Facebook Account ဘာေၾကာင့္ lock က်တာလဲ - ညီလတ္ထြန္း(နည္းပညာ)

728x90 AdSpace

Trending

Facebook Account ဘာေၾကာင့္ lock က်တာလဲ

အေကာင့္အသစ္သမားေတြ နိုင္သေလာက္ လိုက္နာနိုင္ရင္ေတာ့ ၉၀% Lock က်ျခင္း Block ရျခင္း မွ ကင္းေ၀းနိုင္ပါတယ္။ ေအာက္မွာ အျပည့္စံု ဖတ္နိုင္ပါျပီ။
Facebook က သင့္ကုိ Lock ခ်ျခင္း Block ရျခင္း အေၾကာင္း မ်ား.........
======================================
- Friend အသားကုန္ Add ျခင္း
------------------------------
Friend ဇြတ္ Add ရင္လည္း Facebook က သူငယ္ခ်င္း Add ခြင့္ကို ရက္အေတာ္ၾကာၾကာ ပိတ္ပါတယ္။ ေနာက္ မထင္ရင္ မထင္ရင္ သလို Message ပုိ႔ခြင့္ပါ ေရာေယာင္ ပိတ္ပါတယ္။
- Message ဇြတ္ပုိ႔ျခင္း
-----------------------
အေပၚက ေျပာတဲ့အထဲကလိုပဲ ပိတ္တတ္သလို၊ Page ေတြ၊ မသိတဲ့ သူေတြ ဆီကုိ စာဇြတ္ပို႔ရင္လည္း Facebook က စာပို႔ခြင့္ကိုပါ Block လုပ္ပါတယ္။ ဒါေၾကာင့္ Friend ျဖစ္ျပီးသား Like ျပီးသား Page ေတြမွသာ စာပို႕ တာစိတ္ခ်ရပါတယ္။
- Like ဇြတ္လုပ္ျခင္း
---------------------
ဒါက ဒီေနာက္ပိုင္းက Facebook က ခ်မွတ္တဲ့ ေပၚလစီထင္တယ္။ သူငယ္ခ်င္း ေတြထဲမွာ တကယ္ပဲ Like လုပ္လို႔ မရေအာင္ အပိတ္ခံရတာကို လက္ေတြ႔ ျမင္လိုက္ရပါတယ္။ သူတို႔က အသားကုန္ Like လုပ္ၾကတယ္ေလ။ ဒါေၾကာင့္ Like ကုိလည္း ပိတ္ပါတယ္တဲ့။ ဒါေၾကာင့္ Like သင့္တာပဲ Like တာေကာင္းပါတယ္။ ဒီအခ်က္ကေတာ့ အသစ္ဖြင့္ထားတဲ့ အေကာင့္ေတြမွပါ။ အေကာင့္အေဟာင္းက မျဖစ္ပါဘူး။
- Group အမ်ားအျပား ဝင္ျခင္း
-------------------------------
User တစ္ေယာက္ကို Group အခု ၂၀၀ ပဲ ဝင္ခြင့္ေပးပါတယ္တဲ့။ အဲဒါ မိုင္ကုန္ပါ။ အခ်ိဳ ႔က အ့ဲဒီ မိုင္ကုန္ကို ကုန္ေအာင္ ဝင္ၾကပါတယ္။ ဟိုထဲလည္းပါ၊ ဒီထဲလည္းပါ ဆုိေတာ့ အေကာင့္ Log in ေတာင္ တစ္ခါတစ္ေလ က် ကြိဳင္တတ္ပါတယ္တဲ့။
- နာမည္ရင္း အသံုးမျပဳျခင္း
----------------------------
ဒါက ဒီလိုရွိပါတယ္။ ကိုယ္ရဲ ႔ IP တစ္ခု၊ အီးေမးလ္တစ္ခု ကေန သြားတဲ့ ေနရာတိုင္းမွာ အသံုးျပဳတဲ့ User name ကို Track လုပ္ပါတယ္တဲ့။ ဒီအီးေမးလ္နဲ႔ပဲ အျခား social network အမိ်ဳးအစား တစ္ခုမွာ နာမည္တစ္မ်ိဳး Facebook မွာ နာမည္တစ္မ်ိဳးနဲ႔ ဝင္တာမ်ိဳးကို လက္မခံ ပါဘူးတဲ့။ ပံုေသေတာ့ မဟုတ္ပါဘူး။ ေနာက္ေတာ့ ဘယ္လိုလာမလဲ မသိပါဘူး။
- Friend မ်ားလြန္းျခင္း
------------------------
Friend မ်ားလြန္းအားၾကီးရင္လည္း ျဖစ္တတ္ပါတယ္တဲ့။ လက္ရွိ အသစ္ဖြင့္ထားတဲ့ အေကာင့္ေတြျဖစ္မ်ားပါတယ္။ ဒါေၾကာင့္ သူမ်ား အက္လာတာပဲ လက္ခံပါ။ ကိုအက္သြားရင္ တေန႕ကို ၃ေယာက္ထက္ ပိုအက္ခြင့္မရွိပါဘူး။ ၃ႏွစ္ ၄ ႏွစ္ေလာက္သံုးထားျပီးတဲ့အေကာင့္ကေတာ့ ဒီအခ်က္ကို စိတ္ပူစရာမလိုပါဘူး။ User အေဟာင္းျဖစ္တဲ့အတြက္ ပါ။
- ေနရာ ေျပာင္းသံုးလြန္းျခင္း
-----------------------------
ဒါကေတာ့ တကယ္လက္ေတြ႔ကို ၾကံဳေနရပါတယ္။ Facebook တင္မကပဲ G Talk တို႔လို ဟာေတြလည္း ထုိနည္းတူစြာပါ။ မေန႔က ရန္ကုန္ မွာ သံုးတယ္။ ေနာက္ေန႔ စကၤာပူေရာက္ေတာ့ စကၤာပူမွာသံုးတယ္ဆုိရင္ Facebook က အေကာင့္ကို ၾကိမ္းေသပိတ္ပါတယ္။ ေပးလာတဲ့ အေၾကာင္း ျပခ်က္က သင္ဟာ ဒီအေကာင့္ သံုးတဲ့သူ တကယ္ ဟုတ္ရဲ ႔ လား တဲ့။ ျပီးေတာ့ Security Question ေတြ ဇြတ္ေမးေတာ့တာပဲ။ IP Address က ရန္ကုန္နဲ႔ စကၤာပူ တူမွမတူတာကိုး။ fb အေနနဲ႔ ဒီလို layer တစ္ခု ခံေပးထားတဲ့အေပၚ ေတာ္ေတာ္မ်ားမ်ား ကြန္ပလိန္႔ မတက္ပါဘူး။
ဒီမွာ ကိုယ္ အၾကည့္မ်ား၊အေတြ႔မ်ား၊ စကားအေျပာမ်ား၊ Like မ်ား၊ comment မ်ားတဲ့ သူေတြရဲ ႔ ဓာတ္ပံုကိုေရြးခိုင္းတာမ်ိဳးပါ။ ကိုယ့္အေနနဲ႔ ဘယ္သူ႔ကိုမွ ဂရုမစိုက္အားလို႔ ဘယ္သူ႔ကိုမွ မၾကည့္ပါဘူးဆုိရင္ေတာ့ အေကာင့္ရဖို႔က ခက္ခဲသြားပါမယ္။ အထူးသျဖင့္ Friend မ်ားတဲ့ သူေတြ သတိျပဳဖို႔ပါ။
- Device ေျပာင္းသံုးလြန္းျခင္း
------------------------------
ဒီေန႔ အင္တာနက္ဆိုင္ တစ္ခုမွာ Windows XP စက္တစ္လံုးနဲ႔ သံုးလိုက္တယ္။ ညေနလည္း ေရာက္ေရာ အိမ္က Windows 7 နဲ႔ ဖြင့့္ျပီဆုိရင္ သူကေျပာပါျပီ။ သင့္အေကာင့္ကို windows XP န႔ဲ ရန္ကုန္မွာ ဘယ္သူသံုးသြားပါတယ္ဆုိတာမ်ဳိးေပ့ါ။ ခဏခဏ အျပင္ထြက္သံုးျဖစ္တဲ့ သူေတြကိုေတာ့ မေမးပါဘူး။ အေလ့အထ မရွိတဲ့ အေကာင့္ေတြကိုဆုိရင္ ဒီလိုပဲ ျဖဲေျခာက္ပါတယ္။
- Poke လုပ္လြန္းျခင္း
-----------------------
မသိတ့ဲ သူေတြ တစ္ေယာက္နဲ႔ တစ္ေယာက္ ခင္မင္မွုရေအာင္ အေပ်ာ္ေဆာ့လို႔ရေအာင္ Poke ကုိ ထည့္ထားေပးတာေလ။ သုိ႔ေသာ္ ဇြတ္ Poke လြန္းရင္ အေကာင့္ကို ပိတ္ပါတယ္။ ျမန္မာျပည္မွာေတာ့ လုပ္တဲ့သူ နည္းပါတယ္။
- Link မ်ား ရွဲလြန္းျခင္း
------------------------
ဒါလည္း လက္ေတြ႔ၾကံဳရပါတယ္။ အေကာင့္အသစ္မွာ အထူး သတိျပဳရမွာျဖစ္ပါတယ္။ ညစ္ညမ္းတဲ့ ပိုစ္ေတြ ပံုေတြ ကို လုပ္မိရင္ေတာ့ ျဖစ္တတ္ပါတယ္။
- အသက္ ၁၈ ႏွစ္မျပည့္ေသးရင္
--------------------------------
ဒါလည္း ျဖစ္တတ္ပါတယ္တဲ့။ အမွန္ေတာ့ Facebook က အသက္ ၁၈ မျပည့္လည္း သံုးလို႔ရပါတယ္။ Under 13 အေပၚမွာသာ အတားအဆီးေတြ ထားတာပါ။ သုိ႔ေပမယ့္ ၁၈ ႏွစ္ေအာက္တ့ဲသူေတြလည္း သတိထားတဲ့။
- Report အလုပ္ခံရမ်ားရင္
----------------------------
ဒါကေတာ့ ေတာ္ေတာ္မ်ားမ်ားသိပါတယ္။ Account report အလုပ္ခံရ တာတို႔၊ ဓာတ္ပံု Report အလုပ္ခံရတာတို႔၊ comment report အလုပ္ခံ ရတာတို႔ အၾကိမ္အေရအတြက္ မ်ားလာရင္ အေကာင့္ကို Facebook က Block ဖို႔ ၾကိမ္းေသေနပါျပီ။ ဒီေတာ့ Security Question ေတြ ဆက္ တိုက္ ေျဖရေတာ့မွာေပါ့။ ဒါေတာင္ ရက္တြက္ျပီး ေစာင့္ရပါေသးတယ္။
ေအာင္ခမ္း (TSJ team)

#unicode
အကောင့်အသစ်သမားတွေ နိုင်သလောက် လိုက်နာနိုင်ရင်တော့ ၉၀% Lock ကျခြင်း Block ရခြင်း မှ ကင်းဝေးနိုင်ပါတယ်။ အောက်မှာ အပြည့်စုံ ဖတ်နိုင်ပါပြီ။

Facebook က သင့်ကို Lock ချခြင်း Block ရခြင်း အကြောင်း များ.........

======================================

- Friend အသားကုန် Add ခြင်း

------------------------------

Friend ဇွတ် Add ရင်လည်း Facebook က သူငယ်ချင်း Add ခွင့်ကို ရက်အတော်ကြာကြာ ပိတ်ပါတယ်။ နောက် မထင်ရင် မထင်ရင် သလို Message ပို့ခွင့်ပါ ရောယောင် ပိတ်ပါတယ်။

- Message ဇွတ်ပို့ခြင်း

-----------------------

အပေါ်က ပြောတဲ့အထဲကလိုပဲ ပိတ်တတ်သလို၊ Page တွေ၊ မသိတဲ့ သူတွေ ဆီကို စာဇွတ်ပို့ရင်လည်း Facebook က စာပို့ခွင့်ကိုပါ Block လုပ်ပါတယ်။ ဒါကြောင့် Friend ဖြစ်ပြီးသား Like ပြီးသား Page တွေမှသာ စာပို့ တာစိတ်ချရပါတယ်။

- Like ဇွတ်လုပ်ခြင်း

---------------------

ဒါက ဒီနောက်ပိုင်းက Facebook က ချမှတ်တဲ့ ပေါ်လစီထင်တယ်။ သူငယ်ချင်း တွေထဲမှာ တကယ်ပဲ Like လုပ်လို့ မရအောင် အပိတ်ခံရတာကို လက်တွေ့ မြင်လိုက်ရပါတယ်။ သူတို့က အသားကုန် Like လုပ်ကြတယ်လေ။ ဒါကြောင့် Like ကိုလည်း ပိတ်ပါတယ်တဲ့။ ဒါကြောင့် Like သင့်တာပဲ Like တာကောင်းပါတယ်။ ဒီအချက်ကတော့ အသစ်ဖွင့်ထားတဲ့ အကောင့်တွေမှပါ။ အကောင့်အဟောင်းက မဖြစ်ပါဘူး။

- Group အများအပြား ဝင်ခြင်း

-------------------------------

User တစ်ယောက်ကို Group အခု ၂၀၀ ပဲ ဝင်ခွင့်ပေးပါတယ်တဲ့။ အဲဒါ မိုင်ကုန်ပါ။ အချို ့က အဲ့ဒီ မိုင်ကုန်ကို ကုန်အောင် ဝင်ကြပါတယ်။ ဟိုထဲလည်းပါ၊ ဒီထဲလည်းပါ ဆိုတော့ အကောင့် Log in တောင် တစ်ခါတစ်လေ ကျ ကွိုင်တတ်ပါတယ်တဲ့။

- နာမည်ရင်း အသုံးမပြုခြင်း

----------------------------

ဒါက ဒီလိုရှိပါတယ်။ ကိုယ်ရဲ ့ IP တစ်ခု၊ အီးမေးလ်တစ်ခု ကနေ သွားတဲ့ နေရာတိုင်းမှာ အသုံးပြုတဲ့ User name ကို Track လုပ်ပါတယ်တဲ့။ ဒီအီးမေးလ်နဲ့ပဲ အခြား social network အမျိုးအစား တစ်ခုမှာ နာမည်တစ်မျိုး Facebook မှာ နာမည်တစ်မျိုးနဲ့ ဝင်တာမျိုးကို လက်မခံ ပါဘူးတဲ့။ ပုံသေတော့ မဟုတ်ပါဘူး။ နောက်တော့ ဘယ်လိုလာမလဲ မသိပါဘူး။

- Friend များလွန်းခြင်း

------------------------

Friend များလွန်းအားကြီးရင်လည်း ဖြစ်တတ်ပါတယ်တဲ့။ လက်ရှိ အသစ်ဖွင့်ထားတဲ့ အကောင့်တွေဖြစ်များပါတယ်။ ဒါကြောင့် သူများ အက်လာတာပဲ လက်ခံပါ။ ကိုအက်သွားရင် တနေ့ကို ၃ယောက်ထက် ပိုအက်ခွင့်မရှိပါဘူး။ ၃နှစ် ၄ နှစ်လောက်သုံးထားပြီးတဲ့အကောင့်ကတော့ ဒီအချက်ကို စိတ်ပူစရာမလိုပါဘူး။ User အဟောင်းဖြစ်တဲ့အတွက် ပါ။

- နေရာ ပြောင်းသုံးလွန်းခြင်း

-----------------------------

ဒါကတော့ တကယ်လက်တွေ့ကို ကြုံနေရပါတယ်။ Facebook တင်မကပဲ G Talk တို့လို ဟာတွေလည်း ထိုနည်းတူစွာပါ။ မနေ့က ရန်ကုန် မှာ သုံးတယ်။ နောက်နေ့ စင်္ကာပူရောက်တော့ စင်္ကာပူမှာသုံးတယ်ဆိုရင် Facebook က အကောင့်ကို ကြိမ်းသေပိတ်ပါတယ်။ ပေးလာတဲ့ အကြောင်း ပြချက်က သင်ဟာ ဒီအကောင့် သုံးတဲ့သူ တကယ် ဟုတ်ရဲ ့ လား တဲ့။ ပြီးတော့ Security Question တွေ ဇွတ်မေးတော့တာပဲ။ IP Address က ရန်ကုန်နဲ့ စင်္ကာပူ တူမှမတူတာကိုး။ fb အနေနဲ့ ဒီလို layer တစ်ခု ခံပေးထားတဲ့အပေါ် တော်တော်များများ ကွန်ပလိန့် မတက်ပါဘူး။

ဒီမှာ ကိုယ် အကြည့်များ၊အတွေ့များ၊ စကားအပြောများ၊ Like များ၊ comment များတဲ့ သူတွေရဲ ့ ဓာတ်ပုံကိုရွေးခိုင်းတာမျိုးပါ။ ကိုယ့်အနေနဲ့ ဘယ်သူ့ကိုမှ ဂရုမစိုက်အားလို့ ဘယ်သူ့ကိုမှ မကြည့်ပါဘူးဆိုရင်တော့ အကောင့်ရဖို့က ခက်ခဲသွားပါမယ်။ အထူးသဖြင့် Friend များတဲ့ သူတွေ သတိပြုဖို့ပါ။

- Device ပြောင်းသုံးလွန်းခြင်း

------------------------------

ဒီနေ့ အင်တာနက်ဆိုင် တစ်ခုမှာ Windows XP စက်တစ်လုံးနဲ့ သုံးလိုက်တယ်။ ညနေလည်း ရောက်ရော အိမ်က Windows 7 နဲ့ ဖွင့့်ပြီဆိုရင် သူကပြောပါပြီ။ သင့်အကောင့်ကို windows XP နဲ့ ရန်ကုန်မှာ ဘယ်သူသုံးသွားပါတယ်ဆိုတာမျိုးပေ့ါ။ ခဏခဏ အပြင်ထွက်သုံးဖြစ်တဲ့ သူတွေကိုတော့ မမေးပါဘူး။ အလေ့အထ မရှိတဲ့ အကောင့်တွေကိုဆိုရင် ဒီလိုပဲ ဖြဲခြောက်ပါတယ်။

- Poke လုပ်လွန်းခြင်း

-----------------------

မသိတဲ့ သူတွေ တစ်ယောက်နဲ့ တစ်ယောက် ခင်မင်မှုရအောင် အပျော်ဆော့လို့ရအောင် Poke ကို ထည့်ထားပေးတာလေ။ သို့သော် ဇွတ် Poke လွန်းရင် အကောင့်ကို ပိတ်ပါတယ်။ မြန်မာပြည်မှာတော့ လုပ်တဲ့သူ နည်းပါတယ်။

- Link များ ရှဲလွန်းခြင်း

------------------------

ဒါလည်း လက်တွေ့ကြံုရပါတယ်။ အကောင့်အသစ်မှာ အထူး သတိပြုရမှာဖြစ်ပါတယ်။ ညစ်ညမ်းတဲ့ ပိုစ်တွေ ပုံတွေ ကို လုပ်မိရင်တော့ ဖြစ်တတ်ပါတယ်။

- အသက် ၁၈ နှစ်မပြည့်သေးရင်

--------------------------------

ဒါလည်း ဖြစ်တတ်ပါတယ်တဲ့။ အမှန်တော့ Facebook က အသက် ၁၈ မပြည့်လည်း သုံးလို့ရပါတယ်။ Under 13 အပေါ်မှာသာ အတားအဆီးတွေ ထားတာပါ။ သို့ပေမယ့် ၁၈ နှစ်အောက်တဲ့သူတွေလည်း သတိထားတဲ့။

- Report အလုပ်ခံရများရင်

----------------------------

ဒါကတော့ တော်တော်များများသိပါတယ်။ Account report အလုပ်ခံရ တာတို့၊ ဓာတ်ပုံ Report အလုပ်ခံရတာတို့၊ comment report အလုပ်ခံ ရတာတို့ အကြိမ်အရေအတွက် များလာရင် အကောင့်ကို Facebook က Block ဖို့ ကြိမ်းသေနေပါပြီ။ ဒီတော့ Security Question တွေ ဆက် တိုက် ဖြေရတော့မှာပေါ့။ ဒါတောင် ရက်တွက်ပြီး စောင့်ရပါသေးတယ်။

အောင်ခမ်း (TSJ team)



အားလံုးကိုခင္မင္လ်က္
ညီလတ္ထြန္း(နည္းပညာ)
www.nyilattun.com

Facebook Account ဘာေၾကာင့္ lock က်တာလဲ Reviewed by ညီလတ္ထြန္း(နည္းပညာ) on 4:47 AM Rating: 5 အေကာင့္အသစ္သမားေတြ နိုင္သေလာက္ လိုက္နာနိုင္ရင္ေတာ့ ၉၀% Lock က်ျခင္း Block ရျခင္း မွ ကင္းေ၀းနိုင္ပါတယ္။ ေအာက္မွာ အျပည့္စံု ဖတ္နိုင္ပါျပီ။...

No comments: