Android မွာ မသံုးသင့္တဲ့ App ငါးမ်ိဳး - ညီလတ္ထြန္း(နည္းပညာ)

728x90 AdSpace

Trending

Android မွာ မသံုးသင့္တဲ့ App ငါးမ်ိဳး

စမတ္ဖုန္းမွာ မလိုအပ္တဲ့ Apps မ်ားထည့္ထားျခင္းဟာ Storage ကုန္ေစသလို ဖုန္းရဲ႕ စြမ္းေဆာင္ရည္နဲ႔ ဘက္ထရီ သက္တမ္းကိုလည္း ထိခိုက္ေစပါတယ္။ ဘက္ထရီနဲ႔ မိုဘုိင္းေဒတာ ကုန္က်ျခင္း၊ ေၾကာ္ျငာမ်ားတြ႕ျမင္ရျခင္း အပါအင္ Apps မ်ားရဲ႕ ဆိုးက်ိဳးမ်ားစြာ ရွိပါတယ္။ အဲဒီအတြက္ မသံုးသင့္တဲ့ App မ်ားကို အခုပဲ သင့္ဖုန္းကေန Uninstall လုပ္ပါ။
၁။ RAM သက္သာေစမယ္ဆိုတဲ့ Apps မ်ား
ေနာက္ကြယ္မွာ Run ေနတဲ့ Apps မ်ားက RAM နဲ႔ ဘက္ထရီကို စားသံုးပါတယ္။ Memory ကို Boost လုပ္ေပးတဲ့ App မ်ားက ေနာက္ကြယ္မွ App မ်ားကို ပိတ္ေပးတာပါ။ ဒါဟာ ေကာင္းတယ္ ထင္ရေပမယ့္ တကယ္ေတာ့ ပိုဆိုးသြားေစပါတယ္။
ေနာက္ကြယ္မွာ Run ေနတဲ့ App မ်ားကို သတ္လိုက္ၿပီးေနာက္ သူတို႔ကို ျပန္ဖြင့္ရင္ Memory နဲ႔ ဘက္ထရီက ထပ္မံ အလုပ္လုပ္ရပါတယ္။ ဒါဟာ သင့္ဖုန္းကို မတည္ၿငိမ္ေစပါဘူး။ အဲဒီအတြက္ Memory သက္သာေစတဲ့ Apps မ်ားဟာ ဆိုးက်ိဳးကိုသာ ျဖစ္ေစပါတယ္။
၂။ Clean Master လို သန္႔ရွင္းေရး App မ်ား
Cleaning Apps မ်ားက ဖုန္းရဲ႕ စြမ္းရည္ကို တိုးတက္ေစတယ္လို႔ ဆိုၾကပါတယ္။ သူတို႔က Cached Data လို႔ ေခၚတဲ့ အမိႈက္ဖိုင္မ်ားကို ရွင္းလင္းေပးၾကပါတယ္။ ဒါေပမယ့္ သူတို႔မွာ အျခားစြမ္းေဆာင္ခ်က္မ်ားစြာ ပါရွိတဲ့အတြက္ ဖုန္းကို ေလးလံေစပါတယ္။ အမိႈက္ဖိုင္မ်ား ရွင္းဖို႔အတြက္ေတာ့ သူတို႔ကို မလိုအပ္ပါဘူး။ Android မွာ ပါရွိၿပီးသားပါ။ Settings> Storage ထဲသြားၿပီး Cached data ကို ႏွိပ္ပါ။ Ok ႏွိပ္ပါ။
၃။ Antivirus မ်ား မလိုအပ္ပါ။
သင့္ Android Device နဲ႔ Play Store တို႔က Antivirus Apps မ်ားရဲ႕ အလုပ္အားလံုးကို လုပ္ႏုိင္ၾကပါတယ္။ Play Store က Apps မ်ားမွ Virus မ်ားကို အၿမဲ စစ္ေဆးေပးေနပါတယ္။ သင့္ဖုန္းမွ Android Device Manager မွာလည္း Antitheft စြမ္းေဆာင္ခ်က္မ်ား ပါပါတယ္။ သင္ဟာ Play Store ျပင္ပမွ Apps မ်ားကို ေဒါင္းလုပ္လုပ္မွသာ Antivirus မ်ား သံုးဖို႔လိုအပ္ပါတယ္။
၄။ Battery Savers
Battery Savers မ်ားဟာလည္း RAM Booster မ်ားလိုပဲ ေနာက္ကြယ္မွ Apps နဲ႔ Services မ်ားကို ပိတ္ေပးျခင္းျဖင့္ ဘက္ထရီ သက္သာေစတာ ျဖစ္ပါတယ္။ RAM Booster မ်ားမွာလိုပဲ ပိတ္သြားတဲ့ Apps မ်ားကို ျပန္ဖြင့္ရင္ ဖုန္းရဲ႕ စြမ္းအင္ကို ပိုမို အသံုးျပဳရတဲ့အတြက္ Battery Savers မ်ားရဲ႕ ဘက္ထရီ သက္တမ္း တိုးျမွင့္ေပးတဲ့ အလုပ္ဟာ အရာမေရာက္ပါဘူး။ Battery Savers မ်ားကို မသံုးဘဲ ဖုန္းရဲ႕ Settings> Battery ထဲသြားၿပီး ဘက္ထရီ အမ်ားဆံုး အသံုးျပဳတဲ့ App မ်ားကို ပိတ္ပါ။
၅။ Bloatware
စမတ္ဖုန္း ထုတ္လုပ္သူမ်ားက ဖုန္းမ်ားမွာ Apps မ်ားစြာကို အင္စေတာလုပ္ေပးထားတတ္ၾကပါတယ္။ အဲဒီ Apps မ်ားဟာ Storage မွာ ေနရာယူထားၾကပါတယ္။ အဆိုးဆံုးကေတာ့ ဘက္ထရီ ကုန္ေစတာပါ။ အဲဒီ Apps မ်ားကို Uninstall လုပ္လို႔မရေအာင္လည္း သူတို႔က ဖန္တီးထားပါတယ္။ ဒါေပမယ့္ အဲဒီ System Apps မ်ားကို Uninstall လုပ္ေပးႏုိင္တဲ့ System App Remover မ်ားစြာ Play Store မွာ ရွိေနၿပီးသားပါ။
ref : android pit
unicode
Android မှာ မသုံးသင့်တဲ့ App ငါးမျိုး
စမတ်ဖုန်းမှာ မလိုအပ်တဲ့ Apps များထည့်ထားခြင်းဟာ Storage ကုန်စေသလို ဖုန်းရဲ့ စွမ်းဆောင်ရည်နဲ့ ဘက်ထရီ သက်တမ်းကိုလည်း ထိခိုက်စေပါတယ်။ ဘက်ထရီနဲ့ မိုဘိုင်းဒေတာ ကုန်ကျခြင်း၊ ကြော်ငြာများတွ့မြင်ရခြင်း အပါအင် Apps များရဲ့ ဆိုးကျိုးများစွာ ရှိပါတယ်။ အဲဒီအတွက် မသုံးသင့်တဲ့ App များကို အခုပဲ သင့်ဖုန်းကနေ Uninstall လုပ်ပါ။
၁။ RAM သက်သာစေမယ်ဆိုတဲ့ Apps များ
နောက်ကွယ်မှာ Run နေတဲ့ Apps များက RAM နဲ့ ဘက်ထရီကို စားသုံးပါတယ်။ Memory ကို Boost လုပ်ပေးတဲ့ App များက နောက်ကွယ်မှ App များကို ပိတ်ပေးတာပါ။ ဒါဟာ ကောင်းတယ် ထင်ရပေမယ့် တကယ်တော့ ပိုဆိုးသွားစေပါတယ်။
နောက်ကွယ်မှာ Run နေတဲ့ App များကို သတ်လိုက်ပြီးနောက် သူတို့ကို ပြန်ဖွင့်ရင် Memory နဲ့ ဘက်ထရီက ထပ်မံ အလုပ်လုပ်ရပါတယ်။ ဒါဟာ သင့်ဖုန်းကို မတည်ငြိမ်စေပါဘူး။ အဲဒီအတွက် Memory သက်သာစေတဲ့ Apps များဟာ ဆိုးကျိုးကိုသာ ဖြစ်စေပါတယ်။
၂။ Clean Master လို သန့်ရှင်းရေး App များ
Cleaning Apps များက ဖုန်းရဲ့ စွမ်းရည်ကို တိုးတက်စေတယ်လို့ ဆိုကြပါတယ်။ သူတို့က Cached Data လို့ ခေါ်တဲ့ အမှိုက်ဖိုင်များကို ရှင်းလင်းပေးကြပါတယ်။ ဒါပေမယ့် သူတို့မှာ အခြားစွမ်းဆောင်ချက်များစွာ ပါရှိတဲ့အတွက် ဖုန်းကို လေးလံစေပါတယ်။ အမှိုက်ဖိုင်များ ရှင်းဖို့အတွက်တော့ သူတို့ကို မလိုအပ်ပါဘူး။ Android မှာ ပါရှိပြီးသားပါ။ Settings> Storage ထဲသွားပြီး Cached data ကို နှိပ်ပါ။ Ok နှိပ်ပါ။
၃။ Antivirus များ မလိုအပ်ပါ။
သင့် Android Device နဲ့ Play Store တို့က Antivirus Apps များရဲ့ အလုပ်အားလုံးကို လုပ်နိုင်ကြပါတယ်။ Play Store က Apps များမှ Virus များကို အမြဲ စစ်ဆေးပေးနေပါတယ်။ သင့်ဖုန်းမှ Android Device Manager မှာလည်း Antitheft စွမ်းဆောင်ချက်များ ပါပါတယ်။ သင်ဟာ Play Store ပြင်ပမှ Apps များကို ဒေါင်းလုပ်လုပ်မှသာ Antivirus များ သုံးဖို့လိုအပ်ပါတယ်။
၄။ Battery Savers
Battery Savers များဟာလည်း RAM Booster များလိုပဲ နောက်ကွယ်မှ Apps နဲ့ Services များကို ပိတ်ပေးခြင်းဖြင့် ဘက်ထရီ သက်သာစေတာ ဖြစ်ပါတယ်။ RAM Booster များမှာလိုပဲ ပိတ်သွားတဲ့ Apps များကို ပြန်ဖွင့်ရင် ဖုန်းရဲ့ စွမ်းအင်ကို ပိုမို အသုံးပြုရတဲ့အတွက် Battery Savers များရဲ့ ဘက်ထရီ သက်တမ်း တိုးမြှင့်ပေးတဲ့ အလုပ်ဟာ အရာမရောက်ပါဘူး။ Battery Savers များကို မသုံးဘဲ ဖုန်းရဲ့ Settings> Battery ထဲသွားပြီး ဘက်ထရီ အများဆုံး အသုံးပြုတဲ့ App များကို ပိတ်ပါ။
၅။ Bloatware
စမတ်ဖုန်း ထုတ်လုပ်သူများက ဖုန်းများမှာ Apps များစွာကို အင်စတောလုပ်ပေးထားတတ်ကြပါတယ်။ အဲဒီ Apps များဟာ Storage မှာ နေရာယူထားကြပါတယ်။ အဆိုးဆုံးကတော့ ဘက်ထရီ ကုန်စေတာပါ။ အဲဒီ Apps များကို Uninstall လုပ်လို့မရအောင်လည်း သူတို့က ဖန်တီးထားပါတယ်။ ဒါပေမယ့် အဲဒီ System Apps များကို Uninstall လုပ်ပေးနိုင်တဲ့ System App Remover များစွာ Play Store မှာ ရှိနေပြီးသားပါ။
ref : android pit







Via-Digitaltimes
www.nyilattun.com

Android မွာ မသံုးသင့္တဲ့ App ငါးမ်ိဳး Reviewed by ညီလတ္ထြန္း(နည္းပညာ) on 7:31 PM Rating: 5 စမတ္ဖုန္းမွာ မလိုအပ္တဲ့ Apps မ်ားထည့္ထားျခင္းဟာ Storage ကုန္ေစသလို ဖုန္းရဲ႕ စြမ္းေဆာင္ရည္နဲ႔ ဘက္ထရီ သက္တမ္းကိုလည္း ထိခိုက္ေစပါတယ္။ ဘက္...

No comments: