လက္ပ္ေတာ့ေပ်ာက္သြားရင္ ဒါမွမဟုတ္ အခုိးခံလုိက္ရရင္ ေဆာ့ဖ္၀ဲနဲ႔ ဘယ္လုိျပန္ရွာမလဲ - ညီလတ္ထြန္း(နည္းပညာ)

728x90 AdSpace

Trending

လက္ပ္ေတာ့ေပ်ာက္သြားရင္ ဒါမွမဟုတ္ အခုိးခံလုိက္ရရင္ ေဆာ့ဖ္၀ဲနဲ႔ ဘယ္လုိျပန္ရွာမလဲ

ဖုန္းေတြတင္ေပ်ာက္တတ္တာမဟုတ္ပါဘူး။ လက္ပ္ေတာ့ေတြလည္း အခန္႔မသင့္ရင္ ေပ်ာက္တတ္ပါတယ္။ လက္ပ္ေတာ့ဆုိတာ ဖုန္းေတြထက္ေတာင္ ပုိတန္ဖုိးၾကီးေသးတာမို႔၊ ေပ်ာက္သြားရင္ ေတာ္ေတာ္စိတ္ညစ္ရမွာပါ။
မျဖစ္ခင္က ၾကိဳတင္ကာကြယ္ဆုိသလုိ၊ လက္ပ္ေတာ့ အခန္႔မသင့္လို႔ ေပ်ာက္သြားတာျဖစ္ျဖစ္၊ အခုိးခံလုိက္ရရင္ျဖစ္ျဖစ္ အလြယ္တကူျပန္ရွာႏိုင္မယ့္ေဆာ့ဖ္၀ဲကို မွ်ေ၀ေပးလုိက္ပါတယ္။
‘Prey’ ေဆာ့ဖ္၀ဲဟာ စက္ထဲသြင္းျပီးသြားရင္၊ ေနာက္မွာ run ေနတာေၾကာင့္ ခုိးသြားတဲ့လူေတာင္ ဒီေဆာ့ဖ္၀ဲ ရွိတာသိမွာမဟုတ္ပါဘူး။ ‘Prey’ ေဆာ့ဖ္၀ဲကေန လက္ပ္ေတာ့ရဲ့တည္ေနရာရွာတာ၊ လက္ပ္ေတာ့စခရင္မွာ မက္ေဆ့ေရးတာေတြ လုပ္ႏိုင္သလုိ၊ လက္ပ္ေတာ့ကို လွမ္းေလာ့ခ္ခ်ပစ္လုိ႔ ရပါတယ္။

အဆင့္ (၁)

Prey ေဆာ့ဖ္၀ဲကို သုံးဖုိ႔အတြက္ ပထမဦးဆုံး Prey အေကာင့္တစ္ခု လုပ္ထားရပါမယ္။ အခမဲ့ပါ။ Preyyproject.com ကို သြားျပီး၊ သင့္ အီးေမးလ္နဲ႔ Sign up လုပ္ပါ။ အကယ္၍ ကိုယ့္ကြန္ျပဴတာနဲ႔ Prey ကို မခ်ိတ္ရေသးဘူးဆုိရင္၊ track လုပ္ဖုိ႔ device မရွိဘူးဆုိျပီး ေဖာ္ျပေနမွာပါ။
prey-login

အဆင့္ (၂)

Prey ေဆာ့ဖ္၀ဲကို ကြန္ျပဴတာမွာ ေဒါင္းလုဒ္ဆြဲပါ။ Windows XP ကေန Windows 10 အထိ သုံးႏိုင္ပါတယ္။ Windows အျပင္ Android ေကာ၊ iOS ေကာ ၊ Mac OS မွာပါ သုံးႏိုင္ပါတယ္။ Prey ေဆာ့ဖ္၀ဲကို ေဒါင္းလုဒ္ဆြဲျပီးရင္ ကိုယ့္စက္မွာ install လုပ္လုိက္ပါ။
step2-650-80

အဆင့္ (၃)

Prey ေဆာ့ဖ္၀ဲကေန ၀င္ျပီးရင္၊ ‘Existing user’ ဆုိတာကို ကလစ္လုပ္ျပီး၊ ကိုယ္ ခုန Prey အေကာင့္ဖြင့္ထားတဲ့ အီးေမးလ္နဲ႔ password ကို ရိုက္ထည့္ေပးလိုက္ပါ။ ဒီအခါ သင့္စက္ကို ကာကြယ္ျပီးျပီ ျဖစ္ေၾကာင္း စာတစ္ခုေပၚလာပါမယ္။

အဆင့္ (၄)

အခုဆုိရင္ Preyproject.com ကို web browser ကေနသြားျပီးၾကည့္မယ္ဆုိရင္၊ သင့္လက္ပ္ေတာ့ တည္ရွိတဲ့ေနရာကို ေျမပုံကေနတဆင့္ ေဖာ္ျပေပးသြားမွာပါ။ ေတာ္ေတာ္တိက်ပါတယ္။
step3-650-80

အဆင့္ (၅) လက္ပ္ေတာ့ေပ်ာက္သြားျပီဆုိရင္ ?

လက္ပ္ေတာ့ေပ်ာက္သြားျပီဆုိရင္၊ Prey ၀က္ဘ္ဆုိဒ္ကိုသြားျပီး၊ သင္ register လုပ္ထားတဲ့လက္ပ္ေတာ့နာမည္ ကိုႏွိပ္ျပီး၊ ‘Set device to missing’ လုိ႔ ေရြးေပးလိုက္ပါ။ အခုဆုိရင္ သင့္လက္ေတာ့ရွိေနတဲ့ေနရာနဲ႔ update ေပးသြားပါမယ္။ ‘Yes,my device is missing’ ဆုိတာကို ေရြးေပးလိုက္ပါ။
step4-650-80

အဆင့္ (၆) လက္ပ္ေတာ့ေပၚမွာ စာလွမ္းေရးမယ္။

‘Maps and actions’ ခလုတ္ကိုႏွိပ္လုိက္ရင္၊ လက္ပ္ေတာ့ အြန္လိုင္းေပၚမွာ ေနာက္ဆုံးရွိခဲ့တဲ့အခ်ိန္နဲ႔၊ တည္ေနရာတုိ႔ကို ေဖာ္ျပေပးသြားမွာပါ။ ‘Alarm’ ဆုိတာကို ေရြးလိုက္ရင္၊ သင္ေပ်ာက္သြားတဲ့လက္ပ္ေတာ့ကေန အသံအက်ယ္ၾကီးထြက္လာမွာျဖစ္ပါတယ္။ လက္ပ္ေတာ့ေပၚမွာလည္း ပုိင္ရွင္ထံ ျပန္အပ္ေပးဖုိ႔ေတာင္းဆုိစာ၊ ဖုန္းနံပါတ္တုိ႔ကို လွမ္းေရးႏိုင္ပါတယ္။
step5-650-80

အဆင့္ (၇) Lock ခ်မယ္

ကိုယ့္လက္ပ္ေတာ့ရသြားတဲ့လူက ကိုယ့္လက္ပ္ေတာ့ password ကိုေက်ာ္ျပီး၊ သင့္လက္ပ္ေတာ့ထဲက ေဒတာေတြကို မသုံးေစခ်င္ဘူးဆုိရင္ ‘Lock’ ဆုိတာကို ေရြးေပးျပီး၊ ကိုယ္ေပးခ်င္တဲ့ password တစ္ခုေပးလုိက္ရင္၊ လက္ပ္ေတာ့ အလုိအေလ်ာက္ lock က်သြားမွာျဖစ္ပါတယ္။
step6-650-80
Prey ဟာ Windows လက္ပ္ေတာ့ေတြတင္မဟုတ္ဘဲ၊ ဖုန္းေတြကိုပါ ေျခရာခံရွာေပးႏိုင္ပါတယ္။ Prey အေကာင့္တစ္ခုကို ဖုန္း/ကြန္ျပဴတာသုံးလုံးအထိ ေျခရာခံေပးႏိုင္တာေၾကာင့္ ကိုယ့္ဖုန္းပါ အေကာင့္ထဲ ထည့္ထားလိုက္တာက အပန္းမၾကီးပါဘူး။ Prey အက္ပလီေကးရွင္းကို Play Store မွာေကာ App Store မွာပါ အခမဲ့ေဒါင္းလုဒ္ဆြဲႏိုင္ပါတယ္။
step7-650-80

===============================
#unicode
ဖုန်းတွေတင်ပျောက်တတ်တာမဟုတ်ပါဘူး။ လက်ပ်တော့တွေလည်း အခန့်မသင့်ရင် ပျောက်တတ်ပါတယ်။ လက်ပ်တော့ဆိုတာ ဖုန်းတွေထက်တောင် ပိုတန်ဖိုးကြီးသေးတာမို့၊ ပျောက်သွားရင် တော်တော်စိတ်ညစ်ရမှာပါ။

မဖြစ်ခင်က ကြိုတင်ကာကွယ်ဆိုသလို၊ လက်ပ်တော့ အခန့်မသင့်လို့ ပျောက်သွားတာဖြစ်ဖြစ်၊ အခိုးခံလိုက်ရရင်ဖြစ်ဖြစ် အလွယ်တကူပြန်ရှာနိုင်မယ့်ဆော့ဖ်ဝဲကို မျှဝေပေးလိုက်ပါတယ်။

‘Prey’ ဆော့ဖ်ဝဲဟာ စက်ထဲသွင်းပြီးသွားရင်၊ နောက်မှာ run နေတာကြောင့် ခိုးသွားတဲ့လူတောင် ဒီဆော့ဖ်ဝဲ ရှိတာသိမှာမဟုတ်ပါဘူး။ ‘Prey’ ဆော့ဖ်ဝဲကနေ လက်ပ်တော့ရဲ့တည်နေရာရှာတာ၊ လက်ပ်တော့စခရင်မှာ မက်ဆေ့ရေးတာတွေ လုပ်နိုင်သလို၊ လက်ပ်တော့ကို လှမ်းလော့ခ်ချပစ်လို့ ရပါတယ်။
အဆင့် (၁)

Prey ဆော့ဖ်ဝဲကို သုံးဖို့အတွက် ပထမဦးဆုံး Prey အကောင့်တစ်ခု လုပ်ထားရပါမယ်။ အခမဲ့ပါ။ Preyyproject.com ကို သွားပြီး၊ သင့် အီးမေးလ်နဲ့ Sign up လုပ်ပါ။ အကယ်၍ ကိုယ့်ကွန်ပြူတာနဲ့ Prey ကို မချိတ်ရသေးဘူးဆိုရင်၊ track လုပ်ဖို့ device မရှိဘူးဆိုပြီး ဖော်ပြနေမှာပါ။prey-login
အဆင့် (၂)

Prey ဆော့ဖ်ဝဲကို ကွန်ပြူတာမှာ ဒေါင်းလုဒ်ဆွဲပါ။ Windows XP ကနေ Windows 10 အထိ သုံးနိုင်ပါတယ်။ Windows အပြင် Android ကော၊ iOS ကော ၊ Mac OS မှာပါ သုံးနိုင်ပါတယ်။ Prey ဆော့ဖ်ဝဲကို ဒေါင်းလုဒ်ဆွဲပြီးရင် ကိုယ့်စက်မှာ install လုပ်လိုက်ပါ။step2-650-80
  အဆင့် (၃)

Prey ဆော့ဖ်ဝဲကနေ ၀င်ပြီးရင်၊ ‘Existing user’ ဆိုတာကို ကလစ်လုပ်ပြီး၊ ကိုယ် ခုန Prey အကောင့်ဖွင့်ထားတဲ့ အီးမေးလ်နဲ့ password ကို ရိုက်ထည့်ပေးလိုက်ပါ။ ဒီအခါ သင့်စက်ကို ကာကွယ်ပြီးပြီ ဖြစ်ကြောင်း စာတစ်ခုပေါ်လာပါမယ်။
အဆင့် (၄)

အခုဆိုရင် Preyproject.com ကို web browser ကနေသွားပြီးကြည့်မယ်ဆိုရင်၊ သင့်လက်ပ်တော့ တည်ရှိတဲ့နေရာကို မြေပုံကနေတဆင့် ဖော်ပြပေးသွားမှာပါ။ တော်တော်တိကျပါတယ်။step3-650-80
အဆင့် (၅) လက်ပ်တော့ပျောက်သွားပြီဆိုရင် ?

လက်ပ်တော့ပျောက်သွားပြီဆိုရင်၊ Prey ၀က်ဘ်ဆိုဒ်ကိုသွားပြီး၊ သင် register လုပ်ထားတဲ့လက်ပ်တော့နာမည် ကိုနှိပ်ပြီး၊ ‘Set device to missing’ လို့ ရွေးပေးလိုက်ပါ။ အခုဆိုရင် သင့်လက်တော့ရှိနေတဲ့နေရာနဲ့ update ပေးသွားပါမယ်။ ‘Yes,my device is missing’ ဆိုတာကို ရွေးပေးလိုက်ပါ။step4-650-80

 အဆင့် (၆) လက်ပ်တော့ပေါ်မှာ စာလှမ်းရေးမယ်။

‘Maps and actions’ ခလုတ်ကိုနှိပ်လိုက်ရင်၊ လက်ပ်တော့ အွန်လိုင်းပေါ်မှာ နောက်ဆုံးရှိခဲ့တဲ့အချိန်နဲ့၊ တည်နေရာတို့ကို ဖော်ပြပေးသွားမှာပါ။ ‘Alarm’ ဆိုတာကို ရွေးလိုက်ရင်၊ သင်ပျောက်သွားတဲ့လက်ပ်တော့ကနေ အသံအကျယ်ကြီးထွက်လာမှာဖြစ်ပါတယ်။ လက်ပ်တော့ပေါ်မှာလည်း ပိုင်ရှင်ထံ ပြန်အပ်ပေးဖို့တောင်းဆိုစာ၊ ဖုန်းနံပါတ်တို့ကို လှမ်းရေးနိုင်ပါတယ်။step5-650-80
  အဆင့် (၇) Lock ချမယ်

ကိုယ့်လက်ပ်တော့ရသွားတဲ့လူက ကိုယ့်လက်ပ်တော့ password ကိုကျော်ပြီး၊ သင့်လက်ပ်တော့ထဲက ဒေတာတွေကို မသုံးစေချင်ဘူးဆိုရင် ‘Lock’ ဆိုတာကို ရွေးပေးပြီး၊ ကိုယ်ပေးချင်တဲ့ password တစ်ခုပေးလိုက်ရင်၊ လက်ပ်တော့ အလိုအလျောက် lock ကျသွားမှာဖြစ်ပါတယ်။step6-650-80
Prey ဟာ Windows လက်ပ်တော့တွေတင်မဟုတ်ဘဲ၊ ဖုန်းတွေကိုပါ ခြေရာခံရှာပေးနိုင်ပါတယ်။ Prey အကောင့်တစ်ခုကို ဖုန်း/ကွန်ပြူတာသုံးလုံးအထိ ခြေရာခံပေးနိုင်တာကြောင့် ကိုယ့်ဖုန်းပါ အကောင့်ထဲ ထည့်ထားလိုက်တာက အပန်းမကြီးပါဘူး။ Prey အက်ပလီကေးရှင်းကို Play Store မှာကော App Store မှာပါ အခမဲ့ဒေါင်းလုဒ်ဆွဲနိုင်ပါတယ်။
step7-650-80


PC အတြက္ဒီမွာေဒါင္းယူပါ

Click here to download

Android ဖုန္းအတြက္ဒီမွာေဒါင္းယူပါ





Ref: Tech Radar
Credit- digitaltimes
www.nyilattun.com

လက္ပ္ေတာ့ေပ်ာက္သြားရင္ ဒါမွမဟုတ္ အခုိးခံလုိက္ရရင္ ေဆာ့ဖ္၀ဲနဲ႔ ဘယ္လုိျပန္ရွာမလဲ Reviewed by ညီလတ္ထြန္း(နည္းပညာ) on 3:22 AM Rating: 5 ဖုန္းေတြတင္ေပ်ာက္တတ္တာမဟုတ္ပါဘူး။ လက္ပ္ေတာ့ေတြလည္း အခန္႔မသင့္ရင္ ေပ်ာက္တတ္ပါတယ္။ လက္ပ္ေတာ့ဆုိတာ ဖုန္းေတြထက္ေတာင္ ပုိတန္ဖုိးၾကီးေသးတာမို႔...

No comments: