သင့္ရဲ႕ Facebook အေကာင့္ကို USB Security Key ျဖင့္ ဘယ္လို ကာကြယ္မလဲ - ညီလတ္ထြန္း(နည္းပညာ)

728x90 AdSpace

Trending

သင့္ရဲ႕ Facebook အေကာင့္ကို USB Security Key ျဖင့္ ဘယ္လို ကာကြယ္မလဲ

ဒစ္ဂ်စ္တယ္ ကမာၻႀကီးမွာ ဟက္ကာေတြရဲ႕ ရန္ကို အၿမဲေၾကာက္ေနရပါတယ္။ အဲဒီအတြက္ Facebook က သင့္ အေကာင့္ကို လံုျခံဳေရး အလႊာတစ္ထပ္ျဖင့္ ကာကြယ္ႏုိင္ေအာင္ ျပဳလုပ္ေပးလိုက္ပါတယ္။ အဲဒါကေတာ့ USB Security Key ျဖစ္ပါတယ္။ USB Security Key ဟာ Memory Stick ပံုသ႑ာန္ ကိရိယာေလး ျဖစ္ပါတယ္။ လူေတာ္ေတာ္မ်ားမ်ားဟာ အေကာင့္မ်ားစြာမွာ တူညီတဲ့ Passwords မ်ား သတ္မွတ္ထားတဲ့အတြက္ မွန္းဆရလြယ္ကူပါတယ္။ ရႈပ္ေထြးတဲ့ Password မ်ား ေပးထားရင္ေတာင္ ဟက္ကာမ်ားက ေဖာက္ထြင္းႏုိင္ၾကပါတယ္။
လက္ရွိမွာ သံုးေနၾကတဲ့ Password Manager နဲ႔ Two-Factor Authentication နည္းလမ္းမ်ားဟာ ေကာင္းမြန္ေပမယ့္ ဟက္ကာမ်ားရဲ႕ လက္ခ်က္ မိသြားႏုိင္ပါတယ္။ Physical Security Keys ကေတာ့ အလြန္ လံုျခံဳၿပီး ေဖာက္ထြင္းလို႔ မရႏိုင္ပါဘူး။
သူ႔ရဲ႕ အလုပ္လုပ္ပံု
ဘေရာက္စာ အသစ္ကေနျဖစ္ျဖစ္၊ အျခား စက္တစ္လံုးကေန ျဖစ္ျဖစ္ သင့္အေကာင့္ကို Login ၀င္တဲ့အခါ Security Key ကို စက္ရဲ႕ USB Port ထဲထည့္လိုက္တာနဲ႔ Facebook က Key မွာပါတဲ့ သင့္ရဲ႕ ကိုယ္ေရးအခ်က္အလက္ကို စစ္ေဆးပါတယ္။ စစ္ေဆးမႈ မွန္ကန္ရင္ သင့္အေကာင့္ထဲကို Login ၀င္ေပးမွာပါ။ ဟက္ကာေတြမွာ သင့္ရဲ႕ USB Security Key မရွိတဲ့အတြက္ ဘယ္လို ဒစ္ဂ်စ္တယ္ နည္းနဲ႔မွ သူတို႔ သင့္အေကာင့္ကို ေဖာက္ထြင္းလို႔ မရႏုိင္ေတာ့ပါဘူး။
Facebook ရဲ႕ လံုျခံဳေရး အင္ဂ်င္နီယာ Brad Hill က အဲဒီနည္းပညာကို အေကာင့္မ်ားထဲမွ ခရက္ဒစ္ကဒ္ သတင္းအခ်က္အလက္လို ေဒတာမ်ားကို ကာကြယ္ဖို႔လည္း အသံုးျပဳတယ္လို႔ ေျပာပါတယ္။ ဒီနည္းလမ္းဟာ ပိုမို အဆင္ေျပ လံုျခံဳတယ္လို႔ သူက ျဖည့္စြက္ေျပာပါတယ္။ Facebook ဟာ USB Security Key ကို သံုးတဲ့ ပထမဆံုး လူမႈကြန္ရက္ ျဖစ္လာပါတယ္။
The National Institute of Standards က Two-Factor Authentication နဲ႔ One-Time Code မ်ားဟာ လံုျခံဳမႈ မရွိေတာ့ဘူးလို႔ ယခင္ႏွစ္ ဇူလိုင္လက ေၾကညာထားပါတယ္။ USB Security Key ကို Yubikey, Nitro Key နဲ႔ အျခား ကုမၸဏီမ်ားကေန ေရာင္းခ်ေပးေနပါတယ္။ လက္ရွိမွာေတာ့ USB Security Key စြမ္းေဆာင္ခ်က္ကို ျမန္မာႏိုင္ငံမွာ အသံုးျပဳလို႔ မရေသးဘဲ မၾကာခင္မွာ အသံုးျပဳလို႔ရလာမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။
ref : chaprama
သင့်ရဲ့ Facebook အကောင့်ကို USB Security Key ဖြင့် ဘယ်လို ကာကွယ်မလဲ ?
ဒစ်ဂျစ်တယ် ကမ္ဘာကြီးမှာ ဟက်ကာတွေရဲ့ ရန်ကို အမြဲကြောက်နေရပါတယ်။ အဲဒီအတွက် Facebook က သင့် အကောင့်ကို လုံခြုံရေး အလွှာတစ်ထပ်ဖြင့် ကာကွယ်နိုင်အောင် ပြုလုပ်ပေးလိုက်ပါတယ်။ အဲဒါကတော့ USB Security Key ဖြစ်ပါတယ်။ USB Security Key ဟာ Memory Stick ပုံသဏ္ဍာန် ကိရိယာလေး ဖြစ်ပါတယ်။ လူတော်တော်များများဟာ အကောင့်များစွာမှာ တူညီတဲ့ Passwords များ သတ်မှတ်ထားတဲ့အတွက် မှန်းဆရလွယ်ကူပါတယ်။ ရှုပ်ထွေးတဲ့ Password များ ပေးထားရင်တောင် ဟက်ကာများက ဖောက်ထွင်းနိုင်ကြပါတယ်။
လက်ရှိမှာ သုံးနေကြတဲ့ Password Manager နဲ့ Two-Factor Authentication နည်းလမ်းများဟာ ကောင်းမွန်ပေမယ့် ဟက်ကာများရဲ့ လက်ချက် မိသွားနိုင်ပါတယ်။ Physical Security Keys ကတော့ အလွန် လုံခြုံပြီး ဖောက်ထွင်းလို့ မရနိုင်ပါဘူး။
သူ့ရဲ့ အလုပ်လုပ်ပုံ
ဘရောက်စာ အသစ်ကနေဖြစ်ဖြစ်၊ အခြား စက်တစ်လုံးကနေ ဖြစ်ဖြစ် သင့်အကောင့်ကို Login ဝင်တဲ့အခါ Security Key ကို စက်ရဲ့ USB Port ထဲထည့်လိုက်တာနဲ့ Facebook က Key မှာပါတဲ့ သင့်ရဲ့ ကိုယ်ရေးအချက်အလက်ကို စစ်ဆေးပါတယ်။ စစ်ဆေးမှု မှန်ကန်ရင် သင့်အကောင့်ထဲကို Login ဝင်ပေးမှာပါ။ ဟက်ကာတွေမှာ သင့်ရဲ့ USB Security Key မရှိတဲ့အတွက် ဘယ်လို ဒစ်ဂျစ်တယ် နည်းနဲ့မှ သူတို့ သင့်အကောင့်ကို ဖောက်ထွင်းလို့ မရနိုင်တော့ပါဘူး။
Facebook ရဲ့ လုံခြုံရေး အင်ဂျင်နီယာ Brad Hill က အဲဒီနည်းပညာကို အကောင့်များထဲမှ ခရက်ဒစ်ကဒ် သတင်းအချက်အလက်လို ဒေတာများကို ကာကွယ်ဖို့လည်း အသုံးပြုတယ်လို့ ပြောပါတယ်။ ဒီနည်းလမ်းဟာ ပိုမို အဆင်ပြေ လုံခြုံတယ်လို့ သူက ဖြည့်စွက်ပြောပါတယ်။ Facebook ဟာ USB Security Key ကို သုံးတဲ့ ပထမဆုံး လူမှုကွန်ရက် ဖြစ်လာပါတယ်။
The National Institute of Standards က Two-Factor Authentication နဲ့ One-Time Code များဟာ လုံခြုံမှု မရှိတော့ဘူးလို့ ယခင်နှစ် ဇူလိုင်လက ကြေညာထားပါတယ်။ USB Security Key ကို Yubikey, Nitro Key နဲ့ အခြား ကုမ္ပဏီများကနေ ရောင်းချပေးနေပါတယ်။ လက်ရှိမှာတော့ USB Security Key စွမ်းဆောင်ချက်ကို မြန်မာနိုင်ငံမှာ အသုံးပြုလို့ မရသေးဘဲ မကြာခင်မှာ အသုံးပြုလို့ရလာမယ်လို့ မျှော်လင့်ရပါတယ်။
ref : chaprama










Via-Digitaltimes.
www.nyilattun.com

သင့္ရဲ႕ Facebook အေကာင့္ကို USB Security Key ျဖင့္ ဘယ္လို ကာကြယ္မလဲ Reviewed by ညီလတ္ထြန္း(နည္းပညာ) on 7:25 PM Rating: 5 ဒစ္ဂ်စ္တယ္ ကမာၻႀကီးမွာ ဟက္ကာေတြရဲ႕ ရန္ကို အၿမဲေၾကာက္ေနရပါတယ္။ အဲဒီအတြက္ Facebook က သင့္ အေကာင့္ကို လံုျခံဳေရး အလႊာတစ္ထပ္ျဖင့္ ကာကြယ္ႏု...

No comments: