ယခုအချိန်တွင် ဖုန်းဝယ်ရင် သတိထားရမည့် အချက်လေးတွေ - ညီလတ်ထွန်း(နည်းပညာ)
728x90 AdSpace
Trending
ယခုအချိန်တွင် ဖုန်းဝယ်ရင် သတိထားရမည့် အချက်လေးတွေ
[Unicode]ဖြင့်ဖတ်ရန် ယနေ့ခေတ်မှာ စမတ်ဖုန်းယဉ်ကျေးမှုဟာ တဖြည်းဖြည်းတိုးတတ်လာခဲ့ပါတယ်။ စမတ်ဖုန်းတစ်လုံးဟာ လူသားတွေရဲ့ဘဝကို များစွာအထောက်အကူပြုလာပါပြီ။ စမတ်ဖုန်းတွေရဲ့စွမ်းဆောင်ရည်ဟာလည်း ကြောက်ခမန်းလိလိကိုတိုးတတ်လာခဲ့ပါတယ်။ စမတ်ဖုန်းတစ်လုံးဝယ်ရင် အရွေးမမှားဖို့တော့လိုပါတယ်။ စမတ်ဖုန်းဝယ်ရင် ဆောင်ရန်လေးတွေကို ကျနော်တို့ နည်းပညာချစ်သူကနေ ဝေမျှပေးလိုက်ရပါတယ်။
(၁) ဖုန်းဆိုင်ကအရောင်းဝန်ထမ်းလေးတွေရဲ့စကားကို ကျနော်တို့ အပြည့်အဝယုံကြည်နေလို့မရတော့ပါဘူး။
ဖုန်းဝယ်ရင် သတိထားရမည့် အချက်လေးတွေ။ (ဖတ်ဖြစ်အောင် ဖတ်လိုက်ပါ။) 3
ကျနော်ကိုယ်တိုင်လည်းကြုံဖူးပါတယ်။ သူတို့ဖုန်းရောင်းထွက်ဖို့အတွက် over တွေလုပ်ပြီးပြောနေတာမျိုး၊ ကိုယ်ရောင်းမည့် Product အကြောင်း သေချာမသိတာတွေဖြစ်တတ်ပါတယ်။ ဒါဟာ ပြသာနာကြီးပါ။ ဒါကြောင့် ဖုန်းမဝယ်ခင်ထဲက ကိုယ်လိုချင်တဲ့ Budget မှာ ဘာဖုန်းက အကောင်းဆုံးလဲဆိုတာကို Google လေးခေါက်တာပဲဖြစ်ဖြစ် Youtube လေးကြည့်တာပဲဖြစ်ဖြစ် သုံးစွဲသူတွေရဲ့စကားကို နားထောင်တာပဲဖြစ်ဖြစ်လုပ်ကြည့်ပါ။
(၂) အစစ်၊ အတုခွဲခြားတတ်ပါစေ။
ဖုန်းဝယ်ရင် သတိထားရမည့် အချက်လေးတွေ။ (ဖတ်ဖြစ်အောင် ဖတ်လိုက်ပါ။) 4
ဖုန်းဝယ်ရင် နာမည်ရဆိုင်ကောင်းကောင်းမှာသာရွေးဝယ်ပါ။ Discount မက်ပြီး အာမခံချက်မပေးတဲ့ဆိုင်တွေမှာ စွန့်စားပြီးသွားမဝယ်ပါနဲ့။ ယခုနောက်ပိုင်းဈေးကွက်ထဲမှာလည်း Refur အလုံးတွေကို အသစ်၊ အစစ်ဆိုပြီးရောင်းချနေရတဲ့ဆိုင်တွေကိုတွေ့လာရပါတယ်။ ကိုယ်ဝယ်မယ့်ဆိုင်ကို သေချာလေးရွေးချယ်တတ်ဖို့လိုပါတယ်။
(၃) ကိုယ်နဲ့ကိုက်ညီမည့်ဖုန်းကိုရှာပါ။
ဖုန်းဝယ်ရင် သတိထားရမည့် အချက်လေးတွေ။ (ဖတ်ဖြစ်အောင် ဖတ်လိုက်ပါ။) 5
ကိုယ်က ကင်မရာကြိုက်တာလား…။ ဒါဆိုကင်မရာကောင်းတဲ့ဖုန်းကိုရွေးဝယ်ပါ။ ကိုယ်က ဂိမ်းပဲဆော့မယ်ဆိုရင်တော့ Cpu ကောင်းကောင်း Battery ကောင်းကောင်းဖုန်းကိုရွေးချယ်ဝယ်ယူပါ။ Budget, Midrange, Highend အားလုံးလိုလိုမှာ အရာအားလုံးပြည့်စုံတဲ့ဖုန်းဆိုတာမရှိပါဘူး။ ကိုနဲ့အဆင်ပြေမယ့်၊ အသုံးဝင်လောက်မည့်ဖုန်းကို ရွေးချယ်ဝယ်ယူပါ။
(၄) ဖုန်းရဲ့အပိုပစ္စည်း ပေါလား၊ ရှားလားဆိုတာလည်း တစ်ချက်လေ့လာပါ။
ဖုန်းဝယ်ရင် သတိထားရမည့် အချက်လေးတွေ။ (ဖတ်ဖြစ်အောင် ဖတ်လိုက်ပါ။) 6
ဖုန်းတစ်လုံးဟာ သတ်တော်ရှည်စက်ရုပ်ကြီးမဟုတ်တဲ့အတွက် ကာလအကြာကြီးအထိမကောင်းနေနိုင်ပါဘူး။ တစ်ချိန်မှာ ပျက်မှာပါ။ အကယ် ပျက်ခဲ့တယ်ဆိုရင်တောင် ပြန်းပြီးပြုပြင်အစားထိုးဖို့ အပိုပစ္စည်းအလုံအလောက်ရှိလားတစ်ချက်လေ့လာပါ။
ကဲ.. ဖုန်းဝယ်ရင် ဂျင်းမမိရလေအောင်တော့ အကြံပေးထားတယ်နော်…။
Nanda Myint Ko (နည်းပညာချစ်သူ)
အားလုံးကိုခင်မင်လျှက်
ညီလတ်ထွန်း(နည်းပညာ)
www.nyilattun.com
No comments: