Windows 7 & 8. 8.1 တွေမှာ Update ကို ပိတ်ထားနည်း - ညီလတ်ထွန်း(နည်းပညာ)

728x90 AdSpace

Trending

Windows 7 & 8. 8.1 တွေမှာ Update ကို ပိတ်ထားနည်း

မင်္ဂလာပါ
ကျနော် ဇူးနစ် နည်းပညာလောကထဲသို့
ပြန်ရောက်ရှိလာပါပြီခင်ဗျား
================

 ပျောက်ချက်သားကောင်းကောင်းနဲ့ပျေက်နေခဲ့လိုက်တာ
ကျနော့်ချစ်ပရိတ်သတ်ကြီးများနဲ့ Blogger ညီအစ်ကိုတွေ ပြီးတော့ Customer အသစ်တွေ
ကျနော့်ကို နည်းပညာလောကကို အပြီးပိုင်စွန့်ခွါသွားပြီလားလို့ ထင်ကောင်းထင်နိုင်ပါတယ်။

ကျနော်မြန်မာပြည်ကိုကိစ္စတစ်ခုနဲ့ပြန်နေတာကြောင့် ၄ လကျော်ကျော်လောက် နည်းပညာလောကနဲ့
ဝေးပြီး ပရိတ်သတ်ကြီးများအတွက် ပိုစ့်မတင်ပေးနိုင်တာပါ။

ဒါပေမယ့် ကျနော်ဘယ်နေရာပဲ ရောက်ရောက် Mobile Data အသုံးပြုလို့ရတဲ့
နေရာတိုင်းမှာ Facebook Page လေးကိုတော့ အမြဲတမ်းကြည့်ဖြစ်ပါတယ်။

ကျနော် မအားတဲ့အချိန်တွေမှာ လစဉ် အပတ်စဉ် နေ့စဉ် Up to Date တင်ပေးကြတဲ့
ညီလေး ၀င်းလှိုင်နဲ့ Arakan TV နဲ့ Blogger ညီအစ်ကို အားလုံး ကျနော် အထူးပဲ
ကျေးဇူးတင်မဆုံးဖြစ်မိပါကြောင်းကို ဒီနေရာကနေ ပြောကြားလိုပါတယ်။

ပိုင်ရှင်မရှိတဲ့ အိမ်တစ်လုံးဟာ စိုပြည်မှုမရှိပဲ အထီးကျန်နေတတ်တဲ့သဘောကို
ကျနော်နားလည်ပါတယ်။ ဒါပေမယ့် ဇူးနစ်(နည်းပညာ) ကို အမြဲအားပေးနေကြတဲ့
ပရိတ်သတ်ကြီးများနဲ့ ခင်ရာမင်မရာ ဘော်ဒါတွေအားလုံးကိုလည်း ကျနော် အထူး
ကျေးဇူးတင်ပါကြောင်းကိုလည်း ပြောကြားလိုပါတယ်ခင်ဗျား.....

နည်းပညာချစ်သူ ညီအစ်ကိုတွေရဲ့ တောင်းဆိုမှုနဲ့ Gamil ကနေပြီး တကူးတက
အကူအညီတောင်းဆိုထားကြတဲ့ သူတွေအတွက် အားလုံးရဲ့ တောင်းဆိုမှုကို အချိန်မှီ
မတင်ပေးနိုင်ပဲ ခရီးလက်လွန်နေတဲ့အတွက်လည်း အနူးအညွန့်တောင်းပန်လိုပါတယ်

ဒီနေ့ကစပြီး ကျနော် နောက်ပိုင်း အားနေတော့မှာမို့ ကျနော့်ကို အမြဲတမ်းအားပေးနေကြတဲ့
ပရိတ်သတ်ကြီးများနဲ့ နည်းပညာချစ်သူ ဘယ်သူမဆို မိမိတို့အတွက် လိုအပ်မယ့်
မိုင်ဘိုင်းဖုန်းနဲ့ ဆိုင်ရာ နည်းပညာ / ကွန်ပျူတာ ဆိုင်ရာ နည်းပညာ များနဲ့ နေ့စဉ် အသုံးလိုအပ်တဲ့
Android Application & OS Application များကို အားမနာတမ်း ပုံမှန်အတိုင်း
တောင်းဆိုနိုင်ကြပါပြီ ခင်ဗျား.....

အားလုံးရဲ့ တောင်းဆိုမှုတိုင်းကို ဦးစားပေးပြီး ကျနော် တတ်စွမ်းသလောက်ကူညီဖြေရှင်းပေးသွားမှာဖြစ်ပါတယ်။
==================================

Windows 7 & 8. 8.1 တွေမှာ Update ကို ပိတ်ထားနည်း
==============================
ဟိုတစ်နေ့က ကျနော် Facebook Page လေးကို ခနတက်ကြည့်တော့ ညီအစ်ကိုတစ်ယောက်
အကူညီတောင်းဆိုထားတာလေးကို အားလုံးလည်း အဆင်ပြေသွားအောင်လို့ ဒီပိုစ့်လေးကို
စတင်ဖြစ်သွားတာပါ။

ညီအစ်ကိုတောင်းဆိုထားလာတာကတော့ 
Window Update တွေလည်းဖြစ်တယ်၊ restart ချလို့ပြန်တက်လာရင် စောစောက တင်လိုက်တဲ့ update တွေတင်ရမယ်ပဲပြောတယ်
နောက်တခုက စက်ထဲ up to date ဆော့ဝဲတွေပဲတင်ထားတယ် update တောင်းလဲအမြဲပေးပေးနေတာကို အောက်ကအတိုင်းပေါ်နေတယ် ဘယ်လိုဖြစ်တာလဲမသိ...



ဒီနေရာမှာ ကျနော် နည်းလည်သလောက်ကို ပြန်လည် မျှဝေလိုပါတယ်
Windows 7 & 8. 8.1 တွေမှာ အသုံးပြုသူ User ရဲ့ ကျွမ်းကျင်မှုအရ
မိမိကွန်ပျူတာကို စကိုင်ကတည်းက ကွန်ပျူတာတစ်လုံးရဲ့ အဓိက မဖြစ်မနေ လုပ်ဆောင်ထားရမယ့်
အချက်အလက်ကို လုပ်ဆောင်ထားဖို့နဲ့ မိမိအတွက် နေ့စဉ်သုံး Software တွေကိုသာ
Update လုပ်သုံးပြီး........

 မလိုအပ်ဘူး၊ System Requirement Update တောင်းဆိုလာနိုင်တယ်၊ ပြီးတော့
အဲဒီ တောင်းဆိုမှုတွေကို အသုံးပြုနေသူမိမိအတွက် တစ်ကြိမ်ကြိမ် စိတ်အနှောက်အယှက်
ပေးနိုင်တယ်ဆိုတာကို သတိထားမိရင်တော့..........

Windows 7 & 8. 8.1 တွေမှာ System Requirement Update တောင်းဆိုမှုတွေ
မဖြစ်လာတော့ပါ၊ ဒါလည်း သတိထားပြီးအသုံးပြုသူတွေအတွက် လွယ်တယ်ဆိုပေမယ့်
လေ့လာခါစ ညီအစ်ကိုတွေနဲ့ Windows Features အကြောင်းကို မသိသေးတော့
ဒီလိုမျိုးပြသနာတက်တာ အဆန်းကြီးမဟုတ်တော့ပါ။

ဒီနေရာမှာ Windows Update ဆိုတာဘာလဲ...... ဘာကြောင့်ပါလာရသလဲ......
တကယ်လို့ Update လုပ်ပြီး အသုံးပြုရင်ရော ဘာကေင်းကျိုးတွေဖြစ်လာမလဲ......
Update ကို ပိတ်ထားပြီး အသုံးပြု ရင်ရော့ ဘာဖြစ်လာနိုင်မလဲ........

အထက်ပါ Windows Update နဲ့ပတ်သက်ပြီး မေးခွန်းလေးတွေ ဆွဲဆန့်ကြည့်မယ်ဆိုရင်တော့
Windows Update ဆိုတာက OS System ထဲမှာ Official က တိုက်ရိုက်ပေးထားတဲ့
အသုံးပြု သူ User တွေအတွက် Windows ဆိုင်ရာ Features အားလုံးကို
Technical ဆရာတွေကြီးကဲ့သို့ ခံစားအသုံးပြု နိုင်စေဖို့ Admin အဖြစ် ထည့်သွင်းပေးထားတာဖြစ်ပါတယ်။

မိမိ OS ရဲ့ Features အားလုံးကို အပြည့်အ၀ အသုံးပြု ခံစားကြည့်ချင်တယ်ဆိုရင်တော့
Windows Update Setting ဆိုတာပါကိုပါဝင်ရမည်ဖြစ်ပါတယ်။

တကယ်လို့ အဲဒီ Option သာမပါဝင်ခဲ့ဖူးဆိုရင်တော့ Windows Os ရဲ့ Features တွေကို
Modify ပြု လုပ်ပြီး မိမိစိတ်ကြိုက် ဖန်တီးခွင့်ရှိမှာမဟုတ်ပါဘူးခင်ဗျား........

အခုလောက်ဆိုရင်တော့ Windows Update ဆိုတာဘာလဲ...... ဘာကြောင့်ပါလာရသလဲ......
ဆိုတာကို အသင့်အတင့်ပြောကြည့်ရင် ရှေ့ကို လှမ်းတွေးနိုင်လောက်ပြီလို့ထင်ပါတယ်။

 တကယ်လို့ Update လုပ်ပြီး အသုံးပြုရင်ရော ဘာကေင်းကျိုးတွေဖြစ်လာမလဲ

 ဒီအဖြေလေးကို မပေးသေးမှီ အဆင့်တက်ပြီး ပြောကြည့်ရအောင်ပါ
ကျနော်တို့ Windows 7 & 8. 8.1 တွေကို BIOS ကနေ Windows DVD & USB Flash Boot-able 
 တို့ကနေ အင်စတောလုပ်ကြတဲ့အခါ Step အဆင့်ဆင့် ကျော်တက်ပြီးလို့
Set Up Windows Option ကိုအရောက် အဲဒီမှာ
Help protect your computer and improve Windows automatically ဆိုပြီး
Official ကတိုက်ရိုက် ချပေးလာတဲ့ Windows ဆိုင်ရာ စပါယ်ရှယ် Features ဆိုတာပါဝင်ပါတယ်။

Windows OS တွေကို အွန်လိုင်းပေါ်မှ Official ဆိုက်ကနေ ISO ဖိုင်တွေကို Windows DVD & USB flash Boot-able တွေအဖြစ် ဖန်တီးပြီး အင်စတောလုပ်တာပဲဖြစ်ဖြစ် အခွေဆိုင်တွေကနေ Windows DVD အခွေတွေကို ၀ယ်သုံးပြီးတော့ပဲဖြစ်ဖြစ် အသုံးပြုနေကြတဲ့ OS User တွေဟာ
များသောအားဖြင့် အောက်ပါအတိုင်း Set Up Windows Option ရဲ့အောက်

1. Use recommended Settings
2. Install Important Update Only
3. Ask me later

ဆိုပြီး ရွေးချယ်အသုံးပြုစရာ Option တွေအနက် သုံးခုမြောက် 3. Ask me later ကိုသာ
ရွေးချယ်ပြီး Windows တစ်ခုကို အင်စတောလုပ်ပြီးအသုံးပြုတတ်ကြပါတယ်။

 1 နံပါတ်ဖြစ်တဲ့ Use recommended Settings ဆိုတာကိုရော့ 2 နံပါတ်ဖြစ်တဲ့
Install Important Update only ဆိုတာကိုရော့ Windows Features အဖြစ် မရွေးချယ်တတ်ကျပါ။

ဒါကိုဘာလို့ပြောနေရတာလေးဆိုတော့ OS User အများစုဟာ Windows OS ကို Update လုပ်ပြီး
အသုံးပြုလေ့မရှိတာကြောင့် 3. နံပါတ်ဖြစ်တဲ့ Ask me later ဆိုတာကိုသာ ရွေးချယ်ခြင်းသားဖြစ်တယ်ဆိုတာကို ကျနော် ပြောလိုတာပါ။

အပေါ်မှာ ကျနော် နားလည်သလောက် ဘာကြောင့်......ဆိုတာကို ရှင်းပြပြီးခဲ့ပြီဖြစ်တဲ့အတွက်
Windows Update နဲ့ပတ်သက်လို့ အဆင့်တစ်ခုအထိ နားလည်နိုင်လောက်ပြီလို့ထင်ပါတယ်။

တကယ်လို့သာ Windows ကို Update လုပ်ပြီးအသုံးပြုမယ်ဆိုရင်တော့ ကျနော်
အသေးစစ်မရှင်းပြလိုတော့ပါ အောက်ကပုံလေးကိုသာ ကြည့်ပြီး Windows Features ကို
မြင်နိုင်လောက်ပါပြီ။

 Update ကို ပိတ်ထားပြီး အသုံးပြု ရင်ရော့ ဘာဖြစ်လာနိုင်မလဲ
ဒီနေရာမှာ ဒီမေးခွန်းလေးနဲ့ အဖြေက တိကျမှန်ကန်ချင်မှ မှန်ပါလိမ့်မယ် 
 ဒါပေမယ့် အပေါ်မှာ ကျနော် အလိုက်သင့် ရှင်းပြပြီးခဲ့တဲ့ အကြောင်းအရာအားလုံးကို
နားလည်ခဲ့မယ်ဆိုရင်တော့ ဒီအဖြေကို အတိအကျမရရင်တောင်မှ 89% လောက်တော့
အဆင်ပြေမယ်လို့ ထင်ပါတယ်။

ကျနော်ပြောခဲ့သလိုပေါ့ Windows Update ကိုသာ ဖွင့်ပြီး အသုံးပြုမယ်ဆိုရင်
Windows Features ပုံအရ Technical ကြီးကဲ့သို့ အသုံးပြုရမယ်ဆိုရင်တော့
တကယ်လို့သာ Windows Update ကို Turn Off လုပ်ပြီး အသုံးပြုမယ်ဆိုရင်တော့
ပုံပါ Windows OS ရဲ့ Admin တွေဖြစ်တဲ့ Features တွေကို လက်လွှတ်ဆုံးရှုံးပြီး
အသုံးပြု ကြရမှာပဲ ဖြစ်ပါတယ်။

ပိတ်ထားပြီး အသုံးပြုနေရင်ကော ဘာဖြစ်လာနိုင်သလဲဆိုတော့ရင်တော့
ဘာမှ မဖြစ်ပါဖူးလို့ ပြောနိုင်ပါတယ်၊ တကယ် ဘာမှမဖြစ်ပါ။

 ကိုယ်ပိုင်ကွန်ပျူတာလေးကို ကိုယ်သိသလောက်သော Effect တွေကိုသာ နေ့စဉ်အသုံးပြုနေကြရတဲ့
ကျနော်တို့တွေအတွက် Official ကအပြည့်အ၀ပေးထားတဲ့ Windows Features အားလုံးကို
Update လုပ်ပြီး အသုံးပြုတတ်ဖို့ဆိုတာက လုံးဝမဖြစ်နိုင်ပါ၊ နေရာဒေသ အလိုက် အသုံးလည်း
မတည့်လောက်ပါ၊ တကယ်လည်း မလိုအပ်ပါ။

ဒါကြောင့် မိမိအတွက် အသုံးမတည့် အသုံးမ၀င် မသုံးတတ်တဲ့ Windows Features တွေကို
Turn On လုပ်ပြီး Update ကြောင့် ခေါင်းစားနေမယ်ဆိုရင်တော့ စိတ်ဖိစီးမှုကို ဖိတ်ခေါ်နေသလိုမျိုး
ဖြစ်နေမလားပဲ....(ကျနော့်အာဘော်ပါ)

ကဲဗျာ ပြောလိုတဲ့ သဘောထားကို အကျယ်တ၀င့်လည်း ရှင်းပြပြီးပြီဆိုတော့
ဒီတစ်ခါ Window Update တွေလည်းဖြစ်တယ်၊ restart ချလို့ပြန်တက်လာရင် စောစောက တင်လိုက်တဲ့ update တွေတင်ရမယ်ပဲပြောတယ်
နောက်တခုက စက်ထဲ up to date ဆော့ဝဲတွေပဲတင်ထားတယ် update တောင်းလဲအမြဲပေးပေးနေတာကို အောက်ကအတိုင်းပေါ်နေတယ် ဘယ်လိုဖြစ်တာလဲမသိ..

ဆိုတဲ့အမေးလေးကို ဖြေကြားပြီး Windows 7 & 8. 8.1 တွေမှာ Update ကို ပိတ်ထားနည်းကို
အောက်မှာ ပုံလေးတွေနဲ့တကွ ရှင်းပြထားပါတယ်။

၁။ Windows Update ကို အသုံးမပြုလိုတဲ့အခါ သို့တည်းမဟုတ် Windows OS ရဲ့ မိမိနဲ့အသုံးမတည့်
အသုံးမ၀င်တဲ့ Features တွေ ယာယီပိတ်ထားပြီး အသုံးပြုချင်တယ်ဆိုရင်တော့
Start Menu>>>Control Panel ကို တစ်ဆင့်ချင်းနှိပ်သွားလိုက်ပါ။

Windows 8,8,1 Above သမားတွေကတော့ Win + I ကို တွဲနှိပ်ပြီး ညာဘက်ထောင့်နားက
ပေါ်လာတဲ့ Windows Start Menu>>Control Panel ကိုဝင်ရမှာဖြစ်ပါတယ်။

၂။ Windows Update ဆိုတာကို နှိပ်လိုက်ပါ။
၃။ Change Settings ဆိုတာကို ထပ်နှိပ်လိုက်ပါ။
 
၎။ Change settings ဆိုတာကို နှိပ်ပြီးလို့ Choose your windows update settings Option ရဲ့
အောက်မှာ Important Update ဆိုတာတွေ့ပါလိမ့်မယ်။ အဲဒီမှာ ကျနော် ၁ ဂဏန်းပြထားတဲ့ နေရာလေးကို တစ်ချက်နှိပ်လိုက်ပါ။ 
၂ နံပါတ်အတိုင်း စာတန်းတွေ တန်းစီပြီး ကျလာပါလိမ့်မယ် မိမိက Windows Update ကိုယာယီ
ပိတ်ထားပြီး အသုံးပြုလိုတာကြောင့် အောက်ဆုံးက စာကြောင်း Never check for updates ((Not recommended) ဆိုတာကို တစ်ချက်နှိပ်လိုက်ပါ။
 ၅။ ပြီးရင် Give me recommended updates the same way i receive important updates 
ဆိုတဲ့ နေရာတွေမှာ အမှန်ခြစ်လေးကို ရှိနေခဲ့ရင် အမှန်ခြစ်လေးကို ဖြတ်ပေးလိုက်ပါ။
ပြီးရင် OK ဆိုတာကိုနှိပ်ပေးလိုက်ပါ။

၆။ OK ပေးလိုက်ပြီးတဲ့အခါ အောက်ပါပုံအတိုင်း Windows Update ဟာ Turn off ဖြစ်နေပြီး
Window Update တွေလည်းဖြစ်တယ်၊ restart ချလို့ပြန်တက်လာရင် စောစောက တင်လိုက်တဲ့ update တွေတင်ရမယ်ပဲပြောတယ်
နောက်တခုက စက်ထဲ up to date ဆော့ဝဲတွေပဲတင်ထားတယ် update တောင်းလဲအမြဲပေးပေးနေတာကို အောက်ကအတိုင်းပေါ်နေတယ် ဘယ်လိုဖြစ်တာလဲမသိ
 ဆိုတာမျိုးဘယ်တော့မှ ဖြစ်မှာ မဟုတ်တော့ပါခင်ဗျား......
ဒီလိုမျိုးဖြစ်တတ်တာကတော့ Windows Update ဆိုတာကို Turn off မလုပ်မိထားပဲ
Wifi အင်တာနက်ကို အသုံးပြု လေ့ရှိတဲ့ Windows OS User တွေအတွက် ဖြစ်လေ့ရှိတဲ့
ပြသနာတစ်ခုပါ။

ကဲဗျာ နားလည်သဘောပေါက်စေချင်လို့ ကျနော်သိသလောက်ကို ပြောပြပြီးပြီလို့
ထင်ပါတယ် အားလုံးလည်း အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်။

တစ်ခြားသော နည်းပညာများကို ကျနော် အချိန်နဲ့တစ်ပြေးညီတင်ပေးသွားမှာ
ဖြစ်ပါကြောင်း နည်းပညာကို ချစ်တဲ့ ပရိတ်သတ်ကြီးများအတွက်
တတ်သိသမျှကို နားလည်သဘောပေါက်အောင် အမြဲတမ်းကူညီသွားမယ့်

ကျနော် ဇူးနစ်(နည်းပညာ)

အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
 www.zunite.org
Windows 7 & 8. 8.1 တွေမှာ Update ကို ပိတ်ထားနည်း Reviewed by ညီလတ်ထွန်း(နည်းပညာ) on 2:10 AM Rating: 5 မင်္ဂလာပါ ကျနော် ဇူးနစ် နည်းပညာလောကထဲသို့ ပြန်ရောက်ရှိလာပါပြီခင်ဗျား ================  ပျောက်ချက်သားကောင်းကောင်းနဲ့ပျေက်နေခဲ့လိုက်တာ ...

No comments: