ထိပ်တန်း နာမည်ကျော် Social Network ဝက်ဘ်ဆိုက်နှင့် app များ - ညီလတ်ထွန်း(နည်းပညာ)

728x90 AdSpace

Trending

ထိပ်တန်း နာမည်ကျော် Social Network ဝက်ဘ်ဆိုက်နှင့် app များ

ကမ္ဘာတစ်ဝန်းက နာမည်အကျော်ကြားဆုံး Social Network ဝက်ဘ်ဆိုက်တွေ စာရင်းကို စုစည်းတင်ပြထားတာ ဖြစ်ပါတယ်။ အဲဒီလေ့လာတွေ့ရှိချက်တွေက နောက်ဆုံးထွက်ပေါ်လာတဲ့ မူလသုတေသန အချက်အလက်တွေကို အခြေခံထားတာပါ။ လူမှုရေးမီဒီယာ ဆိုက်သစ်တွေဟာ ဆက်လက်ပေါ်ထွက် နေပေမယ့်လည်း အချိန်က ဆုံးဖြတ်ပေးသွားမှာပါ။ အခုစာရင်းထဲက အချက်အလက်တွေက ကမ္ဘာတစ်ဝန်းနဲ့ အမေရိကန် လူမှုရေးမီဒီယာတွေကို လာရောက်လည်ပတ်သူ စာရင်းကို ပေါင်းစပ်ထားပါတယ်။ လစဉ်အသုံးပြုဦးရေကိုတော့ ဝက်ဘ်ဆိုက်အမျိုးမျိုးက ရယူထားပါတယ်။
ထိပ်တန်း Social Network ဝက်ဘ်ဆိုက်များ
Facebook

နာမည်ကျော် Facebook လူမှုရေး မီဒီယာကို သုံးစွဲသူ ၂၀၁၇ မတ်လက ၁.၉၄ ဘီလျံကနေ ၂၀၁၇ ဇွန်လမှာတော့ ၂ ဘီလျံရှိသွားပါပြီ။ လစဉ် သုံးစွဲသူအရေအတွက်က သန်း ၆၀ ရှိလာပါတယ်။ Facebook ကိုလစဉ်သုံးစွဲသူဦးရေဟာ သန်း ၂၀ အထိ တိုးတက်လာဖို့ရှိ
ပါတယ်။ ဒါကြောင့် နှစ်ကုန်မှာ Facebook ပုံမှန်သုံးစွဲသူ ၂.၁ ဘီလျံအထိ ရှိလာနိုင်ပါတယ်။
YouTube

Google ပိုင်ဆိုင်တဲ့ YouTube ကိုလစဉ်သုံးစွဲသူ အရေအတွက်ဟာ ၁ ဘီလျံအထိ ရှိလာပါပြီ။ YouTube ကို PayPay ဝန်ထမ်းဟောင်းသုံးဦးက ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလမှာ ဖန်တီးခဲ့တာပါ။ ၂၀၀၆ခုနှစ်နိုဝင်ဘာလမှာတော့ Google က အမေရိကန်ဒေါ်လာ ၁.၆၅ ဘီလျံနဲ့ ဝယ်ယူခဲ့ပါတယ်။ YouTube ဟာ ဝက်ဘ်ဆိုက် အကြောင်းအရာနဲ့ ပရိသတ်အပေါ် ပစ်မှတ်ထားနေတဲ့ Google AdSense ကနေ ကြော်ငြာဝင်ငွေ ရရှိနေပါတယ်။
Instagram

၂၀၁၀ ခုနှစ် အောက်တိုဘာလမှာ ကယ်ဗင်လ်ဆိုင်စတုန်းနဲ့ မိုက်ခ်ခရီဂျာတို့က Instagram ကို ဖန်တီးခဲ့ပါတယ်။ ၂၀၁၂ခုနှစ် ဧပြီ
လမှာ Facebook က ကန်ဒေါ်လာ ၁ ဘီလျံခန့်နဲ့ Instagram ကိုဝယ်ယူခဲ့ပါတယ်။ နောက်ပိုင်းမှာ Instagram ဟာ အလွန်အမင်း ကျော်ကြားလာပြီး ဓာတ်ပုံတွေကို hashtag နဲ့တင်တဲ့ပုံစံဟာ ခေတ်စားလာပါတယ်။ သူတို့ရဲ့ Blog post မှာ Instagram ကိုလစဉ် သုံးစွဲသူ သန်း ၇၀၀ ရှိတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ၂၀၁၆ ဒီဇင်ဘာလမှာ Instagram ကိုလစဉ် အသုံးပြုသူသန်း ၆၀၀ ကနေ တိုးတက်လာတာပါ။ Instagram Stories ကို မိတ်ဆက်အပြီး နှစ်လအကြာ ၂၀၁၆ ခုနှစ် အောက်တိုဘာလမှာတော့ ပုံမှန်သုံးစွဲသူ သန်း
၁၀၀ ရှိလာပါတယ်။ ၂၀၁၇ ဇန်နဝါရီလမှာ ရှိရင်းစွဲ သုံးစွဲသူထက် သန်း ၁၅၀၊ ဧပြီလမှာ သန်း ၂၀၀ တိုးတက်လာပါတယ်။ ဒါကြောင့် သုံးစွဲသူတိုးတက်မှုနှုန်းမှာ Snapchat ကိုကျော်လွန်သွားပါတယ်။
Twitter

Twitter ကို မတ်လ ၂၀၀၆ ခုနှစ်မှာ ဂျက်ဒေါဆေး၊ နိုအာဂလက်စ်၊ ဘီဇ်စတုန်းနဲ့ အီဗန်ဝီလျံစ်တို့က ဖန်တီးခဲ့ပြီး အဲ့နှစ်မှာ လွှင်တင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ကမ္ဘာတစ်ဝန်း ရေပန်းစားတဲ့ လူမှုရေးမီဒီယာဖြစ်လာပါတယ်။ ၂၀၁၂ ခုနှစ်မှာ သုံးစွဲသူ သန်း ၁၀၀ က တစ်နေ့မှာ tweet သန်း ၃၄၀ တင်ခဲ့ပါတယ်။ တစ်ရက်ကို ရှာဖွေမှုပေါင်း ၁.၆ ဘီလျံရှိတယ်လို့ သိရပါတယ်။ Twitter ဟာ လာရောက်မှုအများဆုံး ဝက်ဘ်ဆိုက်ဆယ်ခုထဲမှာ တစ်ခုအဖြစ်ပါဝင်ပြီး အင်တာနက်ရဲ့ SMS လို့တောင် ရည်ညွှန်းကြပါတယ်။ Twitter
ကို လစဉ်သုံးစွဲသူဟာ ၃၁၉ သန်းကျော် ရှိတယ်လို့ သိရပါတယ်။ ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ
Twitter ဟာကြားဖြတ်သတင်းတွေ အများဆုံးဖော်ပြတဲ့ အကြီးဆုံး သတင်းရင်းမြစ် ဖြစ်ခဲ့ပါတယ်။
Reddit

Reddit ဟာ လူမှုရေးသတင်းတွေ ဖော်ပြပေးပြီး ဆွေးနွေးမှုတွေ ပြုလုပ်နိုင်တဲ့ ဝက်ဘ်ဆိုက်တစ်ခုပါ။ Reddit မှာ စာရင်းပေးသွင်းထားတဲ့ သုံးစွဲသူတွေက စာတွေရေး တင်နိုင်သလို လင့်ခ်တွေလည်း တင်နိုင်ပါတယ်။ ဒါ့အပြင် page မှာ သတ်မှတ်ထားတဲ့ နေရာတစ်ခုရဖို့ ဆန္ဒမဲတင်သွင်းနိုင်ပါတယ်။ သုံးစွဲသူ စိတ်ဝင်စားရာ ကဏ္ဍအလိုက် အကြောင်းအရာတွေကို “subreddits” မှာ စုစည်းပေးထားပါတယ်။ ၂၀၁၇ ခုနှစ်မှာ Reddit ကို လစဉ်လာရောက်လည်ပတ်သူ ၅၄၂ သန်းရှိပါတယ်။ လစဉ်ပုံမှန်
သုံးစွဲသူကတော့ ၂၃၄ သန်းရှိပါတယ်။ အမေရိကန်မှာ လာရောက် လည်ပတ်မှုအများဆုံးဝက်ဘ်ဆိုက်အဖြစ် Reddit ဟာနံပါတ် ၄ နေရာမှာ ရပ်တည်နေပါတယ်။
Ask.fm

Ask.fm မှာသုံးစွဲသူတွေက profile တွေဖန်တီးနိုင်ပြီး တစ်ဦးချင်းစီကို မေးခွန်းတွေ ပေးပို့နိုင်တဲ့ ဝန်ဆောင်မှု ဖြစ်ပါတယ်။ အဲဒီဝက်ဘ်ဆိုက်ကို ဇွန်လ ၂၀၁၀ မှာ လတ်ဗီးယားနိုင်ငံမှာ တည်ထောင်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် မတ်လမှာ Ask.fm ကို လစဉ်သုံးစွဲသူ သန်း ၁၅၀ ရှိလာပါ တယ်။ ၂၀၁၄ ခုနှစ်မှာ ကုမ္ပဏီရဲ့ ဒဿနပိုင်းနဲ့ သုံးစွဲသူတွေ လုံခြုံမှုရှိပြီး ယုံကြည်နိုင်တဲ့ ဝန်ဆောင်မှုဖြစ်ဖို့ဆိုတဲ့
ရည်ရွယ်ချက် Ask.com က ဝက်ဘ်ဆိုက်ကို ဝယ်ယူခဲ့ပါတယ်။
Vine (၂၀၁၇ခုနှစ် ဇန်နဝါရီလမှာ Vine Camera ဖြစ်လာ)

Vine ကို ၂၀၁၂ ခုနှစ်မှာ တည်ထောင်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် အောက်တိုဘာလမှာ Vine ကို တရားဝင် မိတ်မဆက်ခင်မှာပဲ Twitter က ဝယ်ယူခဲ့ပါတယ်။ Vine မှာ သုံးစွဲသူတွေက ခြောက်စက္ကန့်ကြာမြင့်တဲ့ ဗီဒီယိုတွေ တင်နိုင်ပါတယ်။ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလမှာတော့ Vine ကို ပုံမှန်သုံးစွဲသူ သန်း ၂၀၀ ကျော်ရှိပါတယ်။ ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၂၇ ရက်မှာတော့ Twitter က Vine မှာဗီဒီယိုတွေ upload ပြုလုပ်မှုကို ပိတ်ပင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း တင်ထားခဲ့တဲ့ ဗီဒီယိုတွေကို ကြည့်ရှုပြီး download ဆက်လက်ပြုလုပ်ခွင့်
ပြုခဲ့တယ်။ ဇန်နဝါရီလ ၂၀ ရက်မှတော့ Twitter က Vine ဗီဒီယိုအားလုံးကို archive ပြုလုပ်ခဲ့ပါတယ်။ ဒါကြောင့် အရင်တုန်းက တင်ထားခဲ့ Vine ဗီဒီယိုတွေအားလုံးကို ဆက်ကြည့်နိုင်ပါတယ်။
Pinterest

World Wide Web က သတင်းအချက်အလက်တွေကို ရှာဖွေနိုင်တဲ့ software system တစ်ခုပါ။ သုံးစွဲသူတွေက စာရင်းပေးသွင်းပြီး သုံးနိုင်ပါတယ်။ ဒီဝက်ဘ်ဆိုက်ကို ဘန်ဆီဘာမန်း၊ ပေါလ်ဆီယာရာနဲ့ အီဗန်ရှာ့ပ်တို့က တည်ထောင်ခဲ့တာဖြစ်ပါတယ်။ Pinterest
အမှုဆောင်အရာရှိချုပ် ဘန်ဆီဘာမန်းက လူမှုရေးမီဒီယာ တစ်ခုအနေနဲ့မဟုတ်ဘဲ စိတ်ကူးစာရင်းတစ်ခုကို အကျဉ်းချုပ်မှတ်သားနိုင်တဲ့ အမှတ်တံဆိပ်ဖြစ်တယ်လို့ ပြောခဲ့ဖူးပါတယ်။
Google+

Google က ပိုင်ဆိုင်တဲ့ လူမှုရေးကွန်ရက်တစ်ခု ဖြစ်ပါတယ်။ သုံးစွဲသူက စိတ်ဝင်စားမှုအလိုက် အခြေခံထားပါတယ်။ အစောပိုင်းနှစ်တွေမှာ Google+ သုံးစွဲသူဦးရေတိုးတက်လာပါတယ်။ ဒါပေမဲ့သုံးစွဲမှု ကိန်းဂဏန်းတွေက အမျိုးမျိုးကွဲပြားနေပါတယ်။ Google သုံးစွဲသူဦးရေထဲမှာ ၆၀ ရာခိုင်နှုန်းက အမျိုးသားတွေဖြစ်ပြီး ၂၅ ရာခိုင်နှုန်းက အမျိုးသမီးတွေဖြစ်ပါတယ်။ ကျန်သုံးစွဲသူ ၁၅
ရာခိုင်နှုန်းကတော့ အသေးစိတ်အချက်အလက်တွေ မဖော်ပြထားပါဘူး။ လစဉ်သုံးစွဲသူဦးရေ ၁၁၁ သန်းရှိတယ်လို့ သိရပါတယ်။
Tumblr

Tumblr ကို ၂၀၀၇ ခုနှစ်မှာ ဒေးဗစ်ကာ့ပ်က တည်ထောင်ခဲ့ပါတယ်။ Oath ကုမ္ပဏီက ပိုင်ဆိုင်ပါတယ်။ Tumblr မှာသုံးစွဲသူက
မီဒီယာမျိုးစုံနဲ့ အခြားအကြောင်းအရာတွေ တင်နိုင်ပါတယ်။ အခြားသုံးစွဲသူတွေရဲ့ blog တွေကိုလည်း follow ပြုလုပ်နိုင်ပါတယ်။ ဘလော့ဂါတွေအနေနဲ့ သူတို့ blog တွေကို တစ်ကိုယ်ရေသုံးလည်း ပြုလုပ်နိုင်ပါတယ်။ ၂၀၁၇ ခုနှစ် သြဂုတ်လ ၁ ရက် မှာ Tumblr ဟာ blog ပေါင်း ၃၅၉ သန်းကျော်ကို host ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ လစဉ်သုံးစွဲသူ ၁၁၅ သန်းရှိပါတယ်။
Flickr

Flickr ဟာ ဓာတ်ပုံနဲ့ ဗီဒီယိုတွေ သိမ်းဆည်းနိုင်တဲ့ ဝက်ဘ်ဆိုက်နဲ့ web service တွေဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ်မှာ Ludi corp က
ဖန်တီးခဲ့ပြီး ၂၀၀၅ ခုနှစ်မှာတော့ Yahoo ကဝယ်ယူခဲ့ပါတယ်။ သုံးစွဲသူတွေရဲ့ ဓာတ်ပုံတွေကို ဝေမျှတာနဲ့ embed ပြုလုပ်နိုင်တဲ့
နာမည်ကျော် ဝက်ဘ်ဆိုက်ဖြစ်ပြီး ထိရောက်တဲ့ online community တစ်ခုလည်း ဖြစ်ပါတယ်။ Flickr ကို ဓာတ်ပုံသုတေသီနဲ့ ဘလော့
ဂါတွေ အများဆုံး အသုံးပြုကြပါတယ်။ Flickr ကို စာရင်းပေးသွင်း သုံးစွဲသူဦးရေ ၈၇ သန်းရှိတယ်လို့ ၂၀၁၃ ခုနှစ် မတ်လမှာ The Verge ကထုတ်ပြန်ခဲ့ပါတယ်။ လစဉ်သုံးစွဲသူဦးရေကတော့ ၁၁၂ သန်းရှိတယ်လို့ သိရပါတယ်။
LinkedIn

LinkedIn က လုပ်ငန်းပိုင်းနဲ့ ဝန်ထမ်းသုံး လူမှုရေးကွန်ရက် ဝန်ဆောင်မှုဖြစ်ပါတယ်။ ၂၀၀၂ ခုနှစ်မှာ တည်ထောင်ခဲ့ပြီး ၂၀၀၃ ခုနှစ်မှာ မိတ်ဆက်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် စက်တင်ဘာလမှာ LinkedIn ရဲ့ account ၄၆၇ သန်းရှိပြီး ၁၀၆ သန်းပဲ active ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ် စက်တင်ဘာလမှာတော့ နိုင်ငံပေါင်း ၂၀၀ မှာ LinkedIn သုံးစွဲသူ သန်း ၅၀၀ ကျော်ရှိလာပါတယ်။ လစဉ်သုံးစွဲသူ အရေအတွက်ကတော့ ၁၀၆ သန်းရှိပါတယ်။ ၂၀၁၆ခုနှစ် ဇွန်လ ၁၃ ရက်မှာ Microsoft က LinkedIn ကို ၂၆.၂ ဘီလျံနဲ့ ဝယ်ယူခဲ့ပါတယ်။
VK

VK ဟာ ရုရှား စကားပြော သုံးစွဲသူတွေအကြား ရေပန်းစားတဲ့ လူမှုရေးမီဒီယာ တစ်ခုဖြစ်ပါတယ်။ ဥရောပရဲ့ အကြီးဆုံး
အွန်လိုင်း လူမှုရေးမီဒီယာလည်း ဖြစ်ပါတယ်။ VK ကုမ္ပဏီက ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့မှာ အခြေစိုက်ထားပါတယ်။ ၂၀၁၇ ဇန်နဝါရီလရဲ့ထုတ်ပြန်ထားတဲ့ အချက်အလက် VK account ကိုပိုင်ဆိုင်ထားသူ သန်း ၄၁၀ ရှိပါတယ်။ ဘယ်လာရုစ်၊ ယူကရိန်းနဲ့ ကာဇက်စတန်နိုင်ငံတွေမှာ နာမည်အကျော်ကြားဆုံး လူမှုရေးမီဒီယာ ဝက်ဘ်ဆိုက်တစ်ခုလည်း ဖြစ်ပါတယ်။ လစဉ်သုံးစွဲသူကတော့ ၉၅ သန်းရှိပါတယ်။
ClassMates

Classmates.com ဟာလူမှု ရေးကွန်ရက် တစ်ခုဖြစ်ပြီး ၁၉၉၅ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်မှာ ရန်ဒီကွန်ရတ်စ်က Classmates Online အမည်နဲ့ စတင်တည်ထောင်ခဲ့ပါတယ်။ အဲဒီဝက်ဘ်ဆိုက်ရဲ့ ရည်ရွယ်ချက်က သူငယ်တန်း၊ မူလတန်း၊ အထက်တန်း၊ ကောလိပ်၊ အလုပ်နေရာနဲ့ အမေရိကန်စစ်တပ်က မိတ်ဆွေ၊ အတန်းဖော်နဲ့ လုပ်ဖော်ကိုင်ဖက်တွေကိုရှာဖွေနိုင်ပါတယ်။ နောက်ပိုင်းမှာတော့ ဝက်ဘ်ဆိုက်အမည်ကို Memory Lane လို့အမည်ပြောင်းခဲ့သလို ဒီဇိုင်းပိုင်းလည်း ပြောင်းခဲ့ပါတယ်။
Meetup

Meetup ဟာ ကမ္ဘာအရပ်ရပ်က offline group တွေ့ဆုံမှုတွေ ပြုလုပ်နိုင်တဲ့ အွန်လိုင်းလူမှုရေးကွန်ရက် တစ်ခုဖြစ်ပါတယ်။ Meetup သုံးစွဲသူတွေက နိုင်ငံရေး၊ စာအုပ်တွေ၊ ဂိမ်း၊ ရုပ်ရှင်၊ ကျန်းမာရေး၊ အိမ်မွေးတိရစ္ဆာန်၊ သက်မွေးမှုလုပ်ငန်း ဒါမှမဟုတ် ဝါသနာစတဲ့ စိတ်ဝင်စားမှု အမျိုးမျိုးတွေကို စုစည်းထားတဲ့ အုပ်စုတွေကို ရှာဖွေပါဝင်နိုင်ပါတယ်။VIA:IJ





အဆင်ပြေပါစေ
ညီလတ်ထွန်း(နည်းပညာ)
www.nyilattun.com

ထိပ်တန်း နာမည်ကျော် Social Network ဝက်ဘ်ဆိုက်နှင့် app များ Reviewed by ညီလတ်ထွန်း(နည်းပညာ) on 3:28 AM Rating: 5 ကမ္ဘာတစ်ဝန်းက နာမည်အကျော်ကြားဆုံး Social Network ဝက်ဘ်ဆိုက်တွေ စာရင်းကို စုစည်းတင်ပြထားတာ ဖြစ်ပါတယ်။ အဲဒီလေ့လာတွေ့ရှိချက်တွေက နောက်ဆုံးထ...

No comments: