iPhone, iPad တွေမှာ Storage ပြည့်နေရင် ဖြေရှင်းနည်း(၅)နည်း - ညီလတ်ထွန်း(နည်းပညာ)
728x90 AdSpace
Trending
iPhone, iPad တွေမှာ Storage ပြည့်နေရင် ဖြေရှင်းနည်း(၅)နည်း
 http://we.com.mm/
unicode
သင့်ရဲ့ iOS ပစ္စည်းတွေမှာ Storage ပြည့်နေလို့ Update လုပ်လို့မရတာ၊ ဓာတ်ပုံဆက်ရိုက်လို့ မရတော့တာတွေဖြစ်တတ်မှာပေါ့… ။ ဒါဆိုအခုပြောပြမယ့် အချက်လေးတွေကိုလိုက်လုပ်ကြည့်ပြီး Storage ပမာဏပိုများလာအောင် လုပ်လို့ရပါတယ်။
(၁) Total Usage ကိုစစ်ဆေးပါ
Go to Settings > General > Storage & iCloud Usage
မှတ်ထားရမှာက Storage 16 GB ရှိတဲ့ iPhone တစ်လုံးမှာ တကယ်သုံးလို့ရတဲ့ ပမာဏက 12.3 GB ပဲရှိပါတယ်…။ ဖုန်းရဲ့လုပ်ဆောင်မှုတွေအတွက် အသုံးပြုထားတဲ့ Storage ပမာဏကို နှုတ်ထားလို့ပါ… ။ ဒါဆိုကိုယ့်မှာ ဘယ်လောက်သုံးလို့ရသေးလဲ၊ ဘယ်လောက်သုံးထားပြီလဲစတာတွေကို ဝင်ကြည့်နိုင်ပါတယ်…။
(၂) ဘယ် Apps တွေက Storage အများကြီးယူနေလဲကြည့်ပါ
ဒီနည်းလမ်းနဲ့ ကိုယ့်ဖုန်းထဲမှာ ဘယ် Apps တွေကြောင့် Storage ပြည့်နေလဲဆိုတာ သိနိုင်ပါတယ်…။ ဒါဆို ကိုယ်အသုံးမပြုဘူးထင်တဲ့ Apps တွေကို ဆက်မသုံးပဲ ဖျက်ပစ်ရုံပဲပေါ့…။
(၃) ဖုန်းထဲမှာရှိတဲ့ ဓာတ်ပုံ၊ ဗီဒီယိုတွေကို စစ်ဆေးပါ
iPhone တွေရဲ့ ဓာတ်ပုံအရည်အသွေးတွေက ကောင်းမွန်တဲ့အတွက် Size တွေအရလည်း ကြီးပါတယ်…။
Storage လည်းလိုချင် ပုံတွေလည်းမဖျက်ချင်ဘူးဖြစ်နေရင် လိုအပ်တဲ့အချိန်ပြန်ယူလို့ရမယ့် နည်းလမ်းတွေအများကြီးရှိပါတယ်…။ ဥပမာ Google Drive ထဲထည့်ထားတာမျိုး စတဲ့နည်းလမ်းတွေ သုံးသင့်ပါတယ်…။ Google Drive ထဲမှာ သိမ်းထားတဲ့အခါ Storage လည်း ပိုလျှံသွားသလို ဓာတ်ပုံတွေ၊ ဗီဒီယိုတွေနဲ့ တခြားဖိုင်တွေလည်း ဆုံးရှုံးမှုမရှိတော့ပါဘူး…။
(၄)  သီချင်းတွေအများကြီး လိုလို့လား
နားထောင်နေတဲ့သီချင်းတွေပဲထည့်ထားပေါ့… ။ ကွန်ပြူတာထဲမှာဆို သီချင်းအကုန်သိမ်းထားလို့ အဆင်ပြေပေမယ့် ဖုန်းထဲမှာကတော့ သီချင်းတွေအများကြီးထည့်ထားရင် တခြားသုံးစရာတွေအတွက် ဘယ်ဆံ့တော့မလဲ…။
(၅)  အသုံးမလိုတော့တာတွေ ရှင်းပစ်မယ်
မောနင်း.. ဘာလုပ်နေလဲ/ လာနေပြီနော် လမ်းမှာ/ စတဲ့ Message တွေကို ဖျက်ပစ်လိုက်တာ အကောင်းဆုံးပါပဲ…။ မလိုအပ်ပဲ Storage တွေပြည့်နေတာ ဒါကြောင့်လည်းပါတယ်…။ နောက်တစ်ခုက Browser သုံးထားတဲ့ မှတ်တမ်းတွေပါ… အသုံးလိုရင်ပြန်ကြည့်ဖို့ ထားထားနိုင်ပေမယ့် အရေးမကြီးရင်တော့ သုံးရက်တစ်ခါလောက် ပုံမှန်ရှင်းပေးရပါမယ်…။
 http://we.com.mm/
အဆင်ပြေပါစေ
ညီလတ်ထွန်း(နည်းပညာ)
www.nyilattun.com
No comments: