ေအာ္တိုဂီယာ ကား ေမာင္းႏွင္ အသံုးျပဳသူမ်ား အတြက္ က်ိန္းေသ သိထားရပါမယ္ - ညီလတ္ထြန္း(နည္းပညာ)

728x90 AdSpace

Trending

ေအာ္တိုဂီယာ ကား ေမာင္းႏွင္ အသံုးျပဳသူမ်ား အတြက္ က်ိန္းေသ သိထားရပါမယ္

[ZawGyi] ၿဖင္႔ဖတ္ရန္ တိတိက်က် ေလး နားလည္ထားသင့္ဖတ္ထားသင့္သည့္ ပိုစ့္ျဖစ္ေသာေျကာင့္ တင္ျပေပးလိုက္ပါတယ္ခင္ဗ်ာ။
ေမး။ တစ္ေလာက အြန္လိုင္းေပၚမွာ အျငင္းပြားေနၾကတ႔ဲ…ေအာ္တိုဂီယာအေၾကာင္းနဲ ့ OD(Over drive off) အသံုးျပဳပံုအေၾကာင္း န႔ဲ ေအာ္တိုဂီယာဘရိတ္စနစ္အေၾကာင္းေလး ေမးခ်င္လို႔ပါ
ေျဖ။ ဟုတ္က႔ဲ ေအာ္တိုဂီယာန႔ဲပတ္သက္ျပီး အစ္ကိုသိလိုရာကို… ေမးျမန္း နိဳင္ပါတယ္ ကၽြန္ေတာ္သိသေလာက္အမွန္ဆံုးျဖစ္ေအာင္န႔ဲယာဥ္ေမာင္းသူေတြအတြက္လံုျခံဳမွဳ႕ကားမပ်က္ေအာင္အတြက္ပါေစတနာထားျပီးေျဖၾကားေပးပါမယ္ဗ်ာ…ဒီေနရာမွာ ဒီအေၾကာင္းဟာ လူ႔အသက္ကို ဦးစားေပးျပီး… ကားအတြက္ကို ေနာက္မွာထားပါတယ္ဆိုတာ သိေစခ်င္ပါတယ္…
ေမး။ ဟုတ္က႔ဲပါ ဒါဆို ပထမဆံုး ေအာ္တိုဂီယာကိုဘယ္လိုေမာင္းနင္ရမယ္ဆိုတာေလးကို အၾကမ္းဖ်င္းေျပာျပပါလား ?
ေျဖ။ ေအာ္တိုဂီယာကို ေမာင္းမယ္ဆိုရင္ ဘယ္ဘက္ေျခေထာက္ကို လံုးဝေမ့ထား သင့္ပါတယ္…
ညာဘက္ ေျခေထာက္တစ္ဘက္တည္းန႔ဲသာ လီဘာ(Accelerator pedal)န႔ဲဘရိတ္( Brake pedal)ကို အသံုးျပဳသင့္ပါတယ္…
ဘာျဖစ္လို႔လည္းဆိုေတာ့လီဘာမွာKD(Kick Down Switch)လို႔ေခၚတ႔ဲ… ဂီယာအခ်ိန္းအေျပာင္းကို အဂ်ၤင္အပတ္ေရ(RPM) န႔ဲထိန္းခ်ဳပ္ထားျပီး… ဘရိတ္မွာေတာ့ STP (Stop Light Switch) ရိွပါတယ္… KD မီးၾကိဳးေရာ STP မီးၾကိဳးေရာ ECU(Engine control unit), ECM( Engine Control Module )box ေခၚတ႔ဲ အဂ်ၤင္ကြန္ထရိုးေဘာက္ထဲကိုဝင္ပါတယ္… KD မီးရဲ႕အလုပ္လုပ္ပံုက လီဘာနင္းခ်ိန္ အဂ်ၤင္အပတ္ေရျပည့္ရင္… မိုင္နွဳန္းျပမီတာ(Speed meter )ရဲ႕ထိန္းခ်ဳပ္မွဳ႕ အင္းလက္ေလထိန္းတံခါးဆင္ဆာ (Throttle position sensor)တို႔ရဲ႕ထိန္းခ်ဳပ္မွဳ႕န႔ဲ လိုအပ္သလို ဂီယာအခ်ိန္းအေျပာင္း လုပ္ေပးပါတယ္… STP ကေတာ့ ဘရိတ္နဲနဲနင္းလိုက္လို႔ ECU ထဲကိုမီးဝင္သြားရင္… အဂ်ၤင္အပတ္ေရ ၁၀၀၀ ေအာက္ထိ ဆီျဖတ္ပစ္ပါတယ္…ထပ္နင္းလိုက္ရင္ speed meter ရဲ႕ တြက္ခ်က္မွဳ႕အရ… ဂီယာကိုေဒါင္းေပးကာ Automatic transmission lock up torque converter လုပ္ျပီး ကားရဲ႕ေမာင္းနွင္ေနတ႔ဲေအာ္တိုဂီယာစနစ္ကို အျမန္ဆံုးရပ္ပစ္တာပါ… အရိွန္ကိုလိုက္ျပီး ဂီယာကို လိုအပ္ရင္ လိုအပ္သလိုတစ္ခ်က္ခ်င္းေဒါင္းျပီး… အျမန္လိုအပ္ရင္ နံပါတ္ ၁ ဂီယာအထိအျမန္တစ္ခါတည္းေဒါင္းေပးပါတယ္… ခုေခတ္ေမာ္ဒယ္ျမင့္ကားေတြမွာေတာ့ 2 Step Break Switch ေတြကိုသံုးပါတယ္…
ဒါေၾကာင့္ ဘယ္ဘက္က ဘရိတ္ေပၚေျခေထာက္တင္ထားျပီး ညာဘက္က… လီဘာနင္းေနရင္ ကားရဲ႕ အဂ်ၤင္ထိန္းခ်ဳပ္မွဳ႔စနစ္ ေအာ္တိုဂီယာထိန္းခ်ဳပ္မွဳ႕စနစ္ေတြ ရႈပ္ေထြးကုန္ျပီး ဂီယာေရာ အဂ်ၤင္ပါနာျပီး ပ်က္တတ္ပါတယ္… ေအာ္တိုဂီယာကားတိုင္းလိုလို ဘယ္ဘက္ေျခေထာက္တင္ဖို႔ကို… ဘရိတ္ဘယ္ဘက္ အစြန္မွာထားေပးတတ္ပါတယ္… ဒါေၾကာင့္ ေအာ္တိုဂီယာကားကို ေမာင္းနွင္ရင္ ညာဘက္ေျခေထာက္တစ္ေခ်ာင္းထဲန႔ဲသာ ေမာင္းနွင္ရမယ္လို႔ …ကားကုမၸဏီေတြက အတိအက်ညႊန္ၾကားထားပါတယ္ဗ်ာ…
ေမး။ ဒါဆို ေအာ္တိုဂီယာအလုပ္ပံု ပါဝင္တ႔ဲဂီယာေတြကိုေျပာျပေပးပါလား ??
ေျဖ ။ ေအာ္တိုဂီယာေတြအလုပ္လုပ္ပံုက… Hydraulically ေခၚတ႔ဲ ဆီဖိအားစနစ္ျဖင့္ကားကို ေရြ႕လ်ားေစတာပါ…
ေအာ္တိုဂီယာဆီပန္႔(Oil pump) မွာ ဖရံုသီး (converter)အဝင္ဂီယာ၏ input shaft တြင္ထိုင္ထားပါတယ္…
ဆီမရိွရင္ ကလပ္ပလိပ္ျပားေတြကို ဆီန႔ဲ ဖိအားမေပးနိဳင္လို႔ ကားမသြားပါဘူး… ဆီနည္းေနရင္လည္း ပံုမွန္ေလာက္ကားမဆြဲပါ…
ဆီမ်ားျပန္ရင္လည္း… ေအာ္တိုဆီအရမ္းပူျပီး ဂီယာကလပ္ျပားေလးေတြပ်က္တတ္ပါတယ္… ဂီယာအခ်ိန္းအေျပာင္းလုပ္တာကေတာ့ အေပၚကေျပာတ႔ဲအတိုင္း… KD မီးရဲ႕ၾကိဳးက လီဘာနင္းခ်ိန္ အဂ်ၤင္အပတ္ေရျပည့္ရင္… မိုင္နွဳန္းျပမီတာ(Speed meter )ရဲ႕ထိန္းခ်ဳပ္မွဳ႕ အင္းလက္ေလထိန္းတံခါးဆင္ဆာ (Throttle position sensor)တို႔ရဲ႕ထိန္းခ်ဳပ္မွဳ႕န႔ဲ လိုအပ္သလို ဂီယာအခ်ိန္းအေျပာင္း လုပ္ေပးဖို႔ကို ECU box ကေန TCU (Transmission control unit)ကို… D1, D2,D3,D4,D5 ဆိုျပီး အျမင့္ဆံုးပါတ႔ဲဂီယာအထိမီးၾကိဳးေတြန႔ဲ ထိန္းခ်ဳပ္အလုပ္လုပ္ပါတယ္… တစ္ခ်ိဳ႕ေမာ္ဒယ္ျမင့္ကားေတြမွာ TCU control box န႔ဲ… ေအာ္တိုဂီယာထိန္းခ်ဳပ္မွဳ႕စနစ္ပါပါတယ္… ေအာ္တိုဂီယာေတြမွာ ဆီမေကာင္းရင္ ဂီယာပ်က္တတ္သလို… ATF န႔ဲ CVT မွားရင္လည္း ဂီယာပ်က္တတ္ပါတယ္… ေအာ္တိုဂီယာန႔ဲ CVT (Continuously variable transmission) ကို… ကၽြမ္းက်င္သူေတြဆို ဂီယာအျပင္ပိုင္းန႔ဲ ဂီယာေမာင္းတံ(Shift lever)ကိုၾကည့္ျပီး… ခြဲနိဳင္သလို… ဆီတိုင္းတံမွာ ေအာ္တိုဆီဆိုရင္ ATF လို႔ေရးထားျပီး… CVT Gear ဆိုရင္ CVT လို႔ ခြဲျခားေရးထားေပးပါတယ္ခင္ဗ်ာ…
ေမး။ ဂီယာေမာင္းတံအသံုးျပဳပံုေလးေရာေျပာျပေပးပါ ??
ေျဖ ။ ။ ေအာ္တိုဂီယာေတြမွာ OD Button ပါတ႔ဲကားေတြရိွသလို လံုးဝမပါတ႔ဲကားေတြ လည္းရိွပါတယ္…ေအာက္က ပံုေတြမွာပါတ႔ဲကားေတြက… ဂီယာေမာင္းတံ (Shift Lever) မွာ OD လံုးဝမပါတ႔ဲကားေတြပါ… Shift Lock Button ပါတ႔ဲကားေတြရိွသလို… Shift Lock Button လံုးဝမပါတ႔ဲကား… Shift Lock ကို ကားေသာ့ထည့္ျပီးသံုးရတ႔ဲကားေတြလည္းရိွပါတယ္… တန္ဖိုးၾကီးကားတစ္ခ်ိဳ႕မွာေတာ့ လံုးဝမထည့္ထားပါ… ကားလံုျခံဳေရးအတြက္ ေသာ့ဖြင့္ျပီး ဘရိတ္နင္းမွသာ ဂီယာထည့္လို႔ရေအာင္ လုပ္ထားေပးပါတယ္… ဂီယာေမာင္းတံေရြ႕ရာတြင္ Release button ေခၚ ဂီယာေမာင္းတံေဘးမွ ခလုတ္ကို နိွပ္မွေရြ႕ေျပာင္းဂီယာထည့္ရေသာ ကားမ်ားရိွသလို… Release button ခလုတ္မပါဘဲေရြ႕၍ရေသာ ဂီယာေမာင္းတံမ်ားလည္း… ရိွပါသည္ ။ Mercedes Benz သည္ Release button မပါပါ…
Shift Lock ဆိုတာ ေအာ္တိုဂီယာကားေတြမွာ ဂီယာေမာင္းတံကို P Position ကေန စက္နိဳးျပီးဘရိတ္မနင္းပဲ က်န္တ႔ဲ ဂီယာေတြကို ထည့္မရေအာင္ အထိန္းသေဘာမ်ိဳး ထည့္ထားေပးျခင္းျဖစ္ပါ… ဘရိတ္နင္းလိုက္ခ်ိန္တြင္ ဘရိတ္(Brake pedal)နင္းတံအတြင္းဘက္တြင္တပ္ ဆင္ထားေသာ ဘရိတ္မီးခလုတ္(Brake pedal switch) မွ တစ္ဆင့္… ရီေလး(Relay)သို႔ မီးေပးကာ…Shift lock solenoid ခလုတ္ကို ဖြင့္ေပးပါတယ္… ထို႔ေၾကာင့္ ဘရိတ္နင္းမွ ဂီယာေမာင္းတံ ေျပာင္းလို႔ရတာပါ… ဘရိတ္နင္းေသာ္လည္း ဂီယာတံေနရာေျပာင္းမရျခင္းသည္… ဘရိတ္မီးအဝင္ Fuse ျပတ္ျခင္း… Brake pedal switch မေကာင္းျခင္း… Shift lock solenoid အလုပ္မလုပ္ျခင္းတို႔ေၾကာင့္ျဖစ္ပါ… Shift lock solenoid အလုပ္မလုပ္ျခင္းေၾကာင့္ လဲေပးရေသာကားမ်ားရိွပါတယ္..
ေမး။ ဒါဆို ဘကၠထရီအားကုန္လို႔ ဂီယာေမာင္းတံေရြ႕မရင္ ဘယ္လိုလုပ္ရမလဲ??
ေျဖ ။ ။ဂီယာတံအဖံုးကိုဖြင့္ျပီး Shift lock solenoid ကို နိွပ္လိုက္ရင္ေရြ႕လို႔ရပါတယ္ခင္ဗ်ာ…
ေမး။ေအာ္တိုဂီယာ ဂီယာအသံုးျပဳပံုေလးေတြ ေျပာပါေပးပါလားဗ်ာ ??
ေျဖ ။ ။Park ( P ) ကားရပ္ထားစဥ္ ကားမေရြ႕ေစရန္အသံုးျပဳတာပါ… P Position တြင္ဂီယာေမာင္းတံထားပါက ကားေရြ႕မရျခင္းသည္… ေအာ္တိုဂီယာေဘာက္အတြင္းရိွ ဂီယာမိန္းရွပ္တြင္(Output shaft) Lock လုပ္ထားေသာ ပင္နယံ(Pinion)နွင့္ Lock switch တို႔ေၾကာင့္ျဖစ္ပါတယ္.. Lock switch သည္ ဂီယာေမာင္းတံအား P မွေရြ႕လိုက္သည္နွင့္ Lock အထိန္း ျဖဳတ္ေပးကာ P သို႔ ျပန္ေရာက္သည္နွင့္ စပရိန္အားေၾကာင့္ အလုိအေလ်ာက္ Lock Switch အလုပ္လုပ္ကာ ရပ္ထားစဥ္ကားေနရာမေရြ႕ေအာင္ထိန္းေပးတယ္… သို႔ေသာ္အတက္အဆင္းမ်ားတြင္ကားရပ္ထားစဥ္… လက္ဆြဲဘရိတ္(Parking Brake)(Hand Brake) ပါသံုးသင့္ပါသည္… အခ်ိဳ႕ကားမ်ားတြင္ Parking Brake သည္ ေျခနင္းအေသးေလးႏွင့္… ဘယ္ဘက္တြင္ပါတတ္ပါသည္… ဂီယာေမာင္းတံအား P တြင္ထားမွ ေသာ့ျဖဳတ္၍ရေသာကားမ်ားရိွသလို… N (Neutral / No gear) တြင္ထား၍ ေသာ့ျဖဳတ္၍ရေသာကားမ်ားလည္း ရိွပါတယ္ဗ်ာ…
Reverse (R) နိဳင္ငံတစ္ကာတြင္ေရာ ျမန္မာျပည္မွာပါ ဘက္(Back)ဂီယာဟုေခၚပါတယ္… ကားေနာက္ဆုတ္ရန္အတြက္သာသံုးတာပါ…
N (Neutral / No gear) နဳိင္ငံအလိုက္ ဖရီးဂီယာ…No Gear ဟုသံုးပါတယ္… ဘယ္ဂီယာမွ မဝင္ေသာေၾကာင့္ ပါ…
Drive (D) ေရွ႕သို႔ေမာင္းနွင္ရာတြင္သံုးတာပါ… နံပါတ္ ၁ ဂီယာမွ စတင္ကာ အရိွန္အမ်ားဆံုးဂီယာအထိ အလိုအေလ်ာက္ ကားအရိွန္ကိုလိုက္ကာKD,ECU, TPS (Throttle position sensor) , Speed meter sensor,TCU(Transmission control unit box) တို႔မွ Solenoid မ်ားကို အလုပ္လုပ္ေစကာ… ဂီယာခ်ိန္း(Change)ေပး…ေဒါင္း(Down)ေပးပါတယ္… ဂီယာတစ္ခု မဝင္ပဲ လက္ရိွေမာင္းေနေသာဂီယာမခ်ိန္း မေဒါင္းေပးပါ… ဂီယာထည့္ကာေမာင္းနွင္ေနစဥ္ ဖရီး (N) ျဖစ္သြားသည္မရိွပါ…
Third (3) ဂီယာနံပါတ္ ၁ မွ ၃ အထိ ကားအရိွန္လိုက္ကာ… ဂီယာ အတင္ အခ် ျပဳလုပ္ကာ ခ်ိန္းေပး ေဒါင္းေပးပါတယ္… သိပ္မျမင့္ေသာေတာင္တက္ ေတာင္ဆင္းမ်ားနွင့္… Off Road မ်ားနွင့္ Sport မ်ားတြင္လည္းသံုးၾကပါတယ္… Sport ေမာင္းေသာအခါ (3) ဂီယာနွင့္ လီဘာ(Accelerator pedal) ကိုနင္း၍ မိမိလိုခ်င္ေသာအရိွန္ေရာက္မွ (D) သို႔ ေျပာင္းထည့္ပါသည္… ECT Power Switch ပါေသာကားမ်ားတြင္ Sport ေမာင္းရာတြင္… power တြင္ထား၍ ေမာင္းၾကပါတယ္…
Second (2) ဂီယာနံပါတ္ ၁ မွ ၂ အထိ ကားအရိွန္လိုက္ကာ ဂီယာေျပာင္းေပးပါတယ္… ျမင့္မားေသာေတာင္မ်ားတြင္ အတက္အဆင္းဂီယာအျဖစ္သံုးတယ္…ဆီးႏွင္းက်ေသာနိဳင္ငံမ်ားတြင္ နွင္းထဲေမာင္းနွင္ရန္သံုးပါတယ္…
First (L)(B) Low ဂီယာအျဖစ္ ရြံ႕ထဲရုန္းေသာအခါမ်ား အလြန္ျမင့္မားေသာေတာင္မ်ားကို ဝန္အေလးနွင့္အတက္အဆင္းလုပ္ေသာအခါ သံုးပါတယ္… နံပါတ္ ၁ ဂီယာတစ္ခ်က္တည္းျဖစ္ျပီး ဂီယာမခ်ိန္းေတာ့ပါဘူး…
အခ်ိဳ႕ေသာေအာ္တိုဂီယာမ်ားတြင္ Manual စနစ္ျဖင့္ေမာင္းနွင္နိဳင္ရန္… ဂီယာေမာင္းတံ ေဘးဘယ္ညာတြင္ အေပါင္း အနဳတ္နွင့္အကြက္ေလးမ်ား ပါရိွပါသည္…Manual တြင္ထားေမာင္းပါက… ဂီယာ ၁ ၂ ၃ ၄ ၅ သို႔ေျပာင္းရာတြင္ အေပါင္းဘက္သို႔… တစ္ခ်က္ခ်င္းတြန္းကာ ဂီယာခ်ိန္းေပးရတယ္… အလိုအေလ်ာက္ မခ်ိန္းပါဘူး… သတ္မွတ္အရိွန္မရိွေသးပါက ၂ ၃ ၄ ၅ မဝင္ပါ… သူ႔သတ္မွတ္အရိွန္ေရာက္မွသာ ဂီယာဝင္တာပါ… အနဳတ္ဘက္သို႔ တစ္ခ်က္တြန္းလွ်င္ ဂီယာ ၅ ၄ ၃ ၂ ၁ သို႔… တစ္ခ်က္ခ်င္းေဒါင္းေပးပါတယ္… ဘရိတ္နင္းလွ်င္လည္း သတ္မွတ္အရိွန္အတိုင္း… အလိုအေလ်ာက္ ေဒါင္းေပးပါသည္… Manual ျဖင့္ေမာင္းနိဳင္လွ်င္ ဆီစားအနည္းငယ္ သက္သာတယ္… ပံုတြင္ ေအာ္တိုဂီယာတြင္ Manual စနစ္ပါေသာ ဂီယာေမာင္းတံကို ၾကည့္နိဳင္ပါတယ္…
ေမး။ECT Power ခလုတ္အလုပ္ပံုေလးကိုရွင္းျပပါလား ??
ေျဖ ။ ။Electroniccally control Transmission ပါ… ECT Power Switch ရဲ႕ အလုပ္လုပ္ပံုက… Switch Power On လုပ္ထားရင္ Auto Transmission ကို Full Hydraulically ျဖစ္ေအာင္ ဂီယာေဘာက္မွာရိွတ႔ဲ Speed Sensor , Throttle Position Sensor,ECU,ECTတို႔ရဲ႕ ထိန္းခ်ဳပ္မွဳ႕န႔ဲ Throttle Idle Plate Valve ကို ပံုမွန္ထက္ ၁၀% ေက်ာ္ဖြင့္ေပးကာ… Engine Power န႔ဲ Auto Transmission Power ကိုအျပည့္အဝ ျဖစ္ေအာင္ အသံုးခ်တာပါ…ဂီယာ 1,2 မွာအလုပ္မလုပ္ေသးပဲ 3 ,4 န႔ဲ 5(ပါေသာကား) ဂီယာေတြမွသာအလုပ္လုပ္တာပါ… အဂ်ၤင္စြမ္းရည္ အျမင့္ဆံုးန႔ဲ ဂီယာ စြမ္းရည္ အျမန္ဆံုးရေအာင္ သံုးတာပါ…Sport ေတြန႔ဲ ေတာင္တက္မွာ သံုးတာပါဗ်ာ… ဆီအနည္းငယ္ပိုစားပါတယ္…
ေမး။ေအာ္တိုဆီကို ကီလိုဘယ္ေလာက္သံုးနိဳင္ပါလဲ ??
ေအာ္တိုဂီယာ ကား ေမာင္းႏွင္ အသံုးျပဳသူမ်ား အတြက္ က်ိန္းေသ သိထားရပါမယ္
ေျဖ ။ ။ေအာ္တိုဂီယာ(ATF)ဆီကို ဆီအမ်ိဳးအစားေပၚလိုက္ကာ… ၃၅၀၀ ကီလိုမွ ၄၀၀၀၀ အတြင္းလဲလွယ္ေပးလွ်င္အေကာင္းဆံုးျဖစ္ပါ… ေအာ္တိုဆီကို Dexron 3H နွင့္အထက္ထည့္လွ်င္သာအေကာင္းဆံုးျဖစ္ကာ… Genuine ထည့္လွ်င္ေတာ့ အေကာင္းဆံုးေပါ႔ဗ်ာ… ကၽြန္ေတာ္တို႔ဆီတြင္ ေအာ္တိုဆီအေဟာင္းသည္ အလြန္ ညစ္ပတ္ေနပါက… ေအာ္တိုဆီစစ္ပါလဲေပးပါသည္…အသစ္မရလွ်င္ ျဖဳတ္ေဆးေပးပါတယ္… ေအာ္တိုဆီလဲရင္ ဆီက်လာတ႔ဲဆီကုန္သြားရင္ ၂ မိနစ္ေလာက္… စက္နိဳးျပီး ၃ ခါေလာက္လုပ္ရတယ္…ဒါမွ ဖရံုသီး (Converter) ထဲက ဆီေတြေရာ ဂီယာထဲမွာ ရိွတ႔ဲ ညစ္ပတ္တ႔ဲ ဆီေတြေရာ… ၁ လစ္ေက်ာ္ ထြက္လာတတ္ပါတယ္… ဆီမရိွပဲစက္နိဳးလို႔ ဂီယာပ်က္မွာကို မပူပါန႔ဲ ဆီမရိွရင္ ကလပ္ပလိတ္ျပားေတြ… အားလံုး ဖရီးျဖစ္ေနတာပါ…ဒါေပမယ့္ ၂ မိနစ္ ၃ ခါထက္ေတာ့ ပိုမနိဳးပါန႔ဲ… ဒီလိုဆီလဲတာကို ကၽြန္ေတာ္တို႔ဆီမွာ ဥေရာပကားကုမၸဏီဝပ္ေရွာ့ေတြကသင္ေပးတာပါ…
ေမး။ CVT ဂီယာအလုပ္လုပ္ပံုေလးေျပာျပေပးပါလား ??
ေျဖ ။ ။CVT(Continuously variable transmission) ေအာ္တိုဂီယာတြင္… ကားအရိွန္အေနွးအျမန္ကို Metal Belt ေခၚ ပူလီၾကိဳးျဖင့္… Driven Pulley ၂ ခုကို အတင္းအေလ်ာ့လုပ္ေပးကာ ေမာင္းႏွင္ပါသည္… Ds ဂီယာျဖင့္ေမာင္းလွ်င္ ပူလီၾကိဳးေလ်ာ့ေပးကာ… S တြင္ကားအမ်ိဳးအစားအလိုက္ ၁ ၂ မွ ၃ ဂီယာအလုပ္လုပ္ပါတယ္… B လို႔ေခၚတ႔ဲ… ဂီယာကေတာ့ နံပါတ္ ၁ ဂီယာတစ္ခ်က္တည္းပါ…Over drive ေမာင္းခ်ိန္တြင္ ပူလီၾကိဳးအတင္းဆံုးသို႔ Sensor, Solenoid မ်ား ျဖင့္ အလုပ္လုပ္ေစပါသည္…ထို႔ေၾကာင့္ CVT ဂီယာသည္ ရိုးရိုးေအာ္တိုဂီယာ ထက္ အထအလြန္ျမန္ျပီး သြက္တယ္ဗ်… CVT ဂီယာတြင္ CVT Oil သာ အသံုးရမွာပါ…
ေမး။ ဘာျဖစ္လို႔ ဂီယာ N န႔ဲ P မွာသာစက္နိဳးလို႔ရပါသလဲဗ်ာ ??
ေျဖ။ ။ ဟုတ္က႔ဲ…ေအာ္တိုေတြမွာ P နွင့္ N position တြင္သာစက္နိဳး၍ရပါတယ္…
ဒီလိုျဖစ္တာကေတာ့… စတတ္ရီေလး(Start relay) မီးအဝင္ၾကိဳးသည္ ေသာ့အံုမွ…
ဂီယာေဘာက္ရိွ ဂီယာမီးျပေသာစနစ္ (Gear position control light) သို႔ဝင္ေရာက္သြားကာ… P နွင့္ N position တြင္သာ စတတ္ရီေလးသို႔မီးေပး ေအာင္တမင္လုပ္ထားတာပါ… က်န္တ႔ဲ ဂီယာေတြမွာ စက္နိဳးရင္ဂီယာဝင္ေနခ်ိန္ ကားထြက္သြားျပီးတိုက္မွာစိုးလို႔ပါ…EFI ကားေတြက စက္စနိဳးတ႔ဲအခ်ိန္… Idle Air Control Motor ေနျပီး အဂ်ၤင္အပတ္ေရကို ၁၅၀၀ အထိတင္ေပးကာ… အဂ်ၤင္ေရအပူခ်ိန္ဆင္ဆာရဲ႕ အပူခ်ိန္ကိုဖတ္ျပီး…ေရမပူေသးရင္… ေျဖးေျဖးခ်င္း စလိုး(slow) ခ်ေပးျပီး…လိုအပ္တ႔ဲအပူခ်ိန္ရိွရင္ေတာ့… ၄/၅ စကၠန္႔အတြင္း စလိုးအပတ္ေရ ခ်ေပးပါတယ္… အ႔ဲေတာ့ ဂီယာဝင္ေနရင္ အပတ္ေရ ၁၅၀၀ န႔ဲဆို ကားဘရိတ္မနင္းဘဲ… စက္နိဳးရင္ နီးစပ္ရာတိုက္မိမွာစိုးလို႔ ဒီလို လုပ္ထားတာပါဗ်ာ… ဒါေပမယ့္ ကားစက္နိဳးတာန႔ဲ NSW မီးၾကိဳးဟာ… ECU box သို႔ဝင္ကာ TCU မွတစ္ဆင့္ ဂီယာေဘာက္အတြင္းရိွ… Solenoid ကို မီးျဖင့္ ထိန္းခ်ဳပ္ကာ စက္နိဳးခ်ိန္ဂီယာ ဖရီးျဖစ္ရန္ အလုပ္လုပ္ေပး ပါေသးတယ္…စတတ္မီးၾကိဳးခ်ိဳ႕ယြင္းခ်က္ရိွ၍ ဂီယာဝင္ေနခ်ိန္တြင္နိဳးမိပါက… ကားေဆာင့္ထြက္သြားမွာကိုကာကြယ္ထားျခင္းျဖစ္သည္… ကားကုမၸဏီမ်ား၏ လုပ္ထားပံုသည္ အလြန္ အကြက္ေစ့ကာတိက်တယ္ဗ်…
ေမး။ ဟုတ္က႔ဲ ကားကုမၸဏီေတြလုပ္ထားတာ စိတ္ခ်ရတာေပါ႔ေနာ္… OD off
ခလုတ္ေလး အသံုးျပဳပံုေလး ရွင္းျပေပးပါလား ??
ေျဖ ။ ။ မွန္ပါတယ္ခင္ဗ်ာ…ေအာ္တိုဂီယာစက္နိဳးခ်ိန္ကားေဆာင့္ထြက္တယ္ဆို…
ကုမၸဏီနာမည္မပ်က္ေအာင္ ေသခ်ာစီစဥ္ထားတာပါ… OD Off Button ကို နိွပ္ထားလွ်င္ အျမန္ဆံုး ဂီယာတစ္ခ်က္ကို မထည့္ေပးဘဲ ထိန္းထားတာပါ…
OD နိွပ္ထားျပီး လီဘာနင္းလွ်င္လည္း… ကားအရိွန္သည္ ပံုမွန္ထက္အနည္းငယ္ ေလ်ာ့သြားတယ္… ကားေတာ့သြက္တယ္ ဒါေပမယ့္ ပံုမွန္ အဂ်ၤင္အပတ္ေရထက္ ေနာက္က်ျပီးမွ… ဂီယာခ်ိန္းတယ္.. အရိွန္အျမင့္ဆံုးဂီယာ တစ္ခ်က္မဝင္ပါဘူး…အဲ့အခ်ိန္မွာ ECU , TCU တို႔မွ တစ္ဆင့္… အဂ်ၤင္ TPS , Throttle motor တို႔ကိုထိန္းခ်ဳပ္ကာ… ပံုမွန္ အဂ်ၤင္အပတ္ေရ RPM ထက္ ကားအသြားအရိွန္ေနွးေစရန္ အလုပ္လုပ္ေပးပါသည္… OD ကို ေတာင္တက္ဆင္းလမ္းမ်ားတြင္ အသံုးျပဳရျခင္းမွာ… ပံုမွန္ေမာင္းပါက ဂီယာခဏ ခဏခ်ိန္းကာ ဆီပူလာျပီး… ကလပ္ပလိတ္(Clucth plate)ျပားမ်ားနာကာ ဂီယာပ်က္မွာကို… ကာကြယ္ျခင္းျဖစ္ပါသည္…ေအာ္တိုဂီယာကားမ်ား ဂီယာအပ်က္အမ်ားဆံုးမွာ လည္း ေတာင္ေပၚသံုးကားမ်ားသာျဖစ္ပါသည္… ကၽြန္ေတာ္တို႔ဝပ္ေရွာ့တြင္ ျပင္ရေသာေအာ္တိုဂီယာကားမ်ားမွာ… ေတာင္ေပၚက ကားမ်ားသာျဖစ္တယ္ဗ်… OD Off ကိုသံုးျပီး ေျမျပန္႔ခရီးေဝးေမာင္းပါက ဂီယာတစ္ခ်က္ေလ်ာ့ေနသျဖင့္… ဆီပိုစားကာ အဂ်ၤင္အလြန္နာပါတယ္… OD ကို အသံုးျပဳေသာေနရာအမ်ားစုမွာ ေတာင္တက္ဆင္းလမ္း… ဟိုင္းေဝးလမ္းမေပၚရိွ ျမိဳ႕မ်ားအဝင္တြင္ ကီလို ၆၀ ၈၀ ထက္ပိုမေမာင္းရေသာ ေနရာမ်ား…အေမာင္းသင္စ သူမ်ားတြင္လည္းသံုးပါတယ္…
ေမး။ ေအာ္တိုဂီယာ ဘရိတ္အေၾကာင္းေလးေသခ်ာရွင္းျပေစခ်င္ပါတယ္ ??
ေျဖ ။ ။ ေအာ္တိုဂီယာေတြမွာ ABS ပါေသာကားျဖစ္ေစ မပါေသာကားျဖစ္ေစ… ဘရိတ္နင္းလိုက္သည္နွင့္ အရိွန္အလိုက္တြက္ခ်က္ကာ ဂီယာေဒါင္းျပီး…
ဂီယာနွင့္ ဘရိတ္ကိုတြဲကာ အရိွန္ထိန္းေသာ စနစ္ကိုသံုးပါတယ္…
ေအာ္တိုဂီယာကားတိုင္းတြင္ ဘရိတ္ေျခနင္းမီးခလုတ္(Brake pedal switch) မွတစ္ဆင့္ ဘရိတ္နင္းတိုင္း ECU box သို႔ STP(Stop Light Switch) မီးၾကိဳးမွတစ္ဆင့္မီးဝင္ပါသည္…
ဘရိတ္နင္း၍ STP မီးဝင္တိုင္း… ECU box သည္ အဂ်ၤင္အပတ္ေရ RPM ၁၀၀၀ ေအာက္သို႔… ခ်က္ခ်င္း ဆီ…မီးေလ်ာ့ေပးပါသည္…အရိွန္ကိုလိုက္ကာ ဂီယာေဒါင္းေပးျပီး… Automatic transmission lock up torque converter လုပ္ျပီး ဂီယာ ဘရိတ္ကို တြဲ၍ အရိွန္ကိုေသေစတယ္ဗ်… အခ်ိဳ႕ဂီယာေအာ္တိုကားမ်ားတြင္ ဘရိတ္နင္းေသာ္လည္း အရိွန္မေသျခင္းမွာ… STP မီးလိုင္းစနစ္ ခ်ိဳ႕ယြင္းခ်က္ေၾကာင့္ေပါ႔ဗ်ာ… ဘရိတ္ေျခနင္း မီးခလုတ္ျဖဳတ္ျပီး စမ္းေမာင္းၾကည့္ရင္ပိုသိသာပါတယ္… ဂီယာန႔ဲ ထိန္းလည္း အရိွန္နဲနဲေလးကို STP မီးဝင္သလို ခ်က္ခ်င္းမရပ္သြားဘူး… ဘရိတ္မမိသလို ျဖစ္ေနတယ္…အမွန္ေတာ့ ဘရိတ္မမိတာမဟုတ္ပါဘူး… STP မီးမဝင္လို႔ အဂ်ၤင္ကလည္း အပတ္ေလ်ာ့ျပီး ဆီမျဖတ္ေပး… ေနာက္ automatic transmission lock up torque converter မလုပ္ေပးေတာ့… ဂီယာန႔ဲ မထိန္းပဲ သြားေနလို႔ပါ… ေအာ္တိုဂီယာကို ထုတ္ေသာ ကားကုမၸဏီတိုင္းသည္ ေသခ်ာစမ္းသပ္ စီစဥ္ျပီးမွ ထုတ္တာပါ… ဘရိတ္ကို ဂီယာေမာင္းတံကို ေဒါင္း၍၎… OD ကိုနိွပ္၍ တြဲသံုးရသည္ကို၎ တစ္ခါမွ မၾကားဖူးပါဘူး… ကားကီလို ၁၂၀ ၁၄၀ ၁၅၀ ေက်ာ္ေမာင္းေနခ်ိန္တြင္ ဘရိတ္နင္း၍ လက္ကိုင္ေဂြကို လႊတ္ကာ ေမာင္းတံသို႔…
OD ခလုတ္သို႔ လက္တစ္ဖက္သြားျခင္းဟာ… အလြန္အႏၱရာယ္မ်ား မမ်ားကို စာဖတ္သူမ်ားကိုယ္တိုင္ဆံုးျဖတ္ရန္သာ…
ထားလိုက္ေပါ႔ဗ်ာ…ေအာ္တိုဂီယာသည္ ဘရိတ္နင္းလိုက္သည္နွင့္… အဂ်ၤင္ ဂီယာျဖင့္ ထိန္းျပီးရန္ ကုမၸဏီမွ ျပည့္စံုေအာင္လုပ္ေပးထားပါတယ္… အသက္ဥာဏ္ေစာင့္ဆိုသည့္စကားအတိုင္း မိမိတို႔ကိုယ္တိုင္ဆံုးျဖတ္ရန္သာ… ကားတစ္စီးသည္ ေအာ္တိုဂီယာျဖစ္ေစ…ရိုးရိုး(Manual)ဂီယာျဖစ္ေစ… ယာဥ္အႏၱရာယ္ျဖစ္ျခင္းမွာ ယာဥ္ေမာင္းသူ၍ ကၽြမ္းက်င္မွဳ႕… မိမိထိန္းသိမ္းနိဳင္ေသာ အရိွန္ထက္ပိုေမာင္းျခင္း… အရက္ေသစာေသာက္စာမူးယစ္၍ ေမာင္းျခင္း… လမ္းစည္းကမ္း…ယာဥ္စည္းကမ္းမလိုက္နာဘဲ ေမာင္းျခင္းနွင့္သာဆိုင္တယ္လို႔.. ကၽြန္ေတာ္ထင္ပါတယ္…ဥပမာ ကီလို ၁၀၀ ေမာင္းေနရင္ ေရွ႕ကားန႔ဲ မီတာ ၅၀ ေလာက္ အနည္းဆံုးခြါထားရမယ္…ကီလို ၁၅၀ ေမာင္းေနရင္… ေရွ႕ကားန႔ဲ မီတာ ၈၀ ေက်ာ္ခြါထားရမယ္…ကားေက်ာ္ရင္ လမ္းေတာင္းျပီး… ေရွ႕ကားလမ္းေပးမွ ေက်ာ္တာ အႏၱရာယ္အကင္းဆံုးပါ… ခုေတာ့ ဒီလိုစည္းကမ္းေတြ မလိုက္နာဘဲ ငါကားနင္းတိုင္းရတာဘဲဆိုျပီး… ေရွ႕က လမ္းအေျခအေနအရ လမ္းမေပးတာကို… ကားကို ဖင္ကိုေတ့ထား… ဇြတ္ေက်ာ္ရင္ေတာ့ ယာဥ္အႏၱရာယ္ဆိုတာရိွမွာဘဲဗ်… ဘာဘရိတ္န႔ဲ ဖမ္းဖမ္း အ႔ဲလိုေတြေတာ့ မရပါဘူးဗ်ာ…ေျပာရင္း လမ္းလြဲကုန္ေတာ့မယ္…လိုရင္းျပန္ဆက္ရေအာင္ဗ်ာ…
ေမး။ ဟုတ္က႔ဲ STP မီးပါတ႔ဲ စနစ္က ခ်က္ခ်င္းရပ္ပါသလား
ေျဖ။ STP မီးစနစ္န႔ဲ ABS စနစ္က ခုေခတ္ကားတိုင္းပါတယ္… ကားကုမၸဏီေတြကလည္း ကားေရာင္းတည္းက ကီလို ဘယ္ေလာက္ေမာင္းရင္…
ဘယ္မီတာအတြင္းမွာ ကားရပ္ပါတယ္ဆိုတာေၾကာ္ျငာေပးထားပါတယ္… တစ္ခုေတာ့ ရိွတာေပါ႔ဗ်ာ…
ဘရိတ္ကို မနင္းဘဲ တို႔ရံုေလးထိထားလို႔ကေတာ့… အဂ်ၤင္အပတ္ေရ ၁၀၀၀ ေအာက္ဆီျဖတ္ေပမယ့္ ဂီယာမေဒါင္းေပးပါဘူး…
ကီလို ၁၆၀ ေလာက္ေမာင္းေနခ်ိန္မွာ ၁၅၅ ကီလိုျဖစ္သြားဖို႔က… ဘရိတ္မလိုပါဘူး…လီဘာကိုေျခၾကြလိုက္တာန႔ဲ ကီလို ၁၅၅ ေအာက္ တန္းျပီး…
အရိွန္ေလ်ာ့သြားျပီးသားပါ…ဒီလို ဘရိတ္ကို ထိရံုန႔ဲ ဂီယာမေဒါင္းေပးတာဟာ… ဂီယာခ်ိန္းလိုက္ ေဒါင္းလိုက္န႔ဲ မလိုအပ္ဘဲ ဆီစားမွာစိုးလို႔… Speed meter န႔ဲ TCU က ထိန္းထားေပးတာပါ… ဘရိတ္ကိုအဆံုးအထိနင္းရင္ေတာ့ automatic transmission lock up torque converter ခ်က္ခ်င္းလုပ္ေပးျပီး ဂီယာကို ၁ ထိေဒါင္းေပး… အဂ်ၤင္ ဆီျဖတ္ျပီး…အဂ်ၤင္ ဂီယာ ဘရိတ္စနစ္ကိုတြဲသံုးျပီး… အျမန္ဆံုး အရိွန္ေသေအာင္ လုပ္ေပးပါတယ္… ဥပမာ ကီလို ၁၈၀ ေမာင္းေနရင္ ၁ စကၠန္႔ မီတာ ၄၉ မီတာသြားမယ္… ေရွ႕မွာ အႏၱာရယ္ရိွလို႔ ဂီယာကို manual ေရြ႕ ၃ ခ်က္ေလာက္ေဒါင္းေတာ့… ၃ စကၠန္႕အနည္းဆံုးကုန္သြားျပီ ၁၄၇ မီတာ ေရွ႕ေရာက္သြားျပီ… ဂီယာေဒါင္းျပီး ဘရိတ္နင္း ၄ စကၠန္႔ ရိွေတာ့ ၁၉၆ မီတာ(၆၄၆ေပ) ေရွ႕ေရာက္ သြားျပီ…ဘရိတ္မိမွာန႔ဲဆို ၂၁၅ မီတာ ေက်ာ္ေနျပီဗ်… ဒီအခ်ိန္မွာ အႏၱာရာယ္ျမင္တာန႔ဲ ဘရိတ္ကို နင္းခ်လိုက္ရင္ မီတာ ၇၀ ေလာက္တင္ ကားရပ္ေနျပီ…ခုကားေတြက ABS ပါေတာ့ ေဘးဘယ္ညာ မဆြဲဘူး… ဘရိတ္ ေလ်ာတိုက္ပါမသြားဘူး…အရင္ဘရိတ္ေတြထက္အမ်ားၾကီးေသခ်ာတယ္… ဒါေၾကာင့္ အ႔ဲအခ်ိန္ OD ခလုတ္ေသးေသးေလးရွာနိွပ္တာ… ဂီယာေဒါင္းတာေတြလုပ္ေနရင္ ေအာ္တိုကလပ္ပလိတ္နာ အဂ်ၤင္နာ… ကားလည္း ေနာက္က်ျပီးမွရပ္မွာပါလို႔ေျပာခ်င္ပါတယ္ဗ်ာ…
Credit: ကိုတိုး (Online Car Workshop)
ကိုတိုး (Online Car Workshop) ကိုေက်းဇူးတင္ပါသည္။
 
[Unicode]ဖြင့်ဖတ်ရန် အော်တိုဂီယာ ကား မောင်းနှင် အသုံးပြုသူများ အတွက် ကျိန်းသေ သိထားရပါမယ်
တိတိကျကျ လေး နားလည်ထားသင့်ဖတ်ထားသင့်သည့် ပိုစ့်ဖြစ်သောကြောင့် တင်ပြပေးလိုက်ပါတယ်ခင်ဗျာ။
မေး။ တစ်လောက အွန်လိုင်းပေါ်မှာ အငြင်းပွားနေကြတဲ့…အော်တိုဂီယာအကြောင်းနဲ့ OD(Over drive off) အသုံးပြုပုံအကြောင်း နဲ့ အော်တိုဂီယာဘရိတ်စနစ်အကြောင်းလေး မေးချင်လို့ပါ
ဖြေ။ ဟုတ်ကဲ့ အော်တိုဂီယာနဲ့ပတ်သက်ပြီး အစ်ကိုသိလိုရာကို… မေးမြန်း နိုင်ပါတယ် ကျွန်တော်သိသလောက်အမှန်ဆုံးဖြစ်အောင်နဲ့ယာဉ်မောင်းသူတွေအတွက်လုံခြုံမှု့ကားမပျက်အောင်အတွက်ပါစေတနာထားပြီးဖြေကြားပေးပါမယ်ဗျာ…ဒီနေရာမှာ ဒီအကြောင်းဟာ လူ့အသက်ကို ဦးစားပေးပြီး… ကားအတွက်ကို နောက်မှာထားပါတယ်ဆိုတာ သိစေချင်ပါတယ်…
မေး။ ဟုတ်ကဲ့ပါ ဒါဆို ပထမဆုံး အော်တိုဂီယာကိုဘယ်လိုမောင်းနင်ရမယ်ဆိုတာလေးကို အကြမ်းဖျင်းပြောပြပါလား ?
ဖြေ။ အော်တိုဂီယာကို မောင်းမယ်ဆိုရင် ဘယ်ဘက်ခြေထောက်ကို လုံးဝမေ့ထား သင့်ပါတယ်…
ညာဘက် ခြေထောက်တစ်ဘက်တည်းနဲ့သာ လီဘာ(Accelerator pedal)နဲ့ဘရိတ်( Brake pedal)ကို အသုံးပြုသင့်ပါတယ်…
ဘာဖြစ်လို့လည်းဆိုတော့လီဘာမှာKD(Kick Down Switch)လို့ခေါ်တဲ့… ဂီယာအချိန်းအပြောင်းကို အင်္ဂျင်အပတ်ရေ(RPM) နဲ့ထိန်းချုပ်ထားပြီး… ဘရိတ်မှာတော့ STP (Stop Light Switch) ရှိပါတယ်… KD မီးကြိုးရော STP မီးကြိုးရော ECU(Engine control unit), ECM( Engine Control Module )box ခေါ်တဲ့ အင်္ဂျင်ကွန်ထရိုးဘောက်ထဲကိုဝင်ပါတယ်… KD မီးရဲ့အလုပ်လုပ်ပုံက လီဘာနင်းချိန် အင်္ဂျင်အပတ်ရေပြည့်ရင်… မိုင်နှုန်းပြမီတာ(Speed meter )ရဲ့ထိန်းချုပ်မှု့ အင်းလက်လေထိန်းတံခါးဆင်ဆာ (Throttle position sensor)တို့ရဲ့ထိန်းချုပ်မှု့နဲ့ လိုအပ်သလို ဂီယာအချိန်းအပြောင်း လုပ်ပေးပါတယ်… STP ကတော့ ဘရိတ်နဲနဲနင်းလိုက်လို့ ECU ထဲကိုမီးဝင်သွားရင်… အင်္ဂျင်အပတ်ရေ ၁၀၀၀ အောက်ထိ ဆီဖြတ်ပစ်ပါတယ်…ထပ်နင်းလိုက်ရင် speed meter ရဲ့ တွက်ချက်မှု့အရ… ဂီယာကိုဒေါင်းပေးကာ Automatic transmission lock up torque converter လုပ်ပြီး ကားရဲ့မောင်းနှင်နေတဲ့အော်တိုဂီယာစနစ်ကို အမြန်ဆုံးရပ်ပစ်တာပါ… အရှိန်ကိုလိုက်ပြီး ဂီယာကို လိုအပ်ရင် လိုအပ်သလိုတစ်ချက်ချင်းဒေါင်းပြီး… အမြန်လိုအပ်ရင် နံပါတ် ၁ ဂီယာအထိအမြန်တစ်ခါတည်းဒေါင်းပေးပါတယ်… ခုခေတ်မော်ဒယ်မြင့်ကားတွေမှာတော့ 2 Step Break Switch တွေကိုသုံးပါတယ်…
ဒါကြောင့် ဘယ်ဘက်က ဘရိတ်ပေါ်ခြေထောက်တင်ထားပြီး ညာဘက်က… လီဘာနင်းနေရင် ကားရဲ့ အင်္ဂျင်ထိန်းချုပ်မှု့စနစ် အော်တိုဂီယာထိန်းချုပ်မှု့စနစ်တွေ ရှုပ်ထွေးကုန်ပြီး ဂီယာရော အင်္ဂျင်ပါနာပြီး ပျက်တတ်ပါတယ်… အော်တိုဂီယာကားတိုင်းလိုလို ဘယ်ဘက်ခြေထောက်တင်ဖို့ကို… ဘရိတ်ဘယ်ဘက် အစွန်မှာထားပေးတတ်ပါတယ်… ဒါကြောင့် အော်တိုဂီယာကားကို မောင်းနှင်ရင် ညာဘက်ခြေထောက်တစ်ချောင်းထဲနဲ့သာ မောင်းနှင်ရမယ်လို့ …ကားကုမ္ပဏီတွေက အတိအကျညွှန်ကြားထားပါတယ်ဗျာ…
မေး။ ဒါဆို အော်တိုဂီယာအလုပ်ပုံ ပါဝင်တဲ့ဂီယာတွေကိုပြောပြပေးပါလား ??
ဖြေ ။ အော်တိုဂီယာတွေအလုပ်လုပ်ပုံက… Hydraulically ခေါ်တဲ့ ဆီဖိအားစနစ်ဖြင့်ကားကို ရွေ့လျားစေတာပါ…
အော်တိုဂီယာဆီပန့်(Oil pump) မှာ ဖရုံသီး (converter)အဝင်ဂီယာ၏ input shaft တွင်ထိုင်ထားပါတယ်…
ဆီမရှိရင် ကလပ်ပလိပ်ပြားတွေကို ဆီနဲ့ ဖိအားမပေးနိုင်လို့ ကားမသွားပါဘူး… ဆီနည်းနေရင်လည်း ပုံမှန်လောက်ကားမဆွဲပါ…
ဆီများပြန်ရင်လည်း… အော်တိုဆီအရမ်းပူပြီး ဂီယာကလပ်ပြားလေးတွေပျက်တတ်ပါတယ်… ဂီယာအချိန်းအပြောင်းလုပ်တာကတော့ အပေါ်ကပြောတဲ့အတိုင်း… KD မီးရဲ့ကြိုးက လီဘာနင်းချိန် အင်္ဂျင်အပတ်ရေပြည့်ရင်… မိုင်နှုန်းပြမီတာ(Speed meter )ရဲ့ထိန်းချုပ်မှု့ အင်းလက်လေထိန်းတံခါးဆင်ဆာ (Throttle position sensor)တို့ရဲ့ထိန်းချုပ်မှု့နဲ့ လိုအပ်သလို ဂီယာအချိန်းအပြောင်း လုပ်ပေးဖို့ကို ECU box ကနေ TCU (Transmission control unit)ကို… D1, D2,D3,D4,D5 ဆိုပြီး အမြင့်ဆုံးပါတဲ့ဂီယာအထိမီးကြိုးတွေနဲ့ ထိန်းချုပ်အလုပ်လုပ်ပါတယ်… တစ်ချို့မော်ဒယ်မြင့်ကားတွေမှာ TCU control box နဲ့… အော်တိုဂီယာထိန်းချုပ်မှု့စနစ်ပါပါတယ်… အော်တိုဂီယာတွေမှာ ဆီမကောင်းရင် ဂီယာပျက်တတ်သလို… ATF နဲ့ CVT မှားရင်လည်း ဂီယာပျက်တတ်ပါတယ်… အော်တိုဂီယာနဲ့ CVT (Continuously variable transmission) ကို… ကျွမ်းကျင်သူတွေဆို ဂီယာအပြင်ပိုင်းနဲ့ ဂီယာမောင်းတံ(Shift lever)ကိုကြည့်ပြီး… ခွဲနိုင်သလို… ဆီတိုင်းတံမှာ အော်တိုဆီဆိုရင် ATF လို့ရေးထားပြီး… CVT Gear ဆိုရင် CVT လို့ ခွဲခြားရေးထားပေးပါတယ်ခင်ဗျာ…
မေး။ ဂီယာမောင်းတံအသုံးပြုပုံလေးရောပြောပြပေးပါ ??
ဖြေ ။ ။ အော်တိုဂီယာတွေမှာ OD Button ပါတဲ့ကားတွေရှိသလို လုံးဝမပါတဲ့ကားတွေ လည်းရှိပါတယ်…အောက်က ပုံတွေမှာပါတဲ့ကားတွေက… ဂီယာမောင်းတံ (Shift Lever) မှာ OD လုံးဝမပါတဲ့ကားတွေပါ… Shift Lock Button ပါတဲ့ကားတွေရှိသလို… Shift Lock Button လုံးဝမပါတဲ့ကား… Shift Lock ကို ကားသော့ထည့်ပြီးသုံးရတဲ့ကားတွေလည်းရှိပါတယ်… တန်ဖိုးကြီးကားတစ်ချို့မှာတော့ လုံးဝမထည့်ထားပါ… ကားလုံခြုံရေးအတွက် သော့ဖွင့်ပြီး ဘရိတ်နင်းမှသာ ဂီယာထည့်လို့ရအောင် လုပ်ထားပေးပါတယ်… ဂီယာမောင်းတံရွေ့ရာတွင် Release button ခေါ် ဂီယာမောင်းတံဘေးမှ ခလုတ်ကို နှိပ်မှရွေ့ပြောင်းဂီယာထည့်ရသော ကားများရှိသလို… Release button ခလုတ်မပါဘဲရွေ့၍ရသော ဂီယာမောင်းတံများလည်း… ရှိပါသည် ။ Mercedes Benz သည် Release button မပါပါ…
Shift Lock ဆိုတာ အော်တိုဂီယာကားတွေမှာ ဂီယာမောင်းတံကို P Position ကနေ စက်နိုးပြီးဘရိတ်မနင်းပဲ ကျန်တဲ့ ဂီယာတွေကို ထည့်မရအောင် အထိန်းသဘောမျိုး ထည့်ထားပေးခြင်းဖြစ်ပါ… ဘရိတ်နင်းလိုက်ချိန်တွင် ဘရိတ်(Brake pedal)နင်းတံအတွင်းဘက်တွင်တပ် ဆင်ထားသော ဘရိတ်မီးခလုတ်(Brake pedal switch) မှ တစ်ဆင့်… ရီလေး(Relay)သို့ မီးပေးကာ…Shift lock solenoid ခလုတ်ကို ဖွင့်ပေးပါတယ်… ထို့ကြောင့် ဘရိတ်နင်းမှ ဂီယာမောင်းတံ ပြောင်းလို့ရတာပါ… ဘရိတ်နင်းသော်လည်း ဂီယာတံနေရာပြောင်းမရခြင်းသည်… ဘရိတ်မီးအဝင် Fuse ပြတ်ခြင်း… Brake pedal switch မကောင်းခြင်း… Shift lock solenoid အလုပ်မလုပ်ခြင်းတို့ကြောင့်ဖြစ်ပါ… Shift lock solenoid အလုပ်မလုပ်ခြင်းကြောင့် လဲပေးရသောကားများရှိပါတယ်..
မေး။ ဒါဆို ဘက္ကထရီအားကုန်လို့ ဂီယာမောင်းတံရွေ့မရင် ဘယ်လိုလုပ်ရမလဲ??
ဖြေ ။ ။ဂီယာတံအဖုံးကိုဖွင့်ပြီး Shift lock solenoid ကို နှိပ်လိုက်ရင်ရွေ့လို့ရပါတယ်ခင်ဗျာ…
မေး။အော်တိုဂီယာ ဂီယာအသုံးပြုပုံလေးတွေ ပြောပါပေးပါလားဗျာ ??
ဖြေ ။ ။Park ( P ) ကားရပ်ထားစဉ် ကားမရွေ့စေရန်အသုံးပြုတာပါ… P Position တွင်ဂီယာမောင်းတံထားပါက ကားရွေ့မရခြင်းသည်… အော်တိုဂီယာဘောက်အတွင်းရှိ ဂီယာမိန်းရှပ်တွင်(Output shaft) Lock လုပ်ထားသော ပင်နယံ(Pinion)နှင့် Lock switch တို့ကြောင့်ဖြစ်ပါတယ်.. Lock switch သည် ဂီယာမောင်းတံအား P မှရွေ့လိုက်သည်နှင့် Lock အထိန်း ဖြုတ်ပေးကာ P သို့ ပြန်ရောက်သည်နှင့် စပရိန်အားကြောင့် အလိုအလျောက် Lock Switch အလုပ်လုပ်ကာ ရပ်ထားစဉ်ကားနေရာမရွေ့အောင်ထိန်းပေးတယ်… သို့သော်အတက်အဆင်းများတွင်ကားရပ်ထားစဉ်… လက်ဆွဲဘရိတ်(Parking Brake)(Hand Brake) ပါသုံးသင့်ပါသည်… အချို့ကားများတွင် Parking Brake သည် ခြေနင်းအသေးလေးနှင့်… ဘယ်ဘက်တွင်ပါတတ်ပါသည်… ဂီယာမောင်းတံအား P တွင်ထားမှ သော့ဖြုတ်၍ရသောကားများရှိသလို… N (Neutral / No gear) တွင်ထား၍ သော့ဖြုတ်၍ရသောကားများလည်း ရှိပါတယ်ဗျာ…
Reverse (R) နိုင်ငံတစ်ကာတွင်ရော မြန်မာပြည်မှာပါ ဘက်(Back)ဂီယာဟုခေါ်ပါတယ်… ကားနောက်ဆုတ်ရန်အတွက်သာသုံးတာပါ…
N (Neutral / No gear) နိုင်ငံအလိုက် ဖရီးဂီယာ…No Gear ဟုသုံးပါတယ်… ဘယ်ဂီယာမှ မဝင်သောကြောင့် ပါ…
Drive (D) ရှေ့သို့မောင်းနှင်ရာတွင်သုံးတာပါ… နံပါတ် ၁ ဂီယာမှ စတင်ကာ အရှိန်အများဆုံးဂီယာအထိ အလိုအလျောက် ကားအရှိန်ကိုလိုက်ကာKD,ECU, TPS (Throttle position sensor) , Speed meter sensor,TCU(Transmission control unit box) တို့မှ Solenoid များကို အလုပ်လုပ်စေကာ… ဂီယာချိန်း(Change)ပေး…ဒေါင်း(Down)ပေးပါတယ်… ဂီယာတစ်ခု မဝင်ပဲ လက်ရှိမောင်းနေသောဂီယာမချိန်း မဒေါင်းပေးပါ… ဂီယာထည့်ကာမောင်းနှင်နေစဉ် ဖရီး (N) ဖြစ်သွားသည်မရှိပါ…
Third (3) ဂီယာနံပါတ် ၁ မှ ၃ အထိ ကားအရှိန်လိုက်ကာ… ဂီယာ အတင် အချ ပြုလုပ်ကာ ချိန်းပေး ဒေါင်းပေးပါတယ်… သိပ်မမြင့်သောတောင်တက် တောင်ဆင်းများနှင့်… Off Road များနှင့် Sport များတွင်လည်းသုံးကြပါတယ်… Sport မောင်းသောအခါ (3) ဂီယာနှင့် လီဘာ(Accelerator pedal) ကိုနင်း၍ မိမိလိုချင်သောအရှိန်ရောက်မှ (D) သို့ ပြောင်းထည့်ပါသည်… ECT Power Switch ပါသောကားများတွင် Sport မောင်းရာတွင်… power တွင်ထား၍ မောင်းကြပါတယ်…
Second (2) ဂီယာနံပါတ် ၁ မှ ၂ အထိ ကားအရှိန်လိုက်ကာ ဂီယာပြောင်းပေးပါတယ်… မြင့်မားသောတောင်များတွင် အတက်အဆင်းဂီယာအဖြစ်သုံးတယ်…ဆီးနှင်းကျသောနိုင်ငံများတွင် နှင်းထဲမောင်းနှင်ရန်သုံးပါတယ်…
First (L)(B) Low ဂီယာအဖြစ် ရွံ့ထဲရုန်းသောအခါများ အလွန်မြင့်မားသောတောင်များကို ဝန်အလေးနှင့်အတက်အဆင်းလုပ်သောအခါ သုံးပါတယ်… နံပါတ် ၁ ဂီယာတစ်ချက်တည်းဖြစ်ပြီး ဂီယာမချိန်းတော့ပါဘူး…
အချို့သောအော်တိုဂီယာများတွင် Manual စနစ်ဖြင့်မောင်းနှင်နိုင်ရန်… ဂီယာမောင်းတံ ဘေးဘယ်ညာတွင် အပေါင်း အနုတ်နှင့်အကွက်လေးများ ပါရှိပါသည်…Manual တွင်ထားမောင်းပါက… ဂီယာ ၁ ၂ ၃ ၄ ၅ သို့ပြောင်းရာတွင် အပေါင်းဘက်သို့… တစ်ချက်ချင်းတွန်းကာ ဂီယာချိန်းပေးရတယ်… အလိုအလျောက် မချိန်းပါဘူး… သတ်မှတ်အရှိန်မရှိသေးပါက ၂ ၃ ၄ ၅ မဝင်ပါ… သူ့သတ်မှတ်အရှိန်ရောက်မှသာ ဂီယာဝင်တာပါ… အနုတ်ဘက်သို့ တစ်ချက်တွန်းလျှင် ဂီယာ ၅ ၄ ၃ ၂ ၁ သို့… တစ်ချက်ချင်းဒေါင်းပေးပါတယ်… ဘရိတ်နင်းလျှင်လည်း သတ်မှတ်အရှိန်အတိုင်း… အလိုအလျောက် ဒေါင်းပေးပါသည်… Manual ဖြင့်မောင်းနိုင်လျှင် ဆီစားအနည်းငယ် သက်သာတယ်… ပုံတွင် အော်တိုဂီယာတွင် Manual စနစ်ပါသော ဂီယာမောင်းတံကို ကြည့်နိုင်ပါတယ်…
မေး။ECT Power ခလုတ်အလုပ်ပုံလေးကိုရှင်းပြပါလား ??
ဖြေ ။ ။Electroniccally control Transmission ပါ… ECT Power Switch ရဲ့ အလုပ်လုပ်ပုံက… Switch Power On လုပ်ထားရင် Auto Transmission ကို Full Hydraulically ဖြစ်အောင် ဂီယာဘောက်မှာရှိတဲ့ Speed Sensor , Throttle Position Sensor,ECU,ECTတို့ရဲ့ ထိန်းချုပ်မှု့နဲ့ Throttle Idle Plate Valve ကို ပုံမှန်ထက် ၁၀% ကျော်ဖွင့်ပေးကာ… Engine Power နဲ့ Auto Transmission Power ကိုအပြည့်အဝ ဖြစ်အောင် အသုံးချတာပါ…ဂီယာ 1,2 မှာအလုပ်မလုပ်သေးပဲ 3 ,4 နဲ့ 5(ပါသောကား) ဂီယာတွေမှသာအလုပ်လုပ်တာပါ… အင်္ဂျင်စွမ်းရည် အမြင့်ဆုံးနဲ့ ဂီယာ စွမ်းရည် အမြန်ဆုံးရအောင် သုံးတာပါ…Sport တွေနဲ့ တောင်တက်မှာ သုံးတာပါဗျာ… ဆီအနည်းငယ်ပိုစားပါတယ်…
မေး။အော်တိုဆီကို ကီလိုဘယ်လောက်သုံးနိုင်ပါလဲ ??
အော်တိုဂီယာ ကား မောင်းနှင် အသုံးပြုသူများ အတွက် ကျိန်းသေ သိထားရပါမယ်
ဖြေ ။ ။အော်တိုဂီယာ(ATF)ဆီကို ဆီအမျိုးအစားပေါ်လိုက်ကာ… ၃၅၀၀ ကီလိုမှ ၄၀၀၀၀ အတွင်းလဲလှယ်ပေးလျှင်အကောင်းဆုံးဖြစ်ပါ… အော်တိုဆီကို Dexron 3H နှင့်အထက်ထည့်လျှင်သာအကောင်းဆုံးဖြစ်ကာ… Genuine ထည့်လျှင်တော့ အကောင်းဆုံးပေါ့ဗျာ… ကျွန်တော်တို့ဆီတွင် အော်တိုဆီအဟောင်းသည် အလွန် ညစ်ပတ်နေပါက… အော်တိုဆီစစ်ပါလဲပေးပါသည်…အသစ်မရလျှင် ဖြုတ်ဆေးပေးပါတယ်… အော်တိုဆီလဲရင် ဆီကျလာတဲ့ဆီကုန်သွားရင် ၂ မိနစ်လောက်… စက်နိုးပြီး ၃ ခါလောက်လုပ်ရတယ်…ဒါမှ ဖရုံသီး (Converter) ထဲက ဆီတွေရော ဂီယာထဲမှာ ရှိတဲ့ ညစ်ပတ်တဲ့ ဆီတွေရော… ၁ လစ်ကျော် ထွက်လာတတ်ပါတယ်… ဆီမရှိပဲစက်နိုးလို့ ဂီယာပျက်မှာကို မပူပါနဲ့ ဆီမရှိရင် ကလပ်ပလိတ်ပြားတွေ… အားလုံး ဖရီးဖြစ်နေတာပါ…ဒါပေမယ့် ၂ မိနစ် ၃ ခါထက်တော့ ပိုမနိုးပါနဲ့… ဒီလိုဆီလဲတာကို ကျွန်တော်တို့ဆီမှာ ဥရောပကားကုမ္ပဏီဝပ်ရှော့တွေကသင်ပေးတာပါ…
မေး။ CVT ဂီယာအလုပ်လုပ်ပုံလေးပြောပြပေးပါလား ??
ဖြေ ။ ။CVT(Continuously variable transmission) အော်တိုဂီယာတွင်… ကားအရှိန်အနှေးအမြန်ကို Metal Belt ခေါ် ပူလီကြိုးဖြင့်… Driven Pulley ၂ ခုကို အတင်းအလျော့လုပ်ပေးကာ မောင်းနှင်ပါသည်… Ds ဂီယာဖြင့်မောင်းလျှင် ပူလီကြိုးလျော့ပေးကာ… S တွင်ကားအမျိုးအစားအလိုက် ၁ ၂ မှ ၃ ဂီယာအလုပ်လုပ်ပါတယ်… B လို့ခေါ်တဲ့… ဂီယာကတော့ နံပါတ် ၁ ဂီယာတစ်ချက်တည်းပါ…Over drive မောင်းချိန်တွင် ပူလီကြိုးအတင်းဆုံးသို့ Sensor, Solenoid များ ဖြင့် အလုပ်လုပ်စေပါသည်…ထို့ကြောင့် CVT ဂီယာသည် ရိုးရိုးအော်တိုဂီယာ ထက် အထအလွန်မြန်ပြီး သွက်တယ်ဗျ… CVT ဂီယာတွင် CVT Oil သာ အသုံးရမှာပါ…
မေး။ ဘာဖြစ်လို့ ဂီယာ N နဲ့ P မှာသာစက်နိုးလို့ရပါသလဲဗျာ ??
ဖြေ။ ။ ဟုတ်ကဲ့…အော်တိုတွေမှာ P နှင့် N position တွင်သာစက်နိုး၍ရပါတယ်…
ဒီလိုဖြစ်တာကတော့… စတတ်ရီလေး(Start relay) မီးအဝင်ကြိုးသည် သော့အုံမှ…
ဂီယာဘောက်ရှိ ဂီယာမီးပြသောစနစ် (Gear position control light) သို့ဝင်ရောက်သွားကာ… P နှင့် N position တွင်သာ စတတ်ရီလေးသို့မီးပေး အောင်တမင်လုပ်ထားတာပါ… ကျန်တဲ့ ဂီယာတွေမှာ စက်နိုးရင်ဂီယာဝင်နေချိန် ကားထွက်သွားပြီးတိုက်မှာစိုးလို့ပါ…EFI ကားတွေက စက်စနိုးတဲ့အချိန်… Idle Air Control Motor နေပြီး အင်္ဂျင်အပတ်ရေကို ၁၅၀၀ အထိတင်ပေးကာ… အင်္ဂျင်ရေအပူချိန်ဆင်ဆာရဲ့ အပူချိန်ကိုဖတ်ပြီး…ရေမပူသေးရင်… ဖြေးဖြေးချင်း စလိုး(slow) ချပေးပြီး…လိုအပ်တဲ့အပူချိန်ရှိရင်တော့… ၄/၅ စက္ကန့်အတွင်း စလိုးအပတ်ရေ ချပေးပါတယ်… အဲ့တော့ ဂီယာဝင်နေရင် အပတ်ရေ ၁၅၀၀ နဲ့ဆို ကားဘရိတ်မနင်းဘဲ… စက်နိုးရင် နီးစပ်ရာတိုက်မိမှာစိုးလို့ ဒီလို လုပ်ထားတာပါဗျာ… ဒါပေမယ့် ကားစက်နိုးတာနဲ့ NSW မီးကြိုးဟာ… ECU box သို့ဝင်ကာ TCU မှတစ်ဆင့် ဂီယာဘောက်အတွင်းရှိ… Solenoid ကို မီးဖြင့် ထိန်းချုပ်ကာ စက်နိုးချိန်ဂီယာ ဖရီးဖြစ်ရန် အလုပ်လုပ်ပေး ပါသေးတယ်…စတတ်မီးကြိုးချို့ယွင်းချက်ရှိ၍ ဂီယာဝင်နေချိန်တွင်နိုးမိပါက… ကားဆောင့်ထွက်သွားမှာကိုကာကွယ်ထားခြင်းဖြစ်သည်… ကားကုမ္ပဏီများ၏ လုပ်ထားပုံသည် အလွန် အကွက်စေ့ကာတိကျတယ်ဗျ…
မေး။ ဟုတ်ကဲ့ ကားကုမ္ပဏီတွေလုပ်ထားတာ စိတ်ချရတာပေါ့နော်… OD off
ခလုတ်လေး အသုံးပြုပုံလေး ရှင်းပြပေးပါလား ??
ဖြေ ။ ။ မှန်ပါတယ်ခင်ဗျာ…အော်တိုဂီယာစက်နိုးချိန်ကားဆောင့်ထွက်တယ်ဆို…
ကုမ္ပဏီနာမည်မပျက်အောင် သေချာစီစဉ်ထားတာပါ… OD Off Button ကို နှိပ်ထားလျှင် အမြန်ဆုံး ဂီယာတစ်ချက်ကို မထည့်ပေးဘဲ ထိန်းထားတာပါ…
OD နှိပ်ထားပြီး လီဘာနင်းလျှင်လည်း… ကားအရှိန်သည် ပုံမှန်ထက်အနည်းငယ် လျော့သွားတယ်… ကားတော့သွက်တယ် ဒါပေမယ့် ပုံမှန် အင်္ဂျင်အပတ်ရေထက် နောက်ကျပြီးမှ… ဂီယာချိန်းတယ်.. အရှိန်အမြင့်ဆုံးဂီယာ တစ်ချက်မဝင်ပါဘူး…အဲ့အချိန်မှာ ECU , TCU တို့မှ တစ်ဆင့်… အင်္ဂျင် TPS , Throttle motor တို့ကိုထိန်းချုပ်ကာ… ပုံမှန် အင်္ဂျင်အပတ်ရေ RPM ထက် ကားအသွားအရှိန်နှေးစေရန် အလုပ်လုပ်ပေးပါသည်… OD ကို တောင်တက်ဆင်းလမ်းများတွင် အသုံးပြုရခြင်းမှာ… ပုံမှန်မောင်းပါက ဂီယာခဏ ခဏချိန်းကာ ဆီပူလာပြီး… ကလပ်ပလိတ်(Clucth plate)ပြားများနာကာ ဂီယာပျက်မှာကို… ကာကွယ်ခြင်းဖြစ်ပါသည်…အော်တိုဂီယာကားများ ဂီယာအပျက်အများဆုံးမှာ လည်း တောင်ပေါ်သုံးကားများသာဖြစ်ပါသည်… ကျွန်တော်တို့ဝပ်ရှော့တွင် ပြင်ရသောအော်တိုဂီယာကားများမှာ… တောင်ပေါ်က ကားများသာဖြစ်တယ်ဗျ… OD Off ကိုသုံးပြီး မြေပြန့်ခရီးဝေးမောင်းပါက ဂီယာတစ်ချက်လျော့နေသဖြင့်… ဆီပိုစားကာ အင်္ဂျင်အလွန်နာပါတယ်… OD ကို အသုံးပြုသောနေရာအများစုမှာ တောင်တက်ဆင်းလမ်း… ဟိုင်းဝေးလမ်းမပေါ်ရှိ မြို့များအဝင်တွင် ကီလို ၆၀ ၈၀ ထက်ပိုမမောင်းရသော နေရာများ…အမောင်းသင်စ သူများတွင်လည်းသုံးပါတယ်…
မေး။ အော်တိုဂီယာ ဘရိတ်အကြောင်းလေးသေချာရှင်းပြစေချင်ပါတယ် ??
ဖြေ ။ ။ အော်တိုဂီယာတွေမှာ ABS ပါသောကားဖြစ်စေ မပါသောကားဖြစ်စေ… ဘရိတ်နင်းလိုက်သည်နှင့် အရှိန်အလိုက်တွက်ချက်ကာ ဂီယာဒေါင်းပြီး…
ဂီယာနှင့် ဘရိတ်ကိုတွဲကာ အရှိန်ထိန်းသော စနစ်ကိုသုံးပါတယ်…
အော်တိုဂီယာကားတိုင်းတွင် ဘရိတ်ခြေနင်းမီးခလုတ်(Brake pedal switch) မှတစ်ဆင့် ဘရိတ်နင်းတိုင်း ECU box သို့ STP(Stop Light Switch) မီးကြိုးမှတစ်ဆင့်မီးဝင်ပါသည်…
ဘရိတ်နင်း၍ STP မီးဝင်တိုင်း… ECU box သည် အင်္ဂျင်အပတ်ရေ RPM ၁၀၀၀ အောက်သို့… ချက်ချင်း ဆီ…မီးလျော့ပေးပါသည်…အရှိန်ကိုလိုက်ကာ ဂီယာဒေါင်းပေးပြီး… Automatic transmission lock up torque converter လုပ်ပြီး ဂီယာ ဘရိတ်ကို တွဲ၍ အရှိန်ကိုသေစေတယ်ဗျ… အချို့ဂီယာအော်တိုကားများတွင် ဘရိတ်နင်းသော်လည်း အရှိန်မသေခြင်းမှာ… STP မီးလိုင်းစနစ် ချို့ယွင်းချက်ကြောင့်ပေါ့ဗျာ… ဘရိတ်ခြေနင်း မီးခလုတ်ဖြုတ်ပြီး စမ်းမောင်းကြည့်ရင်ပိုသိသာပါတယ်… ဂီယာနဲ့ ထိန်းလည်း အရှိန်နဲနဲလေးကို STP မီးဝင်သလို ချက်ချင်းမရပ်သွားဘူး… ဘရိတ်မမိသလို ဖြစ်နေတယ်…အမှန်တော့ ဘရိတ်မမိတာမဟုတ်ပါဘူး… STP မီးမဝင်လို့ အင်္ဂျင်ကလည်း အပတ်လျော့ပြီး ဆီမဖြတ်ပေး… နောက် automatic transmission lock up torque converter မလုပ်ပေးတော့… ဂီယာနဲ့ မထိန်းပဲ သွားနေလို့ပါ… အော်တိုဂီယာကို ထုတ်သော ကားကုမ္ပဏီတိုင်းသည် သေချာစမ်းသပ် စီစဉ်ပြီးမှ ထုတ်တာပါ… ဘရိတ်ကို ဂီယာမောင်းတံကို ဒေါင်း၍၎င်း… OD ကိုနှိပ်၍ တွဲသုံးရသည်ကို၎င်း တစ်ခါမှ မကြားဖူးပါဘူး… ကားကီလို ၁၂၀ ၁၄၀ ၁၅၀ ကျော်မောင်းနေချိန်တွင် ဘရိတ်နင်း၍ လက်ကိုင်ဂွေကို လွှတ်ကာ မောင်းတံသို့…
OD ခလုတ်သို့ လက်တစ်ဖက်သွားခြင်းဟာ… အလွန်အန္တရာယ်များ မများကို စာဖတ်သူများကိုယ်တိုင်ဆုံးဖြတ်ရန်သာ…
ထားလိုက်ပေါ့ဗျာ…အော်တိုဂီယာသည် ဘရိတ်နင်းလိုက်သည်နှင့်… အင်္ဂျင် ဂီယာဖြင့် ထိန်းပြီးရန် ကုမ္ပဏီမှ ပြည့်စုံအောင်လုပ်ပေးထားပါတယ်… အသက်ဉာဏ်စောင့်ဆိုသည့်စကားအတိုင်း မိမိတို့ကိုယ်တိုင်ဆုံးဖြတ်ရန်သာ… ကားတစ်စီးသည် အော်တိုဂီယာဖြစ်စေ…ရိုးရိုး(Manual)ဂီယာဖြစ်စေ… ယာဉ်အန္တရာယ်ဖြစ်ခြင်းမှာ ယာဉ်မောင်းသူ၍ ကျွမ်းကျင်မှု့… မိမိထိန်းသိမ်းနိုင်သော အရှိန်ထက်ပိုမောင်းခြင်း… အရက်သေစာသောက်စာမူးယစ်၍ မောင်းခြင်း… လမ်းစည်းကမ်း…ယာဉ်စည်းကမ်းမလိုက်နာဘဲ မောင်းခြင်းနှင့်သာဆိုင်တယ်လို့.. ကျွန်တော်ထင်ပါတယ်…ဥပမာ ကီလို ၁၀၀ မောင်းနေရင် ရှေ့ကားနဲ့ မီတာ ၅၀ လောက် အနည်းဆုံးခွါထားရမယ်…ကီလို ၁၅၀ မောင်းနေရင်… ရှေ့ကားနဲ့ မီတာ ၈၀ ကျော်ခွါထားရမယ်…ကားကျော်ရင် လမ်းတောင်းပြီး… ရှေ့ကားလမ်းပေးမှ ကျော်တာ အန္တရာယ်အကင်းဆုံးပါ… ခုတော့ ဒီလိုစည်းကမ်းတွေ မလိုက်နာဘဲ ငါကားနင်းတိုင်းရတာဘဲဆိုပြီး… ရှေ့က လမ်းအခြေအနေအရ လမ်းမပေးတာကို… ကားကို ဖင်ကိုတေ့ထား… ဇွတ်ကျော်ရင်တော့ ယာဉ်အန္တရာယ်ဆိုတာရှိမှာဘဲဗျ… ဘာဘရိတ်နဲ့ ဖမ်းဖမ်း အဲ့လိုတွေတော့ မရပါဘူးဗျာ…ပြောရင်း လမ်းလွဲကုန်တော့မယ်…လိုရင်းပြန်ဆက်ရအောင်ဗျာ…
မေး။ ဟုတ်ကဲ့ STP မီးပါတဲ့ စနစ်က ချက်ချင်းရပ်ပါသလား
ဖြေ။ STP မီးစနစ်နဲ့ ABS စနစ်က ခုခေတ်ကားတိုင်းပါတယ်… ကားကုမ္ပဏီတွေကလည်း ကားရောင်းတည်းက ကီလို ဘယ်လောက်မောင်းရင်…
ဘယ်မီတာအတွင်းမှာ ကားရပ်ပါတယ်ဆိုတာကြော်ငြာပေးထားပါတယ်… တစ်ခုတော့ ရှိတာပေါ့ဗျာ…
ဘရိတ်ကို မနင်းဘဲ တို့ရုံလေးထိထားလို့ကတော့… အင်္ဂျင်အပတ်ရေ ၁၀၀၀ အောက်ဆီဖြတ်ပေမယ့် ဂီယာမဒေါင်းပေးပါဘူး…
ကီလို ၁၆၀ လောက်မောင်းနေချိန်မှာ ၁၅၅ ကီလိုဖြစ်သွားဖို့က… ဘရိတ်မလိုပါဘူး…လီဘာကိုခြေကြွလိုက်တာနဲ့ ကီလို ၁၅၅ အောက် တန်းပြီး…
အရှိန်လျော့သွားပြီးသားပါ…ဒီလို ဘရိတ်ကို ထိရုံနဲ့ ဂီယာမဒေါင်းပေးတာဟာ… ဂီယာချိန်းလိုက် ဒေါင်းလိုက်နဲ့ မလိုအပ်ဘဲ ဆီစားမှာစိုးလို့… Speed meter နဲ့ TCU က ထိန်းထားပေးတာပါ… ဘရိတ်ကိုအဆုံးအထိနင်းရင်တော့ automatic transmission lock up torque converter ချက်ချင်းလုပ်ပေးပြီး ဂီယာကို ၁ ထိဒေါင်းပေး… အင်္ဂျင် ဆီဖြတ်ပြီး…အင်္ဂျင် ဂီယာ ဘရိတ်စနစ်ကိုတွဲသုံးပြီး… အမြန်ဆုံး အရှိန်သေအောင် လုပ်ပေးပါတယ်… ဥပမာ ကီလို ၁၈၀ မောင်းနေရင် ၁ စက္ကန့် မီတာ ၄၉ မီတာသွားမယ်… ရှေ့မှာ အန္တာရယ်ရှိလို့ ဂီယာကို manual ရွေ့ ၃ ချက်လောက်ဒေါင်းတော့… ၃ စက္ကန့်အနည်းဆုံးကုန်သွားပြီ ၁၄၇ မီတာ ရှေ့ရောက်သွားပြီ… ဂီယာဒေါင်းပြီး ဘရိတ်နင်း ၄ စက္ကန့် ရှိတော့ ၁၉၆ မီတာ(၆၄၆ပေ) ရှေ့ရောက် သွားပြီ…ဘရိတ်မိမှာနဲ့ဆို ၂၁၅ မီတာ ကျော်နေပြီဗျ… ဒီအချိန်မှာ အန္တာရာယ်မြင်တာနဲ့ ဘရိတ်ကို နင်းချလိုက်ရင် မီတာ ၇၀ လောက်တင် ကားရပ်နေပြီ…ခုကားတွေက ABS ပါတော့ ဘေးဘယ်ညာ မဆွဲဘူး… ဘရိတ် လျောတိုက်ပါမသွားဘူး…အရင်ဘရိတ်တွေထက်အများကြီးသေချာတယ်… ဒါကြောင့် အဲ့အချိန် OD ခလုတ်သေးသေးလေးရှာနှိပ်တာ… ဂီယာဒေါင်းတာတွေလုပ်နေရင် အော်တိုကလပ်ပလိတ်နာ အင်္ဂျင်နာ… ကားလည်း နောက်ကျပြီးမှရပ်မှာပါလို့ပြောချင်ပါတယ်ဗျာ…
Credit: ကိုတိုး (Online Car Workshop)
ကိုတိုး (Online Car Workshop) ကိုကျေးဇူးတင်ပါသည်။






အားလံုးကိုခင္မင္လွ်က္
ညီလတ္ထြန္း(နည္းပညာ)
www.nyilattun.com

ေအာ္တိုဂီယာ ကား ေမာင္းႏွင္ အသံုးျပဳသူမ်ား အတြက္ က်ိန္းေသ သိထားရပါမယ္ Reviewed by ညီလတ္ထြန္း(နည္းပညာ) on 6:15 PM Rating: 5 [ZawGyi] ၿဖင္႔ဖတ္ရန္ တိတိက်က် ေလး နားလည္ထားသင့္ဖတ္ထားသင့္သည့္ ပိုစ့္ျဖစ္ေသာေျကာင့္ တင္ျပေပးလိုက္ပါတယ္ခင္ဗ်ာ။ ေမး။ တစ္ေလာက အြန္လိုင္းေပ...

No comments: