမ်ားျပည္သူသုံး Wi-Fi ဆားဗစ္၊ Roaming အေနနဲ႔ ကြန္ရက္အသုံးျပဳတဲ့ အခါမ်ဳိးနဲ႔ ႏုိင္ငံတကာခရီးသြားအတြက္ သီးသန္႔ထုတ္တဲ့ Traveler SIM ကတ္စတာေတြ အသုံးျပဳတဲ့အခါမ်ဳိးမွာ အမ်ားဆုံး ျဖစ္ေပၚတတ္ေလ့ရွိပါတယ္။

Google ကလည္း Play Store ကေနapp ေတြကို Download ျပဳလုပ္မယ္ဆိုရင္ ျမန္ဆန္တဲ့ Wi-Fi ကြန္ရက္မ်ဳိးသာ အသုံးျပဳဖို႔အတြက္ကို အႀကံျပဳထားပါတယ္။ တကယ္တန္းေတာ့ download pending error ျဖစ္တာက အင္တာနက္ ေႏွးေကြးလို႔ေၾကာင့္ မဟုတ္ပါဘူး။ မိမိအေနနဲ႔လည္း အဲလိုျဖစ္တုိင္းဖုန္းကို reboot လုပ္ေပးစရာမ်ဳိးလည္း မလိုအပ္ပါဘူး။ အဲဒါေၾကာင့္ မိမိအေနနဲ႔ အေရးေပၚအေျခအေနမ်ဳိးမွာမိမိအတြက္ လိုအပ္တဲ့ app ကို download ျပဳလုပ္ဖို႔အတြက္ ခုေဖာ္ျပေပးမယ့္ နည္းလမ္းနဲ႔ ေျဖရွင္းၾကည့္သင့္ပါတယ္။
Auto-Upadetsနဲ႔ Pending Installations ဆိုတဲ့စနစ္ကို ရပ္ၾကည့္ပါ
Download pending error ျဖစ္တာက ဖုန္းရဲ႕ေနာက္ကြယ္မွာရွိၿပီးသား apps updates နဲ႔ apps အသစ္ေတြ ဖုန္းထဲ download ျပဳလုပ္ေနတဲ့ အခါမ်ဳိးအတြက္ Google ရဲ႕ ဦးစားေပး စည္းမ်ဥ္းစည္းကမ္းေၾကာင့္ ျဖစ္ပါတယ္။ ထပ္ရွင္းရမယ္ဆိုရင္ေတာ့ app အသစ္ download ျပဳလုပ္ဖို႔အတြက္ သူ႔အရင္က ျပဳလုပ္ထားသမွ် play store ရဲ႕ updates နဲ႔ download လုပ္ေဆာင္မႈေတြကို အရင္ဆုံးရပ္ဖို႔အတြက္ဆိုၿပီး ခြင့္ျပဳေပးထားလို႔ ျဖစ္ပါတယ္။
အဲဒါေၾကာင့္ ခုလိုမ်ဳိး error ျဖစ္တဲ့အခါမ်ဳိးမွာ play store app ကိုဖြင့္လိုက္ပါ။ ၿပီးရင္ေတာ့ ျမင္ကြင္းရဲ႕ ဘယ္ဘက္အျခမ္း အေပၚေထာင့္နားက မ်ဥ္းတိုသုံးခုဆင့္ထားတဲ့ menu icon ကို တစ္ခ်က္ႏွိပ္လိုက္ပါ။
အဲလိုႏွိပ္ၿပီးရင္ေတာ့ My apps & games ဆိုတဲ့စာသားကို တစ္ခ်က္ႏွိပ္လိုက္ပါ။

My apps & games စနစ္ထဲမွာ မိမိအေနနဲ႔ auto-updates နဲ႔ pending ျဖစ္ေနတဲ့ install app ေတြကို ရပ္လို႔ရမွာျဖစ္ပါတယ္။ STOP ဆိုတဲ့ စာသားကို ႏွိပ္လိုက္ရင္ေတာ့ အေပၚကေျပာခဲ့တဲ့အတုိင္း auto-updates နဲ႔ pending ျဖစ္ေနတဲ့ စနစ္ေတြရပ္သြားပါလိမ့္မယ္

တကယ္တမ္းေတာ့ auto-updates စနစ္ကိုပိတ္ထားၿပီး manual အေနနဲ႔ လိုအပ္တဲ့ apps ကိုပဲ update လုပ္သုံးမယ္ဆိုရင္ေတာ့ ဖုန္းရဲ႕သိုေလွာင္မႈပိုင္းမွာ ေနရာလြတ္ပိုမို ရရွိႏုိင္ပါေသးတယ္။ အခုလိုမ်ဳိး auto-updatsနဲ႔ pending ျဖစ္တာေနတာေတြ ရပ္ၿပီးရင္ေတာ့ မိမိအတြက္ အေရးေပၚလိုအပ္ေနတဲ့ app ကို download ျပဳလုပ္ၾကည့္ပါ။ အဲလိုလုပ္ၾကည့္ေပမယ့္ error က ျဖစ္တုန္းပဲဆိုရင္ေတာ့ ေနာက္တစ္ဆင့္အေနနဲ႔ Google Play Store app ရဲ႕ Storage စနစ္ထဲမွာ Clear dataလုပ္ေပးၾကည့္ပါ။ အရင္ဆုံးဖုန္းထဲက Settings icon ကို ႏွိပ္ပါ။ ၿပီးရင္ေတာ့ Apps စနစ္ထဲဝင္လုိက္ပါ။

Apps စနစ္ထဲကို ေရာက္ရင္ေတာ့ Google Play Store app ကိုရွာၿပီးႏွိပ္ပါ။ ၿပီးရင္ေတာ့ storages စနစ္ထဲကိုဝင္ၿပီး Clear caches ဆိုတဲ့ေနရာကို တစ္ခ်က္ႏွိပ္ပါ။

ဘာလိုလဲဆိုေတာ့ SD ကတ္မွာ download caches ေတြမ်ားေနတတ္ရင္ Play Store app က ပုံမွန္အလုပ္ မလုပ္တာမ်ဳိး ျဖစ္တတ္တာေၾကာင့္ပါ။ ခုလိုမ်ဳိးလုပ္ၿပီးရင္ေတာ့ မိမိအေနနဲ႔ မိမိအလိုရွိတဲ့ App ကို error မရွိဘဲနဲ႔ Download ျပဳလုပ္ႏုိင္မွာ ျဖစ္ပါတယ္။
-ရဲထြဋ္ဝင္း
[ Unicode ]
Play Store ကနေ app တစ်ခုုခုကို install ပြုလုပ်ထည့်သွင်းနေတဲ့အခါမျိုး “download pending error” ဆိုတဲ့ စာသားပေါ်တဲ့ အခါမျိုးမှာမိမိအနေနဲ့ တစ်ခါတစ်ရံ အင်တာနက်ကော်နက်ရှင် မကောင်းလို့ဖြစ်တယ်ဆိုပြီး ထင်တတ်ကြပါတယ်။ ဒီလို error မျိုးက အများပြည်သူသုံး Wi-Fi ဆားဗစ်၊ Roaming အနေနဲ့ ကွန်ရက်အသုံးပြုတဲ့ အခါမျိုးနဲ့ နိုင်ငံတကာခရီးသွားအတွက် သီးသန့်ထုတ်တဲ့ Traveler SIM ကတ်စတာတွေ အသုံးပြုတဲ့အခါမျိုးမှာ အများဆုံး ဖြစ်ပေါ်တတ်လေ့ရှိပါတယ်။
Google ကလည်း Play Store ကနေapp တွေကို Download ပြုလုပ်မယ်ဆိုရင် မြန်ဆန်တဲ့ Wi-Fi ကွန်ရက်မျိုးသာ အသုံးပြုဖို့အတွက်ကို အကြံပြုထားပါတယ်။ တကယ်တန်းတော့ download pending error ဖြစ်တာက အင်တာနက် နှေးကွေးလို့ကြောင့် မဟုတ်ပါဘူး။ မိမိအနေနဲ့လည်း အဲလိုဖြစ်တိုင်းဖုန်းကို reboot လုပ်ပေးစရာမျိုးလည်း မလိုအပ်ပါဘူး။ အဲဒါကြောင့် မိမိအနေနဲ့ အရေးပေါ်အခြေအနေမျိုးမှာမိမိအတွက် လိုအပ်တဲ့ app ကို download ပြုလုပ်ဖို့အတွက် ခုဖော်ပြပေးမယ့် နည်းလမ်းနဲ့ ဖြေရှင်းကြည့်သင့်ပါတယ်။
Auto-Upadetsနဲ့ Pending Installations ဆိုတဲ့စနစ်ကို ရပ်ကြည့်ပါ
Download pending error ဖြစ်တာက ဖုန်းရဲ့နောက်ကွယ်မှာရှိပြီးသား apps updates နဲ့ apps အသစ်တွေ ဖုန်းထဲ download ပြုလုပ်နေတဲ့ အခါမျိုးအတွက် Google ရဲ့ ဦးစားပေး စည်းမျဉ်းစည်းကမ်းကြောင့် ဖြစ်ပါတယ်။ ထပ်ရှင်းရမယ်ဆိုရင်တော့ app အသစ် download ပြုလုပ်ဖို့အတွက် သူ့အရင်က ပြုလုပ်ထားသမျှ play store ရဲ့ updates နဲ့ download လုပ်ဆောင်မှုတွေကို အရင်ဆုံးရပ်ဖို့အတွက်ဆိုပြီး ခွင့်ပြုပေးထားလို့ ဖြစ်ပါတယ်။
အဲဒါကြောင့် ခုလိုမျိုး error ဖြစ်တဲ့အခါမျိုးမှာ play store app ကိုဖွင့်လိုက်ပါ။ ပြီးရင်တော့ မြင်ကွင်းရဲ့ ဘယ်ဘက်အခြမ်း အပေါ်ထောင့်နားက မျဉ်းတိုသုံးခုဆင့်ထားတဲ့ menu icon ကို တစ်ချက်နှိပ်လိုက်ပါ။
အဲလိုနှိပ်ပြီးရင်တော့ My apps & games ဆိုတဲ့စာသားကို တစ်ချက်နှိပ်လိုက်ပါ။
My apps & games စနစ်ထဲမှာ မိမိအနေနဲ့ auto-updates နဲ့ pending ဖြစ်နေတဲ့ install app တွေကို ရပ်လို့ရမှာဖြစ်ပါတယ်။ STOP ဆိုတဲ့ စာသားကို နှိပ်လိုက်ရင်တော့ အပေါ်ကပြောခဲ့တဲ့အတိုင်း auto-updates နဲ့ pending ဖြစ်နေတဲ့ စနစ်တွေရပ်သွားပါလိမ့်မယ်
တကယ်တမ်းတော့ auto-updates စနစ်ကိုပိတ်ထားပြီး manual အနေနဲ့ လိုအပ်တဲ့ apps ကိုပဲ update လုပ်သုံးမယ်ဆိုရင်တော့ ဖုန်းရဲ့သိုလှောင်မှုပိုင်းမှာ နေရာလွတ်ပိုမို ရရှိနိုင်ပါသေးတယ်။ အခုလိုမျိုး auto-updatsနဲ့ pending ဖြစ်တာနေတာတွေ ရပ်ပြီးရင်တော့ မိမိအတွက် အရေးပေါ်လိုအပ်နေတဲ့ app ကို download ပြုလုပ်ကြည့်ပါ။ အဲလိုလုပ်ကြည့်ပေမယ့် error က ဖြစ်တုန်းပဲဆိုရင်တော့ နောက်တစ်ဆင့်အနေနဲ့ Google Play Store app ရဲ့ Storage စနစ်ထဲမှာ Clear dataလုပ်ပေးကြည့်ပါ။ အရင်ဆုံးဖုန်းထဲက Settings icon ကို နှိပ်ပါ။ ပြီးရင်တော့ Apps စနစ်ထဲဝင်လိုက်ပါ။
Apps စနစ်ထဲကို ရောက်ရင်တော့ Google Play Store app ကိုရှာပြီးနှိပ်ပါ။ ပြီးရင်တော့ storages စနစ်ထဲကိုဝင်ပြီး Clear caches ဆိုတဲ့နေရာကို တစ်ချက်နှိပ်ပါ။
ဘာလိုလဲဆိုတော့ SD ကတ်မှာ download caches တွေများနေတတ်ရင် Play Store app က ပုံမှန်အလုပ် မလုပ်တာမျိုး ဖြစ်တတ်တာကြောင့်ပါ။ ခုလိုမျိုးလုပ်ပြီးရင်တော့ မိမိအနေနဲ့ မိမိအလိုရှိတဲ့ App ကို error မရှိဘဲနဲ့ Download ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။





အားလံုးကိုခင္မင္လွ်က္
ညီလတ္ထြန္း(နည္းပညာ)
www.nyilattun.com

Google Play App ရဲ႕ Download Pending Error ကိုဘယ္လိုေျဖရွင္းမလဲ Reviewed by ညီလတ္ထြန္း(နည္းပညာ) on 7:39 PM Rating: 5 [ Zawgyi ] Play Store ကေန app တစ္ခုုခုကို install ျပဳလုပ္ထည့္သြင္းေနတဲ့အခါမ်ဳိး “download pending error” ဆိုတဲ့ စာသားေပၚတဲ့ အခါမ်ဳိးမွ...

No comments: