အစိမ်းရောင်လမ်းစိုက်ပျိုးရေးဖုန်းဆော့ဝဲ - ညီလတ်ထွန်း(နည်းပညာ)

728x90 AdSpace

Trending

အစိမ်းရောင်လမ်းစိုက်ပျိုးရေးဖုန်းဆော့ဝဲ

အားလပ်ရက်မှာ အိမ်မှာနေရင် တောင်သူတွေကို ကူညီပေးကြရအောင်
အခုလိုအားလပ်ရက်မှာ အစိမ်းရောင်လမ်း စိုက်ပျိုးရေးဖုန်းဆော့ဝဲကနေတစ်ဆင့် တောင်သူအတွက် ကူညီပေးနိုင်ပါတယ်။ အနယ်နယ်အရပ်ရပ်မှာ ရှိတဲ့ တောင်သူတွေအနေနဲ့ လိုအပ်လာရင် ဆက်သွယ်အကူညီတောင်းလို့ရမယ့် လိပ်စာတွေကို အစိမ်းရောင်လမ်း စိုက်ပျိုးရေးဖုန်းဆော့ဝဲမှာ ထည့်သွင်းနိုင်ဖို့ ကြိုးစားနေပါတယ်။ အဲဒီကဏ္ဍလေးကို မရှိမဖြစ်လိုအပ်သော လိပ်စာများဆိုပြီး ဆော့ဝဲလ်မှာ ထည့်သွင်းထားမှာပါ။
ဒီကဏ္ဍမှာ သက်ဆိုင်ရာမြို့နယ်အလိုက် တောင်သူတွေနဲ့ ဆက်စပ်နေတဲ့ စိုက်ပျိုးရေးရုံးတွေ၊ အစိုးရရုံးတွေ၊ အန်ဂျီအို NGO တွေ၊ အသေးစားချေးငွေလုပ်ငန်းတွေ၊ မျိုးစေ့/ပျိုးပင် အရောင်းဆိုင်တွေ၊ စိုက်ပျိုးရေးပစ္စည်းအရောင်းဆိုင်တွေ စတာတွေ ပါဝင်ပါတယ်။
ဒီတော့ အိမ်မှာနေရင်း မိမိတို့သိတဲ့ လိပ်စာတွေကို အစိမ်းရောင်လမ်း စိုက်ပျိုးရေးဆော့ဝဲမှာ ဖြည့်ပေးရင်း တောင်သူတွေအတွက် ကူညီပေးကြရအောင်။ လိုအပ်တဲ့ အချက်အလက်တွေက ဌာန/အဖွဲ့အစည်း/အရောင်းဆိုင်တွေရဲ့ အမည်၊ ဖုန်းနံပါတ် နဲ့ လိပ်စာ ပါပဲ။ လိပ်စာမှာ မြို့နယ်ပါ ဖော်ပြပေးပါနော။ ဒါမှမဟုတ် လိပ်စာကဒ်လေးကို ဓာတ်ပုံရိုက်ပို့ပေးလည်း ရပါတယ်။
အစိမ်းရောင်လမ်း အခမဲ့ စိုက်ပျိုးရေးဖုန်းဆော့ဝဲလ် မရှိသေးဘူးဆိုရင် အေက်ပါလင့်မှာ ယူလို့ရတယ်နော်။



PhotoInstrument 7.6 Build 906 Multilingual Portable

Playstore Link






အဆင်ပြေပါစေ
ညီလတ်ထွန်း(နည်းပညာ)
www.nyilattun.com

အစိမ်းရောင်လမ်းစိုက်ပျိုးရေးဖုန်းဆော့ဝဲ Reviewed by ညီလတ်ထွန်း(နည်းပညာ) on 5:34 AM Rating: 5   အားလပ်ရက်မှာ အိမ်မှာနေရင် တောင်သူတွေကို ကူညီပေးကြရအောင် အခုလိုအားလပ်ရက်မှာ အစိမ်းရောင်လမ်း စိုက်ပျိုးရေးဖုန်းဆော့ဝဲကနေတစ်ဆင့် တောင်သူ...

No comments: