ဖုန်းစက်ပြားပေါ်ရှိ Component များ အလုပ်လုပ်ပုံနှင့်တိုင်းတာနည်း - ညီလတ်ထွန်း(နည်းပညာ)

728x90 AdSpace

Trending

ဖုန်းစက်ပြားပေါ်ရှိ Component များ အလုပ်လုပ်ပုံနှင့်တိုင်းတာနည်း

ဖုန်းစက်ပြားပေါ်ရှိ Component များအလုပ်လုပ်ပုံနှင့်တိုင်းတာနည်း 🤔
#About_Diode (သေသေချာချာဖတ်စေချင်ပါတယ်)😎
******************************************************

#အလုပ်လုပ်ပုံ
=========
Diode ​တွေမှာ Anode နဲ့ Cathode ဆိုပြီး
အ​ပေါင်းအနှုတ်​ရှိပါတယ်​။
Anode(A) ကအ​ပေါင်း
Cathode(K) ကအနှုတ်
Diode တွေဟာ DC ဗို့ အားကို
တစ်ဖက်တည်းကိုပဲဖြတ်သန်းခွင့်ပြုတယ်။
AC ကနေ DC ကိုပြောင်းလဲပေးနိုင်တယ်။
ဥပမာ - တစ်ဖက်က အေစီဝင်လာတယ်ဆိုရင်
တစ်ဖက်က ဒီစီပြန်ထွက်သွားမယ်။
ဖုန်းမှာအသုံးပြုထားတဲ့ Diode 6 မျိုးရှိတယ်။
#Zener_Diode
DC ဗို့ ကိုလျော့ချပေးဖို့ လိုတဲ့နေရာတွေမှာသုံးတယ်။
အပေါင်း နဲ့ အနှုတ်ကိုခွပြီးတပ်ဆင်ထားတဲ့အတွက်
သူ Short ကျပြီဆိုတာနဲ့ အပေါင်း နဲ့ အနှုတ်
ပူးသွားပြီးပါဝါသေသွားတယ်။
#LED ( Light Emitting Diode )
ဗို့ အားတစ်ခုဖြတ်စီးသွားတာနဲ့ 
အလင်းရောင်ထုတ်ပေးတဲ့အလုပ်ကိုလုပ်တယ်။
လိုအပ်တဲ့ ဗို့ ပမာဏမရောက်ရင်
LCD မှိန်မှိန်လေးပေါ်နေတာတို့ ၊
ဟိုတစ်ကွက် ဒီတစ်ကွက်လင်းနေတာတို့ ၊
လုံးဝမလင်းတော့တာတို့ ၊
Screen တစ်ခုလုံးဖွေးနေတာတို့ ဖြစ်တယ်။
#Schottky_Diode
Frequency မြင့်တဲ့လှိုင်းတွေကိုတုန့် ပြန်ပေးနိုင်တယ်။
Back Light ပိုင်းမှာသုံးတဲ့ Frequency က
1.2 MHz လောက်ရှိတဲ့အတွက်
အဲဒီနေရာမှာတွေ့ တဲ့ ဒိုင်အုပ်တွေဟာ
Schottky Diode တွေဖြစ်တယ်။
Back Light ပိုင်းမှာ Boot Driver
အနေနဲ့ သုံးတဲ့အတွက်သူတို့ ပျက်ပြီဆိုရင်
ပါဝါတော့မသေပါဘူး။
ဒါပေမယ့် LCD အလုပ်မလုပ်နိုင်တော့ပါဘူး။
#ESD/TVS Diode
Electrostatic Discharge (တည်ငြိမ်လျှပ်စစ်အား) နဲ့ 
Spark (မီးပွင့်လို့ ဖြစ်လာတဲ့လျှပ်စစ်ဓါတ်အား)တွေ
စီးဝင်လာတာကိုကာကွယ်ပေးနိုင်တယ်။
ဘာလို့ လဲဆိုတော့ဖုန်းထဲမှာသုံးနေတဲ့
တစ်ချို့ အိုင်စီတွေက တည်ငြိမ်လျှပ်စစ်စီးဝင်မှုကို
2V လောက်ပဲခံနိုင်ရည်ရှိတယ်။
လူ့ ကိုယ်ကနေထွက်နေတဲ့တည်ငြိမ်လျှပ်စစ်ဟာ
2V ကျော်ပြီဆိုတာနဲ့ CMOS IC တွေပျက်သွားနိုင်ပါတယ်။
ဒါ့ကြောင့် User Interface (UI) ပါတ်လမ်းတွေမှာ
ESD Diode တွေကိုသုံးထားပေးတာပါ။
သူတို့ ပျက်ပြီဆိုရင်
Touch ကြောင်တာတွေဖြစ်လာနိုင်ပါတယ်။
#Photo_Diode
သူတို့ ကို ပါတ်လမ်းပေါ်မှာ Sensor အနေနဲ့ သုံးတယ်။
အလင်းရောင်ကိုအာရုံခံပြီး
55 KHz ပမာဏခန့် ရှိတဲ့ Frequencyကို
အိုင်စီတွေဆီထုတ်ပေးတဲ့အလုပ်ကိုလုပ်တယ်။
သူတို့ Short ကျပြီဆိုရင်တော့
ပါဝါသေသွားတာတွေ ၊
Firmware ကျနေသလိုမျိုး Logo မှာပဲရပ်နေတာတွေ ၊
Touch မရတာတွေ
နောက်ပြီး တစ်ဖက်လူက ဖုန်းချမှ
ကိုယ့်ဖက်ကဖုန်းချလို့ ရတာတွေ ဖြစ်တတ်ပါတယ်။
#Rectifier_Diode
ဗို့ အားကိုတစ်ဖက်တည်းစီးစေတဲ့အတွက်
Battery အ၀င်လမ်းတို့ 
USB အ၀င်လမ်းကြောင်းတို့ မှာအဓိကသုံးတယ်။
ဗို့ ပေးသွင်းတဲ့နေရာမှာ အပေါင်း အနှုတ်
မှားပြီဆိုတာနဲ့ အိုင်စီတွေပျက်တတ်တော့
အိုင်စီတွေအပျက်အစီးနည်းအောင်
သူတို့ ကိုအဖြည့်ခံအဖြစ်သုံးတယ်။
အပေါင်း အနှုတ် မှားပြီဆိုတာနဲ့ 
အိုင်စီတွေမပျက်အောင်သူတို့ ကိုခံထားတဲ့အတွက်
သူတို့ Short ကျပြီဆိုတာနဲ့ ပါဝါသေသွားတယ်။
#ပျက်တတ်ပုံ
========
အပေါင်းအနှုတ်မှားပေးလိုက်ရင်ပျက်တယ်။
ဒါက ရိုးရိုးရှင်းရှင်းလေးပြောတာပါ။
#တိုင်းတာပုံ
=======

မီတာမှာ ဒိုင်အုပ်စကေးမှာထား
ဘယ် Diode တိုင်းတိုင်းနော်😎
အနီလက်တံကို ဂရောင်းချ
အနက်နဲ့ ဟိုဖက်ထိပ် ဒီဖက်ထိပ် တစ်လှည့်စီထောက်
►တစ်ဖက်ပဲ တန်ဖိုးပြနေတယ်ဆိုရင်ကောင်းတယ်။👍
►နှစ်ဖက်စလုံးတန်ဖိုးပြနေတယ်ဆိုရင် ရှော့ကျနေတယ်။😒
►နှစ်ဖက်စလုံးတန်ဖိုးမပြဘူးဆိုရင် ပျက်နေပြီလို့ သာမှတ်။😭






Credit-YarPyae
အားလုံးကိုခင်မင်လျှက်
ညီလတ်ထွန်း(နည်းပညာ)
ဖုန်းစက်ပြားပေါ်ရှိ Component များ အလုပ်လုပ်ပုံနှင့်တိုင်းတာနည်း Reviewed by ညီလတ်ထွန်း(နည်းပညာ) on 10:27 PM Rating: 5 ဖုန်းစက်ပြားပေါ်ရှိ Component များအလုပ်လုပ်ပုံနှင့်တိုင်းတာနည်း 🤔 # About_Diode (သေသေချာချာဖတ်စေချင်ပါတယ်) 😎 **********************...

No comments: