ေဖေဖေတြ ေဆာင္ထားသင့္တဲ့ အေကာင္းဆံုး Android App မ်ား - ညီလတ္ထြန္း(နည္းပညာ)

728x90 AdSpace

Trending

ေဖေဖေတြ ေဆာင္ထားသင့္တဲ့ အေကာင္းဆံုး Android App မ်ား

ဖခင္မ်ားအတြက္ ကေလးတစ္ေယာက္ကို ျပဳစုပ်ိဳးေထာင္ရတာ မလြယ္ကူပါဘူး။ အဲဒီအတြက္ အကူအညီရမယ့္ နည္းလမ္း အားလံုးကို ရယူထားသင့္ပါတယ္။ စမတ္ဖုန္းေခတ္မွာေတာ့ App မ်ားက ဖခင္မ်ားကို မ်ားစြာ အေထာက္အကူ ျပဳလာႏုိင္ပါၿပီ။
၁။ White Noise Baby Sleep Sounds

ဖခင္မ်ားအတြက္ ေမြးခါစ ကေလးကို အိပ္ေပ်ာ္ေအာင္ ႀကိဳးစားရတာ မလြယ္ကူပါဘူး။ White Noise Baby Sleep Sounds က သင့္ရဲ႕ ရက္သား၊ လသားအရြယ္ ကေလးငယ္ကို အိပ္ေပ်ာ္သြားေအာင္ စြမ္းေဆာင္ႏိုင္ပါတယ္။ သူက သာယာနာေပ်ာ္ဖြယ္ ေတးသံမ်ားျဖင့္ သင့္ကေလးကို ေခ်ာ့သိပ္ေပးမွာ ျဖစ္တဲ့အတြက္ ဖခင္မ်ားအတြက္ မပင္ပန္းေတာ့ပါဘူး။
Download
၂။ Family Locator – GPS Tracker

သင့္ကေလး အရြယ္ႀကီးလာတာနဲ႔ အမွ် သင့္အနားမွာ အခ်ိန္ျပည့္ ရွိေနမွာ မဟုတ္ေတာ့ပါဘူး။ Family Locator – GPS Tracker က သင့္ ကေလးရဲ႕ တည္ေနရာကို အခ်ိန္ျပည့္ ေစာင့္ၾကည့္ေပးၿပီး သင့္ကို ေျမပံုမွာ ျပသေပးေနမွာ ျဖစ္ပါတယ္။ သူက သင့္ကေလးရဲ႕ ဖုန္းေပ်ာက္သြားရင္ေတာင္ ရွာေပးႏိုင္ပါတယ္။
Download
၃။ KIDOZ: Discover the Best

ကေလးေမြးၿပီး သိပ္မၾကာခင္မွာပဲ သင့္ဖုန္းကို ကေလးက ယူေဆာ့ေတာ့မွာပါ။ အဲဒီအတြက္ သင့္ဖုန္းမွာ ကေလးအတြက္ သင့္ေတာ္တဲ့ Apps မ်ားကို ထည့္သြင္းထားသင့္ပါတယ္။ အဲဒီအတြက္ေတာ့ KIDOZ: Discover the Best App က အေကာင္းဆံုးျဖစ္ပါတယ္။ သူ႔မွာ ကေလးဖုန္း အသံုးျပဳမႈကို ထိိန္းခ်ဳပ္ႏုိင္တဲ့ စြမ္းရည္မ်ား၊ ေၾကာ္ညာမ်ားကို ေဖ်ာက္ေပးတဲ့ ကေလး အထူးျပဳ ဘေရာက္စာနဲ႔ ကေလး အေကာင့္မ်ားစြာကို ေထာက္ပံ့မႈ ပါပါတယ္။
Download
၄။ WebMD for Android

ကေလးငယ္မ်ား ေနမေကာင္းျဖစ္ရင္ ေ၀ဒနာကို အေျဖရွာဖို႔ ခက္ခဲပါတယ္။ WebMD for Android က ကေလးငယ္မ်ားရဲ႕ ေ၀ဒနာ လကၡဏာမ်ားကို ျပသေပးထားၿပီး ရိုးရွင္းတဲ့ ကုသနည္းမ်ားကို လမ္းညႊန္ေပးထားပါတယ္။ အဲဒီအတြက္ ဖခင္မ်ားက ကေလးငယ္ သက္သာေအာင္ ကုသေပးႏုိင္သလို မသက္သာရင္လည္း ေဆးခန္းျပဖို႔ စဥ္းစားႏုိင္မွာပါ။
Download
၅။ Fast Budget – Expense Manager

အသံုးစားရိတ္ကို စီမံခန္႔ခြဲတဲ့ Apps မ်ားစြာ Play Store မွာ ရွိပါတယ္။ ဒါေပမယ့္ Fast Budget- Expense Manager ကေတာ့ မိသားစုရဲ႕ ေငြေၾကး အသံုးစားရိတ္ကို တြက္ခ်က္ဖို႔ အဓိက ဖန္တီးေပးထားပါတယ္။ ေငြေၾကးစုေဆာင္းခ်င္တဲ့ အိမ္ေထာင္ဦးစီးမ်ားအတြက္ ညႊန္းခ်င္ပါတယ္။
Download
၆။ Touch Lock – Touch Blocker

သင့္ကေလးက သင့္ စမတ္ဖုန္းကို ယူေဆာ့တဲ့ အခ်ိန္မွာေတာ့ Touch Lock – Touch Blocker က အသံုး၀င္ပါတယ္။ သူက သင့္ကေလးအား ကာတြန္းကား ဖြင့္ျပျခင္း၊ ဂိမ္းကစားျခင္းက လြဲၿပီး အျခား ခလုတ္မ်ား၊ Apps မ်ား သံုုးျခင္းကို ကာကြယ္ေပးပါတယ္။
Download
၇။ Family Shared Calendar: FamCal

ဖခင္မ်ားအတြက္ မိသားစုရဲ႕ အလုပ္မ်ားကို စီမံခန္႔ခြဲရတာ မလြယ္ကူပါဘူး။ Family Shared Calendar: FamCal က မိသားစုအတြက္ အလုပ္မ်ား၊ ေမြးေန႔မ်ားနဲ႔ အျခား အေရးႀကီး ေဒတာမ်ားကို စီမံခန္႔ခြဲဖို႔ အေကာင္းဆံုး ကူညီေပးႏုိင္ပါတယ္။
Download
ref : androidheadlines
[Unicode]
ဖေဖေတွေ ဆောင်ထားသင့်တဲ့ အကောင်းဆုံး Android App များ
ဖခင်များအတွက် ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ရတာ မလွယ်ကူပါဘူး။ အဲဒီအတွက် အကူအညီရမယ့် နည်းလမ်း အားလုံးကို ရယူထားသင့်ပါတယ်။ စမတ်ဖုန်းခေတ်မှာတော့ App များက ဖခင်များကို များစွာ အထောက်အကူ ပြုလာနိုင်ပါပြီ။
၁။ White Noise Baby Sleep Sounds

ဖခင်များအတွက် မွေးခါစ ကလေးကို အိပ်ပျော်အောင် ကြိုးစားရတာ မလွယ်ကူပါဘူး။ White Noise Baby Sleep Sounds က သင့်ရဲ့ ရက်သား၊ လသားအရွယ် ကလေးငယ်ကို အိပ်ပျော်သွားအောင် စွမ်းဆောင်နိုင်ပါတယ်။ သူက သာယာနာပျော်ဖွယ် တေးသံများဖြင့် သင့်ကလေးကို ချော့သိပ်ပေးမှာ ဖြစ်တဲ့အတွက် ဖခင်များအတွက် မပင်ပန်းတော့ပါဘူး။
Download
၂။ Family Locator – GPS Tracker

သင့်ကလေး အရွယ်ကြီးလာတာနဲ့ အမျှ သင့်အနားမှာ အချိန်ပြည့် ရှိနေမှာ မဟုတ်တော့ပါဘူး။ Family Locator – GPS Tracker က သင့် ကလေးရဲ့ တည်နေရာကို အချိန်ပြည့် စောင့်ကြည့်ပေးပြီး သင့်ကို မြေပုံမှာ ပြသပေးနေမှာ ဖြစ်ပါတယ်။ သူက သင့်ကလေးရဲ့ ဖုန်းပျောက်သွားရင်တောင် ရှာပေးနိုင်ပါတယ်။
Download
၃။ KIDOZ: Discover the Best

ကလေးမွေးပြီး သိပ်မကြာခင်မှာပဲ သင့်ဖုန်းကို ကလေးက ယူဆော့တော့မှာပါ။ အဲဒီအတွက် သင့်ဖုန်းမှာ ကလေးအတွက် သင့်တော်တဲ့ Apps များကို ထည့်သွင်းထားသင့်ပါတယ်။ အဲဒီအတွက်တော့ KIDOZ: Discover the Best App က အကောင်းဆုံးဖြစ်ပါတယ်။ သူ့မှာ ကလေးဖုန်း အသုံးပြုမှုကို ထိန်းချုပ်နိုင်တဲ့ စွမ်းရည်များ၊ ကြော်ညာများကို ဖျောက်ပေးတဲ့ ကလေး အထူးပြု ဘရောက်စာနဲ့ ကလေး အကောင့်များစွာကို ထောက်ပံ့မှု ပါပါတယ်။
Download
၄။ WebMD for Android

ကလေးငယ်များ နေမကောင်းဖြစ်ရင် ဝေဒနာကို အဖြေရှာဖို့ ခက်ခဲပါတယ်။ WebMD for Android က ကလေးငယ်များရဲ့ ဝေဒနာ လက္ခဏာများကို ပြသပေးထားပြီး ရိုးရှင်းတဲ့ ကုသနည်းများကို လမ်းညွှန်ပေးထားပါတယ်။ အဲဒီအတွက် ဖခင်များက ကလေးငယ် သက်သာအောင် ကုသပေးနိုင်သလို မသက်သာရင်လည်း ဆေးခန်းပြဖို့ စဉ်းစားနိုင်မှာပါ။
Download
၅။ Fast Budget – Expense Manager

အသုံးစားရိတ်ကို စီမံခန့်ခွဲတဲ့ Apps များစွာ Play Store မှာ ရှိပါတယ်။ ဒါပေမယ့် Fast Budget- Expense Manager ကတော့ မိသားစုရဲ့ ငွေကြေး အသုံးစားရိတ်ကို တွက်ချက်ဖို့ အဓိက ဖန်တီးပေးထားပါတယ်။ ငွေကြေးစုဆောင်းချင်တဲ့ အိမ်ထောင်ဦးစီးများအတွက် ညွှန်းချင်ပါတယ်။
Download
၆။ Touch Lock – Touch Blocker

သင့်ကလေးက သင့် စမတ်ဖုန်းကို ယူဆော့တဲ့ အချိန်မှာတော့ Touch Lock – Touch Blocker က အသုံးဝင်ပါတယ်။ သူက သင့်ကလေးအား ကာတွန်းကား ဖွင့်ပြခြင်း၊ ဂိမ်းကစားခြင်းက လွဲပြီး အခြား ခလုတ်များ၊ Apps များ သုံးခြင်းကို ကာကွယ်ပေးပါတယ်။
Download
၇။ Family Shared Calendar: FamCal

ဖခင်များအတွက် မိသားစုရဲ့ အလုပ်များကို စီမံခန့်ခွဲရတာ မလွယ်ကူပါဘူး။ Family Shared Calendar: FamCal က မိသားစုအတွက် အလုပ်များ၊ မွေးနေ့များနဲ့ အခြား အရေးကြီး ဒေတာများကို စီမံခန့်ခွဲဖို့ အကောင်းဆုံး ကူညီပေးနိုင်ပါတယ်။
Download
ref : androidheadlines Credit : digitaltimes





အားလံုးကိုခင္မင္လွ်က္
ညီလတ္ထြန္း(နည္းပညာ)
www.nyilattun.com

ေဖေဖေတြ ေဆာင္ထားသင့္တဲ့ အေကာင္းဆံုး Android App မ်ား Reviewed by ညီလတ္ထြန္း(နည္းပညာ) on 7:19 PM Rating: 5 ဖခင္မ်ားအတြက္ ကေလးတစ္ေယာက္ကို ျပဳစုပ်ိဳးေထာင္ရတာ မလြယ္ကူပါဘူး။ အဲဒီအတြက္ အကူအညီရမယ့္ နည္းလမ္း အားလံုးကို ရယူထားသင့္ပါတယ္။ စမတ္ဖုန္းေခတ္မ...

No comments: