ပညာရွာၾကမယ္ - ညီလတ္ထြန္း(နည္းပညာ)

728x90 AdSpace

Trending

ပညာရွာၾကမယ္

[Zawgyi] ၿဖင့္ဖတ္ရန္😍🥰 Facebook သံုးရတာ ပ်င္းလာရင္ဒီဝက္ဘ္ဆိုက္ေလးေတြမွာ ပညာရွာလို႔ရတယ္ 🥰😍အင္တာနက္ဆိုတာ သံုးတတ္ရင္ေတာ့ ရတနာသိုက္ႀကီးေပါ့ ။
အင္တာနက္ သံုးရတာ အက်ဳိးမရွိဘူးလို႔ ခံစားမိေနသလား ေယာင္းတို႔ေရ ။ တစ္ခ်ိန္လံုး ေဖ႔စ္ဘြတ္ခ္ နယူးစ္ဖိ(ထ္)ေပၚမွာပဲ ေနၿပီး အလဟႆ အခ်ိန္ျဖဳန္းေနတယ္လို႔ပဲ ထင္ေနတာလား ။ ဒါဆိုရင္ေတာ႔ အင္တာနက္ဆိုတာ အက်ဳိးရွိရွိ အသံုးခ်တတ္ရင္ တကယ္ေကာင္းတဲ႔အရာလို႔ပဲ ေျပာပါရေစေနာ္ ။ ယူတတ္ရင္ ပညာေတြရမယ္႔ ဝက္ဘ္ဆိုက္ေတြဆိုတာလည္း အမ်ားႀကီးပါပဲလို႔ ။ ဟိုဟိုဒီဒီ ဝက္ဘ္ဆိုက္ေတြ အမ်ားႀကီး ရွိေပမဲ႔ ေယာင္းတို႔အတြက္ တကယ္ အက်ဳိးအရွိဆံုးျဖစ္ေစမယ့္ ဝက္ဘ္ဆိုက္ေတြကိုပဲ ဦးစားေပးေျပာသြားမယ္ေနာ္ ။
၁ ။ BRITISH COUNCIL
https://learnenglishteens.britishcouncil.org/
British Council ဆိုတာက တစ္ကမာၻလံုးက အဂၤလိပ္စာေလ႔လာၾကတဲ႔သူေတြအတြက္ ႀကီးမားလွတဲ႔ အြန္လုိင္း စာၾကည့္တိုက္ႀကီးတစ္ခုပါ ။ မ်ားျပားၿပီး စံုလင္လွတဲ႔  အဂၤလိပ္စာသင္ခန္းစာေတြ ၊ ဗီဒီယုိသင္ခန္းစာေတြအျပင္ ကိုယ္႔ရဲ႕အဂၤလိပ္စာ လယ္ဗယ္ကိုလည္း စစ္လို႔ရေသးတဲ႔ အြန္လိုင္းစာေမးပဲြလည္း ရွိပါေသးတယ္ ။ ကိုယ္႔ရဲ႕အခ်ိန္ေတြကို ဒီဝက္ဘ္ဆိုက္မွာ သံုးလိုက္ရုံနဲ႔ ရလာမယ့္ ဗဟုသုတေတြ၊ စာေတြက မနည္းမေနာပါပဲေနာ္ ။
၂ ။  Open Library
https://openlibrary.org/
ပံုမွန္ဆို ဝင္ဒီက ebook ေတြ အခမဲ႔ ေဒါင္းလုတ္ဆဲြတာကို အားမေပးေပမဲ႔ အဂၤလိပ္စာအုပ္ေတြကက် ေဈးႀကီးတယ္မလား ။ ေဈးႀကီးလို႔ မဝယ္ျဖစ္လို႔ စာမဖတ္လုိက္ရတာမ်ိဳး မျဖစ္ရေအာင္ ရွာေပးထားပါတယ္လို႔ ။
Open Library မွာ သိန္းနဲ႔ခ်ီတဲ႔ ebook ေတြ အမ်ားႀကီးရွိပါတယ္ ။ ဒါ့အျပင္ သူက Good Read နဲ႔ပါ ခ်ိတ္ထားေတာ႔ ဖတ္ခ်င္ၿပီး ေလာေလာဆယ္မဖတ္ျဖစ္တဲ႔ စာအုပ္ေတြရွိရင္လည္း သိမ္းထားလို႔ရတယ္ေလ ။ စာေရးဆရာနာမည္ေတြ ၊ စာအုပ္နာမည္ေတြကို အလြယ္တကူ ရိုက္ရွာလို႔လည္း ရေသးေတာ႔ အဆင္ေျပတာေပါ့ ။ Sign Up လုပ္ထားရုံနဲ႔ စာအုပ္ေတြ အမ်ားႀကီးကို ဖတ္ခြင့္ရမယ္႔ အခြင့္အေရးပါေနာ္ ။
၃ ။ Freepik
https://www.freepik.com/
ပံုမွန္ဆုိ ပံုေတြကို Google ကေနပဲ ယူသံုးတယ္မလား ။ Google က ပုံေတြကို ယူသံုးတာက ပံုေတြမွာ Copyright ရွိတဲ႔အတြက္ တကယ္ကို အႏၱရာယ္ရွိပါတယ္ ။ ဒီလိုဆို ပံုေတြ မရွာရေတာ႔ဘူးလား ။ ဒါလည္း မဟုတ္ပါဘူးေနာ္ ။  Freepik ဆိုတာက သူ႔ရဲ႕ဝက္ဘ္ဆိုက္ကပံုေတြကို စီးပြားေရးအတြက္ပဲျဖစ္ျဖစ္ ႀကိဳက္သလို ယူသံုး ၊ copyright မရွိဘဲ စိတ္ႀကိဳက္ ယူသံုးခြင့္ရွိတဲ႔ website တစ္ခုပါပဲ ။
၄ ။ Behance
https://www.behance.net/
ပံုေတြအေၾကာင္းေျပာရင္းနဲ႔ ေနာက္ထပ္ ဝက္ဘ္ဆိုက္ေလးတစ္ခုအေၾကာင္း ေျပာရဦးမယ္ ။ ဒီစာကို ဖတ္ေနတဲ႔အထဲမွာ ပံုေတြအေၾကာင္း ေလ႔လာေနတဲ႔ ေယာင္းတို႔လည္း ပါရင္ပါေနမွာေပါ့ေနာ္ ။ ပံုေတြ၊ ဒီဇိုင္းေတြကို ေလ႔လာေနတဲ႔ ေယာင္းတို႔အတြက္ Behance က အေကာင္းဆံုး ဝက္ဘ္ဆိုက္တစ္ခုပါပဲလို႔ ။ ေထာင္ ေသာင္းခ်ီေနတဲ႔ ပုံေတြက ေယာင္းတို႔အတြက္ အိုင္ဒီယာေတြေရာ ဗဟုသုတေတြေရာ ေပးႏိုင္မွာ အေသအခ်ာပါပဲေနာ္ ။
၅ ။ Lost Footsteps
https://lostfootsteps.org/my/
Lost Footsteps ရဲ႕ ျမန္မာအေခၚအေဝၚက အေမ႔ခံအတိတ္ပါ ။ ဒီဝက္ဘ္ဆိုက္ကို တည္ေထာင္သူကလည္း ျမန္မာလူမ်ဳိးတစ္ေယာက္ျဖစ္တဲ႔ Thant Myint-U ( ဦးသန္႔ျမင့္ဦး ) ပါ ။ ဒီမွာဆိုရင္ ျမန္မာ႔သမိုင္းတင္မက ကမာၻ႕သမိုင္းကိုပါ ျမန္မာဘာသာနဲ႔ေရာ အဂၤလိပ္ဘာသာနဲ႔ပါ ဖတ္လို႔ရမွာပါ ။ ျမန္မာ႔သမိုင္းဆိုရင္လည္း ပံုအေထာက္အထားေတြနဲ႔ပါ ေရးထားတာကိုလည္း ေတြ႔ရဦးမွာေလ ။ သမိုင္းကိုမွ စိတ္ဝင္စားတတ္တဲ႔ ေယာင္းတို႔အတြက္ ေလ႔လာစရာအေကာင္းဆံုး ဝက္ဘ္ဆိုက္ဆိုရင္လည္း မမွားပါဘူးေနာ္ ။
Credit to Windy ( For Her Myanmar )


[Unicode] ဖြင့်ဖတ်ရန်😍🥰Facebook သုံးရတာ ပျင်းလာရင်ဒီဝက်ဘ်ဆိုက်လေးတွေမှာ ပညာရှာလို့ရတယ် 🥰😍အင်တာနက်ဆိုတာ သုံးတတ်ရင်တော့ ရတနာသိုက်ကြီးပေါ့ ။
အင်တာနက် သုံးရတာ အကျိုးမရှိဘူးလို့ ခံစားမိနေသလား ယောင်းတို့ရေ ။ တစ်ချိန်လုံး ဖေ့စ်ဘွတ်ခ် နယူးစ်ဖိ(ထ်)ပေါ်မှာပဲ နေပြီး အလဟဿ အချိန်ဖြုန်းနေတယ်လို့ပဲ ထင်နေတာလား ။ ဒါဆိုရင်တော့ အင်တာနက်ဆိုတာ အကျိုးရှိရှိ အသုံးချတတ်ရင် တကယ်ကောင်းတဲ့အရာလို့ပဲ ပြောပါရစေနော် ။ ယူတတ်ရင် ပညာတွေရမယ့် ဝက်ဘ်ဆိုက်တွေဆိုတာလည်း အများကြီးပါပဲလို့ ။ ဟိုဟိုဒီဒီ ဝက်ဘ်ဆိုက်တွေ အများကြီး ရှိပေမဲ့ ယောင်းတို့အတွက် တကယ် အကျိုးအရှိဆုံးဖြစ်စေမယ့် ဝက်ဘ်ဆိုက်တွေကိုပဲ ဦးစားပေးပြောသွားမယ်နော် ။

၁ ။ BRITISH COUNCIL
https://learnenglishteens.britishcouncil.org/
British Council ဆိုတာက တစ်ကမ္ဘာလုံးက အင်္ဂလိပ်စာလေ့လာကြတဲ့သူတွေအတွက် ကြီးမားလှတဲ့ အွန်လိုင်း စာကြည့်တိုက်ကြီးတစ်ခုပါ ။ များပြားပြီး စုံလင်လှတဲ့  အင်္ဂလိပ်စာသင်ခန်းစာတွေ ၊ ဗီဒီယိုသင်ခန်းစာတွေအပြင် ကိုယ့်ရဲ့အင်္ဂလိပ်စာ လယ်ဗယ်ကိုလည်း စစ်လို့ရသေးတဲ့ အွန်လိုင်းစာမေးပွဲလည်း ရှိပါသေးတယ် ။ ကိုယ့်ရဲ့အချိန်တွေကို ဒီဝက်ဘ်ဆိုက်မှာ သုံးလိုက်ရုံနဲ့ ရလာမယ့် ဗဟုသုတတွေ၊ စာတွေက မနည်းမနောပါပဲနော် ။

၂ ။  Open Library
https://openlibrary.org/
ပုံမှန်ဆို ဝင်ဒီက ebook တွေ အခမဲ့ ဒေါင်းလုတ်ဆွဲတာကို အားမပေးပေမဲ့ အင်္ဂလိပ်စာအုပ်တွေကကျ ဈေးကြီးတယ်မလား။ဈေးကြီးလို့ မဝယ်ဖြစ်လို့ စာမဖတ်လိုက်ရတာမျိုး မဖြစ်ရအောင် ရှာပေးထားပါတယ်လို့။
Open Library မှာ သိန်းနဲ့ချီတဲ့ ebook တွေ အများကြီးရှိပါတယ် ။ ဒါ့အပြင် သူက Good Read နဲ့ပါ ချိတ်ထားတော့ ဖတ်ချင်ပြီး လောလောဆယ်မဖတ်ဖြစ်တဲ့ စာအုပ်တွေရှိရင်လည်း သိမ်းထားလို့ရတယ်လေ ။ စာရေးဆရာနာမည်တွေ ၊ စာအုပ်နာမည်တွေကို အလွယ်တကူ ရိုက်ရှာလို့လည်း ရသေးတော့ အဆင်ပြေတာပေါ့ ။ Sign Up လုပ်ထားရုံနဲ့ စာအုပ်တွေ အများကြီးကို ဖတ်ခွင့်ရမယ့် အခွင့်အရေးပါနော် ။

၃ ။ Freepik
https://www.freepik.com/
ပုံမှန်ဆို ပုံတွေကို Google ကနေပဲ ယူသုံးတယ်မလား ။ Google က ပုံတွေကို ယူသုံးတာက ပုံတွေမှာ Copyright ရှိတဲ့အတွက် တကယ်ကို အန္တရာယ်ရှိပါတယ် ။ ဒီလိုဆို ပုံတွေ မရှာရတော့ဘူးလား ။ ဒါလည်း မဟုတ်ပါဘူးနော် ။  Freepik ဆိုတာက သူ့ရဲ့ဝက်ဘ်ဆိုက်ကပုံတွေကို စီးပွားရေးအတွက်ပဲဖြစ်ဖြစ် ကြိုက်သလို ယူသုံး ၊ copyright မရှိဘဲ စိတ်ကြိုက် ယူသုံးခွင့်ရှိတဲ့ website တစ်ခုပါပဲ ။

၄ ။ Behance
https://www.behance.net/
ပုံတွေအကြောင်းပြောရင်းနဲ့ နောက်ထပ် ဝက်ဘ်ဆိုက်လေးတစ်ခုအကြောင်း ပြောရဦးမယ် ။ ဒီစာကို ဖတ်နေတဲ့အထဲမှာ ပုံတွေအကြောင်း လေ့လာနေတဲ့ ယောင်းတို့လည်း ပါရင်ပါနေမှာပေါ့နော် ။ ပုံတွေ၊ ဒီဇိုင်းတွေကို လေ့လာနေတဲ့ ယောင်းတို့အတွက် Behance က အကောင်းဆုံး ဝက်ဘ်ဆိုက်တစ်ခုပါပဲလို့ ။ ထောင် သောင်းချီနေတဲ့ ပုံတွေက ယောင်းတို့အတွက် အိုင်ဒီယာတွေရော ဗဟုသုတတွေရော ပေးနိုင်မှာ အသေအချာပါပဲနော် ။

၅ ။ Lost Footsteps
https://lostfootsteps.org/my/
Lost Footsteps ရဲ့ မြန်မာအခေါ်အဝေါ်က အမေ့ခံအတိတ်ပါ ။ ဒီဝက်ဘ်ဆိုက်ကို တည်ထောင်သူကလည်း မြန်မာလူမျိုးတစ်ယောက်ဖြစ်တဲ့ Thant Myint-U ( ဦးသန့်မြင့်ဦး ) ပါ ။ ဒီမှာဆိုရင် မြန်မာ့သမိုင်းတင်မက ကမ္ဘာ့သမိုင်းကိုပါ မြန်မာဘာသာနဲ့ရော အင်္ဂလိပ်ဘာသာနဲ့ပါ ဖတ်လို့ရမှာပါ ။ မြန်မာ့သမိုင်းဆိုရင်လည်း ပုံအထောက်အထားတွေနဲ့ပါ ရေးထားတာကိုလည်း တွေ့ရဦးမှာလေ ။ သမိုင်းကိုမှ စိတ်ဝင်စားတတ်တဲ့ ယောင်းတို့အတွက် လေ့လာစရာအကောင်းဆုံး ဝက်ဘ်ဆိုက်ဆိုရင်လည်း မမှားပါဘူးနော်။
Credit to Windy ( For Her Myanmar )





အားလံုးကိုခင္မင္လွ်က္
ညီလတ္ထြန္း(နည္းပညာ)
www.nyilattun.com

ပညာရွာၾကမယ္ Reviewed by ညီလတ္ထြန္း(နည္းပညာ) on 2:35 AM Rating: 5 [Zawgyi] ၿဖင့္ဖတ္ရန္ 😍🥰 Facebook သံုးရတာ ပ်င္းလာရင္ဒီဝက္ဘ္ဆိုက္ေလးေတြမွာ ပညာရွာလို႔ရတယ္ 🥰😍အင္တာနက္ဆိုတာ သံုးတတ္ရင္ေတာ့ ရတနာသိုက္ႀကီးေ...

No comments: