Android အတြက္ အေကာင္းဆံုး Tracking App မ်ား - ညီလတ္ထြန္း(နည္းပညာ)

728x90 AdSpace

Trending

Android အတြက္ အေကာင္းဆံုး Tracking App မ်ား


သင့္ရဲ႕ စမတ္ဖုန္း ေပ်ာက္ဆံုးသြားရင္ ကိုယ္ေရးကိုယ္တာ ေဒတာမ်ားဟာ စိုးရိမ္စရာ ျဖစ္ပါတယ္။ အဲဒီအတြက္ သင့္ရဲ႕ စမတ္ဖုန္းကို လြယ္လြယ္နဲ႔ အဆံုးရႈံးမခံဘဲ ျပန္လည္ ရယူဖို႔ ႀကိဳးစားသင့္ပါတယ္။ သင့္ရဲ႕ စမတ္ဖုန္းကို ေျမပံုေပၚမွာ ေျခရာခံဖုိ႔၊ အေ၀းကေန ေဒတာမ်ားကို ဖ်က္ဆီးပစ္ဖို႔အတြက္ Android App မ်ားစြာ ရွိပါတယ္။ အဲဒီအထဲကမွ အေကာင္းဆံုး App မ်ားကို ေရြးခ်ယ္ေဖာ္ျပလိုက္ပါတယ္။
Find My Device

စြမ္းရည္မ်ား
• GPS ကေန ဖုန္းကို ေျခရာခံျခင္း။
• ေဒတာမ်ားကို အေ၀းကေန ဖ်က္ပစ္ျခင္း။
• အေ၀းကေန အသံျမည္ေစျခင္း။
• အေ၀းကေန ဖုန္းကို Lock ျပဳလုပ္ျခင္း။
Google ရဲ႕ Find My Device ဟာ Android Users မ်ားအတြက္ မရွိမျဖစ္ Tracking App ပါ။ အသံုးျပဳရတာ လြယ္ကူၿပီး သင့္ရဲ႕ Google Account ျဖင့္ Login ၀င္ရမွာပါ။ ၿပီးရင္ Location ကို On ေပးပါ။ ဒါဆိုရင္ သင့္ဖုန္းေပ်ာက္သြားရင္ ေျမပံုကေန ေျခရာခံႏုိင္မွာပါ။ ( သင့္ဖုန္းဟာ ပါ၀ါဖြင့္ထားၿပီး ၀ိုင္ဖိုင္ သို႔မဟုတ္ မိုဘိုင္းေဒတာ ဆက္သြယ္မႈကို ရေနမွသာ ေျခရာခံႏုိင္မွာပါ။ )
သင့္ဖုန္းကို ေျခရာခံဖို႔ ကြန္ျပဴတာ သို႔မဟုတ္ စမတ္ဖုန္းတစ္လံုးကေန android.com/find ကို သြားပါ။ သင့္ အေကာင့္ျဖင့္ Login ၀င္ပါ။ ၿပီးရင္ ေျမပံုမွာ သင့္ဖုန္းကို ရွာႏုိင္ပါတယ္။ အဲဒီကေန ဖုန္းကို Lock ျပဳလုပ္ျခင္း၊ သင့္ကို ဆက္သြယ္ႏုိင္တဲ့ ဖုန္းနံပါတ္ကို ေပးပို႔ျခင္းမ်ားကို ျပဳလုပ္ႏုိင္ပါတယ္။ ဖုန္း ရထားသူက စကရင္မွ Call Me Button ကို ႏွိပ္လိုက္တာနဲ႔ သင့္ထံ ဖုန္း၀င္လာမွာပါ။ အိမ္ထဲမွာ ဖုန္းေပ်ာက္ေနတယ္ဆိုရင္လည္း တည္ေနရာကို သိႏုိင္ဖို႔ အသံျမည္ေအာင္ လုပ္ႏုိင္ပါတယ္။ အဲဒီ နည္းလမ္းမ်ားကို အသံုးျပဳလို႔မွ အဆင္မေျပရင္ေတာ့ သင့္ဖုန္းမွ ေဒတာမ်ားကို ဖ်က္ဆီးပစ္ႏိုင္ပါတယ္။
Download
Find My Android Phone

စြမ္းရည္မ်ား
• GPS ကေန ဖုန္းရဲ႕ တည္ေနရာကို ေျခရာခံျခင္း။
• ဖုန္းကို စဥ္ဆက္မျပတ္ ေျခရာခံႏိုင္ျခင္း။
• ဖုန္းတည္ေနရာကို လမ္းညႊန္ေပးျခင္း။
• Message မ်ားကို အေ၀းကေန ဖ်က္ဆီးျခင္း။
Family Safety Productions က ဖန္တီးထားတာ ျဖစ္ၿပီး ေပ်ာက္သြားတဲ့ ဖုန္းကို ေျခရာခံႏုိင္မယ့္ အဆင့္ျမင့္ နည္းပညာမ်ား ပါပါတယ္။ မိသားစု၀င္မ်ားရဲ႕ ဖုန္းမ်ားကိုေတာင္ သင့္ဖုန္း App ကေန ရွာေဖြႏုိင္ပါတယ္။ ဖုန္းရဲ႕ တည္ေနရာကို App ကေန စဥ္ဆက္မျပတ္ ေျခရာခံေပးတဲ့ အတြက္ ဖုန္း ရွိေနတဲ့ ေနရာမ်ားကို သိႏုိင္ပါတယ္။ Triangulation Algorithm ကို သံုးထားတဲ့ အတြက္ တည္ေနရာကို တိက်စြာ ေျခရာခံေပးပါတယ္။ App အျပင္ ၀က္ဆိုက္ကေနလည္း ဖုန္းကို ေျခရာခံႏုိင္ပါတယ္။ အခမဲ့ အသံုးျပဳႏုိင္တဲ့ Tracking App တစ္ခု ျဖစ္ပါတယ္။
Download
Lost Android
စြမ္းရည္မ်ား
• ကြန္ျပဴတာကေန ဖုန္းရဲ႕ အ၀င္၊ အထြက္ SMS မ်ားကို ဖတ္ႏိုင္ျခင္း။
• အေ၀းကေန ဖုန္း Internal , SD Card မွ ေဒတာမ်ားကို ဖ်က္ႏုိင္ျခင္း။
• ဖုန္းကို အသံျမည္ေအာင္ ျပဳလုပ္ျခင္း။
• ေပ်ာက္ေနတဲ့ ဖုန္းထံ ၀င္လာတဲ့ Call မ်ားကို အျခား ဖုန္းနံပါတ္သို႔ လႊဲျခင္း။
• ဖုန္းရဲ႕ WiFi, GPS Function မ်ားကို ဖြင့္ျခင္း၊ ပိတ္ျခင္း။
• GPS သို႔မဟုတ္ အင္တာနက္ ဆက္သြယ္မႈျဖင့္ တည္ေနရာကို ေျခရာခံျခင္း။

Lost Android or Android Lost ဟာ အလြန္ေကာင္းတဲ့ Tracking App ျဖစ္ပါတယ္။ စြမ္းရည္မ်ားစြာ ပါရွိၿပီး ေပ်ာက္သြားတဲ့ ဖုန္းရဲ႕ အ၀င္၊ အထြက္ SMS မ်ားကို သင့္ရဲ႕ အီးေမးထံ လႊဲေျပာင္း ဖတ္ရႈႏုိင္ပါတယ္။ သင့္ဖုန္းကို ေကာက္ရထားသူက Silent လုပ္ထားရင္ေတာင္ အေ၀းကေန အသံျမည္ေအာင္ လုပ္ႏုိင္ပါတယ္။ ေပ်ာက္ေနတဲ့ ဖုန္းထံ ၀င္လာတဲ့ Call မ်ားကို သင္ႏွစ္သက္ရာ ဖုန္းနံပါတ္ တစ္ခုထံ လႊဲေျပာင္းႏုိင္ပါတယ္။ ဖုန္းေကာက္ရထားသူအား သင့္ထံ ဆက္သြယ္ႏုိင္မယ့္ Message မ်ား ေပးပို႔ႏုိင္ပါတယ္။ ေနာက္ဆံုး အဆင့္အေနျဖင့္ ဖုန္းကို ေျခရာခံလို႔ မရေတာ့ရင္ ေဒတာမ်ားကို အေ၀းကေန ဖ်က္ဆီးႏုိင္ပါတယ္။ အဲဒီအလုပ္မ်ားကို androidlost.com ကေန သာမက SMS ျဖင့္ ျပဳလုပ္ႏုိင္ပါတယ္။
Download
ref : digitaltrends
[Unicode]
Android အတွက် အကောင်းဆုံး Tracking App များ
သင့်ရဲ့ စမတ်ဖုန်း ပျောက်ဆုံးသွားရင် ကိုယ်ရေးကိုယ်တာ ဒေတာများဟာ စိုးရိမ်စရာ ဖြစ်ပါတယ်။ အဲဒီအတွက် သင့်ရဲ့ စမတ်ဖုန်းကို လွယ်လွယ်နဲ့ အဆုံးရှုံးမခံဘဲ ပြန်လည် ရယူဖို့ ကြိုးစားသင့်ပါတယ်။ သင့်ရဲ့ စမတ်ဖုန်းကို မြေပုံပေါ်မှာ ခြေရာခံဖို့၊ အဝေးကနေ ဒေတာများကို ဖျက်ဆီးပစ်ဖို့အတွက် Android App များစွာ ရှိပါတယ်။ အဲဒီအထဲကမှ အကောင်းဆုံး App များကို ရွေးချယ်ဖော်ပြလိုက်ပါတယ်။
Find My Device

စွမ်းရည်များ
• GPS ကနေ ဖုန်းကို ခြေရာခံခြင်း။
• ဒေတာများကို အဝေးကနေ ဖျက်ပစ်ခြင်း။
• အဝေးကနေ အသံမြည်စေခြင်း။
• အဝေးကနေ ဖုန်းကို Lock ပြုလုပ်ခြင်း။
Google ရဲ့ Find My Device ဟာ Android Users များအတွက် မရှိမဖြစ် Tracking App ပါ။ အသုံးပြုရတာ လွယ်ကူပြီး သင့်ရဲ့ Google Account ဖြင့် Login ဝင်ရမှာပါ။ ပြီးရင် Location ကို On ပေးပါ။ ဒါဆိုရင် သင့်ဖုန်းပျောက်သွားရင် မြေပုံကနေ ခြေရာခံနိုင်မှာပါ။ ( သင့်ဖုန်းဟာ ပါဝါဖွင့်ထားပြီး ဝိုင်ဖိုင် သို့မဟုတ် မိုဘိုင်းဒေတာ ဆက်သွယ်မှုကို ရနေမှသာ ခြေရာခံနိုင်မှာပါ။ )
သင့်ဖုန်းကို ခြေရာခံဖို့ ကွန်ပြူတာ သို့မဟုတ် စမတ်ဖုန်းတစ်လုံးကနေ android.com/find ကို သွားပါ။ သင့် အကောင့်ဖြင့် Login ဝင်ပါ။ ပြီးရင် မြေပုံမှာ သင့်ဖုန်းကို ရှာနိုင်ပါတယ်။ အဲဒီကနေ ဖုန်းကို Lock ပြုလုပ်ခြင်း၊ သင့်ကို ဆက်သွယ်နိုင်တဲ့ ဖုန်းနံပါတ်ကို ပေးပို့ခြင်းများကို ပြုလုပ်နိုင်ပါတယ်။ ဖုန်း ရထားသူက စကရင်မှ Call Me Button ကို နှိပ်လိုက်တာနဲ့ သင့်ထံ ဖုန်းဝင်လာမှာပါ။ အိမ်ထဲမှာ ဖုန်းပျောက်နေတယ်ဆိုရင်လည်း တည်နေရာကို သိနိုင်ဖို့ အသံမြည်အောင် လုပ်နိုင်ပါတယ်။ အဲဒီ နည်းလမ်းများကို အသုံးပြုလို့မှ အဆင်မပြေရင်တော့ သင့်ဖုန်းမှ ဒေတာများကို ဖျက်ဆီးပစ်နိုင်ပါတယ်။
Download
Find My Android Phone

စွမ်းရည်များ
• GPS ကနေ ဖုန်းရဲ့ တည်နေရာကို ခြေရာခံခြင်း။
• ဖုန်းကို စဉ်ဆက်မပြတ် ခြေရာခံနိုင်ခြင်း။
• ဖုန်းတည်နေရာကို လမ်းညွှန်ပေးခြင်း။
• Message များကို အဝေးကနေ ဖျက်ဆီးခြင်း။
Family Safety Productions က ဖန်တီးထားတာ ဖြစ်ပြီး ပျောက်သွားတဲ့ ဖုန်းကို ခြေရာခံနိုင်မယ့် အဆင့်မြင့် နည်းပညာများ ပါပါတယ်။ မိသားစုဝင်များရဲ့ ဖုန်းများကိုတောင် သင့်ဖုန်း App ကနေ ရှာဖွေနိုင်ပါတယ်။ ဖုန်းရဲ့ တည်နေရာကို App ကနေ စဉ်ဆက်မပြတ် ခြေရာခံပေးတဲ့ အတွက် ဖုန်း ရှိနေတဲ့ နေရာများကို သိနိုင်ပါတယ်။ Triangulation Algorithm ကို သုံးထားတဲ့ အတွက် တည်နေရာကို တိကျစွာ ခြေရာခံပေးပါတယ်။ App အပြင် ဝက်ဆိုက်ကနေလည်း ဖုန်းကို ခြေရာခံနိုင်ပါတယ်။ အခမဲ့ အသုံးပြုနိုင်တဲ့ Tracking App တစ်ခု ဖြစ်ပါတယ်။
Download
Lost Android
စွမ်းရည်များ
• ကွန်ပြူတာကနေ ဖုန်းရဲ့ အဝင်၊ အထွက် SMS များကို ဖတ်နိုင်ခြင်း။
• အဝေးကနေ ဖုန်း Internal , SD Card မှ ဒေတာများကို ဖျက်နိုင်ခြင်း။
• ဖုန်းကို အသံမြည်အောင် ပြုလုပ်ခြင်း။
• ပျောက်နေတဲ့ ဖုန်းထံ ဝင်လာတဲ့ Call များကို အခြား ဖုန်းနံပါတ်သို့ လွှဲခြင်း။
• ဖုန်းရဲ့ WiFi, GPS Function များကို ဖွင့်ခြင်း၊ ပိတ်ခြင်း။
• GPS သို့မဟုတ် အင်တာနက် ဆက်သွယ်မှုဖြင့် တည်နေရာကို ခြေရာခံခြင်း။

Lost Android or Android Lost ဟာ အလွန်ကောင်းတဲ့ Tracking App ဖြစ်ပါတယ်။ စွမ်းရည်များစွာ ပါရှိပြီး ပျောက်သွားတဲ့ ဖုန်းရဲ့ အဝင်၊ အထွက် SMS များကို သင့်ရဲ့ အီးမေးထံ လွှဲပြောင်း ဖတ်ရှုနိုင်ပါတယ်။ သင့်ဖုန်းကို ကောက်ရထားသူက Silent လုပ်ထားရင်တောင် အဝေးကနေ အသံမြည်အောင် လုပ်နိုင်ပါတယ်။ ပျောက်နေတဲ့ ဖုန်းထံ ဝင်လာတဲ့ Call များကို သင်နှစ်သက်ရာ ဖုန်းနံပါတ် တစ်ခုထံ လွှဲပြောင်းနိုင်ပါတယ်။ ဖုန်းကောက်ရထားသူအား သင့်ထံ ဆက်သွယ်နိုင်မယ့် Message များ ပေးပို့နိုင်ပါတယ်။ နောက်ဆုံး အဆင့်အနေဖြင့် ဖုန်းကို ခြေရာခံလို့ မရတော့ရင် ဒေတာများကို အဝေးကနေ ဖျက်ဆီးနိုင်ပါတယ်။ အဲဒီအလုပ်များကို androidlost.com ကနေ သာမက SMS ဖြင့် ပြုလုပ်နိုင်ပါတယ်။
Download
ref : digitaltrends




အဆင္ေၿပပါေစ
ညီလတ္ထြန္း(နည္းပညာ)
www.nyilattun.com

Android အတြက္ အေကာင္းဆံုး Tracking App မ်ား Reviewed by ညီလတ္ထြန္း(နည္းပညာ) on 11:43 AM Rating: 5 သင့္ရဲ႕ စမတ္ဖုန္း ေပ်ာက္ဆံုးသြားရင္ ကိုယ္ေရးကိုယ္တာ ေဒတာမ်ားဟာ စိုးရိမ္စရာ ျဖစ္ပါတယ္။ အဲဒီအတြက္ သင့္ရဲ႕ စမတ္ဖုန္းကို လြယ္လြယ္နဲ႔ အဆံုးရႈ...

No comments: