ဟင်းသီးဟင်းရွက်ဆီနှင့် သွားတိုက်ဆေးသုံးပြီး ဖုန်းပေါ်က အစင်းရာတွေကို ဖျောက်နည်း - ညီလတ်ထွန်း(နည်းပညာ)

728x90 AdSpace

Trending


Zawgyiဖြင့်ဖတ်ရန် 
သွားတိုက်ဆေး
ဟင်းသီးဟင်းရွက်ဆီ
Ok…. အဆင်ပြေကြပါစေ။

 
 
Unicodeဖြင့်ဖတ်ရန်
ဟင်းသီးဟင်းရွက်ဆီနှင့် သွားတိုက်ဆေးသုံးပြီး ဖုန်းပေါ်က အစင်းရာတွေကို ဖျောက်နည်း

ဖုန်းပေါ်က အစင်းရာတွေကို အမြန်ဆုံးနဲ့ အလွယ်ဆုံး ဖျောက်နိုင်မယ့် နည်းလမ်းတွေ အများကြီး ရှိပါတယ်။ အဒီထဲမှာ အလွယ်ဆုံး နည်းလမ်းနှစ်ခု ဖော်ပြပေးလိုက်ပါတယ်။
အဒီနည်းလမ်းတွေကတော့ သွားတိုက်ဆေးနှင့် ဟင်းသီးဟင်းရွက်ဆီတွေ အသုံးပြုပြီး ဖုန်းပေါ်က အစင်းရာတွေ အလွယ်တကူ ဖျောက်နည်းပါ။
သွားတိုက်ဆေး
သွားတိုက်ဆေးအနည်းငယ်ကို ဂွမ်းစနဲ့ယူပြီး အစင်းရာထင်နေတဲ့ မှန်တစ်ဝိုက်မှာ ပွတ်ပေးရမှာပါ။
ပြီးရင် ရေအနည်းငယ်ဆွတ် ထားတဲ့ အဝတ်စလေးနဲ့ သွားတိုက်ဆေးကို ပြောင်အောင်ပြန်ပွတ်ရ မှာပါ။ ဒါဆိုရင် ဖုန်းပေါ်က အစင်းရာတွေ ပျောက်သွားပါအလိမ့်မယ်။
နည်းလမ်းအသေးစိတ်ကို အောက်မှာ ကြည့်လိုက်ပါ။
ဟင်းသီးဟင်းရွက်ဆီ
ဟင်းသီးဟင်းရွက်ဆီ တစ်စက်၊ နှစ်စက်လောက်ကို ဖုန်းရဲ့အစင်းကြောင်းရှိတဲ့ နေရာမှာ စက်ဝိုင်းပုံ ပွတ်ပေးရမှာ ဖြစ်ပါ တယ်။ ပြီးရင် အခြောက်ခံပြီး အဝတ် ခြောက်ခြောက် ဒါမှမဟုတ် တစ်ရှူးနဲ့ပဲ ပွတ်ပေးလိုက်ပါ။
မုန့်ဖုတ်ဆိုဒါ၊ ကလေးပေါင်ဒါမုန့်ဖုတ်ဆိုဒါ ဒါမှမဟုတ် ကလေး ပေါင်ဒါ တစ်ခုခုကို ခွက်သေးတစ်ခုထဲမှာ ရေတစ်ဆ၊ ပါဝင်ပစ္စည်းနှစ်ဆ ထည့်ပြီး ပျစ်တဲ့အထိ မွှေပေးရမှာ ဖြစ်ပါတယ်။
ပြီးရင် အ ဝတ်သန့်သန့်တစ်ခုနဲ့ နည်းနည်းစီတို့ပြီး အစင်းရာရှိတဲ့ ဖုန်းပေါ်မှာ ပွတ်ပေးရ မှာ ဖြစ်ပါ တယ်။
ပြီးရင်တော့ ရေအနည်းငယ်ဆွတ် ထားတဲ့အစနဲ့ဖုန်းကိုပြန်ပွတ်ပေးရပါတယ်။
ဒီလို ပြုလုပ်ရာမှာ ဖုန်းကို ပါဝါ ပိတ်၊ ဘက်ထရီတွေထုတ်ထားရမှာ ဖြစ်ပါတယ်။
ဒီနည်းလမ်းနှစ်ခုကို သုံးပြီး ဖုန်းပေါ်က အစင်းရာတွေကို လွယ်ကူစွာ ဖတ်ရှာပေးနိုင်ပါတယ်။
Ok…. အဆင်ပြေကြပါစေ။
Credit:Boykhai (နည်းပညာချစ်သူ)






အားလုံးကိုခင်မင်လျှက်
ညီလတ်ထွန်း(နည်းပညာ)
www.nyilattun.com

ဟင်းသီးဟင်းရွက်ဆီနှင့် သွားတိုက်ဆေးသုံးပြီး ဖုန်းပေါ်က အစင်းရာတွေကို ဖျောက်နည်း Reviewed by ညီလတ်ထွန်း(နည်းပညာ) on 3:02 AM Rating: 5 Zawgyiဖြင့်ဖတ်ရန်   ဖုန်းပေါ်က အစင်းရာတွေကို အမြန်ဆုံးနဲ့ အလွယ်ဆုံး ဖျောက်နိုင်မယ့် နည်းလမ်းတွေ အများကြီး ရှိပါတယ်။ အဒီထဲမှာ အလွယ်ဆုံး န...

No comments: