Android နဲ့ iOS အတွက် ပညာသင်ကြားရေး အထောက်အကူပြု App များ - ညီလတ်ထွန်း(နည်းပညာ)

728x90 AdSpace

Trending

Android နဲ့ iOS အတွက် ပညာသင်ကြားရေး အထောက်အကူပြု App များ

အသိပညာ ခေတ်ကို ရောက်လာတဲ့အတွက် လူသားတိုင်းဟာ ပညာရပ် အသစ်များကို စဉ်ဆက်မပြတ် လေ့လာဖို့ လိုအပ်လာပါပြီ။ ဒီလို လေ့လာဖို့အတွက်လည်း သင်တန်းများ တက်စရာ မလိုတော့ပါဘူး။ Mobile Apps များက သင့်ကို သင်ကြားပေးမှာ ဖြစ်ပါတယ်။

၁။ Photomath
Photomath က သင်္ချာညီမျှခြင်းများကို အဖြေထုတ်ပေးနိုင်ပါတယ်။ သင်္ချာ အိမ်စာလုပ်နေရင်း အခက်တွေ့နေရင်တော့ သူ့ကို အားကိုးနိုင်ပါတယ်။ App ကို ဖွင့်ပြီး ဖုန်းကင်မရာကနေ သင်္ချာညီမျှခြင်းကို ချိန်ရွယ်လိုက်တာနဲ့ သူက အဆင့်လိုက်တွက်နည်းများနဲ့တကွ အဖြေကို ပြသပေးမှာဖြစ်ပါတယ်။

 Android
Click here to download
iOS 


၂။ SoloLearn
SoloLearn က ကုဒ်ရေးနည်း သင်ပေးနိုင်ပါတယ်။ HTML, C++, Python, Java, SQL, JavaScript, PHP, CSS, C#, Swift တို့လို ဘာသာစကားများကို သူက ထောက်ပံ့ပါတယ်။ သင်ခန်းစာများကို အခမဲ့ သင်ကြားပေးပါတယ်။ Android , iOS Apps များကို ကမ္ဘာ့ အဆင့်မီ ဖန်တီးချင်သူများအတွက် သူက အသုံးဝင်ပါတယ်။

 Android
Click here to download
iOS 


၃။ Udemy
Udemy မှာ ပညာရပ်များစွာကို သင်ကြားနိုင်ပါတယ်။ အွန်လိုင်းကနေ ပညာသင်ကြားပေးတဲ့ ၀န်ဆောင်မှုများထဲမှာ Udemy က ထိပ်တန်းက ဦးဆောင်နေပါတယ်။ အချို့ သင်တန်းများအတွက် Certificate များကိုလည်း ပေးအပ်ပါတယ်။ သင်ခန်းစာများထဲမှာ အဆင့်မြင့်တဲ့ ပရိုဂရမ် ရေးသားနည်းတောင် ပါပါသေးတယ်။

 Android
Click here to download
iOS 


၎။ Khan Academy
Khan Academy ဟာ ကျောင်းသင်ခန်းစာများကို သင်ကြားပေးတဲ့ ၀န်ဆောင်မှု ဖြစ်ပါတယ်။ English , Science, Math , Economics စတာတွေလို ပညာရပ်များကို လေ့လာချင်တဲ့ ကျောင်းသားများအတွက် အသုံးဝင်ပါတယ်။ ဗီဒီယို သင်ခန်းစာပေါင်း ၁၀ ၀၀၀ ကျော်ရှိပြီး အမေး၊ အဖြေများစွာကို ပံ့ပိုးပေးထားပါတယ်။

 Android
Click here to download
iOS 



၅။ Duolingo
Duolingo က သင့်ကို ဘာသာစကား အသစ်များ သင်ကြားပေးနိုင်ပါတယ်။ ဂိမ်းများ ကစားရင်း ဘာသာစကားများ သင်ကြားနိုင်တဲ့အတွက် ပျော်စရာတောင် ကောင်းပါတယ်။ Beginner အဆင့်ကနေ ကျွမ်းကျင်တဲ့ အထိ သင်ကြားပေးတဲ့ သင်ခန်းစာများစွာ ရှိပါတယ်။

 Android
Click here to download
iOS 





ref : tech-recipes
Crd:Digitaltimes
www.nyilattun.com

Android နဲ့ iOS အတွက် ပညာသင်ကြားရေး အထောက်အကူပြု App များ Reviewed by ညီလတ်ထွန်း(နည်းပညာ) on 9:20 AM Rating: 5 အသိပညာ ခေတ်ကို ရောက်လာတဲ့အတွက် လူသားတိုင်းဟာ ပညာရပ် အသစ်များကို စဉ်ဆက်မပြတ် လေ့လာဖို့ လိုအပ်လာပါပြီ။ ဒီလို လေ့လာဖို့အတွက်လည်း သင်တန်းမျ...

No comments: