တကၠသိုလ္ေက်ာင္းေတာ္ႀကီးကေန မခဲြခြာခင္ မလုပ္မျဖစ္ လုပ္သင့္တဲ့အရာမ်ား - ညီလတ္ထြန္း(နည္းပညာ)

728x90 AdSpace

Trending

တကၠသိုလ္ေက်ာင္းေတာ္ႀကီးကေန မခဲြခြာခင္ မလုပ္မျဖစ္ လုပ္သင့္တဲ့အရာမ်ား

[Zawgyi] တကၠသိုလ္ေက်ာင္းသားဘဝဆိုတာ တကယ္လူဘဝႀကီး မေတြ႔ၾကံဳခင္ သူငယ္ခ်င္း၊မိတ္ေဆြ၊အေပါင္းအသင္းေတြနဲ႔ ေပ်ာ္ေပ်ာ္ပါးပါးေနခြင့္ရၿပီး မိဘပိုက္ဆံကို ေအးေအးလူလူ ေတာင္းသံုးခြင့္ရတဲ႔အခ်ိန္ျဖစ္လို႔ တကယ္ကုိ ပူပင္စရာနည္းပါးၿပီး လြတ္လပ္အေပါ့ပါးဆံုး အခ်ိန္ျဖစ္ပါတယ္။ ဒီလို အပူအပင္နည္းပါးတဲ႔အခ်ိန္ လုပ္ငန္းခြင္မဝင္ရေသးတဲ႔ အခိုက္အတန္႔မ်ဳိးမွာ တကၠသိုလ္ေက်ာင္းသားဘဝရဲ႕ အႏွစ္သာရကို သူငယ္ခ်င္းေတြနဲ႔အတူ ေပ်ာ္ေပ်ာ္ပါးပါးႀကီး ကုန္ဆံုးၾကည့္သင့္ပါတယ္။ ဒီလိုကုန္ဆံုးၾကည္႔ႏုိင္ဖို႔အတြက္ တကၠသိုလ္ေက်ာင္းကေန မစြန္႔ခြာမီ သူငယ္ခ်င္းေတြနဲ႔အတူ မလုပ္မျဖစ္လုပ္ၾကည္႔သင့္တဲ႔ အရာေလးေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(၁) အေကာင္းမြန္ဆံုး Group Photo ရုိက္ပါ

လူတိုင္းလိုလိုက ေရာက္တဲ႔ေနရာတုိင္းမွာ Selfie ဆဲြေနၾကၿပီးျဖစ္တဲ႔အတြက္ ဒီေန႔ေခတ္မွာေတာ့ ဓာတ္ပံုရုိက္ဖို႔ိကို သိပ္ၿပီး ႏႈိးေဆာ္ေနစရာမလိုေတာ့ပါဘူး။ ဓာတ္ပံုေပါင္းအေျမာက္အျမား ေန႔စဥ္ရုိက္ေနေပမယ့္ သူငယ္ခ်င္းအုပ္စုလိုက္ တစုတစည္းထဲ ရုိက္ျဖစ္တာက သိပ္မရွိပါဘူး။ ဓာတ္ပံုဆိုတာ အေပ်ာ္ရႊင္ဆံုး အမွတ္တရေတြကို အေကာင္းဆံုးသိမ္းဆည္းေပးႏိုင္တဲ႔ တစ္ခုထဲအရာျဖစ္လို႔ ကုိယ္အခ်စ္ရဆံုးသူငယ္ခ်င္းေတြနဲ႔ စုၿပီး အေကာင္းမြန္ဆံုးပံုတစ္ပံုေလာက္ ရုိက္ကူးၿပီး သိမ္းဆည္းထားသင့္ပါတယ္။ ဒီလိုအေကာင္းဆံုး ဓာတ္ပံုရုိက္ကူးၿပီး ေဘာင္လွလွေလးနဲ႔ထည္႔ကာ တကၠသိုလ္ေနာက္ဆံုးေန႔မွာ သူငယ္ခ်င္းအခ်င္းခ်င္း တန္ဖိုးမျဖတ္ႏို္င္တဲ႔ ေက်ာင္းေနာက္ဆံုးေန႔ လက္ေဆာင္အေနနဲ႔ေပးကာ အမွတ္တရေတြကို ယူေဆာင္သြားလို႔ ရပါတယ္။ ဒါေၾကာင့္မို႔ ေနာက္ဆံုးေန႔မတိုင္ခင္ အမိုက္စားဓာတ္ပံုရုိက္ကာ လက္ေဆာင္ေတြ လဲလွယ္ေပးလုိက္ၾကပါ။
Take a Good Group Photo
Take a Good Group Photo

(၂) ေပ်ာ္ေပ်ာ္ပါးပါးစားေသာက္ရင္းရုပ္ရွင္ၾကည္႔ပါ

သူငယ္ခ်င္းတစ္ေယာက္ေယာက္အိမ္မွာ စုၿပီး ေပါက္ေပါက္ေတြစား အေအးေတြေသာက္ ေပါက္တတ္ကရေတြေျပာကာ ရုပ္ရွင္ကားေကာင္းေကာင္းတစ္ကား စုၿပီး ၾကည့္တာကလည္း ေက်ာင္းသားဘဝမွာသာ လုပ္လို႔ အရမ္းေကာင္းတာပါ။ ေက်ာင္းၿပီးလို႔ လုပ္ငန္းခြင္ဝင္သြားၿပီဆို သူငယ္ခ်င္းေတြစုၿပီး ရုပ္ရွင္ၾကည္႔ဖို႔ မေျပာနဲ႔ အကုန္စုၿပီး ေတြ႔ဖို႔ေတာင္ မနည္းခ်ိန္းယူရေတာ့မွာ ျဖစ္ပါတယ္။ ရုပ္ရွင္အတူၾကည္႔ၿပီး အေကာင္းဆံုးေက်ာင္းသားဘဝ အမွတ္တရေတြကို ခ်စ္ရတဲ႔ေဘာေဘာ္ေတြနဲ႔အတူ ဖန္တီးၿပီး ျဖတ္သန္းၾကည့္လိုက္ပါ။
Watching Movie
Watching Movie

(၃) ညစာအတူတူဝိုင္းဖဲြ႔စားၾကည့္ပါ

သူငယ္ခ်င္းတစ္ေယာက္အိမ္မွာ အကုန္လံုးစုအိပ္ၿပီး မုန္႔ေတြ ဝိုင္းဖဲြ႔စုလုပ္ကာ ညစာ စားတာပဲျဖစ္ျဖစ္၊ ပီဇာေတြမွာၿပီး ညစာစားတာမ်ဴိး လုပ္ရင္း ေက်ာင္းတက္တုန္းက လဲြခဲ႔တဲ့အလဲြေတြ၊ ဆရာဆရာမေတြဆီက အဆူခံခဲ႔ရတာေတြ၊ ဘယ္ေကာင္မေလးကို ပိုးလို႔မရခဲ႔တာေတြ၊ ဘယ္ေကာင္ေလးက ဘယ္လုိလိုက္လို႔ သင္ခန္းစာဘယ္လုိျပန္ေပးလုိက္တာေတြ တေပ်ာ္တပါးႀကီး ျပန္ေျပာင္းေျပာကာ သူငယ္ခ်င္းအရင္းႀကီးေတြနဲ႔ ရင္ဘတ္ခ်င္းနီးသထက္နီးေအာင္ ဖန္တီးကာ အပူအပင္ကင္းတဲ႔ ေက်ာင္းသားလူငယ္ဘဝကုိ ေပ်ာ္ေပ်ာ္ႀကီး ကုန္ဆံုးလိုက္ပါ။ ညစာစားရင္ အရင္တုန္းက အေၾကာင္းေတြ ျပန္မေျပာခ်င္ရင္ သီခ်င္းေအးေအးေလးဖြင့္ကာ ေပါက္ကရေလးဆယ္ေတြ လုေျပာကာ ကုန္ဆံုးၾကည့္လို႔လည္း ရပါေသးတယ္။
Have a Dinner Party
Have a Dinner Party

(၄) ရုပ္ရွင္ရုံ အုပ္လိုက္ႀကီးသြားၿပီး ေပါၾကည္႔ပါ

ရုပ္ရွင္ေတြကို အိမ္မွာစုၿပီးၾကည္႔လို႔ရတာမွန္ေပမယ့္လည္း အုပ္စုလိုက္ႀကီး ရုံမွာ သြားၾကည္႔တာက ခံစားခ်က္ကြာတယ္ဆိုတာ လူတိုုင္းသိၾကမွာပါ။ အသက္ႀကီးလာမွ လုပ္ဖို႔ သိပ္မသင့္ေတာ္တဲ႔ ေပါေတာေတာေနတာမ်ုဳိးကို ငယ္ရြယ္တဲ႔ ေက်ာင္းသားဘဝမွာသာ လုပ္ၾကည္႔ခြင့္ရတာမို႔ တစ္သက္မွာ တစ္ခါေလာက္ေတာ့ ဆိုးဖူးတယ္ရွိေအာင္ ဆိုးၾကည့္လုိက္ပါ။ တစ္ခုသတိျပဳရမွာက အဲဒီလို ဆိုးၾကည္႔တာအခါ တျခားသူကို ထိခိုက္တာမ်ဳိးမျဖစ္ေအာင္နဲ႔ အေပ်ာ္ကေန အပ်က္မျဖစ္သြားေစဖို႔ေတာ့ သတိျပဳသင့္ပါတယ္။
Watching in Cinema
Watching in Cinema

(၅) စုၿပီး ခရီးတိုသြားၾကည္႔ပါ

ေက်ာင္းတတ္ေနတုန္းသာ စုၿပီးခရီးတိုသြားဖို႔ အခြင့္အေရးရတာပါ။ လုပ္ငန္းခြင္ဝင္သြားၿပီဆို တစ္ေနရာဆီ ေရာက္ေနတဲ႔ ေဘာ္ဒါေတြစုၿပီး ခရီးသြားကာ အပန္းေျဖဖို႔ဆိုတာ လံုးဝကို မလြယ္ေတာ့ပါဘူး။ ေက်ာင္းတက္ေနရတဲ႔အရြယ္ဟာ စာဖတ္ရတဲ႔ စိတ္ဖိစီးမႈေလာက္ပဲရွိၿပီး က်န္တဲ႔အေရးေတြ အရမ္းႀကီး ဂရုစိုက္စရာမလုိေသးသလို ျပန္လွည္႔ၾ႔ကည္႔စရာ၊ ေနာက္ဆံတင္းစရာေတြလည္း အရမ္းႀကီးမရွိေသးတဲ႔အတြက္ ခရီးကို လြတ္လြတ္လပ္လပ္ထြက္ႏုိင္ၿပီး လူငယ္ဘဝ ခရီးထြက္ျခင္းအရသာကို အျပည့္အဝခံစားလို႔ ရပါတယ္။ ခရီးထြက္ျခင္းဟာ စာသင္ခန္းထဲမွာ စာထုိင္သင္သလိုမ်ဴိး ျပင္ပလူေနမႈဘဝေတြကို ေလ့လာသင္ယူလို႔ရတဲ႔ အခြင့္အေရးရရွိေစလို႔ ေက်ာင္းသားဘဝမွာ သူငယ္ခ်င္းေတြနဲ႔စုၿပီး ခရီးတုိတစ္ခု ထြက္ျဖစ္ေအာင္ ထြက္ၾကည့္ပါ။
Travelling
Travelling

(၆) ေနထြက္တာ(သို႔) ေနဝင္တာကုိ ၾကည့့္ပါ

မနက္ခင္းအေစာႀကီး ေနထြက္တာနဲ႔ ညေနခင္း ေနဝင္တာကို သူငယ္ခ်င္းေတြ အုပ္စုလိုက္ႀကီး ကမ္းေျခတစ္ခု (သို႔) ေတာင္ေပၚမွာ ေပ်ာ္ေပ်ာ္ပါးပါး သြားေရာက္ၾကည့္သင့္ပါတယ္။ အဲဒီလိုၾကည့္ကာ ေက်ာင္းၿပီး ေရွ႕ဆက္ရမယ့္ဘဝအတြက္ ေနထြက္တာကိုၾကည့္ၿပီး စိတ္ဓာတ္ခြန္အားေတြ ယူလို႔ရသလို ေနျခည္ေႏြးေႏြးေအာက္မွာ ဘယ္ Career ကို ဘယ္လိုေရြးခ်ယ္မလဲ ဘယ္ Career က ေအာင္ျမင္မႈကို အျမန္ဆံုးရရွိေစလဲဆိုတာကိုလည္း ေဆြးေႏြးတိုင္ပင္လုိ႔ရပါတယ္။ ညေနခင္း ေနဝင္တာကိုၾကည္႔ၿပီး ေကာလိပ္ေက်ာင္းသားဘဝကို ႏႈတ္ဆက္လုိ႔ရသလို သူငယ္ခ်င္းေတြနဲ႔ ခဲြခြာျခင္းအမွတ္တရပဲြကိုလည္း ေကာင္းေကာင္းက်င္းပလုိ႔ ရပါတယ္။ ပုစြန္ဆီေရာင္သန္းေနတဲ႔ ညေနခင္းမွာ တစ္ေယာက္နဲ႔ တစ္ေယာက္ဖက္ၿပီး ေက်ာင္းသားဘဝကို ႏႈတ္ဆက္ကာ လုပ္ငန္းခြင္ဝင္ဖို႔ အားယူၾကည့္ပါ။
ဒါေလးေတြကေတာ့ တကၠသိုလ္ေက်ာင္းသားဘဝႀကီး မၿပီးဆံုးခင္ ေက်ာင္းသားဘဝအႏွစ္သာရကို ေသခ်ာေလးသိရွိေစဖို႔ မလုပ္မျဖစ္ လုပ္ၾကည့္သင့္တာေတြထဲက တခ်ဳိ႕ကို ေရြးခ်ယ္ေဖာ္ျပထားတာ ျဖစ္ပါတယ္။ ပရိသတ္ႀကီး ေက်ာင္းမၿပီးခင္ လုပ္ေလ့လုပ္ထရွိတဲ႔ ေပ်ာ္ရြႊင္ဖြယ္အရာေလးေတြ ရွိေသးရင္လည္း အေပ်ာ္ေတြကူးစက္ေစဖို႔ ျပန္လည္မွ်ေဝေပးခဲ့ပါဦးေနာ္။
Via:Akhayar


[Unicode] တက္ကသိုလ်ကျောင်းသားဘဝဆိုတာ တကယ်လူဘဝကြီး မတွေ့ကြုံခင် သူငယ်ချင်း၊မိတ်ဆွေ၊အပေါင်းအသင်းတွေနဲ့ ပျော်ပျော်ပါးပါးနေခွင့်ရပြီး မိဘပိုက်ဆံကို အေးအေးလူလူ တောင်းသုံးခွင့်ရတဲ့အချိန်ဖြစ်လို့ တကယ်ကို ပူပင်စရာနည်းပါးပြီး လွတ်လပ်အပေါ့ပါးဆုံး အချိန်ဖြစ်ပါတယ်။ ဒီလို အပူအပင်နည်းပါးတဲ့အချိန် လုပ်ငန်းခွင်မဝင်ရသေးတဲ့ အခိုက်အတန့်မျိုးမှာ တက္ကသိုလ်ကျောင်းသားဘဝရဲ့ အနှစ်သာရကို သူငယ်ချင်းတွေနဲ့အတူ ပျော်ပျော်ပါးပါးကြီး ကုန်ဆုံးကြည့်သင့်ပါတယ်။ ဒီလိုကုန်ဆုံးကြည့်နိုင်ဖို့အတွက် တက္ကသိုလ်ကျောင်းကနေ မစွန့်ခွာမီ သူငယ်ချင်းတွေနဲ့အတူ မလုပ်မဖြစ်လုပ်ကြည့်သင့်တဲ့ အရာလေးတွေကို ဖော်ပြပေးချင်ပါတယ်။

(၁) အကောင်းမွန်ဆုံး Group Photo ရိုက်ပါ

လူတိုင်းလိုလိုက ရောက်တဲ့နေရာတိုင်းမှာ Selfie ဆွဲနေကြပြီးဖြစ်တဲ့အတွက် ဒီနေ့ခေတ်မှာတော့ ဓာတ်ပုံရိုက်ဖို့ိကို သိပ်ပြီး နှိုးဆော်နေစရာမလိုတော့ပါဘူး။ ဓာတ်ပုံပေါင်းအမြောက်အမြား နေ့စဉ်ရိုက်နေပေမယ့် သူငယ်ချင်းအုပ်စုလိုက် တစုတစည်းထဲ ရိုက်ဖြစ်တာက သိပ်မရှိပါဘူး။ ဓာတ်ပုံဆိုတာ အပျော်ရွှင်ဆုံး အမှတ်တရတွေကို အကောင်းဆုံးသိမ်းဆည်းပေးနိုင်တဲ့ တစ်ခုထဲအရာဖြစ်လို့ ကိုယ်အချစ်ရဆုံးသူငယ်ချင်းတွေနဲ့ စုပြီး အကောင်းမွန်ဆုံးပုံတစ်ပုံလောက် ရိုက်ကူးပြီး သိမ်းဆည်းထားသင့်ပါတယ်။ ဒီလိုအကောင်းဆုံး ဓာတ်ပုံရိုက်ကူးပြီး ဘောင်လှလှလေးနဲ့ထည့်ကာ တက္ကသိုလ်နောက်ဆုံးနေ့မှာ သူငယ်ချင်းအချင်းချင်း တန်ဖိုးမဖြတ်နိုင်တဲ့ ကျောင်းနောက်ဆုံးနေ့ လက်ဆောင်အနေနဲ့ပေးကာ အမှတ်တရတွေကို ယူဆောင်သွားလို့ ရပါတယ်။ ဒါကြောင့်မို့ နောက်ဆုံးနေ့မတိုင်ခင် အမိုက်စားဓာတ်ပုံရိုက်ကာ လက်ဆောင်တွေ လဲလှယ်ပေးလိုက်ကြပါ။
Take a Good Group Photo
Take a Good Group Photo

(၂) ပျော်ပျော်ပါးပါးစားသောက်ရင်းရုပ်ရှင်ကြည့်ပါ

သူငယ်ချင်းတစ်ယောက်ယောက်အိမ်မှာ စုပြီး ပေါက်ပေါက်တွေစား အအေးတွေသောက် ပေါက်တတ်ကရတွေပြောကာ ရုပ်ရှင်ကားကောင်းကောင်းတစ်ကား စုပြီး ကြည့်တာကလည်း ကျောင်းသားဘဝမှာသာ လုပ်လို့ အရမ်းကောင်းတာပါ။ ကျောင်းပြီးလို့ လုပ်ငန်းခွင်ဝင်သွားပြီဆို သူငယ်ချင်းတွေစုပြီး ရုပ်ရှင်ကြည့်ဖို့ မပြောနဲ့ အကုန်စုပြီး တွေ့ဖို့တောင် မနည်းချိန်းယူရတော့မှာ ဖြစ်ပါတယ်။ ရုပ်ရှင်အတူကြည့်ပြီး အကောင်းဆုံးကျောင်းသားဘဝ အမှတ်တရတွေကို ချစ်ရတဲ့ဘောဘော်တွေနဲ့အတူ ဖန်တီးပြီး ဖြတ်သန်းကြည့်လိုက်ပါ။
Watching Movie
Watching Movie

(၃) ညစာအတူတူဝိုင်းဖွဲ့စားကြည့်ပါ

သူငယ်ချင်းတစ်ယောက်အိမ်မှာ အကုန်လုံးစုအိပ်ပြီး မုန့်တွေ ဝိုင်းဖွဲ့စုလုပ်ကာ ညစာ စားတာပဲဖြစ်ဖြစ်၊ ပီဇာတွေမှာပြီး ညစာစားတာမျိူး လုပ်ရင်း ကျောင်းတက်တုန်းက လွဲခဲ့တဲ့အလွဲတွေ၊ ဆရာဆရာမတွေဆီက အဆူခံခဲ့ရတာတွေ၊ ဘယ်ကောင်မလေးကို ပိုးလို့မရခဲ့တာတွေ၊ ဘယ်ကောင်လေးက ဘယ်လိုလိုက်လို့ သင်ခန်းစာဘယ်လိုပြန်ပေးလိုက်တာတွေ တပျော်တပါးကြီး ပြန်ပြောင်းပြောကာ သူငယ်ချင်းအရင်းကြီးတွေနဲ့ ရင်ဘတ်ချင်းနီးသထက်နီးအောင် ဖန်တီးကာ အပူအပင်ကင်းတဲ့ ကျောင်းသားလူငယ်ဘဝကို ပျော်ပျော်ကြီး ကုန်ဆုံးလိုက်ပါ။ ညစာစားရင် အရင်တုန်းက အကြောင်းတွေ ပြန်မပြောချင်ရင် သီချင်းအေးအေးလေးဖွင့်ကာ ပေါက်ကရလေးဆယ်တွေ လုပြောကာ ကုန်ဆုံးကြည့်လို့လည်း ရပါသေးတယ်။
Have a Dinner Party
Have a Dinner Party

(၄) ရုပ်ရှင်ရုံ အုပ်လိုက်ကြီးသွားပြီး ပေါကြည့်ပါ

ရုပ်ရှင်တွေကို အိမ်မှာစုပြီးကြည့်လို့ရတာမှန်ပေမယ့်လည်း အုပ်စုလိုက်ကြီး ရုံမှာ သွားကြည့်တာက ခံစားချက်ကွာတယ်ဆိုတာ လူတိုင်းသိကြမှာပါ။ အသက်ကြီးလာမှ လုပ်ဖို့ သိပ်မသင့်တော်တဲ့ ပေါတောတောနေတာမျိုုးကို ငယ်ရွယ်တဲ့ ကျောင်းသားဘဝမှာသာ လုပ်ကြည့်ခွင့်ရတာမို့ တစ်သက်မှာ တစ်ခါလောက်တော့ ဆိုးဖူးတယ်ရှိအောင် ဆိုးကြည့်လိုက်ပါ။ တစ်ခုသတိပြုရမှာက အဲဒီလို ဆိုးကြည့်တာအခါ တခြားသူကို ထိခိုက်တာမျိုးမဖြစ်အောင်နဲ့ အပျော်ကနေ အပျက်မဖြစ်သွားစေဖို့တော့ သတိပြုသင့်ပါတယ်။
Watching in Cinema
Watching in Cinema

(၅) စုပြီး ခရီးတိုသွားကြည့်ပါ

ကျောင်းတတ်နေတုန်းသာ စုပြီးခရီးတိုသွားဖို့ အခွင့်အရေးရတာပါ။ လုပ်ငန်းခွင်ဝင်သွားပြီဆို တစ်နေရာဆီ ရောက်နေတဲ့ ဘော်ဒါတွေစုပြီး ခရီးသွားကာ အပန်းဖြေဖို့ဆိုတာ လုံးဝကို မလွယ်တော့ပါဘူး။ ကျောင်းတက်နေရတဲ့အရွယ်ဟာ စာဖတ်ရတဲ့ စိတ်ဖိစီးမှုလောက်ပဲရှိပြီး ကျန်တဲ့အရေးတွေ အရမ်းကြီး ဂရုစိုက်စရာမလိုသေးသလို ပြန်လှည့်ြ့ကည့်စရာ၊ နောက်ဆံတင်းစရာတွေလည်း အရမ်းကြီးမရှိသေးတဲ့အတွက် ခရီးကို လွတ်လွတ်လပ်လပ်ထွက်နိုင်ပြီး လူငယ်ဘဝ ခရီးထွက်ခြင်းအရသာကို အပြည့်အဝခံစားလို့ ရပါတယ်။ ခရီးထွက်ခြင်းဟာ စာသင်ခန်းထဲမှာ စာထိုင်သင်သလိုမျိူး ပြင်ပလူနေမှုဘဝတွေကို လေ့လာသင်ယူလို့ရတဲ့ အခွင့်အရေးရရှိစေလို့ ကျောင်းသားဘဝမှာ သူငယ်ချင်းတွေနဲ့စုပြီး ခရီးတိုတစ်ခု ထွက်ဖြစ်အောင် ထွက်ကြည့်ပါ။
Travelling
Travelling

(၆) နေထွက်တာ(သို့) နေဝင်တာကို ကြည့်ပါ

မနက်ခင်းအစောကြီး နေထွက်တာနဲ့ ညနေခင်း နေဝင်တာကို သူငယ်ချင်းတွေ အုပ်စုလိုက်ကြီး ကမ်းခြေတစ်ခု (သို့) တောင်ပေါ်မှာ ပျော်ပျော်ပါးပါး သွားရောက်ကြည့်သင့်ပါတယ်။ အဲဒီလိုကြည့်ကာ ကျောင်းပြီး ရှေ့ဆက်ရမယ့်ဘဝအတွက် နေထွက်တာကိုကြည့်ပြီး စိတ်ဓာတ်ခွန်အားတွေ ယူလို့ရသလို နေခြည်နွေးနွေးအောက်မှာ ဘယ် Career ကို ဘယ်လိုရွေးချယ်မလဲ ဘယ် Career က အောင်မြင်မှုကို အမြန်ဆုံးရရှိစေလဲဆိုတာကိုလည်း ဆွေးနွေးတိုင်ပင်လို့ရပါတယ်။ ညနေခင်း နေဝင်တာကိုကြည့်ပြီး ကောလိပ်ကျောင်းသားဘဝကို နှုတ်ဆက်လို့ရသလို သူငယ်ချင်းတွေနဲ့ ခွဲခွာခြင်းအမှတ်တရပွဲကိုလည်း ကောင်းကောင်းကျင်းပလို့ ရပါတယ်။ ပုစွန်ဆီရောင်သန်းနေတဲ့ ညနေခင်းမှာ တစ်ယောက်နဲ့ တစ်ယောက်ဖက်ပြီး ကျောင်းသားဘဝကို နှုတ်ဆက်ကာ လုပ်ငန်းခွင်ဝင်ဖို့ အားယူကြည့်ပါ။
ဒါလေးတွေကတော့ တက္ကသိုလ်ကျောင်းသားဘဝကြီး မပြီးဆုံးခင် ကျောင်းသားဘဝအနှစ်သာရကို သေချာလေးသိရှိစေဖို့ မလုပ်မဖြစ် လုပ်ကြည့်သင့်တာတွေထဲက တချို့ကို ရွေးချယ်ဖော်ပြထားတာ ဖြစ်ပါတယ်။ ပရိသတ်ကြီး ကျောင်းမပြီးခင် လုပ်လေ့လုပ်ထရှိတဲ့ ပျော်ရွှင်ဖွယ်အရာလေးတွေ ရှိသေးရင်လည်း အပျော်တွေကူးစက်စေဖို့ ပြန်လည်မျှဝေပေးခဲ့ပါဦးနော်။
Via:Akhayar






အားလံုးကိုခင္မင္လွ်က္
ညီလတ္ထြန္း(နည္းပညာ)
www.nyilattun.com

တကၠသိုလ္ေက်ာင္းေတာ္ႀကီးကေန မခဲြခြာခင္ မလုပ္မျဖစ္ လုပ္သင့္တဲ့အရာမ်ား Reviewed by ညီလတ္ထြန္း(နည္းပညာ) on 2:12 AM Rating: 5 [Zawgyi] တကၠသိုလ္ေက်ာင္းသားဘဝဆိုတာ တကယ္လူဘဝႀကီး မေတြ႔ၾကံဳခင္ သူငယ္ခ်င္း၊မိတ္ေဆြ၊အေပါင္းအသင္းေတြနဲ႔ ေပ်ာ္ေပ်ာ္ပါးပါးေနခြင့္ရၿပီး မိဘပိုက...

No comments: