Messenger မွာ သူငယ္ခ်င္းတစ္ေယာက္နဲ႔ မွ်ေဝထားတဲ့ ဓါတ္ပံုေတြကိုရွာေဖြနည္း - ညီလတ္ထြန္း(နည္းပညာ)

728x90 AdSpace

Trending

Messenger မွာ သူငယ္ခ်င္းတစ္ေယာက္နဲ႔ မွ်ေဝထားတဲ့ ဓါတ္ပံုေတြကိုရွာေဖြနည္း

Messenger မွာ သင့္ သူငယ္ခ်င္းမ်ားနဲ႔ မွ်ေ၀ထားတဲ့ ဓါတ္ပံုမ်ားကို ရွာေဖြ သိမ္းဆည္းရတာ မလြယ္ကူပါဘူး။ Chat Window တစ္ေလွ်ာက္ အေပၚကို Scroll ျပဳလုပ္ၿပီး စာသားမ်ားၾကားမွာ ေရာေနတဲ့ ဓါတ္ပံုမ်ားကို လိုက္ရွာၿပီး သိမ္းဆည္းရတာ ျဖစ္ပါတယ္။ အဲဒီိျဖစ္စဥ္ကို လြယ္ကူေစဖို႔ Facebook က Messenger မွာ သူငယ္ခ်င္းမ်ားၾကားမွာ မွ်ေ၀ထားတဲ့ ဓါတ္ပံုမ်ားကို တစ္ေနရာထဲမွာ စုစည္းေပးထားပါတယ္။
Messenger ကို ဖြင့္ပါ။ သူ႔ရဲ႕ Home Screen မွာ သူငယ္ခ်င္း တစ္ေယာက္ကို ေရြးခ်ယ္ေပးပါ။
ေနာက္အဆင့္မွာ ညာဘက္အေပၚေထာင့္မွ စက္၀ိုင္းပံု ခလုတ္ကို ႏွိပ္ပါ။
ေနာက္ေပၚလာတဲ့ စကရင္မွာ ေအာက္ဘက္ကို ဆင္းပါ။ Shared Content ေအာက္မွာေတာ့ သင္တို႔ ၂ ေယာက္ မွ်ေ၀ထားတဲ့ ဓါတ္ပံုမ်ားအားလံုးကို တစ္စုတစ္စည္းထဲ ျပသေပးထားပါတယ္။ သိမ္းဆည္းခ်င္တဲ့ ဓါတ္ပံုကို တစ္ခ်က္ႏွိပ္ပါ။ ညာဘက္ေအာက္ေျခမွ ေဒါင္လိုက္ အစက္သံုးစက္ကို ႏွိပ္ၿပီး Save Image ကို ႏွိပ္ရင္ အဲဒီ ဓါတ္ပံုကို သင့္ဖုန္းမွာ သိမ္းေပးမွာ ျဖစ္ပါတယ္။

သူငယ္ခ်င္း တစ္ေယာက္ ေပးပို႔တဲ့ ဓါတ္ပံုကို သင့္ဖုန္းမွာ အလိုအေလွ်ာက္ သိမ္းဆည္းနည္း
သင့္ သူငယ္ခ်င္း တစ္ေယာက္က Messenger က သင့္ထံ ေပးပို႔တဲ့ ဓါတ္ပံုမ်ားကို သင့္ဖုန္းမွာ အလိုအေလွ်ာက္ သိမ္းဆည္းခ်င္ရင္ Home Screen ရဲ႕ ညာဘက္အေပၚေထာင့္မွ လူပံု ခလုတ္ကို ႏွိပ္ပါ။ Photos & Media ထဲသြားပါ။

Save Photo မွ Slider ကို ညာဘက္ေရာင္ေအာင္ တစ္ခ်က္ႏွိပ္ၿပီး On ေပးပါ။ ဒါဆိုရင္ သင့္ သူငယ္ခ်င္းေပးပို႔တဲ့ ဓါတ္ပံုမ်ားကို သင့္ဖုန္းမွာ အလိုအေလွ်ာက္ သိမ္းဆည္းေပးမွာ ျဖစ္ပါတယ္။ Save on Capture မွာ On ေပးရင္ေတာ့ Messenger App ကေန ရိုက္ကူးတဲ့ ဓါတ္ပံုမ်ားကို သင့္ဖုန္းမွာ အလိုအေလွ်ာက္ သိမ္းဆည္းေပးမွာ ျဖစ္ပါတယ္။
ref: cnet
[unicode]

Messenger မှာ သူငယ်ချင်း တစ်ယောက်နဲ့ မျှဝေထားတဲ့ ဓါတ်ပုံများကို လွယ်ကူစွာ ရှာဖွေနည်း

Messenger မှာ သင့် သူငယ်ချင်းများနဲ့ မျှဝေထားတဲ့ ဓါတ်ပုံများကို ရှာဖွေ သိမ်းဆည်းရတာ မလွယ်ကူပါဘူး။ Chat Window တစ်လျှောက် အပေါ်ကို Scroll ပြုလုပ်ပြီး စာသားများကြားမှာ ရောနေတဲ့ ဓါတ်ပုံများကို လိုက်ရှာပြီး သိမ်းဆည်းရတာ ဖြစ်ပါတယ်။ အဲဒီဖြစ်စဉ်ကို လွယ်ကူစေဖို့ Facebook က Messenger မှာ သူငယ်ချင်းများကြားမှာ မျှဝေထားတဲ့ ဓါတ်ပုံများကို တစ်နေရာထဲမှာ စုစည်းပေးထားပါတယ်။
Messenger ကို ဖွင့်ပါ။ သူ့ရဲ့ Home Screen မှာ သူငယ်ချင်း တစ်ယောက်ကို ရွေးချယ်ပေးပါ။
နောက်အဆင့်မှာ ညာဘက်အပေါ်ထောင့်မှ စက်ဝိုင်းပုံ ခလုတ်ကို နှိပ်ပါ။
နောက်ပေါ်လာတဲ့ စကရင်မှာ အောက်ဘက်ကို ဆင်းပါ။ Shared Content အောက်မှာတော့ သင်တို့ ၂ ယောက် မျှဝေထားတဲ့ ဓါတ်ပုံများအားလုံးကို တစ်စုတစ်စည်းထဲ ပြသပေးထားပါတယ်။ သိမ်းဆည်းချင်တဲ့ ဓါတ်ပုံကို တစ်ချက်နှိပ်ပါ။ ညာဘက်အောက်ခြေမှ ဒေါင်လိုက် အစက်သုံးစက်ကို နှိပ်ပြီး Save Image ကို နှိပ်ရင် အဲဒီ ဓါတ်ပုံကို သင့်ဖုန်းမှာ သိမ်းပေးမှာ ဖြစ်ပါတယ်။

သူငယ်ချင်း တစ်ယောက် ပေးပို့တဲ့ ဓါတ်ပုံကို သင့်ဖုန်းမှာ အလိုအလျှောက် သိမ်းဆည်းနည်း
သင့် သူငယ်ချင်း တစ်ယောက်က Messenger က သင့်ထံ ပေးပို့တဲ့ ဓါတ်ပုံများကို သင့်ဖုန်းမှာ အလိုအလျှောက် သိမ်းဆည်းချင်ရင် Home Screen ရဲ့ ညာဘက်အပေါ်ထောင့်မှ လူပုံ ခလုတ်ကို နှိပ်ပါ။ Photos & Media ထဲသွားပါ။

Save Photo မှ Slider ကို ညာဘက်ရောင်အောင် တစ်ချက်နှိပ်ပြီး On ပေးပါ။ ဒါဆိုရင် သင့် သူငယ်ချင်းပေးပို့တဲ့ ဓါတ်ပုံများကို သင့်ဖုန်းမှာ အလိုအလျှောက် သိမ်းဆည်းပေးမှာ ဖြစ်ပါတယ်။ Save on Capture မှာ On ပေးရင်တော့ Messenger App ကနေ ရိုက်ကူးတဲ့ ဓါတ်ပုံများကို သင့်ဖုန်းမှာ အလိုအလျှောက် သိမ်းဆည်းပေးမှာ ဖြစ်ပါတယ်။
ref : cnet
Credit-digitaltimes





အဆင္ေၿပပါေစ
ညီလတ္ထြန္း(နည္းပညာ)
www.nyilattun.com

Messenger မွာ သူငယ္ခ်င္းတစ္ေယာက္နဲ႔ မွ်ေဝထားတဲ့ ဓါတ္ပံုေတြကိုရွာေဖြနည္း Reviewed by ညီလတ္ထြန္း(နည္းပညာ) on 4:42 AM Rating: 5 Messenger မွာ သင့္ သူငယ္ခ်င္းမ်ားနဲ႔ မွ်ေ၀ထားတဲ့ ဓါတ္ပံုမ်ားကို ရွာေဖြ သိမ္းဆည္းရတာ မလြယ္ကူပါဘူး။ Chat Window တစ္ေလွ်ာက္ အေပၚကို Scroll ...

No comments: