Zawgyi one လက်ကွက်ရိုက်နည်း အသေးစိတ်နှင့် Font software link 35 မျိုး - ညီလတ်ထွန်း(နည်းပညာ)

728x90 AdSpace

Trending

Zawgyi one လက်ကွက်ရိုက်နည်း အသေးစိတ်နှင့် Font software link 35 မျိုး

(1) zawgyi one ရဲ့ထူးခြားချက်ကတော့ မြန်မာစာရိုက်မည် ဆိုပါက Ctrl/shift တွဲနှိပ်ရပြီး ။ Eng စာရိုက်မည်ဆို ပါက ctrl/shift သာလျှင် ပြန်လည်နှိပ်ပေးရမှာဖြစ်ပါတယ်။
(2) ပုံမှာ အ၀ါရောင်ဖြင့် ပြထားသော key အား Alpha key လို့ခေါ်ပါတယ် ။များသောအားဖြင့် Alpha ကီး ကို တစ်ချက်နှိပ်ပြီး မိမိလိုချင်သော အဆင့်အက္ခရာအားလုံးကို ရိုက်ယူနိုင်ပါသည်။
ဥပမာအားဖြင့် က နှစ်ဆင့်ဆိုပါက က အားအရင်ရိုက်ပြီး
မှ Alpha အားတစ်ချက်နှိပ် ။ ပြီးလျှင် မိမိအဆင့်ထား ချင်သော က အားရိုက်ယူမည်ဆိုပါက က္က ဤကဲ့သို့ ရယူနိုင်ပါသည်။
(မှတ်ချက်။ ထပ်ဆင့်တူ အက္ခရာများ သာ Alpha key အားအရင်နှိပ်ပြီးမှသာလျှင် မိမိလိုချင် အဆင့်အက္ခရာ အားနှိပ်ယူရန်)

(3) နောက်တစ်ခုအဆင့်အနေနဲ့ကတော့
အဆင့်အက္ခရာမတူသော စကားလုံးများကိုတော့
ဥပမာအားဖြင့် ကမ္ဘာ ဆိုပါက အဆင့်မတူသည့်အတွက်
မ ကိုရိုက်ပြီးမှ Shift/Alpha ကီးကို စုံလိုက်တွဲနှိပ် ပြီးမှသာလျှင် မိမိလိုချင်သော ဘ အားရိုက်နှိပ်ပါ။
(မှတ်ချက်။ ထပ်ဆင့်မတူညီသော အက္ခရာများအား ယူမည်ဆိုပါက Shift/Alpha key အား တွဲနှိပ်ပြီး
မှသာလျှင် မိမိလိုချင်သော အဆင့်အက္ခရာအား ရိုက်ယူရန်။)
(4) ပုံတွင်ပြထားသည့် အစိမ်းရောင် key လေးကတော့ ကီးဘုတ်ရဲ့အပေါ်ဆုံးဘားတန်းမှာ ရှိနေတဲ့ %'$#@?**** !× ရယူလိုပါက အစိမ်းရောင်ပြထားသော key အား အရင်တစ်ချက်နှိပ်ပြီး Shift key ဖြင့် မိမိလိုချင်သော
Puncuation Mark အားရိုက်ယူရန်။
(5) Alpha တစ်ချက်နှိပ်ပြီး I နှိပ်ပါက ၍
Alpha / O = ဿ
Alpha /T = ဤ
Alpha /ကျပ် = ၄င်း
Shift /ကျပ် = ၌
ကျန်သည့် အက္ခရာများကတော့ ကီးဘုတ်ပေါ်ပါ အချက်အလက်အတိုင်းသာ သွားရန်။
===================
Font လိုအပ်သော မိတ်ဆွေများအတွက်
Font software link တချို့တင်ပြမျှဝေပေးလိုက်ပါတယ် မိတ်ဆွေများ
======================
(1) IEzawgyuGtalkfont
(2) Rakhita All Myanmar Fonts
(3) Alpha zawgyi Version 3
(4) Metrix font 35 မျိုး
(5) Myanmar 3 font
(6) Myanmar 1font
အောက်ပါ Link များတွင် ဒေါင်းယူနိုင်ပါသည်။
Zaw Lynn Htay မှ မိတ်ဆွေများအတွက်
https://www.mediafire.com/download/bh9mqjkvfals0voMetrix All font
https://www.mediafire.com/folder/ju4bvc2o82a80/Myanmar font software
https://www.mediafire.com/folder/wqoll417vypc2/Alpha zawgyi version3
https://www.mediafire.com/folder/yka35v38nik8a/IE zawgyigtk font
https://www.mediafire.com/folder/iqynk368ubuck/Rakhita All Myanmar Fontsမိတ်ဆွေများအားလုံး အဆင်ပြေနိုင်ကြပါစေ။
Zaw lynn Htay





အားလုံးကိုခင်မင်လျှက်
ညီလတ်ထွန်း(နည်းပညာ)
www.nyilattun.com

Zawgyi one လက်ကွက်ရိုက်နည်း အသေးစိတ်နှင့် Font software link 35 မျိုး Reviewed by ညီလတ်ထွန်း(နည်းပညာ) on 5:22 AM Rating: 5 (1) zawgyi one ရဲ့ထူးခြားချက်ကတော့ မြန်မာစာရိုက်မည် ဆိုပါက Ctrl/shift တွဲနှိပ်ရပြီး ။ Eng စာရိုက်မည်ဆို ပါက ctrl/shift သာလျှင် ပြန်လည်န...

No comments: