မြန်မာစာလုံးပေါင်း သတ်ပုံကျမ်းကို စာအုပ်အဖြစ်မှ Android app အဖြစ် ပြောင်းလဲထားခြင်း ဖြစ်ပါသည်။
မြန်မာစာဌာနမှ ထွက်ဝေသော မြန်မာစာလုံပေါင်း သတ်ပုံကျမ်းနှင့် ခွဲထား (၂၀၁၀) ကို အခြေခံထားပြီး။တချို့ လိုအပ်သောစကားလုံးများကိုလည်း မြန်မာအဘိဓာန်နှင့်မြန်မာအင်္ဂလိပ်အဘိဓာန်များမှ ဖြည့်စွက်ဖော်ပြပေး
ထားပါတယ်။

စနစ်အတွင်းတွင် ယူနီကုတ်သုံးသူများ အတွက်မျှမကဘဲ ဇော်ဂျီသမားများ အတွက်ပါ စီစဉ်ပေးထားပြီး ထိန်းချုပ်ခန်းတွင် Zawgyi နှင့် Unicode အလွယ်တကူ ပြောင်းလဲအသုံးပြုနိုင်ပါတယ်။ရှာဖွေရာတွင်
လည်း အဆင်ပြေ ချောမွေ့စေရန် အထူး ကြိုးပမ်းထားတာကြောင့်။
ဥပမာဖြင့် ပြောရလျှင်
၁။ လက် ဟု ရိုက်ထည့်ရှာလျှင် အဖြေ၌ လက်ခ အပြင် လက္ခဏာ ကိုပါ ဖော်ပြပေးပါမည်။
၂။ လက်ခ ဟု ရိုက်ထည့်ရှာလျှင် အဖြေ၌ လက်ခ၊ လက်ခစား စသည်ကိုသာ ပြပေးမည်။
၃။ လက္ခ ဟု ရိုက်ထည့်မှသာ လက္ခဏာ ကို အဖြေထုတ်ပေးပါမည်။
၎။ အင် ဟု ရိုက်ထည့်ရှာလျှင် အင်ကြင်း စသည်အပြင် အင်္ဂါ၊ အင်္ကျီ စသည်တို့လည်း ဖော်ပြပေးမှာဖြစ်ပါတယ်။
ဖိုင်ဆိုဒ်-1.6 mb ခန့်သာရှိပါတယ် Android 2.3.2 နှင့်အထက်ရှိဖုန်းမှာထည့်သွင်းအသုံးပြုနိုင်ပါတယ်။
အသုံးပြုလိုတဲ့ ချစ်ညီကိုမောင်နှမ များအောက်မှာ နှစ်သက်ရာ လင့်ခ် မှ ဒေါင်းလော့ဆွဲနိုင်ပါပြီခင်ဗျ။

Click here to download

No comments: