သန္းၾကြယ္သူေဌးေတြဆီကေနရတဲ႔ သူေဌးျဖစ္နည္း ၄ နည္း - ညီလတ္ထြန္း(နည္းပညာ)

728x90 AdSpace

Trending

သန္းၾကြယ္သူေဌးေတြဆီကေနရတဲ႔ သူေဌးျဖစ္နည္း ၄ နည္း

[ZawGyi]ဖတ္ရန္ “Rich Habits ၊ Rich Kids ၊ Change Your Habits Change Your Life ၊ Rich Habits Poor Habits”စတဲ႔နာမည္ၾကီးစာအုပ္ေတြေရးသားသူ Thomas C. Corley ကRich Habit Study ဆုိတဲ႔ေခါင္းစဥ္ေအာက္မွာ ၅ ႏွစ္ၾကာအခ်ိန္ေပးျပီး မီလ်ံနာေပါင္း ၂၃၃ ေယာက္ေတြ႔ဆံုေမးျမန္းေလ႔လာခဲ႔ပါတယ္။ ေနာက္ဆံုးအႏွစ္ခ်ဳပ္မွာေတာ႔ သူတုိ႔ေတြေျပာတဲ႔ တူညီတဲ႔အခ်က္ ၄ ခ်က္ကိုသိရွိခဲ႔ရပါတယ္။ ဒီ ၄ ခ်က္ဟာ ေအာင္ျမင္ျခင္းနဲ႔ ခ်မ္းသာၾကြယ္ဝျခင္းအတြက္ ပဓာနက်တဲ႔အေရးအၾကီးဆံုး အခ်က္ေတြပါပဲ။ ဒီေတာ႔ ေအာင္ျမင္ျခင္းအတြက္နည္းနာေပါင္းမ်ားစြာကို လိုက္မက်င္႔ၾကံခ်င္ရင္ေတာင္ အေျခခံအက်ဆံုးျဖစ္တဲ႔ ဒီ ၄ ခ်က္ကိုေတာ႔ မပစ္ပယ္သင္႔တာမို႔ မွ်ေဝေပးလိုက္ပါတယ္။

၁) ကိုယ္႔နယ္ပယ္မွာျပိဳင္စံရွားျဖစ္ဖုိ႔ၾကိဳးစားပါ

နယ္ပယ္တစ္ခုမွာကိုယ္ကအရမ္းကၽြမ္းက်င္သူျဖစ္လာတဲ႔အခါ ထိပ္ဆံုးေရာက္လာတဲ႔အခါ သင္႔ရဲဲ႕ပညာနဲ႔ကၽြမ္းက်င္မႈအတြက္ လူေတြကေငြေၾကးအမ်ားၾကီးေပးလာၾကမွာပါ။ ဒီလိုနယ္ပယ္တစ္ခုမွာ ဆရာတစ္ဆူျဖစ္လာဖုိ႔အတြက္ ေန႔စဥ္လုပ္ေဆာင္သြားရမယ္႔အခ်က္ေတြနဲ႔ စိုက္ထုတ္ရမယ္႔ခြန္အားေတြ ရွိပါတယ္။
အဲဒါေတြထဲမွာ –
၁) စာဖတ္ျခင္း – ကိုယ္က်င္လည္ရာနယ္ပယ္အလိုက္ သက္ဆုိင္ရာစာအုပ္ေတြကို ေန႔စဥ္ဖတ္ရပါမယ္။ ကိုယ္က်င္လည္တဲ႔ Field အတြက္ေန႔စဥ္ဗဟုသုတစုေဆာင္းပါ။ ကိုယ္႔အသက္ေမြးေနတဲ႔ပညာရပ္နဲ႔ပတ္သက္တဲ႔ ေဆာင္းပါး၊ စာအုပ္ေတြ ေန႔စဥ္ဖတ္ပါ။
၂) ေလ႔က်င္႔ျခင္း – နည္းပညာတစ္ခုခုကို ကိုယ္ကအသံုးခ်ေနတယ္ဆိုပါစို႔။ ဒီနည္းပညာရပ္မွာကေဝတစ္ပါးျဖစ္ေအာင္ ထံုးလိုေမႊေရလုိေႏွာက္ျဖစ္ေနရပါမယ္။ လမ္းေၾကာင္းတစ္ခုတည္းအသံုးခ်တတ္တာမ်ိဳးမဟုတ္ဘဲ လမ္းေၾကာင္းမ်ိဳးစံုကေနကၽြမ္းက်င္ေအာင္ေလ႔က်င္႔ထားရပါမယ္။
၃) Facts ေတြကိုေလ႔လာျခင္း – ေလ႔လာတယ္ဆုိတဲ႔ေနရာမွာ တစ္ေန႔တစ္ေန႔ေရာက္ေလရာရာ ေလွ်ာက္ဖတ္ေနတာထက္ ကိုယ္ေလ႔လာမယ္႔ Topic ကိုေသေသခ်ာခ်ာေရြးထားဖုိ႔လိုပါတယ္။ ကိုယ္ေရြးခ်ယ္လိုက္တဲ႔ Topic ရဲ႕ အခ်က္အလက္ေတြကိုတကယ္နားလည္ေအာင္ ၾကိဳးစားပါ။ ငါေလ႔လာေနတာပဲေလဆုိေပမယ္႔ ေခါင္းထဲမွာဘာမွမက်န္ခဲ႔တာမ်ိဳး ခဏေလးနဲ႔ေမ႔ေပ်ာက္သြားတာမ်ိဳး မျဖစ္ေစရပါဘူး။

၂) ေငြကိုတြက္ဆျပီးသံုးတတ္ပါေစ

ကိုယ္႔ဝင္ေငြရဲ႕ ၈၀% ဒါမွမဟုတ္ အားလံုးကို သံုးလိုက္ရင္ေတာ႔ ခ်မ္းသာၾကြယ္ဝမႈကိုဘယ္ေတာ႔မွတည္ေဆာက္ႏိုင္မွာမဟုတ္ပါဘူး။ စုလည္းစု သံုးလည္းသံုးတတ္ရပါမယ္။

၃) စုေဆာင္းပါ၊ ရင္းႏွီးပါ

ကိုယ္႔ဝင္ေငြမ်ားရင္မ်ားလာသလို စုေဆာင္းတဲ႔ေငြအခ်ိဳးကလည္း တိုးလာရပါမယ္။ ေငြေၾကးကို အရင္စုေဆာင္းပါ။ ျပီးရင္ေတာ႔ ေသခ်ာတဲ႔အလုပ္ ကိုယ္လည္းနားလည္ေနတဲ႔ အလုပ္တစ္ခုမွာ ရင္းႏွီးျမွဳပ္ႏွံပါ။ ေငြကိုတုိးပြားေအာင္ အသံုးမခ်တတ္ရင္ေတာ႔ သူေဌးျဖစ္ဖုိ႔ေႏွးေနႏိုင္ပါတယ္။

၄) ေငြရေပါက္ရလမ္းမ်ားစြာ ဖန္တီးထားပါ

ေငြစီးဆင္းလာရာ လမ္းေၾကာင္းကိုဘယ္ေတာ႔မွ တစ္ခုတည္းမထားရပါဘူး။ ကိုယ္ကၽြမ္းက်င္ရာ နယ္ပယ္ကိုအသံုးခ် အျခားနယ္ပယ္နဲ႔ Link ခ်ိတ္ျပီး ေငြရွာတတ္ရပါမယ္။ ေငြရေပါက္ရလမ္းေတြမ်ားမ်ားတည္ေဆာက္ထားႏိုင္ျပီး လက္တံမ်ားမ်ားျဖန္႔ထားႏိုင္ပါမွ ေငြေၾကး အလုပ္နဲ႔ပတ္သက္ရင္ မယိုင္မလဲရွိေနမွာျဖစ္ပါတယ္။ ေအာင္ျမင္ေနတဲ႔မီလ်ံနာေတြတိုင္းဟာ လုပ္ငန္းတစ္ခုတည္းမွာသာ ရင္းႏွီးျမွဳပ္ႏွံထားတာမ်ိဳးမရွိဘဲ ေငြေၾကးစီးဆင္းမႈလမ္းေၾကာင္းမ်ားစြာကိုဖန္တီးထားတတ္ၾကတာေတြ႕ရမွာပါ။
မီလ်ံနာမျဖစ္ရင္ေတာင္ ဘဝမွာေနႏိုင္စားႏိုင္ေပ်ာ္ရႊင္ႏိုင္တဲ႔အေနအထားတစ္ခုကို လိုခ်င္တယ္ဆိုရင္ေတာ႔ ဒီေလးခ်က္ဟာအေရးအပါဆံုးျဖစ္တာမို႔ အခုကေနစျပီး အားလံုးအတူတူၾကိဳးစားၾကပါစို႔။
Via:Akhayar

[Unicode]ဖတ်ရန်  “Rich Habits ၊ Rich Kids ၊ Change Your Habits Change Your Life ၊ Rich Habits Poor Habits”စတဲ့နာမည်ကြီးစာအုပ်တွေရေးသားသူ Thomas C. Corley ကRich Habit Study ဆိုတဲ့ခေါင်းစဉ်အောက်မှာ ၅ နှစ်ကြာအချိန်ပေးပြီး မီလျံနာပေါင်း ၂၃၃ ယောက်တွေ့ဆုံမေးမြန်းလေ့လာခဲ့ပါတယ်။ နောက်ဆုံးအနှစ်ချုပ်မှာတော့ သူတို့တွေပြောတဲ့ တူညီတဲ့အချက် ၄ ချက်ကိုသိရှိခဲ့ရပါတယ်။ ဒီ ၄ ချက်ဟာ အောင်မြင်ခြင်းနဲ့ ချမ်းသာကြွယ်ဝခြင်းအတွက် ပဓာနကျတဲ့အရေးအကြီးဆုံး အချက်တွေပါပဲ။ ဒီတော့ အောင်မြင်ခြင်းအတွက်နည်းနာပေါင်းများစွာကို လိုက်မကျင့်ကြံချင်ရင်တောင် အခြေခံအကျဆုံးဖြစ်တဲ့ ဒီ ၄ ချက်ကိုတော့ မပစ်ပယ်သင့်တာမို့ မျှဝေပေးလိုက်ပါတယ်။

၁) ကိုယ့်နယ်ပယ်မှာပြိုင်စံရှားဖြစ်ဖို့ကြိုးစားပါ

နယ်ပယ်တစ်ခုမှာကိုယ်ကအရမ်းကျွမ်းကျင်သူဖြစ်လာတဲ့အခါ ထိပ်ဆုံးရောက်လာတဲ့အခါ သင့်ရဲ့ပညာနဲ့ကျွမ်းကျင်မှုအတွက် လူတွေကငွေကြေးအများကြီးပေးလာကြမှာပါ။ ဒီလိုနယ်ပယ်တစ်ခုမှာ ဆရာတစ်ဆူဖြစ်လာဖို့အတွက် နေ့စဉ်လုပ်ဆောင်သွားရမယ့်အချက်တွေနဲ့ စိုက်ထုတ်ရမယ့်ခွန်အားတွေ ရှိပါတယ်။
အဲဒါတွေထဲမှာ –
၁) စာဖတ်ခြင်း – ကိုယ်ကျင်လည်ရာနယ်ပယ်အလိုက် သက်ဆိုင်ရာစာအုပ်တွေကို နေ့စဉ်ဖတ်ရပါမယ်။ ကိုယ်ကျင်လည်တဲ့ Field အတွက်နေ့စဉ်ဗဟုသုတစုဆောင်းပါ။ ကိုယ့်အသက်မွေးနေတဲ့ပညာရပ်နဲ့ပတ်သက်တဲ့ ဆောင်းပါး၊ စာအုပ်တွေ နေ့စဉ်ဖတ်ပါ။
၂) လေ့ကျင့်ခြင်း – နည်းပညာတစ်ခုခုကို ကိုယ်ကအသုံးချနေတယ်ဆိုပါစို့။ ဒီနည်းပညာရပ်မှာကဝေတစ်ပါးဖြစ်အောင် ထုံးလိုမွှေရေလိုနှောက်ဖြစ်နေရပါမယ်။ လမ်းကြောင်းတစ်ခုတည်းအသုံးချတတ်တာမျိုးမဟုတ်ဘဲ လမ်းကြောင်းမျိုးစုံကနေကျွမ်းကျင်အောင်လေ့ကျင့်ထားရပါမယ်။
၃) Facts တွေကိုလေ့လာခြင်း – လေ့လာတယ်ဆိုတဲ့နေရာမှာ တစ်နေ့တစ်နေ့ရောက်လေရာရာ လျှောက်ဖတ်နေတာထက် ကိုယ်လေ့လာမယ့် Topic ကိုသေသေချာချာရွေးထားဖို့လိုပါတယ်။ ကိုယ်ရွေးချယ်လိုက်တဲ့ Topic ရဲ့ အချက်အလက်တွေကိုတကယ်နားလည်အောင် ကြိုးစားပါ။ ငါလေ့လာနေတာပဲလေဆိုပေမယ့် ခေါင်းထဲမှာဘာမှမကျန်ခဲ့တာမျိုး ခဏလေးနဲ့မေ့ပျောက်သွားတာမျိုး မဖြစ်စေရပါဘူး။

၂) ငွေကိုတွက်ဆပြီးသုံးတတ်ပါစေ

ကိုယ့်ဝင်ငွေရဲ့ ၈၀% ဒါမှမဟုတ် အားလုံးကို သုံးလိုက်ရင်တော့ ချမ်းသာကြွယ်ဝမှုကိုဘယ်တော့မှတည်ဆောက်နိုင်မှာမဟုတ်ပါဘူး။ စုလည်းစု သုံးလည်းသုံးတတ်ရပါမယ်။

၃) စုဆောင်းပါ၊ ရင်းနှီးပါ

ကိုယ့်ဝင်ငွေများရင်များလာသလို စုဆောင်းတဲ့ငွေအချိုးကလည်း တိုးလာရပါမယ်။ ငွေကြေးကို အရင်စုဆောင်းပါ။ ပြီးရင်တော့ သေချာတဲ့အလုပ် ကိုယ်လည်းနားလည်နေတဲ့ အလုပ်တစ်ခုမှာ ရင်းနှီးမြှုပ်နှံပါ။ ငွေကိုတိုးပွားအောင် အသုံးမချတတ်ရင်တော့ သူဌေးဖြစ်ဖို့နှေးနေနိုင်ပါတယ်။

၄) ငွေရပေါက်ရလမ်းများစွာ ဖန်တီးထားပါ

ငွေစီးဆင်းလာရာ လမ်းကြောင်းကိုဘယ်တော့မှ တစ်ခုတည်းမထားရပါဘူး။ ကိုယ်ကျွမ်းကျင်ရာ နယ်ပယ်ကိုအသုံးချ အခြားနယ်ပယ်နဲ့ Link ချိတ်ပြီး ငွေရှာတတ်ရပါမယ်။ ငွေရပေါက်ရလမ်းတွေများများတည်ဆောက်ထားနိုင်ပြီး လက်တံများများဖြန့်ထားနိုင်ပါမှ ငွေကြေး အလုပ်နဲ့ပတ်သက်ရင် မယိုင်မလဲရှိနေမှာဖြစ်ပါတယ်။ အောင်မြင်နေတဲ့မီလျံနာတွေတိုင်းဟာ လုပ်ငန်းတစ်ခုတည်းမှာသာ ရင်းနှီးမြှုပ်နှံထားတာမျိုးမရှိဘဲ ငွေကြေးစီးဆင်းမှုလမ်းကြောင်းများစွာကိုဖန်တီးထားတတ်ကြတာတွေ့ရမှာပါ။
မီလျံနာမဖြစ်ရင်တောင် ဘဝမှာနေနိုင်စားနိုင်ပျော်ရွှင်နိုင်တဲ့အနေအထားတစ်ခုကို လိုချင်တယ်ဆိုရင်တော့ ဒီလေးချက်ဟာအရေးအပါဆုံးဖြစ်တာမို့ အခုကနေစပြီး အားလုံးအတူတူကြိုးစားကြပါစို့။
Via:Akhayar





အားလံုးကိုခင္မင္လွ်က္
ညီလတ္ထြန္း(နည္းပညာ)
www.nyilattun.com

သန္းၾကြယ္သူေဌးေတြဆီကေနရတဲ႔ သူေဌးျဖစ္နည္း ၄ နည္း Reviewed by ညီလတ္ထြန္း(နည္းပညာ) on 2:18 AM Rating: 5 [ZawGyi]ဖတ္ရန္ “Rich Habits ၊ Rich Kids ၊ Change Your Habits Change Your Life ၊ Rich Habits Poor Habits” စတဲ႔နာမည္ၾကီးစာအုပ္ေတြေရးသားသူ T...

No comments: