ကိုယ့် password ခိုးခံရပြီးမှန်းဘယ်လိုစစ်မလဲ - ညီလတ်ထွန်း(နည်းပညာ)

728x90 AdSpace

Trending

ကိုယ့် password ခိုးခံရပြီးမှန်းဘယ်လိုစစ်မလဲ

ဝဘ်ဆိုဒ်တော်တော်များများက password တွေအတွက် မလုံခြုံပါဘူး။ ဟက်ချင်တဲ့သူတွေကတော့ username, password database တွေကိုဒေါင်းလုပ်ချပြီး အကောင့်တွေဟက်လို့ရနိုင်ပါတယ်။ ဒါကြောင့်အရေးကြီးတဲ့ဝဘ်ဆိုဒ်တွေအတွက်ဆို password တွေပြန်ပြန်မသုံးပါနဲ့။ ဆိုဒ်တစ်ခုကနေ ပေါက်သွားရင် သိသွားရင် တခြားအကောင့်တွေကိုလည်း sign in ဝင်လို့လွယ်တဲ့အတွက် မပေါ့သင့်ပါဘူး။
Have I Been Pwned?
သူကတော့ ကိုယ့်ရဲ့ username, password database အပြင်ကိုမပေါက်ကြားနိုင်အောင် ထိန်းပေးနိုင်တဲ့ဝဘ်ဆိုဒ်ပါ။ ကိုယ်ကိုယ်တိုင်လည်းအလွယ်တကူစစ်ကြည့်လို့ရတာကြောင့် သုံးရသိပ်ခက်ခဲမှာမဟုတ်ပါဘူး။

ဒါကိုသုံးဖို့အတွက် Have I Been Pwnd? ဆိုတဲ့ဝဘ်ဆိုဒ်ကိုသွားပြီး username/ email address ရှာလိုက်ပါ။ ရလဒ်ကနေ ကိုယ့်ရဲ့ username/ email address က ပေါက်ကြားထားတဲ့ database စာရင်းထဲမှာပါလားမပါလားပေါ်လာပါလိမ့်မယ်။ ကိုယ့်ရှိသမျှ အီးမေးလ်တိုင်း၊ username တိုင်းကိုဒီနည်းအတိုင်း စစ်နိုင်ပြီး password ပေါက်ကြားဖူးတယ်ဆိုရင် ပြပါလိမ့်မယ်။ တကယ်လို့ နောင်မှာ ကိုယ်ရဲ့ အီးမေးလ် or username ကနေ password ပေါက်ကြားပြီဆိုရင် ကိုယ့်ဆီ အီးမေးလ်ရောက်လာအောင်လုပ်လို့ရပါတယ်။ “Notify me when I get pwned” ဆိုတဲ့လင့်ခ်လေးကိုနှိပ်လိုက်ပါ။

Password လည်းဒီလိုပါပဲ ပေါက်ကြားဖူးလားသိချင်ရင် ခုနက Have I Been pwned? ဝဘ်ဆိုဒ်ကိုသွားပြီး password ကိုရိုက်လိုက်ပါ။ ကိုယ့် password က ပေါက်ကြားထားတဲ့ database ထဲမှာပါမပါသိရပါလိမ့်မယ်။ third-party ဝဘ်ဆိုဒ်တွေကိုတော့ password မရိုက်ဖို့အကြံပြုချင်ပါတယ်။ Have I Been Pwned? ကပဲစိတ်ချရပြီး ကိုယ့် password ဘယ်လိုကာကွယ်ထားလဲဆိုတာသိမှာပါ။
တကယ်လို့ ကိုယ့်အတွက် အရေးကြီးတဲ့ password တစ်ခုခု ပေါက်ကြားထားပြီးသားတွေ့ရင်တော့ ချက်ချင်းပြောင်းပစ်သင့်ပါတယ်။ ဒီအတွက် password manager သံုးသင့်ပြီး ကိုယ်သုံးတဲ့အရေးကြီးဆိုဒ်တိုင်းအတွက် password တစ်ခုချင်းစီကို တော်တော်နဲ့ ဟက်လို့မရတဲ့ strong ဖြစ်တဲ့ password တွေထုတ်ပေးပါလိ့မ်မယ်။ ကိုယ့်ရဲ့အရေးကြီးအကောင့်တွေအတွက်တော့ Two-factor authentication ကိုသုံးသင့်ပါတယ်။ ဒါမှ သူတို့တွေ password သိလည်း ကိုယ့်ဆီပဲကုဒ်ရောက်လာမှာဖြစ်လို့ ဝင်လို့ရနိုင်မှာမဟုတ်ပါဘူး
LastPass
  LastPass ရဲ့ Security Challenge မှာလည်းသူ့လို feature တစ်ခုထည့်သွင်းထားပါတယ်။ LastPass browser extension ကိုသွင်းပြီးရင် browser ရဲ့ toolbar ကနေ LastPass icon လေးကိုနှိပ် More Option—> Security Challenge ကိုရွေးလိုက်ပါ။ ကိုယ့်ရဲ့ database ထဲမှာ ကိုယ့်အီးမေးလ်လိပ်စာတွေတွေ့ရမှာဖြစ်ပြီး password ပေါက်ကြားပြီးသားလား မပေါက်ကြားသေးဘူးလား ဟက်ခံရပြီးသားလား စစ်ဆေးနိုင်ပါတယ်။ LastPass လည်းပဲ ပေါက်ကြားဖူးတဲ့ password တွေကိုပြပေးမှာဖြစလို့ ဟက်ခံရဖူးတယ်ဆိုရင် ချက်ချင်းပြောင်းပေးသင့်ပါတယ်။

ဒီလောက်ဆိုရင် ကိုယ့် password ပေါက်မပေါက် ဟက်ခံရဖူးမရဖူးမှန်းသိနိုင်မှာဖြစ်ပြီး အရေးကြီးအကောင့်တွေကိုလုံခြုံအောင် ထိန်းလို့ရနိုင်မှာပါ။ LastPass သုံးနည်းကတော့ အရင်တစ်ခေါက်မှာတုန်းက ပြောပြခဲ့ဖူးပါတယ်။ ကိုယ့် password တွေအားလုံး ဟက်မခံရအောင်အခုပဲ ကာကွယ်လိုက်ရအောင်…Via-Nwe Oo(digitaltimes)



အားလုံးကိုခင်မင်လျက်
ညီလတ်ထွန်း(နည်းပညာ)
www.nyilattun.com

ကိုယ့် password ခိုးခံရပြီးမှန်းဘယ်လိုစစ်မလဲ Reviewed by ညီလတ်ထွန်း(နည်းပညာ) on 7:24 AM Rating: 5 ဝဘ်ဆိုဒ်တော်တော်များများက password တွေအတွက် မလုံခြုံပါဘူး။ ဟက်ချင်တဲ့သူတွေကတော့ username, password database တွေကိုဒေါင်းလုပ်ချပြီး အကေ...

No comments: