ဖုန်း ၊ ကွန်ပြူတာ ပစ္စည်းများ သန့်ရှင်းရာမှာ အသုံးဝင်စေမယ့်နည်းလမ်းလေးများ - ညီလတ်ထွန်း(နည်းပညာ)
728x90 AdSpace
Trending
Zawgyi ဖြင့်ဖတ်ရန်
၎- နားကြပ်ပေါက်တွေကိုသန့်ရှင်းရေးလုပ်ဖို့အတွက်ကိုတော့ Interdental Brush လို့ခေါ်တဲ့ပါးစပ်အတွင်းပိုင်ချောင်ထဲအထိတိုက်နိုင်တဲ့သွားပွတ်တံကိုအသုံးပြုနိုင်ပါတယ်။
Unicode ဖြင့်ဖတ်ရန်
ဖုန်း ၊ ကွန်ပြူတာ ပစ္စည်းများ သန့်ရှင်းရာမှာ အသုံးဝင်စေမယ့်နည်းလမ်းလေးများ
ကွန်ပြူတာတွေ ၊ ဖုန်းတွေ သန့်ရှင်းရေးလုပ်ရတဲ့အခါမှာ အချိန်အရမ်းကုန်လွန်းပြီး မပြီးစီးနိုင်ဖြစ်တတ်ပါတယ်။
အခုကျွန်တော်တို့ပြောပြမယ့်နည်းလမ်းလေးတွေကိုအသုံးပြုမယ်ဆိုရင်လွယ်ကူမြန်ဆန်စွာအချိန်တိုအတွင်း သန့်ရှင်းသွားပါလိမ့်မယ်။
၁- ကွန်ပြူတာ စပီကာမှ ဖုံတွေကိုရှင်းလင်းဖို့အတွက်တော့ အဝတ်တိုက်တဲ့ဘရပ်လေးတွေကိုသုံးပါ ။ စပီကာကဖုံတွေဟာ ဘရပ်မှာ ကပ်ပြီးပါလာပါလိမ့်မယ် ။
၂- နားကြပ်တွေကို သန့်ရှင်းဖို့အတွက်ကတော့ သာမန် သားပွတ်တံလေးနဲ့သန့်ရှင်းနိုင်ပါတယ်။သွားပွတ်တံကို ခုံပေါ်မှာ ပက်လက်လှန်ထားပြီး နားကြပ်ခေါင်းနဲ့ပွတ်တိုက်မယ်ဆိုရင် ညစ်ပေနေတဲ့နားကြပ်ခေါင်းလေးသန့်ရှင်းသွားပါလိမ့်မယ်။
၃- ဝါယာကြိုးတွေ ၊ နားကြပ်ကြိုးတွေ အစရှိတဲ့ကြိုးတွေညစ်ပတ်နေတာမျိုးကိုသန့်ရှင်းချင်တဲ့အခါ ခဲဖျက်တစ်ခုနဲ့သာပွတ်တိုက်ပေးလိုက်ပါ။
၄- နားကြပ်ပေါက်တွေကိုသန့်ရှင်းရေးလုပ်ဖို့အတွက်ကိုတော့ Interdental Brush လို့ခေါ်တဲ့ပါးစပ်အတွင်းပိုင်ချောင်ထဲအထိတိုက်နိုင်တဲ့သွားပွတ်တံကိုအသုံးပြုနိုင်ပါတယ်။
၅- ကီးဘုတ်တွေကိုသန့်ရှင်းရေးလုပ်ဖို့အတွက်လည်း အထူးပစ္စည်းတွေမလိုပါဘူး ။ တိပ်တစ်ခုနဲ့ကပ်ပြီးပြန်ခွာလိုက်ရင် ကပ်လိုက်တဲ့နေရာမှာ ဖုံတွေပြောင်သွားပါလိမ့်မယ်။
၆- ကွန်ပြူတာ စခရင်ကို သန့်ရှင်းရေးလုပ်ဖို့အတွက် တစ်ရှူးစတွေမသုံးပါနဲ့ ။ မျက်မှန်အိတ်ထဲမှာပါတဲ့ အဝတ်စနုနုမျိုးကိုအသုံးပြုပြီး စခရင်ကို ပွတ်တိုက်ပေးပါ။
၇- ထို့အပြင် ကော်ဖီစစ်လေးတွေကလည်း စခရင်ပေါ်ကဖုန်တွေကို ရှင်းလင်းပေးနိုင်ပါသေးတယ်။
၈- USB အပေါက်တွေကိုသန့်ရှင်းရေးလုပ်ဖို့အတွက်တော့ usb အရွယ် ကတ္တူစတစ်ခုပေါ်မှာ အစိမ်းဖတ်သေးသေးလေးတွေကပ်ပြီး အပေါက်ထဲထိုးသွင်းကာ သန့်ရှင်းနိုင်ပါတယ်။
၉- ဖုန်း Screen Guard တွေပွန်းနေတာမျိုးရှိတဲ့အခါမျိုးမှာ ပွန်းနေတဲ့နေရာကို သာမန်စက္ကူစလေးတစ်ခုနဲ့ စက်ဝိုင်းပုံစံပွတ်တိုက်ပေးပါ ။ မိနစ်အနည်းငယ်အတွင်း ပွန်းနေတဲ့အရာပျောက်သွားတာကိုတွေ့ရပါလိမ့်မယ်။
၁၀- ဖုန်းစခရင်တွေပွန်းနေတာကိုနောက်ထပ်ဖြေရှင်းပေးနိုင်တဲ့နည်းလမ်းကတော့ ပေါလစ်ပါပဲ။ပွန်းနေတဲ့နေရာကိုပေါလစ်တစ်စက်လောက်ချပြီးပွတ်တိုက်ပေးလိုက်ရင် ပွန်းနေတဲ့အရာပျောက်သွားပါလိမ့်မယ်။
၁၁- ဖုန်းဘောင်တွေကြားမှာဝင်နေတဲ့ဖုန်တွေကိုတော့ သာမန် သွားပွတ်တံလေးတစ်ချောင်းနဲ့ ပွတ်တိုက်ပြီး ဖယ်ရှားရှင်းလင်းနိုင်ပါတယ်။
ဖုန်းအတွင်းပိုင်းကိုသန့်ရှင်းရေးလုပ်မယ်ဆိုရင်တော့ သွားပွတ်တံသန့်သန့်တစ်ချောင်းကိုအသုံးပြုသင့်ပါတယ်။
Writer – Min Thu (Daily Hot News )
အားလုံးကိုခင်မင်လျှက်
ညီလတ်ထွန်း(နည်းပညာ)
www.nyilattun.com
ဖုန်း ၊ ကွန်ပြူတာ ပစ္စည်းများ သန့်ရှင်းရာမှာ အသုံးဝင်စေမယ့်နည်းလမ်းလေးများ Reviewed by ညီလတ်ထွန်း(နည်းပညာ) on 2:56 AM Rating: 5 Zawgyi ဖြင့်ဖတ်ရန် ကွန်ပြူတာတွေ ၊ ဖုန်း တွေ သန့်ရှးရေးလုပ်ရတဲ့အခါမှာ အချိန်အရမ်းကုန်လွန်းပြီး မပြီးစီးနိုင်ဖြစ်တတ်ပါတယ်။အခုကျွန်တော...
No comments: