႐ုံးမွာ အင္တာနက္လိုင္းက်ေနတဲ့အခ်ိန္အေကာင္းဆုံးေျဖရွင္းနိုင္မယ့္နည္းလမ္းေကာင္း ( ၄ ) ခ်က္ - ညီလတ္ထြန္း(နည္းပညာ)

728x90 AdSpace

Trending

႐ုံးမွာ အင္တာနက္လိုင္းက်ေနတဲ့အခ်ိန္အေကာင္းဆုံးေျဖရွင္းနိုင္မယ့္နည္းလမ္းေကာင္း ( ၄ ) ခ်က္

အခုေနာက္ပိုင္းအလုပ္အေတာ္မ်ားမ်ားက အင္တာနက္ကို အားကိုးၿပီးလုပ္ရတဲ့အလုပ္ေတြပါ။ အင္တာနက္ကို အားမကိုးရင္ေတာင္မွ က်န္တဲ့ word file, excel, Photo နဲ႔ other attachment ေတြပို႔ခ်င္တယ္ဘာညာဆိုရင္ေတာင္မွ Email ကိုအားထားေနရတာ။

အင္တာနက္ကိုအားကိုးပါတယ္ဆိုမွ တစ္ရက္ကို သုံးခါေလာက္လိုင္းကက်ေနတယ္ဆိုေတာ့သြားၿပီေပါ့။ အဲဒီလိုအခ်ိန္က်ရင္ဘယ္လိုမ်ိဳးနည္းလမ္းေတြနဲ႔ေျဖရွင္းလို႔အဆင္ေျပနိုင္မလဲ။

( ၁ ) WAN နဲ႔ LAN connection ေတြကိုစစ္ပါ
 


တစ္ခါတစ္ရံမွာ wifi connection ျပဳတ္သြားတတ္တဲ့အေၾကာင္းအရာေတြထဲမွာ နဂို internet source ေၾကာင့္မဟုတ္ပဲ Wireless Access Point ( AP ) ေတြနဲ႔ wifi က wireless router port ေတြ loose ျဖစ္ေနတာေၾကာင့္လည္းျဖစ္တတ္ပါတယ္။ အဲဒါေၾကာင့္ wifi receiver က Ethernet ႀကိဳးေတြ ခ်ိတ္ထားတာ ေလ်ာ့တိေလ်ာ့ရဲျဖစ္ေနတာ၊ wifi က LED ေတြအနီေရာင္ျပေနတာရွိမရွိ၊ စစ္ရပါမယ္။ ေနာက္ၿပီး AP နဲ႔ Ethernet cable ေတြတပ္ထားတဲ့ port ေတြမွန္မမွန္စစ္ၾကည့္တာမ်ိဳး၊ modem power off ေနတာရွိမရွိဆိုတာေတြကအစ စစ္ေဆးရမွာျဖစ္တယ္။

( ၂ ) Wifi ကို reset ခ်ပါ



အဲဒီလိုေတြလုပ္ၾကည့္လို႔အဆင္မေျပဘူးဆိုရင္ ေနာက္ထပ္အလြယ္ဆုံးနည္းကေတာ့ connection ကို reset ခ်လိုက္တာပါပဲ။ PING ေတြအကုန္လုံးကို refresh လုပ္လိုက္တာျဖစ္တဲ့အတြက္ connection ျပန္ေကာင္းရင္ေကာင္းသြားတတ္ပါတယ္။

( ၃ ) Download ေတြရွိမရွိေမးပါ


တစ္ခါတစ္ေလ အလုပ္ခြင္ထဲမွာ အေပါင္းအသင္းေတြအေနနဲ႔ အင္တာနက္ကေန စာအုပ္ေတြ၊ သီခ်င္း၊ ႐ုပ္ရွင္နဲ႔ ဂိမ္းေတြ ေဒါင္းလုဒ္ဆြဲေနတာမ်ိဳးလည္းရွိတတ္တယ္။ ပမာဏနည္းတဲ့ MB ေလာက္ကမသိသာေပမယ့္ GB ကိုမွ 10 15 ေလာက္အေနအထားျဖစ္လာတဲ့အခါမွာေတာ့ လိုင္းေႏွးတာေတြ၊ လိုင္းက်တာေတြအထိျဖစ္တတ္ပါတယ္။

( ၄ ) ကိုယ့္ဖုန္းက main balance နဲ႔ Data Carry ကိုသုံးပါ


သာမန္ကုမၸဏီေတြဆိုရင္ သိပ္ျပသနာမရွိေပမယ့္ Airline Company ေတြ၊ Catering Company ေတြ၊ Export Import ကုမၸဏီ နဲ႔ Travel Agency လို ကုမၸဏီမ်ိဳးေတြမွာဆိုရင္ေတာ့ လိုင္းတစ္နာရီေလာက္က်သြားရင္ ျဖစ္လာမယ့္ အက်ိဳးဆက္ကအေတာ္ေလးႀကီးမားတယ္ဆိုတာသိၾကမွာပါ။ ဧည့္သည္ကေလဆိပ္မွာ၊ E ticket ကို Email ကေနပို႔ရမယ္၊ လိုင္းကလည္းတက္မလာဘူးဆိုရင္ေတာ့ဖုန္းထဲကေဒတာနဲ႔သာပို႔လိုက္တာမ်ိဳးေပါ့။ အဲဒီလိုအေနအထားမ်ိဳးေတြဆိုရင္ေတာ့ ဖုန္းထဲက ေဒတာကိုအသုံးျပဳလိုက္တာပိုေကာင္းပါတယ္။ ဖုန္းရဲ့ main balance ထဲမွာပိုက္ဆံရွိဖို႔ေတာ့လိုတာေပါ့။

Gabriel


unicode
အခုနောက်ပိုင်းအလုပ်အတော်များများက အင်တာနက်ကို အားကိုးပြီးလုပ်ရတဲ့အလုပ်တွေပါ။ အင်တာနက်ကို အားမကိုးရင်တောင်မှ ကျန်တဲ့ word file, excel, Photo နဲ့ other attachment တွေပို့ချင်တယ်ဘာညာဆိုရင်တောင်မှ Email ကိုအားထားနေရတာ။
အင်တာနက်ကိုအားကိုးပါတယ်ဆိုမှ တစ်ရက်ကို သုံးခါလောက်လိုင်းကကျနေတယ်ဆိုတော့သွားပြီပေါ့။ အဲဒီလိုအချိန်ကျရင်ဘယ်လိုမျိုးနည်းလမ်းတွေနဲ့ဖြေရှင်းလို့အဆင်ပြေနိုင်မလဲ။
( ၁ ) WAN နဲ့ LAN connection တွေကိုစစ်ပါ
တစ်ခါတစ်ရံမှာ wifi connection ပြုတ်သွားတတ်တဲ့အကြောင်းအရာတွေထဲမှာ နဂို internet source ကြောင့်မဟုတ်ပဲ Wireless Access Point ( AP ) တွေနဲ့ wifi က wireless router port တွေ loose ဖြစ်နေတာကြောင့်လည်းဖြစ်တတ်ပါတယ်။ အဲဒါကြောင့် wifi receiver က Ethernet ကြိုးတွေ ချိတ်ထားတာ လျော့တိလျော့ရဲဖြစ်နေတာ၊ wifi က LED တွေအနီရောင်ပြနေတာရှိမရှိ၊ စစ်ရပါမယ်။ နောက်ပြီး AP နဲ့ Ethernet cable တွေတပ်ထားတဲ့ port တွေမှန်မမှန်စစ်ကြည့်တာမျိုး၊ modem power off နေတာရှိမရှိဆိုတာတွေကအစ စစ်ဆေးရမှာဖြစ်တယ်။
( ၂ ) Wifi ကို reset ချပါ
အဲဒီလိုတွေလုပ်ကြည့်လို့အဆင်မပြေဘူးဆိုရင် နောက်ထပ်အလွယ်ဆုံးနည်းကတော့ connection ကို reset ချလိုက်တာပါပဲ။ PING တွေအကုန်လုံးကို refresh လုပ်လိုက်တာဖြစ်တဲ့အတွက် connection ပြန်ကောင်းရင်ကောင်းသွားတတ်ပါတယ်။
( ၃ ) Download တွေရှိမရှိမေးပါ

တစ်ခါတစ်လေ အလုပ်ခွင်ထဲမှာ အပေါင်းအသင်းတွေအနေနဲ့ အင်တာနက်ကနေ စာအုပ်တွေ၊ သီချင်း၊ ရုပ်ရှင်နဲ့ ဂိမ်းတွေ ဒေါင်းလုဒ်ဆွဲနေတာမျိုးလည်းရှိတတ်တယ်။ ပမာဏနည်းတဲ့ MB လောက်ကမသိသာပေမယ့် GB ကိုမှ 10 15 လောက်အနေအထားဖြစ်လာတဲ့အခါမှာတော့ လိုင်းနှေးတာတွေ၊ လိုင်းကျတာတွေအထိဖြစ်တတ်ပါတယ်။
( ၄ ) ကိုယ့်ဖုန်းက main balance နဲ့ Data Carry ကိုသုံးပါ

သာမန်ကုမ္ပဏီတွေဆိုရင် သိပ်ပြသနာမရှိပေမယ့် Airline Company တွေ၊ Catering Company တွေ၊ Export Import ကုမ္ပဏီ နဲ့ Travel Agency လို ကုမ္ပဏီမျိုးတွေမှာဆိုရင်တော့ လိုင်းတစ်နာရီလောက်ကျသွားရင် ဖြစ်လာမယ့် အကျိုးဆက်ကအတော်လေးကြီးမားတယ်ဆိုတာသိကြမှာပါ။ ဧည့်သည်ကလေဆိပ်မှာ၊ E ticket ကို Email ကနေပို့ရမယ်၊ လိုင်းကလည်းတက်မလာဘူးဆိုရင်တော့ဖုန်းထဲကဒေတာနဲ့သာပို့လိုက်တာမျိုးပေါ့။ အဲဒီလိုအနေအထားမျိုးတွေဆိုရင်တော့ ဖုန်းထဲက ဒေတာကိုအသုံးပြုလိုက်တာပိုကောင်းပါတယ်။ ဖုန်းရဲ့ main balance ထဲမှာပိုက်ဆံရှိဖို့တော့လိုတာပေါ့။
Gabriel




အဆင္ေၿပပါေစ
ညီလတ္ထြန္း(နည္းပညာ)
www.nyilattun.com

႐ုံးမွာ အင္တာနက္လိုင္းက်ေနတဲ့အခ်ိန္အေကာင္းဆုံးေျဖရွင္းနိုင္မယ့္နည္းလမ္းေကာင္း ( ၄ ) ခ်က္ Reviewed by ညီလတ္ထြန္း(နည္းပညာ) on 11:57 AM Rating: 5 အခုေနာက္ပိုင္းအလုပ္အေတာ္မ်ားမ်ားက အင္တာနက္ကို အားကိုးၿပီးလုပ္ရတဲ့အလုပ္ေတြပါ။ အင္တာနက္ကို အားမကိုးရင္ေတာင္မွ က်န္တဲ့ word file, excel,...

No comments: