Play Store မှာ Fake Android App တွေကို ဘယ်လိုရှောင်မလဲ?? - ညီလတ်ထွန်း(နည်းပညာ)

728x90 AdSpace

Trending

Play Store မှာ Fake Android App တွေကို ဘယ်လိုရှောင်မလဲ??

Play Store မှာပြဿနာက Fake Android App တွေပါ။ လူတွေက တကယ့်နာမည်ကြီး app တွေရဲ့  icon တွေ၊ နာမည်တွေနဲ့ ဆင်တူယိုးမှာဖြစ်အောင်လုပ် ဒေါင်းလုပ်မှားဆွဲအောင်လုပ်ပြီး app တွေမှာ ကြော်ငြာတွေပါလာ တခါတစ်လေ malware တွေအနေနဲ့တောင် ဝင်လာတာပါ။
ဟိုတလောကလည်း WhatsApp app ဗားရှင်းအတုတက်လာပြီး ဒေါင်းလုပ်ဆွဲတဲ့သူ တစ်သန်းတောင်ကျော်သွားခဲ့ပါသေးတယ်။ နာမည်ကြီး Swift Keyboard နဲ့ VLC တို့လည်း app ဗားရှင်းအတုတွေတက်လာပါသေးတယ်။

ဘယ်လိုတောင်အတုလုပ်ထားသလဲဆိုတော့ developer ရဲ့နာမည်နောက်မှာ character လေးတစ်လုံးပါတာလေးကြောင့်မို့ပဲ အတုမှန်းသိသာတာပါ။ WhatsApp Inc. ရဲ့နောက်မှာ white space လေးက နာမည်ကိုကွဲသွားစေတာပါ။ အဲ့ app ဆိုရင် Google က Play Store ကနေ မဖယ်ခင်က ဒေါင်းလုပ်ဆွဲသူတစ်သန်းကျော်ခဲ့ပါတယ်။

ဒါဆို ဒီ app အတုတွေပြဿနာကို Google က ဘယ်လိုဖြေရှင်းပေးထားလဲ?
ဒီ ပြဿနာအတွက် Google ကနေ Google Play Protect ဆိုတဲ့လုံခြုံရေးစနစ်တစ်ခုနဲ့ Play Store ပေါ်မှာရှိတဲ့ app တွေကိုစစ်ချထားပါတယ်။ Google Play ပေါ်က app အတုတွေကိုစစ်ချတုန်းက မနှစ်ကထိကို malicious app ပေါင်း ၇သိန်းလောက်ရှိခဲ့ပါတယ်။
Fake app တွေ ဘယ်လိုရှာ ဘယ်လိုရှောင်မလဲ?
Search ရှာလို့ရလာတဲ့ result တွေကိုသေချာကြည့်ပါ။

Fake app တွေက များသောအားဖြင့် မူရင်း app တွေနဲ့ icon အတူတူထားကြပါတယ်။ ဒါမှရုတ်တရက်ကြည့်လိုက်ရင် app အစစ်ထင်ပြီး မှား install လုပ်မိအောင်ပါ။ icon တူတွေအများကြီးတွေ့နေပြီဆိုရင်တော့ နာမည်တွေကိုလိုက်ကြည့်ပါ။
App နာမည်နဲ့ Developr ကိုစစ်ပါ။

app နာမည်နဲ့ Developer ကိုစစ်ရင်တောင်မှ WhatsApp အတုတုန်းကဆို developer ရဲ့နာမည်တောင် လုံးဝတူတူနီးနီးပါ။ “Swift Key” app ရဲ့ app အတုကို “Swift Keyboard” လို့နာမည်ပေးထားလို့ ပထမဆုံးရှာပြီးဒေါင်းမယ့်သူတွေက သူကမှတကယ့် app အစစ်လို့ထင်သွားပါတယ။်ဒါပေမယ့် developer နာမည် “Designer Superman” ဆိုတာကိုကြည့်လိုက်ရင်တော့ အတုမှန်းတန်းသိပါလိမ့်မယ်။ဒါကြောင့် app နာမည်နဲ့ developer နာမည်ကိုစစ်ပါ။
ဒေါင်းလုပ်ဆွဲနှုန်းပမာဏကိုစစ်ပါ။

နာမည်ကြီး app တစ်ခုကိုဒေါင်းလုပ်ဆွဲမယ်ဆိုရင်တော့ ဒေါင်းလုပ်အရေအတွက်ကို တစ်ချက်ကြည့်ပါ။ ဥပမာ facebook ဆို အခုဒေါင်းလုပ်ဆွဲသူပေါင်း ၁ဘီလီယံလောက်တောင်ရှိနေပါပြီ။ ဒါပေမယ့်နာမည်ကြီး app မဟုတ်ရင်တော့ ဒီလိုစစ်ဖို့ခက်ခဲပါလိမ့်မယ်။ fake app တွေရဲ့ဒေါင်းလုပ်ဆွဲနှုန်းပမာဏက တော်တော်ကြီးနည်းတာတစ်ခုပဲကြည့်ရမှာပါပဲ။
Description ဖတ်ပြီး screenshot တွေကိုကြည့်ပါ။

ဒါကအရေးကြီးတဲ့အချက်ပါ။ တခြားဟာတွေဘယ်လောက်ပဲ ဆင်ပါတယ် တူပါတယ်ပြောပြော description ကိုဖတ်လိုက်တာနဲ့တန်းသိမှာပါ။ broken english နဲ့ရေးထားတာဖြစ်ဖြစ် စာဖော်ပြတဲ့ပုံစံထူးဆန်းနေရင်ဖြစ်ဖြစ် သေချာပါတယ် app အတုပါ။ ဒါဆိုရင် တစ်ခါတည်းသာ red flag ထောင်ခဲ့လိုက်ပါ။
တကယ့် developer တွေက ရှင်းရှင်းလင်းလင်း သပ်သပ်ရပ်ရပ်နဲ့ format ကျကျ ဖော်ပြပါတယ်။ ဒီလိုမဟုတ်ဘဲ မသပ်မရပ် ထူးဆန်းတယ်ဆိုရင်တော့ app အတုပါ။
ပုံတွေလည်း တူတူပါပဲ။ Google Play မှာ တကယ့် app အစစ်ဆီက ပုံတွေကိုယူလို့ရတာကြောင့် သေချာကိုကြည့်မှရပါမယ်။
Reviews တွေဖတ်ပါ။
အသေးစိတ်တွေအကုန်ကြည့်ပြီးပြီဆိုရင်တော့ reviews တွေလိုက်ဖတ်လိုက်ပါ။ fake app တွေမှာ fake review တွေရှိတတ်ပေမယ့် တကယ်ဂျင်းမိသွားတဲ့ user တွေရဲ့ မကျေနပ်တဲ့ review တွေကိုတွေ့ရမှာပါ။ negative review တွေတွေ့ပြီဆိုရင်တော့ ဒါ fake app ပါပဲ။
Fake app တစ်ခုတွေ့ရင် ဘယ်လိုလုပ်ရမလဲ?

ကိုယ်သာ fake app တစ်ခုခုကိုတွ့ရင် လုပ်သင့်တာက ပထမဆုံး report လုပ်ပါ။ ဒါမှ Google က fake app မှန်းသိပါမယ်။ report လုပ်ဖို့ page ရဲ့အောက်ဆုံးထိဆွဲချ “flag as inappropriate” ဆိုတာကိုနှိပ်ပါ။ web မှာဆို Google Play help page မှာ “report inappropriate developer reply form” link လေးကိုနှိပ်လိုက်ပါ။

မိုဘိုင်းလ်တွေမှာတော့ ပိုလွယ်ပါတယ။် “Flag as Inappropriate” ကိုနှိပ်လိုက်ရင် ဘာလို့ report ထုသလဲဆိုတဲ့အကြောင်းပြချက်အတွက် “Copycat or Impersonation” ဆိုတာရွေးပေးလိုက်ရင် Google ဆီရောက်သွားပြီး review ပြန်လုပ်ပါလိမ့်မယ်။

အားလုံးပဲ fake app တွေမှာ ဂျင်းမမိကြစေဖို့အတွက်…
Ref: HowToGeek





Via:digitaltimes    အားလုံးကိုခင်မင်လျှက်
ညီလတ်ထွန်း(နည်းပညာ)
Play Store မှာ Fake Android App တွေကို ဘယ်လိုရှောင်မလဲ?? Reviewed by ညီလတ်ထွန်း(နည်းပညာ) on 5:56 AM Rating: 5 Play Store မှာပြဿနာက Fake Android App တွေပါ။ လူတွေက တကယ့်နာမည်ကြီး app တွေရဲ့  icon တွေ၊ နာမည်တွေနဲ့ ဆင်တူယိုးမှာဖြစ်အောင်လုပ် ဒေါင်းလ...

No comments: