ျမန္မာ ေငြစကၠဴေတြ ထုတ္္္လုပ္တဲ့ ဝါဇီ စက္ရံုအေၾကာင္း - ညီလတ္ထြန္း(နည္းပညာ)

728x90 AdSpace

Trending

ျမန္မာ ေငြစကၠဴေတြ ထုတ္္္လုပ္တဲ့ ဝါဇီ စက္ရံုအေၾကာင္း

[ZawGyi] ၿဖင္႔ဖတ္ရန္ မေကြးတိုင္း၊ ပခုကၠဴ ၿမိဳ႕ အေနာက္​ ေ​တာင္ဘက္႐ွိ တန္႔ၾကည့္ေတာင္တန္း၏ ေတာင္ဖက္အစြန္းဆံုး ေပ ၁၀၀၀ ခန္႔ျမင့္ေသာ ေတာင္ကုန္းေပၚတြင္ တည္႐ွိပါသည္။ စက္႐ုံေတာင္ဘက္တြင္ ေယာေခ်ာင္း၊ အေနာက္ဘက္၊ ေျမာက္ဘက္တြင္ ေတာင္တန္းမ်ား၊ အေ႐ွ႕ဘက္တြင္ လမ္းရြာေက်းရြာ ႏွင့္ ဧရာဝတီျမစ္ တို႔ တည္႐ွိပါသည္။ စက္႐ုံ မိုင္ ၂၀ ပတ္လည္တြင္ မည္သည့္ လူေနအိမ္ေျခ အေဆာက္အအံုမွ် မ႐ွိေပ။
ဝါဇီစက္႐ုံသို႔ သြားမည္ဆိုပါက ေခ်ာက္ၿမိဳ႕မွ လမ္းရြာ ေက်းရြာသို႔ စက္ေလွျဖင့္သြားရပါသည္။ ေခ်ာက္ၿမိဳ႕အထက္ ၁၀ မိုင္ခန္႕တြင္ ကားသယ္ႏိုင္ေသာ စက္ေရယာဥ္မ်ား ႐ွိပါသည္။ စက္႐ုံ အဝင္လမ္းသည္ လမ္းရြာေက်းရြာႏွင့္ ဧရာဝတီ ျမစ္ကိုျဖတ္လ်က္ တည္႐ွိပါသည္။ စက္႐ုံအဝင္လမ္းႏွင့္ အထြက္လမ္း မွာ တစ္လမ္းတည္းပင္ ျဖစ္သည္။

စက္႐ုံ႐ွိ အလုပ္သမား၊ ပညာ႐ွင္မ်ားမွာ တပ္မေတာ္မွ ျဖစ္သည္။ အရပ္သားလံုးဝ မ႐ွိေပ။ စက္႐ုံတြင္ အလုပ္လုပ္ ေသာ တပ္မေတာ္သားမ်ားႏွင့္ ၎တို႔၏ မိသားစုဝင္မ်ားမွအပ မည္သူမ်ွ ဝင္ထြက္သြားလာခြင့္မ႐ွိေပ။ စက္႐ုံသို႔ သြားရာလမ္းတြင္ စစ္ေဆးေရးဂိတ္ ၃ ခု႐ွိပါသည္။ လမ္းရြာ ေက်းရြာမွ စထြက္သည္ႏွင့္ လက္နက္ကိုင္လံုျခံဳေရးမ်ား ေစာင့္ၾကပ္ေနေသာ ပထမစစ္ေဆးေရးဂိတ္ႀကီးကို ေရာက္ပါသည္။ ၎မွ ေတာင္တက္လမ္းအတိုင္း ဆက္တက္၍ ၁၅ မိုင္ခန္႔ ေမာင္းႏွင္ၿပီးပါက ဒုတိယစစ္ေဆးေရးဂိတ္ကို ေရာက္ပါသည္။ ထိုမွ တစ္ဆင့္ ၁၅ မိုင္ခန္႔ ဆက္လက္ ေမာင္းႏွင္ၿပီးပါက တတိယစစ္ေဆးေရးဂိတ္ ေရာက္ပါသည္။ ထို႔ေနာက္ ဝါဇီစက္႐ုံသို႔ေရာက္႐ွိပါသည္။ လမ္းရြာ ေက်းရြာမွ စက္႐ုံထိ မိုင္ ၃၀ ခန္႔ ေမာင္းႏွင္ရပါသည္။ စစ္ေဆးေရးဂိတ္တိုင္း၌ လံုျခံဳေရးတင္းၾကပ္ထားၿပီး လက္နက္ ကိုင္ တပ္သားမ်ားထား႐ွိပါသည္။
စက္႐ုံတြင္းေရာက္သည္ ႏွင့္ ပံုစံတူ အရြယ္တူ လူေန တိုက္ခန္းမ်ားကို ေတြ႔ရပါမည္။ စက္႐ုံလုပ္သားမ်ားႏွင့္ မိသားစု ဝင္မ်ား ေနထိုင္ၾကပါသည္။ ထုိမွ အနည္းငယ္ ဆက္တက္ပါက ပင္မစက္႐ုံသို႔ ေရာက္႐ွိပါမည္။ ပင္မ စက္႐ုံထဲသို႔ စက္႐ုံ အလုပ္သမားမ်ားႏွင့္ တာဝန္႐ွိသူမ်ား သာ သြားလာခြင့္႐ွိပါသည္။
စက္႐ုံမွ ျပည္တြင္းသံုး ေငြစကၠဴ မ်ား၊ စာပို႔ စာခ်ဳပ္ တံဆိပ္ေခါင္းမ်ား၊ ေအာင္ဘာေလ ထီလက္မွတ္မ်ားႏွင့္ လံုျခံဳေရး ႏွင့္ဆိုင္ေသာ စာရြက္စာတန္းမ်ဳိးစံုကို ႐ိုက္ႏွိပ္ထုတ္ေဝလ်က္႐ွိပါသည္။
ေငြစကၠဴ မ်ားကို ဝါဂြမ္းခ်ည္ ၄၀ % ႏွင့္ လံုျခံဳေရးႀကိဳး ပါေသာ စကၠဴသားမ်ားျဖင့္႐ိုက္ႏွိပ္ရပါသည္။ ေရနီစကၠဴစက္႐ုံမွ ထြက္ေသာ ႐ို႐ုိးစကၠဴမ်ားျဖင့္ ႐ိုက္ႏွိပ္၍ မရသည္က တစ္ေၾကာင္း၊ ျပည္တြင္း၌လည္း မထုတ္လုပ္ႏိုင္သျဖင့္ ဝါးဂြမ္း ခ်ည္ ၄၀ % ႏွင့္ လံုျခံဳေရးႀကိဳးပါေသာ စကၠဴ သားမ်ားကို အိႏၵိယ ႏိုင္ငံမွတင္သြင္းရပါသည္။
အစိုးရအဆက္ဆက္သည္ ဗဟိုဘဏ္မွ ေငြစကၠဴ ႐ိုက္ႏွိပ္ဖို႔ လိုအပ္လာၿပီဟု တင္ျပလာပါက စီမံကိန္းႏွင့္ ဘ႑ာေရး ဝန္ႀကီးဌာနမွ တစ္ဆင့္ ကာကြယ္ေရးဝန္ႀကီးဌာန ၊ ထိုမွ တစ္ဆင့္ စက္႐ုံသို႔ အဆင့္ဆင့္ အေၾကာင္းၾကားၿပီးမွ စက္႐ုံ က ႐ိုက္ႏွိပ္ရပါသည္။ စက္႐ုံမွ ႐ိုက္ႏွိပ္လိုက္ေသာ ေငြစကၠဴ မ်ားသည္ သံုးစြဲ ၍ မရေသးပါ။ နံပါတ္စဥ္ မတပ္ရေသး၍ ျဖစ္သည္၊၊

စက္႐ုံမွ ႐ိုက္ႏွိပ္ၿပီးစီးေသာ ေငြစကၠဴမ်ားကို အေစာင့္ အၾကပ္ အျပည့္အစံုႏွင့္ ႏိုင္ငံေတာ္ဗဟိုဘဏ္သို႔ ပို႔ေဆာင္ ရပါသည္။ ဗဟိုဘဏ္မွ ေငြစကၠဴ မ်ားကို နံပါတ္စဥ္႐ိုက္ႏွိပ္ပါသည္။ ဝါဇီစက္႐ုံ၌ ႐ိုက္ႏွိပ္၍မရပါ။ ဗဟိုဘဏ္မွ ထိုေငြ စကၠဴ မ်ားကို ႏိုင္ငံ့ဝန္ထမ္းမ်ားကို လစာေပးရာတြင္သံုးပါသည္။( စာဖတ္သူတို႔သတိထား ၾကည့္ပါ။ ႏိုင္ငံ့ ဝန္ထမ္းမ်ား ရလာသည့္ ေငြစကၠဴသည္ အသစ္ခ်ပ္ခြၽတ္၊နံပါတ္အစဥ္လိုက္ျဖစ္ေနတတ္သည္။) ထိုသို႔ အဆင့္ဆင့္ ျဖတ္သန္းၿပီး ေသာအခါ ျမန္မာျပည္တြင္း၌ သံုးစြဲေနေသာ ေငြေၾကးအျဖစ္သို႔ ေရာက္႐ွိလာေၾကာင္း ေရးသား ေဖာ္ျပလိုက္ရေပ သည္။Credit-.shwelight.com
 
[Unicode]ဖြင့်ဖတ်ရန် မကွေးတိုင်း၊ ပခုက္ကူ မြို့ အနောက်​ ေ​တာင်ဘက်ရှိ တန့်ကြည့်တောင်တန်း၏ တောင်ဖက်အစွန်းဆုံး ပေ ၁၀၀၀ ခန့်မြင့်သော တောင်ကုန်းပေါ်တွင် တည်ရှိပါသည်။ စက်ရုံတောင်ဘက်တွင် ယောချောင်း၊ အနောက်ဘက်၊ မြောက်ဘက်တွင် တောင်တန်းများ၊ အရှေ့ဘက်တွင် လမ်းရွာကျေးရွာ နှင့် ဧရာဝတီမြစ် တို့ တည်ရှိပါသည်။ စက်ရုံ မိုင် ၂၀ ပတ်လည်တွင် မည်သည့် လူနေအိမ်ခြေ အဆောက်အအုံမျှ မရှိပေ။
ဝါဇီစက်ရုံသို့ သွားမည်ဆိုပါက ချောက်မြို့မှ လမ်းရွာ ကျေးရွာသို့ စက်လှေဖြင့်သွားရပါသည်။ ချောက်မြို့အထက် ၁၀ မိုင်ခန့်တွင် ကားသယ်နိုင်သော စက်ရေယာဉ်များ ရှိပါသည်။ စက်ရုံ အဝင်လမ်းသည် လမ်းရွာကျေးရွာနှင့် ဧရာဝတီ မြစ်ကိုဖြတ်လျက် တည်ရှိပါသည်။ စက်ရုံအဝင်လမ်းနှင့် အထွက်လမ်း မှာ တစ်လမ်းတည်းပင် ဖြစ်သည်။
စက်ရုံရှိ အလုပ်သမား၊ ပညာရှင်များမှာ တပ်မတော်မှ ဖြစ်သည်။ အရပ်သားလုံးဝ မရှိပေ။ စက်ရုံတွင် အလုပ်လုပ် သော တပ်မတော်သားများနှင့် ၎င်းတို့၏ မိသားစုဝင်များမှအပ မည်သူမျှ ဝင်ထွက်သွားလာခွင့်မရှိပေ။ စက်ရုံသို့ သွားရာလမ်းတွင် စစ်ဆေးရေးဂိတ် ၃ ခုရှိပါသည်။ လမ်းရွာ ကျေးရွာမှ စထွက်သည်နှင့် လက်နက်ကိုင်လုံခြုံရေးများ စောင့်ကြပ်နေသော ပထမစစ်ဆေးရေးဂိတ်ကြီးကို ရောက်ပါသည်။ ၎င်းမှ တောင်တက်လမ်းအတိုင်း ဆက်တက်၍ ၁၅ မိုင်ခန့် မောင်းနှင်ပြီးပါက ဒုတိယစစ်ဆေးရေးဂိတ်ကို ရောက်ပါသည်။ ထိုမှ တစ်ဆင့် ၁၅ မိုင်ခန့် ဆက်လက် မောင်းနှင်ပြီးပါက တတိယစစ်ဆေးရေးဂိတ် ရောက်ပါသည်။ ထို့နောက် ဝါဇီစက်ရုံသို့ရောက်ရှိပါသည်။ လမ်းရွာ ကျေးရွာမှ စက်ရုံထိ မိုင် ၃၀ ခန့် မောင်းနှင်ရပါသည်။ စစ်ဆေးရေးဂိတ်တိုင်း၌ လုံခြံုရေးတင်းကြပ်ထားပြီး လက်နက် ကိုင် တပ်သားများထားရှိပါသည်။
စက်ရုံတွင်းရောက်သည် နှင့် ပုံစံတူ အရွယ်တူ လူနေ တိုက်ခန်းများကို တွေ့ရပါမည်။ စက်ရုံလုပ်သားများနှင့် မိသားစု ဝင်များ နေထိုင်ကြပါသည်။ ထိုမှ အနည်းငယ် ဆက်တက်ပါက ပင်မစက်ရုံသို့ ရောက်ရှိပါမည်။ ပင်မ စက်ရုံထဲသို့ စက်ရုံ အလုပ်သမားများနှင့် တာဝန်ရှိသူများ သာ သွားလာခွင့်ရှိပါသည်။
စက်ရုံမှ ပြည်တွင်းသုံး ငွေစက္ကူ များ၊ စာပို့ စာချုပ် တံဆိပ်ခေါင်းများ၊ အောင်ဘာလေ ထီလက်မှတ်များနှင့် လုံခြံုရေး နှင့်ဆိုင်သော စာရွက်စာတန်းမျိုးစုံကို ရိုက်နှိပ်ထုတ်ဝေလျက်ရှိပါသည်။
ငွေစက္ကူ များကို ဝါဂွမ်းချည် ၄၀ % နှင့် လုံခြံုရေးကြိုး ပါသော စက္ကူသားများဖြင့်ရိုက်နှိပ်ရပါသည်။ ရေနီစက္ကူစက်ရုံမှ ထွက်သော ရိုရိုးစက္ကူများဖြင့် ရိုက်နှိပ်၍ မရသည်က တစ်ကြောင်း၊ ပြည်တွင်း၌လည်း မထုတ်လုပ်နိုင်သဖြင့် ဝါးဂွမ်း ချည် ၄၀ % နှင့် လုံခြံုရေးကြိုးပါသော စက္ကူ သားများကို အိန္ဒိယ နိုင်ငံမှတင်သွင်းရပါသည်။
အစိုးရအဆက်ဆက်သည် ဗဟိုဘဏ်မှ ငွေစက္ကူ ရိုက်နှိပ်ဖို့ လိုအပ်လာပြီဟု တင်ပြလာပါက စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ တစ်ဆင့် ကာကွယ်ရေးဝန်ကြီးဌာန ၊ ထိုမှ တစ်ဆင့် စက်ရုံသို့ အဆင့်ဆင့် အကြောင်းကြားပြီးမှ စက်ရုံ က ရိုက်နှိပ်ရပါသည်။ စက်ရုံမှ ရိုက်နှိပ်လိုက်သော ငွေစက္ကူ များသည် သုံးစွဲ ၍ မရသေးပါ။ နံပါတ်စဉ် မတပ်ရသေး၍ ဖြစ်သည်။

စက်ရုံမှ ရိုက်နှိပ်ပြီးစီးသော ငွေစက္ကူများကို အစောင့် အကြပ် အပြည့်အစုံနှင့် နိုင်ငံတော်ဗဟိုဘဏ်သို့ ပို့ဆောင် ရပါသည်။ ဗဟိုဘဏ်မှ ငွေစက္ကူ များကို နံပါတ်စဉ်ရိုက်နှိပ်ပါသည်။ ဝါဇီစက်ရုံ၌ ရိုက်နှိပ်၍မရပါ။ ဗဟိုဘဏ်မှ ထိုငွေ စက္ကူ များကို နိုင်ငံ့ဝန်ထမ်းများကို လစာပေးရာတွင်သုံးပါသည်။( စာဖတ်သူတို့သတိထား ကြည့်ပါ။ နိုင်ငံ့ ဝန်ထမ်းများ ရလာသည့် ငွေစက္ကူသည် အသစ်ချပ်ချွတ်၊နံပါတ်အစဉ်လိုက်ဖြစ်နေတတ်သည်။) ထိုသို့ အဆင့်ဆင့် ဖြတ်သန်းပြီး သောအခါ မြန်မာပြည်တွင်း၌ သုံးစွဲနေသော ငွေကြေးအဖြစ်သို့ ရောက်ရှိလာကြောင်း ရေးသား ဖော်ပြလိုက်ရပေ သည်။ Credit-.shwelight.com






အားလံုးကိုခင္မင္လွ်က္
ညီလတ္ထြန္း(နည္းပညာ)
www.nyilattun.com

ျမန္မာ ေငြစကၠဴေတြ ထုတ္္္လုပ္တဲ့ ဝါဇီ စက္ရံုအေၾကာင္း Reviewed by ညီလတ္ထြန္း(နည္းပညာ) on 6:23 PM Rating: 5 [ZawGyi] ၿဖင္႔ဖတ္ရန္ မေကြးတိုင္း၊ ပခုကၠဴ ၿမိဳ႕ အေနာက္​ ေ​တာင္ဘက္႐ွိ တန္႔ၾကည့္ေတာင္တန္း၏ ေတာင္ဖက္အစြန္းဆံုး ေပ ၁၀၀၀ ခန္႔ျမင့္ေသာ ေတာင္...

No comments: