မင်္ဂလာပါ YouTube Go v0.67.60 App 2018-02-05 နေ့ထွက်ဗားရှင်းအသစ်လေးပါ။
ကမ္ဘာအ၀န်းမှာ အင်တာနက်လိုင်း မကောင်းတဲ့ ဒေသများစွာ ရှိနေပါသေးတယ်။
ဒါ့အပြင် အင်တာနက် အသုံးပြုခ ဈေးကြီးနေသေးတဲ့ နိုင်ငံများစွာလည်း
ရှိနေပါသေးတယ်။ အဲဒီအတွက် YouTube က ဒေတာ စားသုံးမှု သက်သာတဲ့ YouTube Go
ကို ဖန်တီးလိုက်ခြင်း ဖြစ်ပါတယ်။ YouTube Go မှာ နာမည်ကျော် ဗီဒီယိုများကို အကြံပြုပြသပေးပါတယ်။ သီချင်း ဗီဒီယိုများ၊ ရုပ်ရှင်များ၊ တီဗီရှိုးများ၊ ဟာသများ၊ ဖက်ရှင်များ၊ ဟင်းချက်နည်းများ၊ How to Videos များ အပါအ၀င် ဗီဒီယို အမျိုးအစားများစွာကို ရှာဖွေနိုင်ပါတယ်။ YouTube Go ရဲ့ Apk အရွယ်အစားဟာ 9MB လောက်သာ ရှိပြီး ပေါ့ပါး သွက်လက်ပါတယ်။ ဗီဒီယိုတစ်ခုကို နှိပ်ရင် သူ့ရဲ့ အရည်အသွေးနဲ့ ကုန်ကျမယ့် ဒေတာ ပမဏများကို ဖော်ပြပေးထားတာက အလွန် ကောင်းမွန်ပါတယ်။ နှစ်သက်တဲ့ အရည်အသွေးကို ရွေးချယ်ပြီးရင် Watch or Download ကို ရွေးချယ်နိုင်ပါတယ်။ သူ့ကို Android 4.1 Jellybean ကနေ နောက်ပိုင်းထုတ် Android OS များမှာ အသုံးပြုနိုင်ပါတယ်။
အသုံးပြုလိုတဲ့ မိတ်ဆွေများ အောက်မှာ မိမိတို့ကြိုက်နှစ်သက် လင့်မှ
ဒေါင်းလော့ရယူနိုင်ပါတယ်။
YouTube Go-ScreenShot

Click here to download
No comments: