ကြန္ပ်ဴတာမဝယ္ခင္ စဥ္းစားသင့္ေသာ အခ်က္မ်ား - ညီလတ္ထြန္း(နည္းပညာ)

728x90 AdSpace

Trending

ကြန္ပ်ဴတာမဝယ္ခင္ စဥ္းစားသင့္ေသာ အခ်က္မ်ား

[Zawgyi] ၿဖင့္ဖတ္ရန္ ဒီလထဲဝယ္ဖုိ႔စဥ္းစားထားရင္ ဖတ္ၾကည့္လိုက္ေနာ္ ..
Laptop တစ္လံုးဝယ္ေတာ့မယ္ ဆိုရင္ ထည့္စဥ္းစားရမယ့္အခ်က္ေတြကေတာ့ အမ်ားႀကီးပါ။ အဲဒီထဲကမွ အေျခခံအက်ဆံုးနဲ႔ အရင္ဆံုး စဥ္းစားရမယ့္ အခ်က္တစ္ခ်က္႐ွိပါတယ္။ အဲဒါေတြကေတာ့ ဒီ Laptop ကို ဘာအတြက္သံုးမွာလဲ ဆိုတဲ့အခ်က္ပါ။
သာမန္ စာစီစာ႐ိုက္၊ အင္တာနက္သံုး၊ ေဖ်ာ္ေျဖေရး(႐ုပ္႐ွင္ၾကည့္၊ သီခ်င္းနားေထာင္၊ ဂိမ္းအေသးစားေလးေတြေဆာ့) နဲ႔ ရံုးအတြက္ သက္သက္ပဲ သံုးမွာလား ? ဒါဆုိရင္ေတာ့ ထည့္စဥ္းစားရမယ့္အခ်က္နည္းသြားပါၿပီ။ အဲလိုမဟုတ္ဘူး ကိုယ္က ဂိမ္းအျမင့္ႀကီးေတြေဆာ့ခ်င္တာဆိုရင္ ဂိမ္းေဆာ့ဖုိ႔ သီးသန္႔လာတဲ့ Laptop ေတြ႐ိွပါတယ္။
ဒါမွမဟုတ္ တျခားပညာရပ္ဆိုင္ရာအတြက္အသံုးခ်မယ္ (ဥပမာ – Graphic Design ၊ Video Editing အစ႐ွိသျဖင့္ဆုိရင္ေတာ့) သူ႔ပညာရပ္အတြက္လိုအပ္တဲ့ အားသာခ်က္႐ွိတဲ့ Laptop ေတြကိုဝယ္သင့္တာပါ။ ဒီလို Laptop မ်ိဳးဆိုရင္ သက္ဆိုင္ရာကၽြမ္းက်င္သူေတြဆီမွာ ေသေသခ်ာခ်ာစံုစမ္းေလ့လာၿပီးမွ ဝယ္ယူသင့္ပါတယ္။
ဒီလိုမ်ိဳးေတြမွ မဟုတ္ဘဲ ကိုယ္က သာမာန္အသံုးျပဳသူအေနနဲ႔ပဲသံုးခ်င္တာဆိုရင္ေတာ့ ထည့္စဥ္းစားရမယ့္ အေျခခံအခ်က္ေလးေတြ႐ွိပါတယ္။ ဒါေတြက …
ကိုယ္သံုးႏိုင္မယ့္ေဈး
ကိုယ္က ဘယ္ေလာက္အထိ ေငြသံုးႏိုင္မွာလဲ ဆိုတဲ့ အခ်က္က ကနဦး စဥ္စားရမယ့္ အခ်က္ပါ။ လက္႐ွိကာလ ၂၀၁၈၊ ေအာက္တိုဘာလျမန္မာျပည္အေျခအေနနဲ႔ဆိုရင္ အနိမ့္ဆံုး ေလးသိန္းေလာက္ကေန သိန္းဆယ္ခ်ီအထိ ႐ွိပါတယ္ေနာ္။ Laptop မွာေတာ့ ကိုယ္ေဈးနည္းနည္းပဲသံုးႏိုင္လုိ႔ အေပါစား အညံ့စား သံုးရေတာ့မွာလားလုိ႔ စိတ္မေကာင္း ျဖစ္စရာ မလုိပါဘူး။ ကိုယ္က သာမန္ပဲ သံုးမွာဆိုေတာ့ Laptop အမ်ိဳးအစားေကာင္းထဲက ေမာ္ဒယ္လ္နိမ့္နိမ့္၊ နည္းပညာနိမ့္နိမ့္ကို ဝယ္သံုးလို႔ ရပါတယ္။
Laptop ေမာ္ဒယ္လ္
အမ်ားသိတဲ့အတိုင္းပဲ ေမာ္ဒယ္လ္ျမင့္ (ေနာက္ဆံုးထြက္) ေလေလ ေဈးျမင့္ေလေလ၊ ပါဝင္တဲ့နည္းပညာ ျမင့္ေလေလ ျဖစ္ပါတယ္။ ဒီေတာ့ ကိုယ္တတ္ႏိုင္ရင္ ေမာ္ဒယ္လ္ျမင့္တာ ဝယ္လုိ႔ရပါတယ္။ ကိုယ္မတတ္ႏိုင္ဘူးဆုိလည္း ကိစၥမ႐ွိပါဘူး။ အမ်ိဳးစားေကာင္း Laptop တံဆိပ္ေတြထဲက ေမာ္ဒယ္လ္ နိမ့္တာဝယ္သံုးရင္ အဆင္ေျပပါတယ္။ ေမာ္ဒယ္လ္ နိမ့္တာက အရည္အေသြးနိမ့္တာမဟုတ္လုိ႔ စိတ္ညစ္စရာလည္း မလိုပါဘူး။ ကိုယ္က သာမန္အသံုးျပဳသူအေနနဲ႔ပဲ သံုးမွာဆိုေတာ့ ေမာ္ဒယ္လ္နိမ့္ေပမဲ့ အမ်ိဳးအစားေကာင္းတဲ့ Laptop ဆိုရင္ အဆင္ေျပေျပသံုးႏိုင္ပါတယ္။

ေသေသခ်ာခ်ာေ႐ြးသင့္ပါတယ္ေနာ္ ..
အတြင္းပိုင္းပစၥည္းေတြ
အေရးအႀကီးဆံုးျဖစ္ၿပီး ကိုယ္မျမင္ရတဲ့ Laptop အတြင္းပိုင္း ပါဝင္ပစၥည္းေတြအေၾကာင္းကို Laptop အျပင္ဘက္မွာ ကပ္ထားေပးတာမို႔ စိတ္ႀကိဳက္ေ႐ြးခ်ယ္ဝယ္ယူလုိ႔ရပါတယ္။ အဲဒါေတြကို တစ္ခုခ်င္း႐ွင္းျပရမယ္ဆုိရင္
1. PROCESSOR (CPU)
အသံုးအမ်ားဆံုးက Intel ျဖစ္ၿပီး သူ႔ကိုေတာ့ Core ဘယ္ေလာက္ဆုိၿပီးေ႐ြးဝယ္လို႔ရပါတယ္။ အနိမ့္ဆံုး Core i3 ေလာက္ကေန အခုဆို Core i7 အထိ အၾကမ္းအားျဖင့္ ေ႐ြးဝယ္လို႔ရပါတယ္။ ခုဆို Core i9 ထိ ထြက္ေနၿပီလို႔ေတာင္ သိရ ပံုမွန္အားျဖင့္ Core i5 ေလာက္က အေတာ္ပါပဲ။ ေဈးအမ်ားႀကီး မသံုးခ်င္ဘူး၊ ကိုယ္ကသာမန္ပဲသံုးမွာဆိုရင္ Core i3 ဆိုရင္လည္း အဆင္ေျပပါတယ္။
2. RAM
သူကေတာ့ CPU ကိုအဓိကကူညီေပးတဲ့ ပစၥည္းလုိ႔ပဲ အလြယ္ေခၚလုိ႔ရပါတယ္။ သူ႕ကိုေတာ့ အနည္းဆံုး 4GB ေလာက္ကစသံုးလို႔႔ရၿပီး ပိုမ်ားမ်ားသံုးႏိုင္ရင္ ပိုေကာင္းပါတယ္။
3. STORAGE
သူကေတာ့ Laptop ေပၚမွာ ကိုယ္သိမ္းထားလုိသမွ် အခ်က္အလက္ေတြျဖစ္တဲ့ ဓာတ္ပံု၊ ဗီြဒီယို၊ သီခ်င္း၊ ဖိုင္အမ်ိဳးစံုတို႔ကို သိမ္းထားေပးမယ့္ပစၥည္းပါ။ ဒါေတာ့ တကူးတကေတာင္ ေျပာေနစရာလိုမယ္မထင္ပါဘူးေနာ္.. Storage မ်ားေလေလ၊ေဈးျမင့္ေလေလဆိုတာကေတာ့ ထံုးစံေပါ့
ကိုယ္က ဒီ Laptop ကို ႏွစ္ႏွစ္၊ သံုးႏွစ္ထက္ ပိုမသံုးခ်င္ဘူးဆိုရင္ေတာ့ လက္႐ွိ ကိုယ္နဲ႔အကိုက္ညီဆံုးကို ေရြးဝယ္႐ံုနဲ႔ ရပါတယ္။ တစ္ခါဝယ္ၿပီး တစ္သက္လံုးသံုးခ်င္တာ ဆုိရင္ေတာ့ အေပၚကေျပာခဲ့တဲ့ အတြင္းပိုင္းပစၥည္းေတြကို နည္းပညာျမင့္ႏိုင္သမွ် ျမင့္ျမင့္ဝယ္တာ၊ ဒါမွမဟုတ္ အတြင္းပိုင္းပစၥည္းေတြကို ေနာက္ပိုင္းျပန္လည္အဆင့္ျမင့္လုိ႔ရမယ့္ အမ်ိဳးအစားကိုေရြးခ်ယ္တာေတြ ျပဳလုပ္လို႔ရပါတယ္။
ဒါေတြက Laptop ဝယ္ယူရာမွာ သိထားသင့္တဲ့ အေရးအႀကီးဆံုး အခ်က္ေတြပါ။ တျခားေလ့လာသင့္တဲ့အခ်က္ေတြျဖစ္တဲ့ ဘတၳရီ၊ ႐ုပ္ထြက္၊ အၾကမ္းခံမႈ၊ ကီးဘုတ္၊ အင္တာနက္၊ အသံထြက္ စတာေတြကိုလည္း ေသေသခ်ာခ်ာ ေ႐ြးခ်ယ္သင့္ၿပီး လိုအပ္ရင္ နားလည္တတ္ကၽြမ္းသူရဲ႕ အကူအညီရယူပါလုိ႔ အႀကံေပးလုိက္ပါရေစေနာ္။
Sugar Cane (For Her Myanmar)
References: laptopmag, pcworld.

  [Unicode] ဖြင့်ဖတ်ရန် ဒီလထဲဝယ်ဖို့စဉ်းစားထားရင် ဖတ်ကြည့်လိုက်နော် ..
Laptop တစ်လုံးဝယ်တော့မယ် ဆိုရင် ထည့်စဉ်းစားရမယ့်အချက်တွေကတော့ အများကြီးပါ။ အဲဒီထဲကမှ အခြေခံအကျဆုံးနဲ့ အရင်ဆုံး စဉ်းစားရမယ့် အချက်တစ်ချက်ရှိပါတယ်။ အဲဒါတွေကတော့ ဒီ Laptop ကို ဘာအတွက်သုံးမှာလဲ ဆိုတဲ့အချက်ပါ။

သာမန် စာစီစာရိုက်၊ အင်တာနက်သုံး၊ ဖျော်ဖြေရေး(ရုပ်ရှင်ကြည့်၊ သီချင်းနားထောင်၊ ဂိမ်းအသေးစားလေးတွေဆော့) နဲ့ ရုံးအတွက် သက်သက်ပဲ သုံးမှာလား ? ဒါဆိုရင်တော့ ထည့်စဉ်းစားရမယ့်အချက်နည်းသွားပါပြီ။ အဲလိုမဟုတ်ဘူး ကိုယ်က ဂိမ်းအမြင့်ကြီးတွေဆော့ချင်တာဆိုရင် ဂိမ်းဆော့ဖို့ သီးသန့်လာတဲ့ Laptop တွေရှိပါတယ်။

ဒါမှမဟုတ် တခြားပညာရပ်ဆိုင်ရာအတွက်အသုံးချမယ် (ဥပမာ – Graphic Design ၊ Video Editing အစရှိသဖြင့်ဆိုရင်တော့) သူ့ပညာရပ်အတွက်လိုအပ်တဲ့ အားသာချက်ရှိတဲ့ Laptop တွေကိုဝယ်သင့်တာပါ။ ဒီလို Laptop မျိုးဆိုရင် သက်ဆိုင်ရာကျွမ်းကျင်သူတွေဆီမှာ သေသေချာချာစုံစမ်းလေ့လာပြီးမှ ဝယ်ယူသင့်ပါတယ်။

ဒီလိုမျိုးတွေမှ မဟုတ်ဘဲ ကိုယ်က သာမာန်အသုံးပြုသူအနေနဲ့ပဲသုံးချင်တာဆိုရင်တော့ ထည့်စဉ်းစားရမယ့် အခြေခံအချက်လေးတွေရှိပါတယ်။ ဒါတွေက …

ကိုယ်သုံးနိုင်မယ့်ဈေး
ကိုယ်က ဘယ်လောက်အထိ ငွေသုံးနိုင်မှာလဲ ဆိုတဲ့ အချက်က ကနဦး စဉ်စားရမယ့် အချက်ပါ။ လက်ရှိကာလ ၂၀၁၈၊ အောက်တိုဘာလမြန်မာပြည်အခြေအနေနဲ့ဆိုရင် အနိမ့်ဆုံး လေးသိန်းလောက်ကနေ သိန်းဆယ်ချီအထိ ရှိပါတယ်နော်။ Laptop မှာတော့ ကိုယ်ဈေးနည်းနည်းပဲသုံးနိုင်လို့ အပေါစား အညံ့စား သုံးရတော့မှာလားလို့ စိတ်မကောင်း ဖြစ်စရာ မလိုပါဘူး။ ကိုယ်က သာမန်ပဲ သုံးမှာဆိုတော့ Laptop အမျိုးအစားကောင်းထဲက မော်ဒယ်လ်နိမ့်နိမ့်၊ နည်းပညာနိမ့်နိမ့်ကို ဝယ်သုံးလို့ ရပါတယ်။

Laptop မော်ဒယ်လ်
အများသိတဲ့အတိုင်းပဲ မော်ဒယ်လ်မြင့် (နောက်ဆုံးထွက်) လေလေ ဈေးမြင့်လေလေ၊ ပါဝင်တဲ့နည်းပညာ မြင့်လေလေ ဖြစ်ပါတယ်။ ဒီတော့ ကိုယ်တတ်နိုင်ရင် မော်ဒယ်လ်မြင့်တာ ဝယ်လို့ရပါတယ်။ ကိုယ်မတတ်နိုင်ဘူးဆိုလည်း ကိစ္စမရှိပါဘူး။ အမျိုးစားကောင်း Laptop တံဆိပ်တွေထဲက မော်ဒယ်လ် နိမ့်တာဝယ်သုံးရင် အဆင်ပြေပါတယ်။ မော်ဒယ်လ် နိမ့်တာက အရည်အသွေးနိမ့်တာမဟုတ်လို့ စိတ်ညစ်စရာလည်း မလိုပါဘူး။ ကိုယ်က သာမန်အသုံးပြုသူအနေနဲ့ပဲ သုံးမှာဆိုတော့ မော်ဒယ်လ်နိမ့်ပေမဲ့ အမျိုးအစားကောင်းတဲ့ Laptop ဆိုရင် အဆင်ပြေပြေသုံးနိုင်ပါတယ်။

သေသေချာချာရွေးသင့်ပါတယ်နော် ..

အတွင်းပိုင်းပစ္စည်းတွေ
အရေးအကြီးဆုံးဖြစ်ပြီး ကိုယ်မမြင်ရတဲ့ Laptop အတွင်းပိုင်း ပါဝင်ပစ္စည်းတွေအကြောင်းကို Laptop အပြင်ဘက်မှာ ကပ်ထားပေးတာမို့ စိတ်ကြိုက်ရွေးချယ်ဝယ်ယူလို့ရပါတယ်။ အဲဒါတွေကို တစ်ခုချင်းရှင်းပြရမယ်ဆိုရင်

1. PROCESSOR (CPU)
အသုံးအများဆုံးက Intel ဖြစ်ပြီး သူ့ကိုတော့ Core ဘယ်လောက်ဆိုပြီးရွေးဝယ်လို့ရပါတယ်။ အနိမ့်ဆုံး Core i3 လောက်ကနေ အခုဆို Core i7 အထိ အကြမ်းအားဖြင့် ရွေးဝယ်လို့ရပါတယ်။ ခုဆို Core i9 ထိ ထွက်နေပြီလို့တောင် သိရ ပုံမှန်အားဖြင့် Core i5 လောက်က အတော်ပါပဲ။ ဈေးအများကြီး မသုံးချင်ဘူး၊ ကိုယ်ကသာမန်ပဲသုံးမှာဆိုရင် Core i3 ဆိုရင်လည်း အဆင်ပြေပါတယ်။

2. RAM
သူကတော့ CPU ကိုအဓိကကူညီပေးတဲ့ ပစ္စည်းလို့ပဲ အလွယ်ခေါ်လို့ရပါတယ်။ သူ့ကိုတော့ အနည်းဆုံး 4GB လောက်ကစသုံးလို့့ရပြီး ပိုများများသုံးနိုင်ရင် ပိုကောင်းပါတယ်။

3. STORAGE
သူကတော့ Laptop ပေါ်မှာ ကိုယ်သိမ်းထားလိုသမျှ အချက်အလက်တွေဖြစ်တဲ့ ဓာတ်ပုံ၊ ဗွီဒီယို၊ သီချင်း၊ ဖိုင်အမျိုးစုံတို့ကို သိမ်းထားပေးမယ့်ပစ္စည်းပါ။ ဒါတော့ တကူးတကတောင် ပြောနေစရာလိုမယ်မထင်ပါဘူးနော်.. Storage များလေလေ၊ဈေးမြင့်လေလေဆိုတာကတော့ ထုံးစံပေါ့

ကိုယ်က ဒီ Laptop ကို နှစ်နှစ်၊ သုံးနှစ်ထက် ပိုမသုံးချင်ဘူးဆိုရင်တော့ လက်ရှိ ကိုယ်နဲ့အကိုက်ညီဆုံးကို ရွေးဝယ်ရုံနဲ့ ရပါတယ်။ တစ်ခါဝယ်ပြီး တစ်သက်လုံးသုံးချင်တာ ဆိုရင်တော့ အပေါ်ကပြောခဲ့တဲ့ အတွင်းပိုင်းပစ္စည်းတွေကို နည်းပညာမြင့်နိုင်သမျှ မြင့်မြင့်ဝယ်တာ၊ ဒါမှမဟုတ် အတွင်းပိုင်းပစ္စည်းတွေကို နောက်ပိုင်းပြန်လည်အဆင့်မြင့်လို့ရမယ့် အမျိုးအစားကိုရွေးချယ်တာတွေ ပြုလုပ်လို့ရပါတယ်။

ဒါတွေက Laptop ဝယ်ယူရာမှာ သိထားသင့်တဲ့ အရေးအကြီးဆုံး အချက်တွေပါ။ တခြားလေ့လာသင့်တဲ့အချက်တွေဖြစ်တဲ့ ဘတ္ထရီ၊ ရုပ်ထွက်၊ အကြမ်းခံမှု၊ ကီးဘုတ်၊ အင်တာနက်၊ အသံထွက် စတာတွေကိုလည်း သေသေချာချာ ရွေးချယ်သင့်ပြီး လိုအပ်ရင် နားလည်တတ်ကျွမ်းသူရဲ့ အကူအညီရယူပါလို့ အကြံပေးလိုက်ပါရစေနော်။
Sugar Cane (For Her Myanmar)
References: laptopmag, pcworld.





အားလံုးကိုခင္မင္လွ်က္
ညီလတ္ထြန္း(နည္းပညာ)
www.nyilattun.com

ကြန္ပ်ဴတာမဝယ္ခင္ စဥ္းစားသင့္ေသာ အခ်က္မ်ား Reviewed by ညီလတ္ထြန္း(နည္းပညာ) on 2:35 AM Rating: 5 [Zawgyi] ၿဖင့္ဖတ္ရန္ ဒီလထဲဝယ္ဖုိ႔စဥ္းစားထားရင္ ဖတ္ၾကည့္လိုက္ေနာ္ .. Laptop တစ္လံုးဝယ္ေတာ့မယ္ ဆိုရင္ ထည့္စဥ္းစားရမယ့္အခ်က္ေတြကေတာ့ အ...

No comments: