သင့္ ဖုန္း ကို အႀကီးအက်ယ္ ပ်က္စီးေစႏိုင္တဲ့ အရာေတြ - ညီလတ္ထြန္း(နည္းပညာ)

728x90 AdSpace

Trending

သင့္ ဖုန္း ကို အႀကီးအက်ယ္ ပ်က္စီးေစႏိုင္တဲ့ အရာေတြ

Zawgyi ျဖင့္ဖတ္ရန္

စမတ္ဖုန္းေတြ တြင္တြင္က်ယ္က်ယ္ အသုံးျပဳလာၾကေပမယ့္ သြားေလရာ သယ္ေဆာင္ႏိုင္တဲ့ ဒီကိရိယာေလးေတြဟာလည္း စက္ပစၥည္းျဖစ္တာေၾကာင့္ အသုံးျပဳတာ ပုံမမွန္ရင္ ပ်က္စီးတတ္တယ္ဆိုတာကို ပရိသတ္ေတြ တစ္ခါတေလ ေမ့ေနတတ္မွာပါ။ ၿပီးခဲ့တဲ့ႏွစ္ေတြမွာ နာမည္ႀကီးဟန္းဆက္ အခ်ိဳ႕ ေပါက္ကြဲခဲ့တာအျပင္ သုံးစြဲသူ ရဲ႕ ေပါ့ဆမႈေၾကာင့္ ဆုံးရႈံးမႈေတြ ႀကဳံေတြ႕ခဲ့ရတဲ့ သာဓကေတြလည္း ရွိပါတယ္။ ဒါ့ေၾကာင့္ အေသးအဖြဲေပမယ့္ ဖုန္းကို အႀကီးအက်ယ္ ပ်က္ဆီးေစႏိုင္တဲ့ အရာေတြကို စုစည္းတင္ျပေပးလိုက္ပါတယ္။
၁. ေနအပူရွိန္ေကာင္းစြာရရွိသည့္ ျပတင္းေပါက္ သို႔မဟုတ္ စားပြဲေပၚတြင္ ပစ္ထားျခင္းေၾကာင့္ အပူရွိန္လြန္ကဲျခင္း
ဟုတ္ပါတယ္။ ျပတင္းေပါက္ ကေန စူးစူးရဲရဲက်ေနတဲ့ ေနေရာင္ျခည္ဟာ သင့္ရဲ႕ ဖုန္းေပၚ တိုက္႐ိုက္က်တဲ့ အခါ အပူလြန္ျခင္း (overheat) ျဖစ္တတ္ပါတယ္။ အျမင္ပိုင္းမွာ ဘာမွ မေျပာင္းလဲေပမယ့္ အတြင္းပိုင္းမွာေတာ့ ဒီအပူခ်ိန္ေတြက ဘကၳရီ နဲ႔ စြမ္းေဆာင္ရည္ ကို က်ဆင္းေစၿပီး အဆိုးဆုံး အေနအထားအျဖစ္ ခ်စ္ပ္ဆက္ကိုပါ ေလာင္ၿမိဳက္ေစႏိုင္တယ္။
၂. ေတြ႕ကရာ Software မ်ားကို install ျပဳလုပ္ျခင္း
Hardware အစိတ္အပိုင္းေတြက သင့္ဖုန္းရဲ႕ ကိုယ္ခႏၶာအျဖစ္ ေဆာင္႐ြက္ခ်ိန္မွာ Software ေတြက သူ႔ကို ထိန္းခ်ဳပ္တဲ့ ဦးေႏွာက္ေနရာမွာ ရွိပါတယ္။ ယုံၾကည္စိတ္ခ်ရျခင္း မရွိတဲ့ ေနရာေတြက Software ေတြကို download ဆြဲယူျခင္းဟာ ဖုန္းရဲ႕ စြမ္းရည္ကို ဆိုး႐ြားစြာထိခိုက္ႏိုင္ၿပီး တစ္ခါတေလမွာ ကိုယ့္အခ်က္အလက္ေတြ အခိုးခံရတာ၊ RAM မန္မိုရီပမာဏကို ခိုးယူသုံးစြဲေနတာ စသျဖင့္ ထိခိုက္မႈေတြ ရွိႏိုင္တယ္။
၃. ဖုန္း အတြင္းပိုင္းကို စစ္ေဆးသန႔္စင္မႈ မလုပ္ျခင္း
ကိုယ္ထည္ အေသတပ္ဆင္ထားတဲ့ ဖုန္းအျမင့္စားေတြ မဟုတ္ရင္ ကိုယ့္ရဲ႕ ဖုန္းခြံကို ခြာၿပီး သန႔္ရွင္းမႈ ျပဳလုပ္ေပးဖို႔ မေမ့သင့္ပါဘူး။ အဲ့ဒီလို ကိုယ္ထည္ေတြမွာ မ်ားေသာအားျဖင့္ အတြင္းကို ဖုန္မႈန႔္ စတာေတြ ဝင္ေနၿပီး တစ္ခါတေလ ဆိုးဆိုး႐ြား႐ြား ပိတ္ဆို႔ေနတတ္ပါတယ္။ လက္ကိုင္အိတ္ထဲ ထည့္ထားတာ၊ ေဘာင္းဘီအိတ္ထဲ ထည့္ၿပီး အျပင္သြားတာ စသျဖင့္ ျပဳလုပ္ေလ့ရွိရင္ ပိုဆိုးပါတယ္။ တကယ္လို႔ ကိုယ္တိုင္ သန႔္ရွင္းရတာ ခက္ခဲေနရင္ နားလည္တဲ့လူကို ျပၿပီး သန႔္ရွင္းပါ။
၄. လမ္းသြားေနရင္း ဖုန္းကို ထုတ္ကိုင္ထားျခင္း
ဒါကေတာ့ ဟန္းဆက္ကို တိုက္႐ိုက္ထိေတြ႕မႈထက္ ခိုးယူခံရဖို႔ကို ပိုအားေပးေနလို႔ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ႏွစ္မွာ ဖုန္းခိုးခံရမႈ ၄၀% ဟာ ပိုင္ရွင္က လူၾကပ္တဲ့ လမ္းမေပၚ ထုတ္ကိုင္ထားတုန္း လုခံရတာ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ လူမ်ားတဲ့ေနရာေတြမွာ ဖုန္းေျပာမယ္ဆိုရင္ နားၾကပ္တပ္ဆင္ၿပီး ေျပာတာက ပိုသင့္ေတာ္တယ္။
၅. ကာဗာမပါဘဲ အိတ္ထဲ ထည့္ထားျခင္း
ဖုန္းကာဗာအခြံေတြဟာ ဖက္ရွင္သက္သက္မဟုတ္ပါဘူး။ သင့္လက္ကိုင္အိတ္လို အရာဝတၳဳမ်ားစြာ ပါဝင္ေနတဲ့ ေနရာထဲ ေရာက္တဲ့အခါ ဖုန္ဒဏ္၊ ေရဒဏ္ စတာေတြကို အတတ္ႏိုင္ဆုံး ကာကြယ္ႏိုင္ဖို႔ပါ။ ဒါ့အျပင္ အင္တာနက္ အသုံးျပဳေနရင္း လက္ကိုင္အိတ္ပူပူေလာင္ေလာင္ထဲ ထည့္ရင္လဲ Overheat ျဖစ္တာ သို႔မဟုတ္ ထိမိၿပီး malfunction ျဖစ္တာေတြ ျဖစ္ႏိုင္တယ္။
၆. မူရင္းဘကၳရီကို ေဈးေပါတဲ့ဟာနဲ႔ မလဲဖို႔
ဖုန္းဘကၳရီေတြကေတာ့ ဟန္းဆက္တစ္လုံးရဲ႕ ေမာ္တာပါပဲ။ ဒါ့ေၾကာင့္ ျပင္ဆင္ရမယ္ဆိုရင္ ေငြေၾကး ကုန္က်မွာကို မႏွေျမာပဲ ေသခ်ာေလ့လာၿပီးမွ လဲလွယ္ဖို႔ စဥ္းစားပါ။ မူရင္းအစိတ္အပိုင္းနဲ႔ မတူညီရင္ ဘကၳရီ သက္တမ္းကို အႀကီးအက်ယ္ ေလ်ာ့က်ေစၿပီး က်န္တဲ့အစိတ္အပိုင္းေတြကိုပါ ဒုကၡေပးႏိုင္ပါတယ္။
၇. ဖုန္းရဲ႕အေပါက္ေတြကို ကိုယ့္ဘာသာထိုးဆြၿပီး သန႔္ရွင္းမႈ မျပဳပါနဲ႔
ဖုန္းရဲ႕ စပီကာ စတဲ့အေပါက္ေတြထဲ ဖုန္ေတြရွိေနတာ ဘယ္သူမွေတာ့ မႀကိဳက္ပါဘူး။ ဖုန္းကို အပူခ်ိန္ ျမင့္တက္ေစသလို စြမ္းေဆာင္ရည္ကိုလည္း က်ေစတယ္။ ဒါေပမယ့္ ကိုယ့္ဘာသာ ေလမႈတ္စက္၊ သံခြၽန္ စတာေတြနဲ႔ ေျဖရွင္းမယ့္အစား နည္းစနစ္က်က် သန႔္ရွင္း၊ ဒါမွမဟုတ္ ကြၽမ္းက်င္သူကို ျပပါ။ အထဲမွာ အင္မတန္ ႏုနယ္သိမ္ေမြ႕တဲ့ အစိတ္အပိုင္းေတြ ရွိေနဖို႔ ေသခ်ာပါတယ္။
၈. ေဘာင္းဘီေနာက္အိတ္ထဲ အမွတ္တမဲ့ မထည့္ပါနဲ႔
iPhone 6 ထြက္ခါစတုန္းက ဝယ္သူသုံးစြဲသူေတြ ေဘာင္းဘီအိတ္ထဲ ထည့္ၿပီး ထိုင္မိတဲ့အခါ ဖုန္းအသစ္ေတြ ေကြးကုန္လို႔ ျပႆနာတက္ရပါတယ္။ ဒါဟာ ကိုယ္ထည္ပါးလႊာတဲ့ ဘယ္ဖုန္းမွာမဆို ျဖစ္ႏိုင္တယ္ ဆိုတာ သတိခ်ပ္ရမယ္။ ဒါ့အျပင္ ေဘာင္းဘီေနာက္အိတ္ထဲ ေပၚေနတဲ့ ဖုန္းအႀကီးေတြ ထိုးထည့္ထားတာဟာ အခိုးခံရႏိုင္ေျခလည္း မ်ားပါတယ္။
Credit : Nanmalgyi
Unicode ဖြင့်ဖတ်ရန်
သင့် ဖုန်း ကို အကြီးအကျယ် ပျက်စီးစေနိုင်တဲ့ အရာတွေ
စမတ်ဖုန်းတွေ တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြပေမယ့် သွားလေရာ သယ်ဆောင်နိုင်တဲ့ ဒီကိရိယာလေးတွေဟာလည်း စက်ပစ္စည်းဖြစ်တာကြောင့် အသုံးပြုတာ ပုံမမှန်ရင် ပျက်စီးတတ်တယ်ဆိုတာကို ပြောချင်လွန်းလို့ ပရိသတ်တွေ တစ်ခါတလေ မေ့နေတတ်မှာပါ။ ပြီးခဲ့တဲ့နှစ်တွေမှာ နာမည်ကြီးဟန်းဆက် အချို့ ပေါက်ကွဲခဲ့တာအပြင် သုံးစွဲသူ ရဲ့ ပေါ့ဆမှုကြောင့် ဆုံးရှုံးမှုတွေ ကြုံတွေ့ခဲ့ရတဲ့ သာဓကတွေလည်း ရှိပါတယ်။ ဒါ့ကြောင့် အသေးအဖွဲပေမယ့် ဖုန်းကို အကြီးအကျယ် ပျက်ဆီးစေနိုင်တဲ့ အရာတွေကို စုစည်းတင်ပြပေးလိုက်ပါတယ်။
၁. နေအပူရှိန်ကောင်းစွာရရှိသည့် ပြတင်းပေါက် သို့မဟုတ် စားပွဲပေါ်တွင် ပစ်ထားခြင်းကြောင့် အပူရှိန်လွန်ကဲခြင်း
ဟုတ်ပါတယ်။ ပြတင်းပေါက် ကနေ စူးစူးရဲရဲကျနေတဲ့ နေရောင်ခြည်ဟာ သင့်ရဲ့ ဖုန်းပေါ် တိုက်ရိုက်ကျတဲ့ အခါ အပူလွန်ခြင်း (overheat) ဖြစ်တတ်ပါတယ်။ အမြင်ပိုင်းမှာ ဘာမှ မပြောင်းလဲပေမယ့် အတွင်းပိုင်းမှာတော့ ဒီအပူချိန်တွေက ဘက္ထရီ နဲ့ စွမ်းဆောင်ရည် ကို ကျဆင်းစေပြီး အဆိုးဆုံး အနေအထားအဖြစ် ချစ်ပ်ဆက်ကိုပါ လောင်မြိုက်စေနိုင်တယ်။
၂. တွေ့ကရာ Software များကို install ပြုလုပ်ခြင်း
Hardware အစိတ်အပိုင်းတွေက သင့်ဖုန်းရဲ့ ကိုယ်ခန္ဓာအဖြစ် ဆောင်ရွက်ချိန်မှာ Software တွေက သူ့ကို ထိန်းချုပ်တဲ့ ဦးနှောက်နေရာမှာ ရှိပါတယ်။ ယုံကြည်စိတ်ချရခြင်း မရှိတဲ့ နေရာတွေက Software တွေကို download ဆွဲယူခြင်းဟာ ဖုန်းရဲ့ စွမ်းရည်ကို ဆိုးရွားစွာထိခိုက်နိုင်ပြီး တစ်ခါတလေမှာ ကိုယ့်အချက်အလက်တွေ အခိုးခံရတာ၊ RAM မန်မိုရီပမာဏကို ခိုးယူသုံးစွဲနေတာ စသဖြင့် ထိခိုက်မှုတွေ ရှိနိုင်တယ်။
၃. ဖုန်း အတွင်းပိုင်းကို စစ်ဆေးသန့်စင်မှု မလုပ်ခြင်း
ကိုယ်ထည် အသေတပ်ဆင်ထားတဲ့ ဖုန်းအမြင့်စားတွေ မဟုတ်ရင် ကိုယ့်ရဲ့ ဖုန်းခွံကို ခွာပြီး သန့်ရှင်းမှု ပြုလုပ်ပေးဖို့ မမေ့သင့်ပါဘူး။ အဲ့ဒီလို ကိုယ်ထည်တွေမှာ များသောအားဖြင့် အတွင်းကို ဖုန်မှုန့် စတာတွေ ဝင်နေပြီး တစ်ခါတလေ ဆိုးဆိုးရွားရွား ပိတ်ဆို့နေတတ်ပါတယ်။ လက်ကိုင်အိတ်ထဲ ထည့်ထားတာ၊ ဘောင်းဘီအိတ်ထဲ ထည့်ပြီး အပြင်သွားတာ စသဖြင့် ပြုလုပ်လေ့ရှိရင် ပိုဆိုးပါတယ်။ တကယ်လို့ ကိုယ်တိုင် သန့်ရှင်းရတာ ခက်ခဲနေရင် နားလည်တဲ့လူကို ပြပြီး သန့်ရှင်းပါ။
၄. လမ်းသွားနေရင်း ဖုန်းကို ထုတ်ကိုင်ထားခြင်း
ဒါကတော့ ဟန်းဆက်ကို တိုက်ရိုက်ထိတွေ့မှုထက် ခိုးယူခံရဖို့ကို ပိုအားပေးနေလို့ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်မှာ ဖုန်းခိုးခံရမှု ၄၀% ဟာ ပိုင်ရှင်က လူကြပ်တဲ့ လမ်းမပေါ် ထုတ်ကိုင်ထားတုန်း လုခံရတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် လူများတဲ့နေရာတွေမှာ ဖုန်းပြောမယ်ဆိုရင် နားကြပ်တပ်ဆင်ပြီး ပြောတာက ပိုသင့်တော်တယ်။
၅. ကာဗာမပါဘဲ အိတ်ထဲ ထည့်ထားခြင်း
ဖုန်းကာဗာအခွံတွေဟာ ဖက်ရှင်သက်သက်မဟုတ်ပါဘူး။ သင့်လက်ကိုင်အိတ်လို အရာဝတ္ထုများစွာ ပါဝင်နေတဲ့ နေရာထဲ ရောက်တဲ့အခါ ဖုန်ဒဏ်၊ ရေဒဏ် စတာတွေကို အတတ်နိုင်ဆုံး ကာကွယ်နိုင်ဖို့ပါ။ ဒါ့အပြင် အင်တာနက် အသုံးပြုနေရင်း လက်ကိုင်အိတ်ပူပူလောင်လောင်ထဲ ထည့်ရင်လဲ Overheat ဖြစ်တာ သို့မဟုတ် ထိမိပြီး malfunction ဖြစ်တာတွေ ဖြစ်နိုင်တယ်။
၆. မူရင်းဘက္ထရီကို ဈေးပေါတဲ့ဟာနဲ့ မလဲဖို့
ဖုန်းဘက္ထရီတွေကတော့ ဟန်းဆက်တစ်လုံးရဲ့ မော်တာပါပဲ။ ဒါ့ကြောင့် ပြင်ဆင်ရမယ်ဆိုရင် ငွေကြေး ကုန်ကျမှာကို မနှမြောပဲ သေချာလေ့လာပြီးမှ လဲလှယ်ဖို့ စဉ်းစားပါ။ မူရင်းအစိတ်အပိုင်းနဲ့ မတူညီရင် ဘက္ထရီ သက်တမ်းကို အကြီးအကျယ် လျော့ကျစေပြီး ကျန်တဲ့အစိတ်အပိုင်းတွေကိုပါ ဒုက္ခပေးနိုင်ပါတယ်။
၇. ဖုန်းရဲ့အပေါက်တွေကို ကိုယ့်ဘာသာထိုးဆွပြီး သန့်ရှင်းမှု မပြုပါနဲ့
ဖုန်းရဲ့ စပီကာ စတဲ့အပေါက်တွေထဲ ဖုန်တွေရှိနေတာ ဘယ်သူမှတော့ မကြိုက်ပါဘူး။ ဖုန်းကို အပူချိန် မြင့်တက်စေသလို စွမ်းဆောင်ရည်ကိုလည်း ကျစေတယ်။ ဒါပေမယ့် ကိုယ့်ဘာသာ လေမှုတ်စက်၊ သံချွန် စတာတွေနဲ့ ဖြေရှင်းမယ့်အစား နည်းစနစ်ကျကျ သန့်ရှင်း၊ ဒါမှမဟုတ် ကျွမ်းကျင်သူကို ပြပါ။ အထဲမှာ အင်မတန် နုနယ်သိမ်မွေ့တဲ့ အစိတ်အပိုင်းတွေ ရှိနေဖို့ သေချာပါတယ်။
၈. ဘောင်းဘီနောက်အိတ်ထဲ အမှတ်တမဲ့ မထည့်ပါနဲ့
iPhone 6 ထွက်ခါစတုန်းက ဝယ်သူသုံးစွဲသူတွေ ဘောင်းဘီအိတ်ထဲ ထည့်ပြီး ထိုင်မိတဲ့အခါ ဖုန်းအသစ်တွေ ကွေးကုန်လို့ ပြဿနာတက်ရပါတယ်။ ဒါဟာ ကိုယ်ထည်ပါးလွှာတဲ့ ဘယ်ဖုန်းမှာမဆို ဖြစ်နိုင်တယ် ဆိုတာ သတိချပ်ရမယ်။ ဒါ့အပြင် ဘောင်းဘီနောက်အိတ်ထဲ ပေါ်နေတဲ့ ဖုန်းအကြီးတွေ ထိုးထည့်ထားတာဟာ အခိုးခံရနိုင်ခြေလည်း များပါတယ်။
Credit : Nanmalgyi






အားလံုးကိုခင္မင္လွ်က္
ညီလတ္ထြန္း(နည္းပညာ)
www.nyilattun.com

သင့္ ဖုန္း ကို အႀကီးအက်ယ္ ပ်က္စီးေစႏိုင္တဲ့ အရာေတြ Reviewed by ညီလတ္ထြန္း(နည္းပညာ) on 3:09 AM Rating: 5 Zawgyi ျဖင့္ဖတ္ရန္ စမတ္ဖုန္းေတြ တြင္တြင္က်ယ္က်ယ္ အသုံးျပဳလာၾကေပမယ့္ သြားေလရာ သယ္ေဆာင္ႏိုင္တဲ့ ဒီကိရိယာေလးေတြဟာလည္း စက္ပစၥည္းျဖစ္တာေၾ...

No comments: