သင့္ ဖုန္းမေပ်ာက္ခင္ ႀကိဳတင္ျပဳလုပ္ထားသင့္တဲ့ အရာမ်ား - ညီလတ္ထြန္း(နည္းပညာ)

728x90 AdSpace

Trending

သင့္ ဖုန္းမေပ်ာက္ခင္ ႀကိဳတင္ျပဳလုပ္ထားသင့္တဲ့ အရာမ်ား

စမတ္ဖုန္းမ်ားဟာ အိတ္ေဆာင္ကြန္ျပဴတာငယ္မ်ား ျဖစ္လာၾကၿပီး အခ်ိဳ႕ဆိုရင္ အလြန္ တန္ဖိုးႀကီးပါတယ္။ အဲဒီအတြက္ သူခိုးမ်ားက စမတ္ဖုန္းမ်ားကို ပစ္မွတ္ထားလာၾကပါတယ္။ ဖုန္းမ်ားမွာ အဖိုးတန္ ေဒတာမ်ား၊ ေငြေၾကးဆိုင္ရာ App မ်ား ထည့္သြင္းထားတဲ့ အတြက္ ဖုန္း ေပ်ာက္ရင္ သို႔မဟုတ္ အခိုးခံရရင္ သင့္အတြက္ ဆံုးရႈံးမႈမ်ားစြာ ျဖစ္သြားႏုိင္ပါတယ္။ အဲဒီအတြက္ သင့္ ဖုန္း မေပ်ာက္ခင္ ႀကိဳတင္ ျပဳလုပ္ထားသင့္တဲ့ အရာမ်ားကို ေဖာ္ျပလိုက္ပါတယ္။
Remote Tracking ကို On ထားပါ။

Android , iPhone မ်ားမွာ ဖုန္းရဲ႕ တည္ေနရာကို ေျခရာခံႏုိင္တဲ့ Tool မ်ား ပါပါတယ္။ Stock Android မွာ Find My Device လို႔ ေခၚပါတယ္။ Settings > Security & Location ထဲမွာ On ႏုိင္ပါတယ္။ iOS မွာ Settings > Find My iPhone ထဲမွာ On ႏုိင္ပါတယ္။

ဖုန္း ေပ်ာက္သြားရင္ အျခား ဖုန္း၊ ကြန္ျပဴတာမ်ားကေန သက္ဆိုင္ရာ ၀က္ဘ္ဆိုက္ကို သြားၿပီး ဖုန္းမွာ ထည့္ထားတဲ့ Google Account သို႔မဟုတ္ Apple ID နဲ႔ Signin ၀င္ပါ။ အဲဒီေနာက္မွာ ဖုန္းရဲ႕ တည္ေနရာကို ေျခရာခံႏုိင္ပါတယ္။ ဒါ့အျပင္ ဖုန္းမွ ေဒတာမ်ားကို အေ၀းကေန ဖ်က္ဆီးႏုိင္ပါတယ္။
Lock Screen ျဖင့္ ကာကြယ္ထားပါ။
Facebook , Email မ်ား အပါအ၀င္ သင့္ဖုန္းမွာ Login ၀င္ထားတဲ့ App မ်ားစြာ ရွိမွာပါ။ သင့္ဖုန္းကို ယူကိုင္လိုက္သူတိုင္းက သင့္ရဲ႕ကိုယ္ေရးကိုယ္တာ သတင္းအခ်က္အလက္မ်ားကို ျမင္ရမွာပါ။ အဲဒီအတြက္ ဖုန္းကို Lock Screen ျဖင့္ ကာကြယ္ထားသင့္ပါတယ္။ PIN , Pattern , Fingerprint , Face Unlock မ်ားကို သံုး၍ ကာကြယ္ႏုိင္ပါတယ္။
Android Settings ထဲမွ Security & Location မွာ ကာကြယ္ႏိုင္ပါတယ္။ iOS Settings ထဲမွ Face ID & Passcode ( or Touch ID & Passcode) မွာ သူတို႔ကို သံုးႏုိင္ပါတယ္။ ဒါဆိုရင္ သင့္ဖုန္းကို ယူကိုင္လိုက္သူက သင့္ဖုန္းမွ ေဒတာမ်ားကို မျမင္ရေအာင္ Lock Screen က ကာကြယ္ေပးထားမွာပါ။ သင့္ဖုန္း ေပ်ာက္သြားၿပီး Lock Screen ျဖင့္ ကာကြယ္ထားရင္လည္း အေ၀းကေန ေဒတာမ်ားကို သင္က အေပၚက နည္းလမ္းမ်ားျဖင့္ ဖ်က္ဆီးႏုိင္ပါတယ္။
သင့္ ေဒတာမ်ားကို Back Up လုပ္ထားပါ။
သင့္ ဖုန္း မေပ်ာက္ခင္မွာ အေရးႀကီး ေဒတာမ်ားကို Back Up လုပ္ထားတာက အေကာင္းဆံုးပါ။ Android မွာ Settings >System > Advanced > Backup ထဲမွာ ျပဳလုပ္ပါ။ iOS မွာ Settings ထဲသြားပါ။ သင့္အမည္၊ ၿပီးေနာက္ သင့္ Device ကို ႏွိပ္ပါ။ iCloud Backup ထဲမွာ ျပဳလုပ္ပါ။ ( သင့္ဖုန္းမွာ iCloud ကို Enable လုပ္ထားရမွာပါ။ )
ဓါတ္ပံု၊ ဗီဒီယိုနဲ႔ အျခား ဖုိင္မ်ားကို Cloud မွာ Back Up လုပ္ေပးတဲ့ App မ်ားစြာလည္း ရွိပါတယ္။ DropBox , OneDrive , Google Photos , iCloud Photos မ်ားကို သံုးႏုိင္ပါတယ္။
Lock Screen Message
သင့္ဖုန္းကို ျပန္ရႏုိင္မယ့္ အျခား နည္းလမ္းမ်ားလည္း ရွိပါေသးတယ္။ Lock Screen မွာ သင့္ကို ဆက္သြယ္ႏုိင္မယ့္ စာသားမ်ားကို ေရးသားထားသင့္ပါတယ္။ Android Settings > Security & Location ထဲသြားၿပီး Screen Lock ရဲ႕ ေဘးမွ စက္သြားကို ႏွိပ္ပါ။ Lock Screen Message မွာ စာမ်ား ေရးသားထားပါ။ iOS Health App ကေန Medical ID ကို ႏွိပ္ၿပီး Emergency Contact မ်ားကို ေရးသားထားႏုိင္ပါတယ္။
Ref : wired
Credit: Digitaltimes

[Unicode]
သင့် ဖုန်း မပျောက်ခင် ကြိုတင် ပြုလုပ်ထားသင့်တဲ့ အရာများ
စမတ်ဖုန်းများဟာ အိတ်ဆောင်ကွန်ပြူတာ ငယ်များ ဖြစ်လာကြပြီး အချို့ဆိုရင် အလွန် တန်ဖိုးကြီးပါတယ်။ အဲဒီအတွက် သူခိုးများက စမတ်ဖုန်းများကို ပစ်မှတ်ထားလာကြပါတယ်။ ဖုန်းများမှာ အဖိုးတန် ဒေတာများ၊ ငွေကြေးဆိုင်ရာ App များ ထည့်သွင်းထားတဲ့ အတွက် ဖုန်း ပျောက်ရင် သို့မဟုတ် အခိုးခံရရင် သင့်အတွက် ဆုံးရှုံးမှုများစွာ ဖြစ်သွားနိုင်ပါတယ်။ အဲဒီအတွက် သင့် ဖုန်း မပျောက်ခင် ကြိုတင် ပြုလုပ်ထားသင့်တဲ့ အရာများကို ဖော်ပြလိုက်ပါတယ်။
Remote Tracking ကို On ထားပါ။

Android , iPhone များမှာ ဖုန်းရဲ့ တည်နေရာကို ခြေရာခံနိုင်တဲ့ Tool များ ပါပါတယ်။ Stock Android မှာ Find My Device လို့ ခေါ်ပါတယ်။ Settings > Security & Location ထဲမှာ On နိုင်ပါတယ်။ iOS မှာ Settings > Find My iPhone ထဲမှာ On နိုင်ပါတယ်။

ဖုန်း ပျောက်သွားရင် အခြား ဖုန်း၊ ကွန်ပြူတာများကနေ သက်ဆိုင်ရာ ဝက်ဘ်ဆိုက်ကို သွားပြီး ဖုန်းမှာ ထည့်ထားတဲ့ Google Account သို့မဟုတ် Apple ID နဲ့ Signin ဝင်ပါ။ အဲဒီနောက်မှာ ဖုန်းရဲ့ တည်နေရာကို ခြေရာခံနိုင်ပါတယ်။ ဒါ့အပြင် ဖုန်းမှ ဒေတာများကို အဝေးကနေ ဖျက်ဆီးနိုင်ပါတယ်။
Lock Screen ဖြင့် ကာကွယ်ထားပါ။
Facebook , Email များ အပါအဝင် သင့်ဖုန်းမှာ Login ဝင်ထားတဲ့ App များစွာ ရှိမှာပါ။ သင့်ဖုန်းကို ယူကိုင်လိုက်သူတိုင်းက သင့်ရဲ့ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်များကို မြင်ရမှာပါ။ အဲဒီအတွက် ဖုန်းကို Lock Screen ဖြင့် ကာကွယ်ထားသင့်ပါတယ်။ PIN , Pattern , Fingerprint , Face Unlock များကို သုံး၍ ကာကွယ်နိုင်ပါတယ်။
Android Settings ထဲမှ Security & Location မှာ ကာကွယ်နိုင်ပါတယ်။ iOS Settings ထဲမှ Face ID & Passcode ( or Touch ID & Passcode) မှာ သူတို့ကို သုံးနိုင်ပါတယ်။ ဒါဆိုရင် သင့်ဖုန်းကို ယူကိုင်လိုက်သူက သင့်ဖုန်းမှ ဒေတာများကို မမြင်ရအောင် Lock Screen က ကာကွယ်ပေးထားမှာပါ။ သင့်ဖုန်း ပျောက်သွားပြီး Lock Screen ဖြင့် ကာကွယ်ထားရင်လည်း အဝေးကနေ ဒေတာများကို သင်က အပေါ်က နည်းလမ်းများဖြင့် ဖျက်ဆီးနိုင်ပါတယ်။
သင့် ဒေတာများကို Back Up လုပ်ထားပါ။
သင့် ဖုန်း မပျောက်ခင်မှာ အရေးကြီး ဒေတာများကို Back Up လုပ်ထားတာက အကောင်းဆုံးပါ။ Android မှာ Settings >System > Advanced > Backup ထဲမှာ ပြုလုပ်ပါ။ iOS မှာ Settings ထဲသွားပါ။ သင့်အမည်၊ ပြီးနောက် သင့် Device ကို နှိပ်ပါ။ iCloud Backup ထဲမှာ ပြုလုပ်ပါ။ ( သင့်ဖုန်းမှာ iCloud ကို Enable လုပ်ထားရမှာပါ။ )
ဓါတ်ပုံ၊ ဗီဒီယိုနဲ့ အခြား ဖိုင်များကို Cloud မှာ Back Up လုပ်ပေးတဲ့ App များစွာလည်း ရှိပါတယ်။ DropBox , OneDrive , Google Photos , iCloud Photos များကို သုံးနိုင်ပါတယ်။
Lock Screen Message
သင့်ဖုန်းကို ပြန်ရနိုင်မယ့် အခြား နည်းလမ်းများလည်း ရှိပါသေးတယ်။ Lock Screen မှာ သင့်ကို ဆက်သွယ်နိုင်မယ့် စာသားများကို ရေးသားထားသင့်ပါတယ်။ Android Settings > Security & Location ထဲသွားပြီး Screen Lock ရဲ့ ဘေးမှ စက်သွားကို နှိပ်ပါ။ Lock Screen Message မှာ စာများ ရေးသားထားပါ။ iOS Health App ကနေ Medical ID ကို နှိပ်ပြီး Emergency Contact များကို ရေးသားထားနိုင်ပါတယ်။
Ref : wired
Credit: Digitaltimes






အားလံုးကိုခင္မင္လွ်က္
ညီလတ္ထြန္း(နည္းပညာ)
www.nyilattun.com

သင့္ ဖုန္းမေပ်ာက္ခင္ ႀကိဳတင္ျပဳလုပ္ထားသင့္တဲ့ အရာမ်ား Reviewed by ညီလတ္ထြန္း(နည္းပညာ) on 8:34 PM Rating: 5 စမတ္ဖုန္းမ်ားဟာ အိတ္ေဆာင္ကြန္ျပဴတာငယ္မ်ား ျဖစ္လာၾကၿပီး အခ်ိဳ႕ဆိုရင္ အလြန္ တန္ဖိုးႀကီးပါတယ္။ အဲဒီအတြက္ သူခိုးမ်ားက စမတ္ဖုန္းမ်ားကို ပစ္...

No comments: