သင် တစ်နေ့လျှင် Facebook ဘယ်နှနာရီ သုံးသလဲဆိုတာ ဘယ်လို သိမလဲ ? - ညီလတ်ထွန်း(နည်းပညာ)
728x90 AdSpace
Trending
သင် တစ်နေ့လျှင် Facebook ဘယ်နှနာရီ သုံးသလဲဆိုတာ ဘယ်လို သိမလဲ ?
 ===================================
သင် တစ်နေ့လျှင် Facebook ဘယ်နှစ်နာရီ သုံးသလဲဆိုတာ ဘယ်လို သိမလဲ ?
[Unicode]ဖြင့်ဖတ်ရန် Facebook က Android App မှာ Your Time on Facebook အမည်ရ လုပ်ဆောင်ချက်ကို ထည့်သွင်းပေးထားပါတယ်။ သူက တစ်နေ့လျှင် သင် Facebook ကို အချိန်ဘယ်လောက် သုံးသလဲ ဆိုတာကို တစ်နေ့ချင်းစီအတွက် ပြသပေးထားပါတယ်။ တစ်နေ့လျှင် Facebook သုံးမယ့် အချိန်ကိုလည်း သင်က သတ်မှတ်ထားနိုင်ပြီး အဲဒီ အချိန်ပြည့်ရင် သူက သင့်ကို အသိပေးမှာ ဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်ဟာ Facebook ကို အလွန်အကျွံ အသုံးပြုသူများ အတွက် အလွန် အသုံးဝင်ပါတယ်။
ဒီလုပ်ဆောင်ချက်ကို သုံးဖို့ Facebook App ရဲ့ ညာဘက်အပေါ်ထောင့်မှ မီနူးကို နှိပ်ပါ။ Settings & Privacy ကဏ္ဍအောက်မှ Your Time on Facebook ထဲသွားပါ။
အဲဒီမှာ တစ်ပတ်အတွင်း တစ်ရက်လျှင် သင် Facebook သုံးတဲ့ အချိန်ကို ရုပ်ပုံကားချပ်များ၊ နာရီ၊ မိနစ်များဖြင့် ပြသထားပါတယ်။ သင် ကြည့်ချင်တဲ့ နေ့ကို တစ်ချက်နှိပ်ပြီး အချိန်ကို ကြည့်နိုင်ပါတယ်။
Manage Your Time ကဏ္ဍအောက်မှ Set Daily Reminder ကို နှိပ်ပါ။ အဲဒီမှာ သင် တစ်နေ့လျှင် သုံးမယ့် အချိန်ကို သတ်မှတ်ပေးပါ။ အဲဒီ အချိန်ပြည့်တာနဲ့ သူက သင့်ကို Notification ဖြင့် သတိပေးမှာ ဖြစ်ပါတယ်။
Manage Your Time ကဏ္ဍအောက်မှ News Feed Preferences ထဲမှာတော့ သင် မနှစ်သက်တဲ့ လူများ၊ Page များ၊ Group များကို Unfollow လုပ်ခြင်း၊ သင် နှစ်သက်တဲ့ အရာများကို See First လုပ်ခြင်းဖြင့် သင့် Newsfeed မှာ သင် မနှစ်သက်တဲ့ အရာများကို မမြင်ရတော့ပါဘူး။ ဒီလိုလုပ်ခြင်းဖြင့် Facebook သုံးတဲ့ အချိန်ကို သက်သာစေမှာပါ။
Change Notification Settings မှာ သင် အလိုမရှိတဲ့ Notification များကို ပိတ်ခြင်းဖြင့်လည်း သင် Facebook သုံးတဲ့ အချိန်ကို လျှော့ချနိုင်မှာပါ။
Credit:digitaltimes
အားလုံးကိုခင်မင်လျှက်
ညီလတ်ထွန်း(နည်းပညာ)
www.nyilattun.com
သင် တစ်နေ့လျှင် Facebook ဘယ်နှနာရီ သုံးသလဲဆိုတာ ဘယ်လို သိမလဲ ? Reviewed by ညီလတ်ထွန်း(နည်းပညာ) on 2:42 AM Rating: 5 [ZawGyi]ဖြင့်ဖတ်ရန် Facebook က Android App မှာ Your Time on Facebook အမည်ရ လုပ်ဆောင်ချက်ကို ထည့်သွင်းပေးထားပါတယ်။ သူက တစ်နေ့လျှင် သင် Fa...
No comments: