Apple Face ID မွာ Alternate Apperance ထည့္သြင္းနည္း - ညီလတ္ထြန္း(နည္းပညာ)

728x90 AdSpace

Trending

Apple Face ID မွာ Alternate Apperance ထည့္သြင္းနည္း

iOS 12 မွာ Apple Face ID အတြက္ လုပ္ေဆာင္ခ်က္ အသစ္မ်ား ပါလာပါတယ္။ အဲဒီအထဲက တစ္ခုမွာ သင့္ မိသားစု၀င္၊ သူငယ္ခ်င္းလို အျခား လူတစ္ဦးရဲ႕ မ်က္ႏွာကို သင့္ဖုန္းရဲ႕ Face ID မွာ ထည့္သြင္းႏုိင္တာ ျဖစ္ပါတယ္။ သင့္ဖုန္းအား သူတို႔ မ်က္ႏွာျဖင့္ Unlock လုပ္ႏုိင္မွာပါ။
အလင္းေရာင္ ေကာင္းတဲ့ ေနရာကို သြားၿပီး သင့္ဖုန္းရဲ႕ Settings > Face ID & Passcode ထဲသြားပါ။ သင့္ Passcode ကို ေတာင္းရင္ ထည့္ေပးပါ။ Face ID & Passcode ထဲေရာက္ရင္ Face ID App Store Purchases , Apple Pay , Password Autofill တို႔လို Face ID ျဖင့္ ျပဳလုပ္ႏုိင္မယ့္ အရာမ်ားကို စစ္ေဆးပါ။ သင္က အျခား လူတစ္ဦးအား Face ID ကို Access လုပ္ခြင့္ေပးေတာ့မွာ ျဖစ္တဲ့ အတြက္ ေငြသံုးစြဲျခင္းလို အရာမ်ားကို သင္က သူတို႔အား လုပ္ခြင့္ေပးမလားဆိုတာကို အဲဒီမွာ သတ္မွတ္ပါ။
အိုေကၿပီ ဆိုရင္ ေအာက္ေျခမွ Set Up an Alternative Apperance ကို ႏွိပ္ပါ။

မွတ္ခ်က္။ ။ အထက္ပါ အဆင့္မွာ သင့္ရဲ႕ ပထမဆံုး Face ID နဲ႔ Passcode ကို သတ္မွတ္ထားၿပီးသားလို႔ ယူဆပါတယ္။ မသတ္မွတ္ရေသးရင္ Set Up Face ID ကို ျမင္ရမွာပါ။ အဲဒါကို အရင္ Set Up လုပ္ပါ။ ကင္မရာ အလုပ္မလုပ္တဲ့ အေျခအေနမ်ားမွာ Face ID ျဖင့္ ဖုန္းကို Unlock လုပ္လို႔ မရတဲ့အတြက္ Passcode ကိုလည္း သတ္မွတ္ထားသင့္ပါတယ္။
ဒုတိယ မ်က္ႏွာကို စကင္လုပ္တဲ့ အဆင့္မွာ သင့္ သူငယ္ခ်င္းရဲ႕ မ်က္ႏွာကို ေရြ႕လ်ားဖို႔ အိုင္ဖုန္းက ခုိင္းမွာပါ။ ညႊန္ၾကားခ်က္ အတိုင္း ျပဳလုပ္ပါ။ ေနာက္ဆံုးမွာ စကင္ ျပဳလုပ္တာ ၿပီးဆံုးၿပီလို႔ အသိေပးမွာပါ။ ဒါဆိုရင္ သင့္ မ်က္ႏွာအျပင္ သင့္ သူငယ္ခ်င္းရဲ႕ မ်က္ႏွာနဲ႔လည္း သင့္ဖုန္းကို Unlock လုပ္နိုင္ပါၿပီ။
သင့္ သူငယ္ခ်င္းရဲ႕ မ်က္ႏွာကို Face ID ကေန ဖ်က္ဖို႔ အတြက္ Face ID & Passcode ထဲသြားၿပီး Reset Face ID ကို ႏွိပ္ရမွာပါ။ လက္ရွိမွာေတာ့ သင့္ သူငယ္ခ်င္းရဲ႕ွ မ်က္ႏွာကိုပဲ ဖ်က္လို႔ မရဘဲ သင့္မ်က္ႏွာကိုပါ ဖ်က္ပစ္မွာပါ။ ၿပီးေတာ့မွ သင့္မ်က္ႏွာကို Face ID မွာ ျပန္ထည့္ပါ။
Ref : digitaltrends
[Unicode]
Apple Face ID မှာ Alternate Apperance ထည့်သွင်းနည်း
iOS 12 မှာ Apple Face ID အတွက် လုပ်ဆောင်ချက် အသစ်များ ပါလာပါတယ်။ အဲဒီအထဲက တစ်ခုမှာ သင့် မိသားစုဝင်၊ သူငယ်ချင်းလို အခြား လူတစ်ဦးရဲ့ မျက်နှာကို သင့်ဖုန်းရဲ့ Face ID မှာ ထည့်သွင်းနိုင်တာ ဖြစ်ပါတယ်။ သင့်ဖုန်းအား သူတို့ မျက်နှာဖြင့် Unlock လုပ်နိုင်မှာပါ။
အလင်းရောင် ကောင်းတဲ့ နေရာကို သွားပြီး သင့်ဖုန်းရဲ့ Settings > Face ID & Passcode ထဲသွားပါ။ သင့် Passcode ကို တောင်းရင် ထည့်ပေးပါ။ Face ID & Passcode ထဲရောက်ရင် Face ID App Store Purchases , Apple Pay , Password Autofill တို့လို Face ID ဖြင့် ပြုလုပ်နိုင်မယ့် အရာများကို စစ်ဆေးပါ။ သင်က အခြား လူတစ်ဦးအား Face ID ကို Access လုပ်ခွင့်ပေးတော့မှာ ဖြစ်တဲ့ အတွက် ငွေသုံးစွဲခြင်းလို အရာများကို သင်က သူတို့အား လုပ်ခွင့်ပေးမလားဆိုတာကို အဲဒီမှာ သတ်မှတ်ပါ။
အိုကေပြီ ဆိုရင် အောက်ခြေမှ Set Up an Alternative Apperance ကို နှိပ်ပါ။

မှတ်ချက်။ ။ အထက်ပါ အဆင့်မှာ သင့်ရဲ့ ပထမဆုံး Face ID နဲ့ Passcode ကို သတ်မှတ်ထားပြီးသားလို့ ယူဆပါတယ်။ မသတ်မှတ်ရသေးရင် Set Up Face ID ကို မြင်ရမှာပါ။ အဲဒါကို အရင် Set Up လုပ်ပါ။ ကင်မရာ အလုပ်မလုပ်တဲ့ အခြေအနေများမှာ Face ID ဖြင့် ဖုန်းကို Unlock လုပ်လို့ မရတဲ့အတွက် Passcode ကိုလည်း သတ်မှတ်ထားသင့်ပါတယ်။
ဒုတိယ မျက်နှာကို စကင်လုပ်တဲ့ အဆင့်မှာ သင့် သူငယ်ချင်းရဲ့ မျက်နှာကို ရွေ့လျားဖို့ အိုင်ဖုန်းက ခိုင်းမှာပါ။ ညွှန်ကြားချက် အတိုင်း ပြုလုပ်ပါ။ နောက်ဆုံးမှာ စကင် ပြုလုပ်တာ ပြီးဆုံးပြီလို့ အသိပေးမှာပါ။ ဒါဆိုရင် သင့် မျက်နှာအပြင် သင့် သူငယ်ချင်းရဲ့ မျက်နှာနဲ့လည်း သင့်ဖုန်းကို Unlock လုပ်နိုင်ပါပြီ။
သင့် သူငယ်ချင်းရဲ့ မျက်နှာကို Face ID ကနေ ဖျက်ဖို့ အတွက် Face ID & Passcode ထဲသွားပြီး Reset Face ID ကို နှိပ်ရမှာပါ။ လက်ရှိမှာတော့ သင့် သူငယ်ချင်းရဲ့ှ မျက်နှာကိုပဲ ဖျက်လို့ မရဘဲ သင့်မျက်နှာကိုပါ ဖျက်ပစ်မှာပါ။ ပြီးတော့မှ သင့်မျက်နှာကို Face ID မှာ ပြန်ထည့်ပါ။
Ref : digitaltrends Credit : Digitaltimes





အားလံုးကိုခင္မင္လွ်က္
ညီလတ္ထြန္း(နည္းပညာ)
www.nyilattun.com

Apple Face ID မွာ Alternate Apperance ထည့္သြင္းနည္း Reviewed by ညီလတ္ထြန္း(နည္းပညာ) on 7:15 PM Rating: 5 iOS 12 မွာ Apple Face ID အတြက္ လုပ္ေဆာင္ခ်က္ အသစ္မ်ား ပါလာပါတယ္။ အဲဒီအထဲက တစ္ခုမွာ သင့္ မိသားစု၀င္၊ သူငယ္ခ်င္းလို အျခား လူတစ္ဦးရဲ႕ မ်က...

No comments: