ဘာေၾကာင့္ ကားထဲမွာ ဖုန္းအားမသြင္းသင့္တာလဲ - ညီလတ္ထြန္း(နည္းပညာ)

728x90 AdSpace

Trending

ဘာေၾကာင့္ ကားထဲမွာ ဖုန္းအားမသြင္းသင့္တာလဲ

ကားထဲမွာ ဖုန္းအားသြင္းတတ္တဲ့အက်င့္ကို ဘာေၾကာင့္ေဖ်ာက္ဖ်က္သင့္တာလဲ
ေခတ္မွီတိုးတက္လာၿပီး ကားေဈးေတြလည္း က်ဆင္းလာမွုေတြေၾကာင့္ လူတိုင္းနီးပါးကားေတြကို စီးလာနိုင္ၾကပါတယ္…။ ျမန္မာနိုင္ငံမွာကလည္း ကားအေရအတြက္ေတြ ပိုမ်ားလာတာေတြေၾကာင့္ ကားလမ္းပိတ္တာေတြကိုလည္း မၾကာခဏဆိုသလို ၾကဳံေတြ႕ေနၾကပဲျဖစ္ပါတယ္…။
ကားလမ္းေတြပိတ္ေနတဲ့အခါ ခရီးေတြသြားတဲ့အခါမ်ိဳးေတြမွာ ဖုန္းေတြကိုကားထဲမွာပဲ အားသြင္းတတ္ၾကပါတယ္…။ ကားထဲမွာ အားသြင္းလို႔ေရာ အဆင္ေျပရဲ့လား…။ ဖုန္းကိုေရာလုံျခဳံမွုရွိေစရဲ့လား…။ ဒါကလည္း ေမးကိုေမးသင့္တဲ့ ေမးခြန္းမ်ိဳးေတြပါပဲ…။
ကားထဲမွာ ဖုန္းအားသြင္းတာက တကယ္တမ္းမွာေတာ့ ဖုန္းဘက္ထရီကို ထိခိုက္မွုေတြရွိေစနိုင္ပါတယ္…။ တကယ္လို႔ သင္က iphone ကိုင္တဲ့သူတစ္ေယာက္ဆိုရင္ ကားထဲမွာဖုန္းအားသြင္းျခင္းက အရမ္းကိုအႏၲရာယ္ရွိလြန္းပါတယ္ေနာ္…။
ကားထဲမွာရွိတဲ့ ဘက္ထရီအားသြင္းတဲ့ USB အေပါက္က ဖုန္းအားကိုေကာင္းစြာ သြင္းနိုင္ေလာက္တဲ့အထိ လၽွပ္စစ္ဓာတ္ကို မေပးစြမ္းနိုင္တာေၾကာင့္ ဖုန္းသြင္းတဲ့အခါမွာ လုံေလာက္တဲ့အားေတြကို ဖုန္းထဲကိုမဝင္သြားေစနိုင္ပါဘူး…။ ဒီလိုအခ်ိန္မွာ ကားထဲမွာပဲသင့္ဖုန္းကို အားေတြသြင္းေနမယ္ဆိုရင္ေတာ့ အခ်ိန္ၾကာလာတာနဲ႔အမၽွ သင့္ဖုန္းရဲ့ဘက္ထရီကို ပ်က္စီးေစတဲ့အထိျဖစ္ေစနိုင္ပါတယ္…။
ဒီအေၾကာင္းအရာေတြတင္မကပါဘူးေနာ္…။ ကားထဲမွာဖုန္းအားသြင္းတာက သင့္ဖုန္းဘက္ထရီကို ပ်က္စီးေစ႐ုံသာမကပဲ ကားရဲ့ဘက္ထရီကိုလည္း ခ်ိဳ႕ယြင္းေစနိုင္ပါတယ္…။ ဒီလိုပ်က္စီးမွုေတြက သင့္ဖုန္းအမ်ိဳးအစားနဲ႔ ဘက္ထရီေပၚမွာလည္း အမ်ားႀကီးအက်ိဳးသက္ေရာက္မွုရွိပါတယ္…။
ဒီလို ျပႆနာမ်ိဳးေတြက ေမာ္ဒယ္ျမင့္တဲ့ကားေတြမွာေတာ့ ျဖစ္ေလ့ျဖစ္ထမရွိပါဘူး…။ ေမာ္ဒယ္ျမင့္တဲ့ကားသစ္ေတြမွာ ေကာင္းမြန္ၿပီးအားေကာင္းတဲ့ ဘက္ထရီေတြရွိတာေၾကာင့္ ဒီလိုေမာ္ဒယ္ျမင့္တဲ့ကားေတြမွာေတာ့ ဖုန္းအားသြင္းရင္ သင့္ဖုန္းမွာလိုအပ္တဲ့ ဘက္ထရီေတြကိုလိုအပ္သလို ျဖည့္ေပးနိုင္တာေၾကာင့္ သင့္ဖုန္းဘက္ထရီပ်က္စီးမွာေတြကို စိတ္ပူစရာမလိုေတာ့ပါဘူး…။ တကယ္လို႔ သင့္ကားက ေမာ္ဒယ္အားျဖင့္ နိမ့္တဲ့ကားအမ်ိဳးအစားဆိုရင္ေတာ့ သင့္ရဲ့တန္ဖိုးႀကီးတဲ့ဖုန္းေတြကို ကားထဲမွာအားသြင္းျခင္းကို ဆင္ျခင္သင့္ပါတယ္ေနာ္…။

Credit – http://we.com.mm
Unicode
ကားထဲမှာ ဖုန်းအားသွင်းတတ်တဲ့အကျင့်ကို ဘာကြောင့်ဖျောက်ဖျက်သင့်တာလဲ
ခေတ်မှီတိုးတက်လာပြီး ကားဈေးတွေလည်း ကျဆင်းလာမှုတွေကြောင့် လူတိုင်းနီးပါးကားတွေကို စီးလာနိုင်ကြပါတယ်…။ မြန်မာနိုင်ငံမှာကလည်း ကားအရေအတွက်တွေ ပိုများလာတာတွေကြောင့် ကားလမ်းပိတ်တာတွေကိုလည်း မကြာခဏဆိုသလို ကြုံတွေ့နေကြပဲဖြစ်ပါတယ်…။
ကားလမ်းတွေပိတ်နေတဲ့အခါ ခရီးတွေသွားတဲ့အခါမျိုးတွေမှာ ဖုန်းတွေကိုကားထဲမှာပဲ အားသွင်းတတ်ကြပါတယ်…။ ကားထဲမှာ အားသွင်းလို့ရော အဆင်ပြေရဲ့လား…။ ဖုန်းကိုရောလုံခြုံမှုရှိစေရဲ့လား…။ ဒါကလည်း မေးကိုမေးသင့်တဲ့ မေးခွန်းမျိုးတွေပါပဲ…။
ကားထဲမှာ ဖုန်းအားသွင်းတာက တကယ်တမ်းမှာတော့ ဖုန်းဘက်ထရီကို ထိခိုက်မှုတွေရှိစေနိုင်ပါတယ်…။ တကယ်လို့ သင်က iphone ကိုင်တဲ့သူတစ်ယောက်ဆိုရင် ကားထဲမှာဖုန်းအားသွင်းခြင်းက အရမ်းကိုအန္တရာယ်ရှိလွန်းပါတယ်နော်…။
ကားထဲမှာရှိတဲ့ ဘက်ထရီအားသွင်းတဲ့ USB အပေါက်က ဖုန်းအားကိုကောင်းစွာ သွင်းနိုင်လောက်တဲ့အထိ လျှပ်စစ်ဓာတ်ကို မပေးစွမ်းနိုင်တာကြောင့် ဖုန်းသွင်းတဲ့အခါမှာ လုံလောက်တဲ့အားတွေကို ဖုန်းထဲကိုမဝင်သွားစေနိုင်ပါဘူး…။ ဒီလိုအချိန်မှာ ကားထဲမှာပဲသင့်ဖုန်းကို အားတွေသွင်းနေမယ်ဆိုရင်တော့ အချိန်ကြာလာတာနဲ့အမျှ သင့်ဖုန်းရဲ့ဘက်ထရီကို ပျက်စီးစေတဲ့အထိဖြစ်စေနိုင်ပါတယ်…။
ဒီအကြောင်းအရာတွေတင်မကပါဘူးနော်…။ ကားထဲမှာဖုန်းအားသွင်းတာက သင့်ဖုန်းဘက်ထရီကို ပျက်စီးစေရုံသာမကပဲ ကားရဲ့ဘက်ထရီကိုလည်း ချို့ယွင်းစေနိုင်ပါတယ်…။ ဒီလိုပျက်စီးမှုတွေက သင့်ဖုန်းအမျိုးအစားနဲ့ ဘက်ထရီပေါ်မှာလည်း အများကြီးအကျိုးသက်ရောက်မှုရှိပါတယ်…။
ဒီလို ပြဿနာမျိုးတွေက မော်ဒယ်မြင့်တဲ့ကားတွေမှာတော့ ဖြစ်လေ့ဖြစ်ထမရှိပါဘူး…။ မော်ဒယ်မြင့်တဲ့ကားသစ်တွေမှာ ကောင်းမွန်ပြီးအားကောင်းတဲ့ ဘက်ထရီတွေရှိတာကြောင့် ဒီလိုမော်ဒယ်မြင့်တဲ့ကားတွေမှာတော့ ဖုန်းအားသွင်းရင် သင့်ဖုန်းမှာလိုအပ်တဲ့ ဘက်ထရီတွေကိုလိုအပ်သလို ဖြည့်ပေးနိုင်တာကြောင့် သင့်ဖုန်းဘက်ထရီပျက်စီးမှာတွေကို စိတ်ပူစရာမလိုတော့ပါဘူး…။ တကယ်လို့ သင့်ကားက မော်ဒယ်အားဖြင့် နိမ့်တဲ့ကားအမျိုးအစားဆိုရင်တော့ သင့်ရဲ့တန်ဖိုးကြီးတဲ့ဖုန်းတွေကို ကားထဲမှာအားသွင်းခြင်းကို ဆင်ခြင်သင့်ပါတယ်နော်…။
Credit – http://we.com.mm





အဆင္ေၿပပါေစ
ညီလတ္ထြန္း(နည္းပညာ)
www.nyilattun.com

ဘာေၾကာင့္ ကားထဲမွာ ဖုန္းအားမသြင္းသင့္တာလဲ Reviewed by ညီလတ္ထြန္း(နည္းပညာ) on 11:15 AM Rating: 5 ကားထဲမွာ ဖုန္းအားသြင္းတတ္တဲ့အက်င့္ကို ဘာေၾကာင့္ေဖ်ာက္ဖ်က္သင့္တာလဲ ေခတ္မွီတိုးတက္လာၿပီး ကားေဈးေတြလည္း က်ဆင္းလာမွုေတြေၾကာင့္ လူတိုင္းနီး...

No comments: