Android Phone ကို အားအျမန္သြင္းႏုိင္မယ္႔ နည္းလမ္းမ်ား - ညီလတ္ထြန္း(နည္းပညာ)

728x90 AdSpace

Trending

Android Phone ကို အားအျမန္သြင္းႏုိင္မယ္႔ နည္းလမ္းမ်ား

စမတ္ဖုန္းမ်ားကို ေန႔စဥ္ ကိုယ္နဲ႔ မကြာ အသံုးျပဳေနၾကတာျဖစ္တဲ့အတြက္သူတို႔ကို အားသြင္းေပးရတာလည္းေန႔တိုင္း အခ်ိန္ေပးလုပ္ရတဲ့ အလုပ္တစ္ခု ျဖစ္ေနပါတယ္။

ဒီ Tutorial မွာအခ်ိန္ကုန္သက္သာေစဖို႔အားအျမန္သြင္းႏုိင္မယ့္ နည္းလမ္းမ်ားကိုေဖာ္ျပေပးလိုက္ပါတယ္။
မွန္ကန္တဲ့ အားသြင္းႀကိဳးကို ေရြးခ်ယ္ပါ။

သင့္ဖုန္းကို လက္ပ္ေတာ့နဲ႔ ခ်ိတ္ၿပီး အားသြင္းတာ မေကာင္းပါဘူး။လက္ပ္ေတာ့ရဲ႕ USB 2.0 Port က 2.5 watts နဲ႔USB 3.0 Port က 4.5 watts သာ ထုတ္လုပ္ေပးပါတယ္။
နံရံကပ္ ပလက္ေပါက္ကဒီထက္ ပိုတဲ့ ပမာဏကို ထုတ္လုပ္ေပးပါတယ္။

ေခတ္ေပၚ အန္းဒရြိဳက္ဖုန္းမ်ားမွာ 15 watts အထိ ႏႈန္းရွိတဲ့လွ်င္ျမန္စြာ အားသြင္း နည္းပညာမ်ား ပါပါတယ္။သင့္ဖုန္းနဲ႔ အတူပါလာတဲ့ အားသြင္းႀကိဳးဟာ
အလွ်င္ျမန္ဆံုး အားသြင္းေပးတယ္လို႔ ယူဆလို႔ မရပါဘူး။ဥပမာအားျဖင့္ LG G6 မွာပါတဲ့ အားသြင္းႀကိဳးဟာQuick Charge 2.0 သာ ပါပါတယ္။

အဲဒီ ဖုန္း ၂ လံုးစလံုးဟာ Quick Charge 3.0 ကိုေထာက္ပံ့ပါတယ္။သင့္ ဖုန္း ကုမၸဏီရဲ႕ အားသြင္းႀကိဳးကိုပဲသံုးစရာ မလိုပါဘူး။သင့္ဖုန္းရဲ႕ အားသြင္း နည္းပညာကို
ေထာက္ပံ့တဲ့ Third-Party အားသြင္းႀကိဳးမ်ားကို သံုးႏုိင္ပါတယ္။အားအျမန္သြင္းခ်င္ရင္ႀကိဳးမဲ့ အားသြင္း နည္းပညာကိုမသံုးသင့္ပါဘူး။

ႀကိဳးမဲ့ အားသြင္းျခင္းဟာႀကိဳးျဖင့္ အားသြင္းျခင္းေလာက္ မျမန္ပါဘူး။
Airplane Mode ကို သံုးပါ။

ဘက္ထရီ စားေစတဲ့ အဓိက အခ်က္တစ္ခုမွာNetwork Signal ျဖစ္ပါတယ္။အဲဒီအတြက္ လွ်င္ျမန္စြာ အားသြင္းခ်င္ရင္Airplane Mode ကို On ၿပီး အားသြင္းပါ။
စမ္းသပ္မႈမ်ားအရ ဒီလို အားသြင္းရင္၂၅ ရာခိုင္ႏႈန္း ပိုမိုလွ်င္ျမန္စြာ အားျပည့္ပါတယ္။Notification Bar ကေန Airplane Mode ကို On ႏိုင္ပါတယ္။

ဖုန္းကို ပါ၀ါ ပိတ္ပါ။

ဖုန္းကို ပါ၀ါပိတ္ၿပီး အားသြင္းရင္Airplane Mode ကို ဖြင့္ၿပီး အားသြင္းတာထက္ပို လွ်င္ျမန္ေစပါတယ္။ဘက္ထရီ အားျဖည့္ေနစဥ္မွာ စြမ္းအင္ ကုန္ေစမယ့္အျခားအလုပ္မ်ား လံုး၀ မရွိေတာ့လို႔အားျပည့္ျမန္ေစပါတယ္။
Battery-saving Mode ကို သံုးပါ။

Lollipop ကတည္းက အန္းဒရြိဳက္မွာဘက္ထရီ သက္သာေစတဲ့ လုပ္ေဆာင္ခ်က္ ပါလာပါတယ္။

သူ႔ကို သံုးႏုိင္တဲ့ ေနရာက ဖုန္းတစ္လံုးနဲ႔ တစ္လံုး မတူပါဘူး။မ်ားေသာအားျဖင့္ Settings>Battery>Battery Saver မွာ ျဖစ္ပါတယ္။
မလိုအပ္တဲ့ လုပ္ေဆာင္ခ်က္မ်ားကို ပိတ္ပါ။

Bluetooth, GPS , WiFi , NFC စတဲ့ လုပ္ေဆာင္ခ်က္မ်ားကိုမသံုးတဲ့ အခ်ိန္မွာ ပိတ္ထားပါ။ဒါေတြဟာ ဘက္ထရီကို ကုန္ဆံုးေစပါတယ္။ဒါ့အျပင္ Google Play Store ကေန
App မ်ား အလိုအေလွ်ာက္ Update လုပ္ျခင္း၊အလိုအေလွ်ာက္ Backup လုပ္ျခင္းမ်ားကို ေရွာင္ၾကဥ္ပါ။အားသြင္းေနစဥ္ App မ်ားအားလံုးကို ပိတ္ထားပါ။
အားသြင္းေနစဥ္ ဖုန္း မသံုးပါနဲ႔။

ဖုန္းရဲ႕ စကရင္ဟာဘက္ထရီ အဓိက စားသံုးတဲ့ အရာ ျဖစ္ပါတယ္။အဲဒီအတြက္ အားသြင္းေနစဥ္မွာ ဖုန္း သံုးျခင္းကို ေရွာင္ရွားပါ။
Phone Case ကို ဖယ္ပါ။

စမတ္ဖုန္းမ်ားရဲ႕ လစ္သီယြန္ အိုင္းယြန္း ဘက္ထရီမ်ားဟာေအးျမတဲ့ အခါမွာ အားသြင္းစြမ္းရည္ ပိုမို ေကာင္းမြန္ပါတယ္။ဘက္ထရီရဲ႕ အပူခ်ိန္ဟာပတ္၀န္းက်င္ရဲ႕ အပူခ်ိန္ အေပၚ မူတည္ေနတာေၾကာင့္Case ကို ျဖဳတ္ၿပီး အားသြင္းရင္ ပိုမို လွ်င္ျမန္ေစပါတယ္။
Unicode
စမတ်ဖုန်းများကို နေ့စဉ် ကိုယ်နဲ့ မကွာ အသုံးပြုနေကြတာဖြစ်တဲ့အတွက်သူတို့ကို အားသွင်းပေးရတာလည်းနေ့တိုင်း အချိန်ပေးလုပ်ရတဲ့ အလုပ်တစ်ခု ဖြစ်နေပါတယ်။
ဒီ Tutorial မှာအချိန်ကုန်သက်သာစေဖို့အားအမြန်သွင်းနိုင်မယ့် နည်းလမ်းများကိုဖော်ပြပေးလိုက်ပါတယ်။
မှန်ကန်တဲ့ အားသွင်းကြိုးကို ရွေးချယ်ပါ။
သင့်ဖုန်းကို လက်ပ်တော့နဲ့ ချိတ်ပြီး အားသွင်းတာ မကောင်းပါဘူး။လက်ပ်တော့ရဲ့ USB 2.0 Port က 2.5 watts နဲ့USB 3.0 Port က 4.5 watts သာ ထုတ်လုပ်ပေးပါတယ်။
နံရံကပ် ပလက်ပေါက်ကဒီထက် ပိုတဲ့ ပမာဏကို ထုတ်လုပ်ပေးပါတယ်။
ခေတ်ပေါ် အန်းဒရွိုက်ဖုန်းများမှာ 15 watts အထိ နှုန်းရှိတဲ့လျှင်မြန်စွာ အားသွင်း နည်းပညာများ ပါပါတယ်။သင့်ဖုန်းနဲ့ အတူပါလာတဲ့ အားသွင်းကြိုးဟာ
အလျှင်မြန်ဆုံး အားသွင်းပေးတယ်လို့ ယူဆလို့ မရပါဘူး။ဥပမာအားဖြင့် LG G6 မှာပါတဲ့ အားသွင်းကြိုးဟာQuick Charge 2.0 သာ ပါပါတယ်။
အဲဒီ ဖုန်း ၂ လုံးစလုံးဟာ Quick Charge 3.0 ကိုထောက်ပံ့ပါတယ်။သင့် ဖုန်း ကုမ္ပဏီရဲ့ အားသွင်းကြိုးကိုပဲသုံးစရာ မလိုပါဘူး။သင့်ဖုန်းရဲ့ အားသွင်း နည်းပညာကို
ထောက်ပံ့တဲ့ Third-Party အားသွင်းကြိုးများကို သုံးနိုင်ပါတယ်။အားအမြန်သွင်းချင်ရင်ကြိုးမဲ့ အားသွင်း နည်းပညာကိုမသုံးသင့်ပါဘူး။
ကြိုးမဲ့ အားသွင်းခြင်းဟာကြိုးဖြင့် အားသွင်းခြင်းလောက် မမြန်ပါဘူး။
Airplane Mode ကို သုံးပါ။
ဘက်ထရီ စားစေတဲ့ အဓိက အချက်တစ်ခုမှာNetwork Signal ဖြစ်ပါတယ်။အဲဒီအတွက် လျှင်မြန်စွာ အားသွင်းချင်ရင်Airplane Mode ကို On ပြီး အားသွင်းပါ။
စမ်းသပ်မှုများအရ ဒီလို အားသွင်းရင်၂၅ ရာခိုင်နှုန်း ပိုမိုလျှင်မြန်စွာ အားပြည့်ပါတယ်။Notification Bar ကနေ Airplane Mode ကို On နိုင်ပါတယ်။
ဖုန်းကို ပါဝါ ပိတ်ပါ။
ဖုန်းကို ပါဝါပိတ်ပြီး အားသွင်းရင်Airplane Mode ကို ဖွင့်ပြီး အားသွင်းတာထက်ပို လျှင်မြန်စေပါတယ်။ဘက်ထရီ အားဖြည့်နေစဉ်မှာ စွမ်းအင် ကုန်စေမယ့်အခြားအလုပ်များ လုံး၀ မရှိတော့လို့
အားပြည့်မြန်စေပါတယ်။
Battery-saving Mode ကို သုံးပါ။
Lollipop ကတည်းက အန်းဒရွိုက်မှာဘက်ထရီ သက်သာစေတဲ့ လုပ်ဆောင်ချက် ပါလာပါတယ်။
သူ့ကို သုံးနိုင်တဲ့ နေရာက ဖုန်းတစ်လုံးနဲ့ တစ်လုံး မတူပါဘူး။များသောအားဖြင့် Settings>Battery>Battery Saver မှာ ဖြစ်ပါတယ်။
မလိုအပ်တဲ့ လုပ်ဆောင်ချက်များကို ပိတ်ပါ။
Bluetooth, GPS , WiFi , NFC စတဲ့ လုပ်ဆောင်ချက်များကိုမသုံးတဲ့ အချိန်မှာ ပိတ်ထားပါ။ဒါတွေဟာ ဘက်ထရီကို ကုန်ဆုံးစေပါတယ်။ဒါ့အပြင် Google Play Store ကနေ
App များ အလိုအလျှောက် Update လုပ်ခြင်း၊အလိုအလျှောက် Backup လုပ်ခြင်းများကို ရှောင်ကြဉ်ပါ။အားသွင်းနေစဉ် App များအားလုံးကို ပိတ်ထားပါ။
အားသွင်းနေစဉ် ဖုန်း မသုံးပါနဲ့။
ဖုန်းရဲ့ စကရင်ဟာဘက်ထရီ အဓိက စားသုံးတဲ့ အရာ ဖြစ်ပါတယ်။အဲဒီအတွက် အားသွင်းနေစဉ်မှာ ဖုန်း သုံးခြင်းကို ရှောင်ရှားပါ။
Phone Case ကို ဖယ်ပါ။
စမတ်ဖုန်းများရဲ့ လစ်သီယွန် အိုင်းယွန်း ဘက်ထရီများဟာအေးမြတဲ့ အခါမှာ အားသွင်းစွမ်းရည် ပိုမို ကောင်းမွန်ပါတယ်။ဘက်ထရီရဲ့ အပူချိန်ဟာပတ်ဝန်းကျင်ရဲ့ အပူချိန် အပေါ် မူတည်နေတာကြောင့်Case ကို ဖြုတ်ပြီး အားသွင်းရင် ပိုမို လျှင်မြန်စေပါတယ်။





အဆင္ေၿပပါေစ
ညီလတ္ထြန္း(နည္းပညာ)
www.nyilattun.com

Android Phone ကို အားအျမန္သြင္းႏုိင္မယ္႔ နည္းလမ္းမ်ား Reviewed by ညီလတ္ထြန္း(နည္းပညာ) on 11:12 AM Rating: 5 စမတ္ဖုန္းမ်ားကို ေန႔စဥ္ ကိုယ္နဲ႔ မကြာ အသံုးျပဳေနၾကတာျဖစ္တဲ့အတြက္သူတို႔ကို အားသြင္းေပးရတာလည္းေန႔တိုင္း အခ်ိန္ေပးလုပ္ရတဲ့ အလုပ္တစ္ခု ျဖစ...

No comments: