Android မွာ Private Browsing ကို ဘယ္လို သံုးမလဲ ? - ညီလတ္ထြန္း(နည္းပညာ)

728x90 AdSpace

Trending

Android မွာ Private Browsing ကို ဘယ္လို သံုးမလဲ ?

Android မွာ Private Browsing ကို အသံုးျပဳျခင္းအားျဖင့္ သင္ၾကည့္ခဲ့တဲ့ ၀က္ဆို္က္မ်ား၊ ရွာေဖြခဲ့မႈမ်ား စတဲ့ ေျခရာလက္ရာမ်ားကို အျခားလူမ်ား မသိႏုိင္ပါဘူး။ ဒါ့အျပင္ သင္ ၀က္ဆုိက္မ်ားမွာ Login ၀င္ခဲ့တဲ့ Username, Password မ်ားကို ဒီစြမ္းေဆာင္ခ်က္က ကာကြယ္ေပးႏုိင္ပါတယ္။ Mobile Banking , Internet Banking တို႔လို ေငြေၾကးနဲ႔ ပတ္သက္တဲ့ ၀က္ဆိုက္မ်ားကို အသံုးျပဳတဲ့ အခါမွာ ပိုလို႔ေတာင္ အသံုး၀င္ပါတယ္။
Android မွာ Private Browsing ကို အသံုးျပဳနည္း

Incognito Mode လို႔လည္း ေခၚတဲ့ Private Browsing Mode ကို Android မွာ အသံုးျပဳရတာ လြယ္ကူပါတယ္။ ဘေရာက္စာမ်ားစြာမွာ အဲဒီ စြမ္းေဆာင္ခ်က္ ပါရွိၿပီး အသံုးျပဳနည္း အနည္းငယ္ ကြဲျပားႏုိင္ပါတယ္။ ဒီ Tutorial မွာေတာ့ Chrome Browser ျဖင့္ အသံုးျပဳနည္းကို ျပသထားပါတယ္။
• Chrome ကို ဖြင့္ၿပီး ညာဘက္အေပၚေထာင့္မွ အစက္ သံုးစက္ကို ႏွိပ္ပါ။ New incognito tab ကို ႏွိပ္ပါ။ ႏွစ္သက္သေလာက္ Incognito Tab မ်ားကို တစ္ၿပိဳင္နက္ ဖြင့္ႏုိင္ပါတယ္။ ၿပီးရင္ေတာ့ လံုျခံဳစိတ္ခ်စြာ အင္တာနက္ သံုးႏုိင္ပါၿပီ။
• Incognito Tab မ်ားကို ပိတ္ဖို႔အတြက္ ညာဘက္အေပၚေထာင့္မွ စတုရန္းပံု ခလုတ္ကို ႏွိပ္ပါ။ Incognito Tabs မ်ားကို ပိတ္ပါ။ သို႔မဟုတ္ အစက္သံုးစက္ကို ႏွိပ္ၿပီး Close incognito tabs ကို ႏွိပ္ရင္ အားလံုးကို တစ္ၿပိဳင္နက္ ပိတ္ေပးမွာပါ။ သင့္ရဲ႕ ဖုန္းကို အျခားလူမ်ား ယူမၾကည့္ခင္ Incognito tabs မ်ားကို ပိတ္ဖို႔ အေရးႀကီးပါတယ္။
သင့္ဖုန္းမွာ နဂိုပါတဲ့ ဘေရာက္စာမ်ားမွာလည္း Private Browsing ပါႏုိင္ပါတယ္။ ဥပမာအားျဖင့္ Samsung Galaxy S7 Edge မွ ဘေရာက္စာမွ Secret Mode လိုမ်ိဳး ျဖစ္ပါတယ္။
Private Browsing ကို သံုးသင့္တဲ့ အခ်က္မ်ား
အေကာင့္မ်ားကို Login ၀င္ျခင္း
သင့္ကိုယ္ပိုင္ ကြန္ျပဴတာမ်ားရဲ႕ ဘေရာက္စာမ်ားမွာ သင့္ရဲ႕ Password မ်ားကို သိမ္းဆည္းထားျခင္းျဖင့္ Login ၀င္တဲ့ အခါမွာ ျမန္ဆန္ေစပါတယ္။ ဒါေပမယ့္ စမတ္ဖုန္းမ်ားမွာ ဒီလို သိမ္းဆည္းထားရင္ ျပႆနာ ရွိႏုိင္ပါတယ္။သင့္ရဲ႕ စမတ္ဖုန္းကို သူငယ္ခ်င္း၊ မိတ္ေဆြမ်ားကလည္း ယူကိုင္ေလ့ရွိၾကမွာ ျဖစ္တဲ့အတြက္ သင့္ရဲ႕ ေဒတာမ်ားဟာ မလံုျခံဳပါဘူး။ ကံမေကာင္းလို႔ ဖုန္းေပ်ာက္တဲ့ အျဖစ္မ်ိဳးေတာင္ ၾကံဳရင္ သင့္ရဲ႕ ေငြေၾကးမ်ား ဆံုးရႈံးသြားႏိုင္ပါတယ္။
စမတ္ဖုန္းမ်ားမွာ Private Browsing ကို သံုးျခင္းျဖင့္ Incognito Tab ကို ပိတ္လိုက္တာနဲ႔ သင့္ရဲ႕ Log-In ေဒတာမ်ားကို ဖ်က္ေပးမွာ ျဖစ္ပါတယ္။ အဲဒီအတြက္ သင့္ရဲ႕ အေရးႀကီး ေဒတာမ်ားကို လံုျခံဳေစပါတယ္။ အျခားလူမ်ားရဲ႕ ဖုန္းမွာ သင့္အေကာင့္ကို Login ၀င္တဲ့ အခါမွာလည္း Private Browsing ကို သံုးသင့္ပါတယ္။
ေၾကာ္ညာမ်ားရဲ႕ ပစ္မွတ္ကို ေရွာင္လႊားႏုိင္ျခင္း
Private Browsing က ေၾကာ္ညာမ်ား ျပသျခင္းကို မကာကြယ္ႏိုင္ပါဘူး။ ဒါေပမယ့္ သူ႔ကိုသံုးရင္ Google လို ကုမၸဏီမ်ိဳးက သင့္ရဲ႕ အင္တာနက္ အသံုးျပဳမႈကို ေျခရာခံလို႔ မရပါဘူး။ Google က သင္နဲ႔ ကိုက္ညီမယ့္ ေၾကာ္ညာမ်ားကို ျပသဖို႔အတြက္ အင္တာနက္မွာ သင့္ကို အၿမဲတမ္း ေျခရာခံေနပါတယ္။ ဒီလို ေျခရာခံျခင္းကို ကာကြယ္ဖို႔ Private Browsing ကို သံုးႏုိင္ပါတယ္။
အေကာင့္မ်ားစြာကို တစ္ၿပိဳင္နက္ အသံုးျပဳျခင္း
သင့္မွာ Google အေကာင့္ ၂ ခု ရွိရင္ တစ္ခုကို သာမာန္ Tab ကေန အသံုးျပဳၿပီး အျခားတစ္ခုကို Incognito Tab ကေန သံုးႏုိင္ပါတယ္။
လံုျခံဳစြာ ရွာေဖြမႈမ်ား ျပဳလုပ္ျခင္း
အင္တာနက္မွာ အျခားလူမ်ား မသိေစခ်င္တဲ့ ရွာေဖြမႈမ်ား ျပဳလုပ္ခ်င္ရင္လည္း ဒီစြမ္းေဆာင္ခ်က္က အသံုး၀င္ပါတယ္။ အျခားလူမ်ားရဲ႕ ဖုန္းကို အသံုးျပဳတဲ့ အခါမွာလည္း သူ႔ကို သံုးသင့္ပါတယ္။ သံုးၿပီးရင္ေတာ့ Incognito Tab မ်ားကို ပိတ္ဖုိ႔ သတိထားပါ။
ref : androidpit
unicode
Android မှာ Private Browsing ကို ဘယ်လို သုံးမလဲ ?
Android မှာ Private Browsing ကို အသုံးပြုခြင်းအားဖြင့် သင်ကြည့်ခဲ့တဲ့ ဝက်ဆိုက်များ၊ ရှာဖွေခဲ့မှုများ စတဲ့ ခြေရာလက်ရာများကို အခြားလူများ မသိနိုင်ပါဘူး။ ဒါ့အပြင် သင် ဝက်ဆိုက်များမှာ Login ဝင်ခဲ့တဲ့ Username, Password များကို ဒီစွမ်းဆောင်ချက်က ကာကွယ်ပေးနိုင်ပါတယ်။ Mobile Banking , Internet Banking တို့လို ငွေကြေးနဲ့ ပတ်သက်တဲ့ ဝက်ဆိုက်များကို အသုံးပြုတဲ့ အခါမှာ ပိုလို့တောင် အသုံးဝင်ပါတယ်။
Android မှာ Private Browsing ကို အသုံးပြုနည်း

Incognito Mode လို့လည်း ခေါ်တဲ့ Private Browsing Mode ကို Android မှာ အသုံးပြုရတာ လွယ်ကူပါတယ်။ ဘရောက်စာများစွာမှာ အဲဒီ စွမ်းဆောင်ချက် ပါရှိပြီး အသုံးပြုနည်း အနည်းငယ် ကွဲပြားနိုင်ပါတယ်။ ဒီ Tutorial မှာတော့ Chrome Browser ဖြင့် အသုံးပြုနည်းကို ပြသထားပါတယ်။
• Chrome ကို ဖွင့်ပြီး ညာဘက်အပေါ်ထောင့်မှ အစက် သုံးစက်ကို နှိပ်ပါ။ New incognito tab ကို နှိပ်ပါ။ နှစ်သက်သလောက် Incognito Tab များကို တစ်ပြိုင်နက် ဖွင့်နိုင်ပါတယ်။ ပြီးရင်တော့ လုံခြုံစိတ်ချစွာ အင်တာနက် သုံးနိုင်ပါပြီ။
• Incognito Tab များကို ပိတ်ဖို့အတွက် ညာဘက်အပေါ်ထောင့်မှ စတုရန်းပုံ ခလုတ်ကို နှိပ်ပါ။ Incognito Tabs များကို ပိတ်ပါ။ သို့မဟုတ် အစက်သုံးစက်ကို နှိပ်ပြီး Close incognito tabs ကို နှိပ်ရင် အားလုံးကို တစ်ပြိုင်နက် ပိတ်ပေးမှာပါ။ သင့်ရဲ့ ဖုန်းကို အခြားလူများ ယူမကြည့်ခင် Incognito tabs များကို ပိတ်ဖို့ အရေးကြီးပါတယ်။
သင့်ဖုန်းမှာ နဂိုပါတဲ့ ဘရောက်စာများမှာလည်း Private Browsing ပါနိုင်ပါတယ်။ ဥပမာအားဖြင့် Samsung Galaxy S7 Edge မှ ဘရောက်စာမှ Secret Mode လိုမျိုး ဖြစ်ပါတယ်။
Private Browsing ကို သုံးသင့်တဲ့ အချက်များ
အကောင့်များကို Login ဝင်ခြင်း
သင့်ကိုယ်ပိုင် ကွန်ပြူတာများရဲ့ ဘရောက်စာများမှာ သင့်ရဲ့ Password များကို သိမ်းဆည်းထားခြင်းဖြင့် Login ဝင်တဲ့ အခါမှာ မြန်ဆန်စေပါတယ်။ ဒါပေမယ့် စမတ်ဖုန်းများမှာ ဒီလို သိမ်းဆည်းထားရင် ပြဿနာ ရှိနိုင်ပါတယ်။သင့်ရဲ့ စမတ်ဖုန်းကို သူငယ်ချင်း၊ မိတ်ဆွေများကလည်း ယူကိုင်လေ့ရှိကြမှာ ဖြစ်တဲ့အတွက် သင့်ရဲ့ ဒေတာများဟာ မလုံခြုံပါဘူး။ ကံမကောင်းလို့ ဖုန်းပျောက်တဲ့ အဖြစ်မျိုးတောင် ကြုံရင် သင့်ရဲ့ ငွေကြေးများ ဆုံးရှုံးသွားနိုင်ပါတယ်။
စမတ်ဖုန်းများမှာ Private Browsing ကို သုံးခြင်းဖြင့် Incognito Tab ကို ပိတ်လိုက်တာနဲ့ သင့်ရဲ့ Log-In ဒေတာများကို ဖျက်ပေးမှာ ဖြစ်ပါတယ်။ အဲဒီအတွက် သင့်ရဲ့ အရေးကြီး ဒေတာများကို လုံခြုံစေပါတယ်။ အခြားလူများရဲ့ ဖုန်းမှာ သင့်အကောင့်ကို Login ဝင်တဲ့ အခါမှာလည်း Private Browsing ကို သုံးသင့်ပါတယ်။
ကြော်ညာများရဲ့ ပစ်မှတ်ကို ရှောင်လွှားနိုင်ခြင်း
Private Browsing က ကြော်ညာများ ပြသခြင်းကို မကာကွယ်နိုင်ပါဘူး။ ဒါပေမယ့် သူ့ကိုသုံးရင် Google လို ကုမ္ပဏီမျိုးက သင့်ရဲ့ အင်တာနက် အသုံးပြုမှုကို ခြေရာခံလို့ မရပါဘူး။ Google က သင်နဲ့ ကိုက်ညီမယ့် ကြော်ညာများကို ပြသဖို့အတွက် အင်တာနက်မှာ သင့်ကို အမြဲတမ်း ခြေရာခံနေပါတယ်။ ဒီလို ခြေရာခံခြင်းကို ကာကွယ်ဖို့ Private Browsing ကို သုံးနိုင်ပါတယ်။
အကောင့်များစွာကို တစ်ပြိုင်နက် အသုံးပြုခြင်း
သင့်မှာ Google အကောင့် ၂ ခု ရှိရင် တစ်ခုကို သာမာန် Tab ကနေ အသုံးပြုပြီး အခြားတစ်ခုကို Incognito Tab ကနေ သုံးနိုင်ပါတယ်။
လုံခြုံစွာ ရှာဖွေမှုများ ပြုလုပ်ခြင်း
အင်တာနက်မှာ အခြားလူများ မသိစေချင်တဲ့ ရှာဖွေမှုများ ပြုလုပ်ချင်ရင်လည်း ဒီစွမ်းဆောင်ချက်က အသုံးဝင်ပါတယ်။ အခြားလူများရဲ့ ဖုန်းကို အသုံးပြုတဲ့ အခါမှာလည်း သူ့ကို သုံးသင့်ပါတယ်။ သုံးပြီးရင်တော့ Incognito Tab များကို ပိတ်ဖို့ သတိထားပါ။
ref : androidpit
Credit-digitaltimes




အဆင္ေၿပပါေစ
ညီလတ္ထြန္း(နည္းပညာ)
www.nyilattun.com

Android မွာ Private Browsing ကို ဘယ္လို သံုးမလဲ ? Reviewed by ညီလတ္ထြန္း(နည္းပညာ) on 4:29 AM Rating: 5 Android မွာ Private Browsing ကို အသံုးျပဳျခင္းအားျဖင့္ သင္ၾကည့္ခဲ့တဲ့ ၀က္ဆို္က္မ်ား၊ ရွာေဖြခဲ့မႈမ်ား စတဲ့ ေျခရာလက္ရာမ်ားကို အျခားလူမ်ား ...

No comments: